Aung Myay San - Real Estate

Aung Myay San - Real Estate ပြင်ဦးလွင်မြို့ရှိ အိမ်၊ခြံ၊မြေများကို မှန်ကန်ခိုင်မာမှုရှိစွာ ရောင်းချပေးနေပါသည်။

ရွှေတွေငွေတွေ ရှိဖို့ထက်...ဓာတ်ဆီရှိဖို့ပဲလိုတယ်😁
16/08/2022

ရွှေတွေငွေတွေ ရှိဖို့ထက်...ဓာတ်ဆီရှိဖို့ပဲလိုတယ်
😁

 #ဂရန်မြေတရားဝင်ဝယ်ယူနည်း "ဂရန်မြေ ဝယ်ယူလျှင်...အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံမှာပါ။အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မ...
11/08/2022

#ဂရန်မြေတရားဝင်ဝယ်ယူနည်း "

ဂရန်မြေ ဝယ်ယူလျှင်...
အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံမှာပါ။

အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ
အဆင့် (၃)ဆင့် လုပ်ဆောင်ရပါမယ်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။

2.စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာ
စရန်ချပါ။

3. စရန်ချပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ (၄)မျိုးရမှ ငွေအ​ပြေချေပါ။

1. အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံ မြေရာဇဝင်

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် ( ၃ )ဆင့်။

1. တန်ဖိုးလျော့ချုပ်သည့် စာချုပ်(၁)ဆောင်နှင့်
မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. ရာဖြတ် ၏သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင်
“ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

စာသား - စီ အာ ဒီ

လေ့လာထားသင့်ပါသည်..အလွတ်ရအောင်လည်းမှတ်သားစေချင်..🏩◼◼◼◼◼📖📖📖📖📖လူတယောက် အတွက် ဘုမ္မိအရပ်သည် အလွန် အရေးကြီးဆုံးဖြစ်ပါသည်...လ...
22/05/2022

လေ့လာထားသင့်ပါသည်..အလွတ်ရအောင်လည်းမှတ်သားစေချင်..🏩
◼◼◼◼◼📖📖📖📖📖
လူတယောက် အတွက် ဘုမ္မိအရပ်သည် အလွန် အရေးကြီးဆုံးဖြစ်ပါသည်...

လေ့လာကြည့်ရင် အချို့အိမ်တွေမှာ အဖက်ဖက်က ပြည့်စုံပေမယ့် အိမ်ထောင်ဦးစီးရဲ့ ဘုမ္မိအရပ် ( ပျက်စီးခြင်းအရပ်မျက်နှာ ) ကို အိမ်မျက်နှာစာလှည့်ထားတာကြောင့် ဖြစ်နေတက်တာကို သတိထားမိမှာပါ။

ဘုမ္မိကျတဲ့အခါမျိုးမှာ အဆိုပါအိမ်တွေမှာ
စီးပွားရေးမှာ ဘယ်လိုပဲ ကြိုးစားလဲ အဖတ်မတင်ခြင်း ၊
အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှုပျက်သုဉ်းခြင်း ၊
မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း
စတဲ့ အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။

အဲဒီတော့ အိမ်ထောင်ဦးစီးတို့ရဲ့ နေ့နံအလိုက်
သတိထားရှောင်ရှားရမယ့် #ဘုမ္မိအရပ် ဆိုတာ ဘယ်အရပ်တွေဖြစ်မလဲ ??

နောက်ပြီး ကျန်းမာစီးပွားတက်တဲ့ #သီရိအရပ် (မင်္ဂလာရှိတဲ့ အရပ်မျက်နှာ) က ဘယ်အရပ်ဖြစ်မလဲ ???

