Best Choice Estate - Pyin Oo Lwin

Best Choice Estate - Pyin Oo Lwin Customer မ်ားအားလံုးကို အထူးေက်းဇူးတင္ရွ

20/01/2023

သစ်လုံး သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
-----------------------------------------------------

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလ ျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလ ျှင် ကုဗပေရသည်။

ဥပမာ - သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလ ျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလ ျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလ ျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မ ျှရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗေပ

Unicode

သစ်လုံး သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
-----------------------------------------------------

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဥပမာ - သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မျှရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗေပ

#ရွှေဟင်္သာ



16/01/2023

Septic Tank ပထမ တွက်နည်းလေး ပြောပြပါမယ်...

Soil ကိုတော့ လူတစ်ဦး ၏ Daily Water Usage ပမာဏ ၏ 30% ကို ယူပါတယ်...

လူတစ်ဦကို 40 gallons per day per person ဆိုတော့...

30 % ဆိုရင် လူတစ်ဦးကို 12 gallons per day per person ရပါတယ်...

ဥပမာ အနေဖြင့် လူဦးရေ 130 အတွက် Soil Volume ကို ရှာကြည့်သော်...

= 130 x 12

= 1560 gallons
(Assumed 1600 gallons)

Soil Volume = 1560 (Assumed 1600 gallons)

1 cu-feet တွင် 6.23 gal ရှိတယ် ဆိုလျှင်...

= 1600 ÷ 6.23

= 256.8 cu-ft

Tank ၏ အမြင့်ကို 5 feet ဟု ယူဆပြီး တွက်ယူမည် ဆိုလျှင်...
(အနည်းဆုံး ရှိရမည့် အမြင့်မှာ 4 feet ဖြစ်သည်)

Area ကို လိုလျှင် volume ကို height ဖြင့် စားသော်...

= 256.8 ÷ 5

= 51.36 sq-feet

Tank ၏ အလျား (Length) L သည် အနံ (width) B ၏ ၂ ဆ မဟုတ်ရင် ၃ ဆ ရှိသင့်ပါသည်...

Length = 2B (သို့မဟုတ်) 3B

Area ဆိုတာ အလျား L x အနံ B ဆိုတော့...

တွက်ချက်မှုအရ Area သည် 51.36 sq-ft ရခဲ့ပြီး L ဆိုတာက 2B ဖြစ်ခဲ့သော်...

Area = L x B

Area = 2B x B

Area = 2B^2

2B x B = 51.36 (Area)

2B^2 = 51.36

B = square root (51.36 ÷ 2)

B = 5.06 feet

ထို့ကြောင့် 5.1 ဟု ယူဆပါမည်...

Length ဆိုတာ 2B ဖြစ်သည် ဆိုလျှင်...
B ၏ တန်ဖိုးက 5.1 ရခဲ့သော်...