နောက်ပြီး လာဘ်လာဘပွင့်တဲ့ #တေဇအရပ် က ဘယ်အရပ်တွေဖြစ်မလဲ ???
================

#တနင်္ဂနွေသားသမီး
ဘုမ္မိ (တောင်အရပ်) (ရှောင်ရန်)
သီရိ (မြောက်အရပ်)
တေဇ (အနောက်အရပ်)

#တနင်္ဂလာသားသမီး
ဘုမ္မိ (အနောက်တောင်အရပ်) (ရှောင်ရန်)
သီရိ (အရှေ့တောင်အရပ်)
တေဇ (အနောက်မြောက်အရပ်)

#အင်္ဂါသားသမီး
ဘုမ္မိ (အနောက်အရပ်) (ရှောင်ရန်)
သီရိ (အရှေ့အရပ်)
တေဇ (မြောက်အရပ်)

#ဗုဒ်ဒဟူးသားသမီး
ဘုမ္မိ (အနောက်မြောက်) (ရှောင်ရန်)
သီရိ (အရှေ့တောင်)
တေဇ (အရှေ့မြောက်)

#ကြာသပတေးသားသမီး
ဘုမ္မိ (အရှေ့မြောက်) (ရှောင်ရန်)
သီရိ (အနောက်တောင်)
တေဇ (အရှေ့တောင်)

#ရာဟုသားသမီး
ဘုမ္မိ ( အရှေ့အရပ်) (ရှောင်ရန်)
သီရိ (အနောက်အရပ်)
တေဇ ( တောင်အရပ်)

#သောကြာသားသမီး
ဘုမ္မိ (အရှေ့တောင်အရပ်) (ရှောင်ရန်)
တေဇ (အနောက်တောင်အရပ်)
သီရိ (အနောက်မြောက်အရပ်)

#စနေသားသမီး
ဘုမ္မိ (မြောက်အရပ်) (ရှောင်ရန်)
တေဇ (တောင် အရပ်)
သီရိ (အရှေ့အရပ်)

================

ဒါဆိုရင် အိမ်ထောင်ဦးစီးရဲ့နေ့နံဟာ ဘုမ္မိအရပ်မျက်နှာလည့်တဲ့အိမ်မျိုးမှာနေမိနေခဲ့ရင် ဘယ်လိုလုပ်မလဲ။
အညံ့ဆိုးကနေ လွတ်မြောက်အောင် နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံ၀န်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။

နေ့သားအလိုက် အမြစ်အညွန့်အပင်

တနင်္ဂနွေ ဒါန်းကြီး (သို့)နေကြာ ပင်

တနင်္လာ သြဇာပင်

အင်္ဂါ ခရေပင်

ဗုဒ္ဓဟူး စံပယ်

ကြာသပတေး လသာ (သို့) လောက်သေ

သောကြာ ပိတောက်ပင်
စနေ သင်အူပင်

အထက်ပါအတိုင်း သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းဖြင့် ဘုမ္မိအရပ်မျက်နှာမူမိသောနေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မယ်။

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက် တရားဝင် လုပ်နိုင်ဖို့ လယ ၃၀ လျှောက်ရင် အချိန်ဘယ်လောက်ကြာပါသလဲ...တဲ့။"အများဆုံး ငါးလပေါ့...
23/04/2022

လယ်ယာမြေမှာ အိမ်ဆောက် ဆိုင်ဆောက် တရားဝင် လုပ်နိုင်ဖို့ လယ ၃၀ လျှောက်ရင် အချိန်ဘယ်လောက်ကြာပါသလဲ...တဲ့။

"အများဆုံး ငါးလပေါ့"လို့ လိုရင်းကိုပဲ ဖြေရပါမယ်။ လက်ရှိ နည်းဥပဒေမှာတော့ နှစ်လခွဲလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ခရိုင်မှာ ကြာမြင့်ချိန်၊ ပြည်နယ်တိုင်း အစိုးရမှာ ကြာမြင့်ချိန်နဲ့ ဗဟိုလယ်စီမှာ ကြာမြင့်ချိန်ကို ဖော်ပြမထားလို့ အနီးစပ်ဆုံး ငါးလလို့ ခန့်မှန်းပြောတာပါ။ အဲဒီကာလအတွင်း လျောက်ထားမှုကို ခွင့်ပြုလား ခွင့်မပြုဘူးလားဆိုတာ သိရသင့်ပါတယ်။ လျောက်ထားသူဘက်ကလည်း လိုအပ်ချက်တွေ သက်ဆိုင်ရာ ရုံး ဌာနတွေကို ဆက်သွယ် မေးမြန်း ဆောင်ရွက်ရပါမယ်။
လယ်ယာမြေ နည်းဥပဒေ ပုဒ်မ
၈၂။ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိလို သူသည် အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ ၁၄) ဖြင့် မြို့နယ်ဦးစီးဌာန (မြေစာရင်း)ရုံးသို့ လျှောက်ထားရမည်။
၈၃။ မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်ထားသော လျှောက်လွှာအား လက်ခံရရှိပါက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လုပ်ငန်းစာတွဲ ဖွင့်လှစ်ရမည်။
၈၄။ မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အောက်ပါအချက်များကို စိစစ်ရမည် -
(က) လျှောက်ထားသည့် မြေအခြေအနေ၊
(ခ) ပိုင်ဆိုင်မှု အခြေအနေ၊
(ဂ) စိုက်ပျိုးလုပ်ကိုင်မှု အခြေအနေ၊
(ဃ) ဆောက်လုပ်မည့် အဆောက်အအုံတည်နေရာပြမြေပုံ၊
(င) လျှောက်ထားသည့်မြေကို မည်သည့် နေ့ရက်မှစ၍ လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုလိုကြောင်း တင်ပြချက်၊
(စ) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့၏ သဘောထားမှတ်ချက်။
(ဆ) ဦးစီးဌာနများ၊ လုပ်ငန်းဌာနများမှလယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားသည့်ကိစ္စအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်း၏ လုပ်ငန်းဆိုင်ရာခွင့်ပြုချက် ပူးတွဲတင်ပြထားခြင်း ရှိ/မရှိ၊ (ဒါက ဌာနဆိုင်ရာများက ​လျောက်ထားမှုအတွက်သာ ဖြစ်ပါသည်)
(ဇ) လျှောက်ထားသည့်မြေနှင့် ပတ်ဝန်းကျင်မြေများတည်ရှိမှု ဖော်ပြသည့် မြေပုံပူးတွဲ၍ အနီးပတ်ဝန်းကျင် မြေများပေါ်တွင် အသုံးပြုမှုအခြေအနေ တင်ပြထားခြင်း ရှိ/မရှိ၊
(စျ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ စိစစ်ထောက်ခံချက်။
၈၅။ မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထား ချက်နှင့်စပ်လျဉ်း၍ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားချက်ကိုသဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြရမည်။
၈၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သည် တင်ပြချက်ကို လက်ခံရရှိသည့်အခါ ယင်းတင်ပြချက်ကို လက်ခံရရှိသည့်နေ့မှ (၁၅)ရက်အတွင်း အောက်ပါအချက်များကို စိစစ်၍ သဘောထား မှတ်ချက်နှင့်အတူ လုပ်ငန်းစာတွဲကို ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် နေပြည်တော်ကောင်စီ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သို့ ဆက်လက်တင်ပြရမည်-
(က) အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားသည့် မြေဧရိယာသည် အသုံးပြုမည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ အနည်းဆုံးလိုအပ်သော ပမာဏ ဖြစ်/မဖြစ်၊
(ခ) နည်းဥပဒေခွဲ (က) ပါလျောက်ထားသည့် မြေဧရိယာ၏ ပတ်ဝန်းကျင်တွင် လက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးရေးလုပ်ငန်းများအား ထိခိုက်နိုင်ခြင်း ရှိ/မရှိ၊
(ဂ) စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသည့် ရေသွင်း၊ ရေထုဟ် စနစ်များအား ထိခိုက်နိုင်ခြင်း ရှိ/မရှိ၊
(ဃ) အများပြည်သူ အသုံးပြုနေသည့် လမ်းများ၊ လယ်ယာ ကုန်ထုတ်လမ်းများ ထိခိုက်နိုင်ခြင်း ရှိ/မရှိ၊
(င) လျှောက်ထားသည့် နည်းလမ်းအတိုင်း သတ်မှတ်ကာလအတွင်း လျှောက်ထားသည့် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်မည့်အခြေအနေ ရှိ/မရှိ၊
(စ) လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးချမည်ဖြစ်ကြောင်း လျှောက်ထားသူ ကိုယ်တိုင်၏ ကတိဝန်ခံချက် ပါ/မပါ။
၈၇။ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သည် တင်ပြချက်နှင့် စပ်လျဉ်း၍-
(က) လယ်မြေကို အခြားနည်းဖြင့် အသုံးပြုရန်လျှောက်ထားသည့် ကိစ္စဖြစ်ပါက တင်ပြချက် လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သဘောထားမှတ်ချက်နှင့်အတူ လုပ်ငန်းစာတွဲကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက် တင်ပြရမည်။
(ခ) လယ်မြေမှ တစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားသည့် ကိစ္စဖြစ်ပါက အဆင့်ဆင့်တင်ပြသည့်အချက်အလက်များကို စိစစ်ပြီး တင်ပြချက် လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သဘောထား မှတ်ချက်နှင့်အတူ လုပ်ငန်းစာတွဲကို နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရမည်။
၈၈။ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သည် နည်းဥပဒေ ၈၇ နည်းဥပဒေခွဲ (က)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ ခွင့်ပြုပါက လယ်မြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် (ပုံစံ-၁၅) ထုတ်ပေးရမည်။
၈၉။ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သည် နည်းဥပဒေ ၈၇၊ နည်းဥပဒေခွဲ (ခ)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ ခွင့်ပြုပါက လယ်မြေမှ တစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် (ပုံစံ ၁၅-က) ထုတ်ပေးရမည်။
အခုတင်ပြခဲ့တာက နည်းဥပဒေမှာ ပါတဲ့အတိုင်း တင်ပြပေးခြင်းဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်ချိန် နှစ်လခွဲပဲ ပါပါတယ်။ နည်းဥပဒေထဲမှာ ခရိုင်လယ်စီမှာ ကြာချိန်ကို ဖော်ပြမထားပါဘူး။ နောက် ​ဗဟိုလယ်စီအဖွဲ့မှာ ကြာမြင့်မည့်အချိန်နဲ့ ပြည်နယ်တိုင်း အစိုးရအဖွဲ့မှာ ကြာမြင့်မည့်အချိန်တို့ မပါပါဘူး။
👉​ မြေစာရင်းမှာ (၁) လ
👉 မြို့နယ် လယ်စီမှာ (၁၅) ရက်
👉 ပြည်နယ်တိုင်းလယ်စီမှ (၁) လ၊
စုစုပေါင်း နှစ်လခွဲပဲ ဖော်ပြထားပါတယ်။ မြို့နယ်လယ်စီနဲ့ ခရိုင်လယ်စီကို အတူတူထား (၁၅) ရက်၊ ပြည်နယ်တိုင်း အစိုးရနဲ့ ​ဗဟိုလယ်စီ အတူတူထား (၁) လ၊ ဒါဆိုရင် (၄) လဖြစ်သွားပါတယ်။ ဥပဒေမှာ မပါပေမဲ့ အနီးစပ်ဆုံး ပြောခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ မြေယာဥပဒေ လုပ်ထုံးလုပ်နည်း၊ ဌာနဆိုင်ရာတွေရဲ့ သဘောသဘာဝ၊ ဝန်နဲ့အား မမျှတမှုတွေ ရှိနေလို့ အချိန်ကြာတာတွေ ရှိနိုင်သလို မြေပြင်အခြေအနေအရ ကြန့်ကြာတာတွေလဲရှိနိုင်ပါတယ်။ သို့သော် အစိုးရနဲ့ ဌာနဆိုင်ရာတွေဘက်က လယ်ယာမြေလုပ်ပိုင်ခွင့်ရသူ တစ်ဦးရဲ့ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးကို အလေးထားပြီး နည်းဥပဒေပါ ပြဌာန်းချက်အတိုင်း အတတ်နိုင်ဆုံး ပြီး​မြောက်အောင် ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ လယ်ယာမြေ အခြားနည်းသုံးရန် လယ ၃၀ လျောက်ထားမှုကို အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံး ငါးလအတွင်းမှာတော့ ခွင့်ပြု/ခွင့်မပြု လျောက်ထားသူက သိရသင့်ပါတယ်။
ဒါက လက်ရှိတည်ဆဲ လယ်ယာမြေ နည်းဥပဒေအရ ပြောတာပါ။ ၂၀၂၀ ခုနှစ်မှာ လယ်ယာမြေဥပဒေ ပြင်ဆင်ပြီး ဖြစ်တဲ့အတွက် နည်းဥပဒေပြန်ရေးဆွဲနေတာရှိပါတယ်။ မကြာခင် ထွက်ရှိလာနိုင်ပါတယ်။ အချို့သော ကိစ္စရပ်တွေ ပြောင်းလဲမှု ရှိနိုင်ပါတယ်။

credit

အိမ်တစ်လုံးရဲ့မြန်မာအခေါ်များ     အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ...
10/04/2022

အိမ်တစ်လုံးရဲ့မြန်မာအခေါ်များ

အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄"×၂" ၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။
မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။
မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄"×၂"၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။
လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတ ဲ့ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅"×၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။
ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"×၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။
ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"×၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။
ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။
ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃"×၂"နဲ့ ၄"×၂" တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။
တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"×၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်
ပြီးထည့်ရတယ်။
တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄"×၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။
အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။

Credit

Original uploader

" PAE " System ဆိုတာ PAE ( Plinth Area Estimate) နဲ့ အိမ်ဆောက်ကြတဲ့အခါ......     ဆောက်လုပ်မည့်အိမ်၏ အကျယ်အဝန်းဧရိယာကို တ...
10/04/2022

" PAE " System ဆိုတာ

PAE ( Plinth Area Estimate) နဲ့ အိမ်ဆောက်ကြတဲ့အခါ......
ဆောက်လုပ်မည့်အိမ်၏ အကျယ်အဝန်းဧရိယာကို တစ်ပေပတ်လည်မှာ ကျသင့်တဲ့စျေးနုန်းနှင့်မြှောက်ပြီး စာချုပ်, ချုပ်ဆိုကြခြင်းဖြစ်ပါတယ်
ဉပမာ... 30*40 တစ်ထပ်အိမ်ဆိုပါစို့
30*40*40000=48000000 ကျပ်
PAE 1sqft. စျေးနှုန်းတွေ မတူသလို အသုံးပြုမယ့် Materials တွေ မတူညီကြပါ.......

🍓 အိမ်ရဲ့ sqft. ချင်း အတူတူ...
PAE 1sqft. 35000ကျပ်ဖြင့် ဆောက်လုပ်ပေးမည့်သူနင့်
PAE1sqft. 40000ကျပ်ဖြင့် ဆောက်လုပ်ပေးမည့်သူတို့ နှစ်ယောက်အကြား အသုံးပြုမည့်
Materials တူညီမှု မရှိနိုင်ပါ...

🍓 PAE ရဲ့ အားသာချက်က ငွေကို တစ်လုံးတစ်ခဲတည်း ပေးချေစရာ မလိုပဲ တစ်ရစ်ချင်း ပေးချေသွားရတဲ့ စနစ်တစ်ခု ဖြစ်ခြင်းကြောင့် အိမ်ရှင်တွေအတွက် အများကြီးအဆင်ပြေစေပါတယ်
PAE စနစ်ဖြင့် အိမ်ဆောက်ကြတဲ့အခါ Decoration နဲ့ ဆေး
အပြီးအစီး တွက်ချက်ပြီး ယူတတ်ကြသလို... အကြမ်းထည်အတွက် တစ်ပေပတ်လည်နှုန်းဖြင့် တွက်ချက်ပြီး ယူတတ်ကြပါတယ်...

" PAE ကို ဘယ်အချိန်
ကစားကွလဲ? "
😘😘😘😘😘😘😘😘😘😘

🍓 ပုံမှန် Foundation 4,5,6 ပေပတ်လည်တွေ မဟုတ်ပဲ ရေထွက်နေလို့, မြေကြီးမကောင်းလို့, ဘေးခြံကတိုက်တွေနဲ့ နီးနေတာတို့ဆိုရင်... Matတို့, Strip Beamတို့, Combine Footingတို့ ဖြစ်သွားရင်.......
ဒါမှမဟုတ် မြေ Level က မညီပဲ 4ပေ, 7ပေ, 9 ပေ မြေ Level အရမ်းစောင်းနေလို့ လမ်းမြေအထက် 2ပေ (Plinth Level) ပိုလာခဲ့မယ်ဆိုရင် ကုန်ကျစရိတ် ပိုသွားပါမယ်
( PAE နဂိုထက် ပိုများသွားမယ်)

🍓 တစ်ချို့ ကန်ထရိုက်တာတွေဆိုရင် PAE နှုန်းထားအပြင် Foundation အတွက် 1.3 or 1.5 နဲ့ ထပ်မြှောက်ပြီး တွက်ချက်ယူတတ်ကြပါတယ်...
အိမ်ဆောက်ပြီဆိုရင်... Design ပုံစံလည်းမတူကြသလို
မြေအနေအထားလဲ မတူညီကြပါ
Modern house လား Classic design လား Slab အမိုးလား သွပ် အမိုးနဲ့လား မတူကွဲပြားကြပါတယ်
အခန်းဖွဲ့တာ အရမ်းများသွားရင် အုတ်စီ အချောကိုင်ရတာတွေ များလာတဲ့အတွက် PAE စျေးနှုန်းတက်လာပါမယ်
Hall ခန်းပဲထားမယ်ဆိုရင် PAE လျော့သွားပါမယ်.......

🍓 PAE နဲ့ တွက်တယ်ဆိုတာ... ဆောက်လုပ်မည့်အိမ်ရဲ့ ပေအကျယ်ကိုသိရင် စျေးကို မှန်းပြီးတွက်လိုက်တာဖြစ်ပါတယ်
အဆောက်အဉီးကို ဘယ်လိုပုံစံတွေလုပ်မယ် ဘာတွေသုံးမယ် ဆိုတာကတော့ Structure မထွက်ခင်ကတည်းက စျေးကိုမှန်းပြီး Range ထဲကိုဝင်အောင် ဆောက်ကြတဲ့သဘောဖြစ်ပါတယ်.....

🍓 PAE စနစ်နဲ့အိမ်ဆောက်ကြတဲ့အခါ ကန်ထရိုက်နဲ့ အိမ်ရှင်တို့အကြား နှစ်ဉီးသဘောတူ ပါဝင်မည့် ပစ္စည်းများကို ထည့်သွင်းချုပ်ဆိုပြီး အိမ်ရှင်အတွက် အလုပ်ရှုပ်သက်သာ, ခေါင်းစားရသက်သာ, မှန်းထားတာထက်ပိုတတ်တဲ့ အလုပ်တွေကို သေချာကြိုတင် တွက်ချက်ပြီး အဆောက်အဉီးတစ်ခုလုံး ပြီးဆုံးသွားအောင် Company or Contractor မှ တာဝန်ယူ ဆောက်လုပ်ပေးခြင်းဖြစ်ပါတယ်.....
Credit:မူလပိုင်ရှင်

အရမ်းအမေးများသော မေးခွန်းထဲကတခုတင်ပေးလိုက်ပါတယ်👇မေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ...
02/04/2022

အရမ်းအမေးများသော မေးခွန်းထဲကတခုတင်ပေးလိုက်ပါတယ်👇

မေး။ ။ရွာမြေ၊ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။

ဖြေ။ ။ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါလို့ မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။ ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို့ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ
အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ. ဝယ်လို.ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို.မရပါဘူး။

အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထားမရှိလို.ပါ။ လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ. ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။

ဝယ်သူမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ. အိမ်ထောင်စု
စာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ. အမည်နဲ.ထွက်လာပါလိမ့်မယ်။ ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ. ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့ မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။ ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို. သိရပါတယ်။

ဂရန်အတု/အစစ်ဘယ်လိုခွဲမလဲ❓❓✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✅ရန်ကုန်မြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်၊ မန္တလေးမြို့တ...
18/03/2022

ဂရန်အတု/အစစ်ဘယ်လိုခွဲမလဲ❓❓
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

✅ရန်ကုန်မြို့တော်စည်ပင်ဂရန်
မျက်နှာဖုံးက သားရေအစိမ်းရင့်၊
မန္တလေးမြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက
အညိုရောင်ဖြစ်ပါတယ် တွန့်ကြေခြင်းမရှိပါ။

✅ဌာနတံဆိပ်မှာ ရွှေရောင်ဖြစ်ပြီး လက်နှင့်
ပွတ်ကြည့်လျှင် ကြမ်း၍ဖောင်းကြွ ဖြစ်ပါတယ်။

✅အိုးအိမ်ဂရန် မှာ အပြာရောင်ဖြစ်ပါတယ်

‼️( အတုမှာ နက်ပြာရောင် သို့မဟုတ်
အစိမ်းပုတ်ရောင်ဖြစ်ပြီး ဌာနတံဆိပ်မှာ
ကြမ်းမနေပါ။)

✅ဌာနတံဆိပ်ရေစာမှာ အပြာနုဖြစ်၍
ထင်ရှားပြီး မှုံဝါးမနေ၊ အရောင်မှာ အရမ်းတောက်ပမနေပါ။

✅စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ
သပ်သပ်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်
ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ။

‼️(အတုမှာ ချုပ်ထားသောကြိုးစများ
ထွက်နေပြီး ကြိုးထက်အပ်ပေါက်ရာက
ကြီးနေတက်ပါတယ်)

✅စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။
စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည်
အရောင်ဖျော့ပြီးပြတ်သားစွာမြင်ရပါတယ်။

‼️(အတုသည် ရေစာအား Colourprinter ဖြင့်
ထုတ်ထားသဖြင့် အရမ်းထင်းလွန်းပြီး
စာရွက်သားမှာ မထူပါ။ စာလုံးများအား
ပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်။)

✅မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်
မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်
ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများ
ထွက်မနေပါ။

✅လိုင်းများညီညာလွန်းပါတယ်
စာသားအား အနက်ဖြင့် သာရေးလေ့ရှိပါတယ်

‼️(အတုမှာ ဘောင်လိုင်းများ
အစွန်းထွက်ပြီး စာသားအား မှင်ပြာဖြင့်
ရေးလေ့ရှိပါတယ်။)

‼️ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ
ပါလေ့ရှိပါတယ်။ ဒီအချက်တွေနဲ့
တိုက်စစ်ခြင်းဖြင့်အတု/အစစ်ခွဲခြားနိုင်ပါတယ်ဗျ

- OriginalUploder
-----------------------------

မေး ။ ။ လယ်မြေပုံစံ 7 ဆိုတာ ဂရံလျှောက်လို့ရလား        ရှင့်။ဆိတ်ငြိမ်တဲ့နေရာလေးမို့ကြိုက်နေလို့ပါ။ဖြေ။။ ။လယ်မြေကို ဂရန်မ...
12/02/2022

မေး ။ ။ လယ်မြေပုံစံ 7 ဆိုတာ ဂရံလျှောက်လို့ရလား
ရှင့်။ဆိတ်ငြိမ်တဲ့နေရာလေးမို့ကြိုက်နေလို့ပါ။

ဖြေ။။ ။

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်ထားခြင်း
============================

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်လို့ရပါတယ်။ တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇ၀င်လို့ခေါ်သည့် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။ မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ ပုံစံ (၇) စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။ လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရား၀င် ဆောင်ရွက်လို့ ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါသည်။ လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။

လ/ယ ပုဒ်မ-၃၁ အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင် သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။ ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။

ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။ ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသည့် မြေဧရိယာသည် (၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။ (၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏မှ ၀န်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍ ၀န်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်


----------------------------------------

✅ Aung Myay San-Real Estate
Pyin Oo Lwin
09756280091 /09755082628

"မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် ၂၃ ချက်"        * အဲသည်အချက် ၂၃ ချက်ကတော့ *၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊၂။ မြေကွက်အမျိ...
31/01/2022

"မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် ၂၃ ချက်"

* အဲသည်အချက် ၂၃ ချက်ကတော့ *

၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊
၂။ မြေကွက်အမျိုးအစား၊
၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျှော့အတင်းအခြေ အနေ)

၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တို.က်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊

၆။ ပိုင်ဆိုင်မှုအဆင့် ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊

၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊

၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ

၉။ လိုအပ်ရင်ဝယ်ယူမယ့်အ ကြောင်းကို
သတင်းစာမှာ ကြော်ငြာ တာတွေ လက်ခံ၊
လက်မခံ၊

၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ
တို့ကို သိထားသင့်ပါတယ်

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊
၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊
၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ

၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊

၁၅။ သ ဘာဝဘေးအန္တရာယ်ကြောင့်
ပေါ် ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊

၁၆။ လျှပ်စစ်မီးရှိမရှိ၊
၁၇။ ရေရှိမှုအခြေ အနေ၊
၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊

၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊

၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊
၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊
၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊

၂၃။ ပြန် ရောင်းရန် အလွယ်တကူပြန် ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါ တယ်။

Credit : Kumudra
----------------------------------------------

✅ Aung Myay San-Real Estate
☎09756280091 /09-755082628

နားလည့်ပါးလှည့်မခံရလေအောင်ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြေ...
28/01/2022

နားလည့်ပါးလှည့်မခံရလေအောင်

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

CRD . . . Original

Address

Maymyo
05084

Telephone

+959756280091

Website

Alerts

Be the first to know and let us send you an email when Aung Myay San - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myay San - Real Estate:

Share

Category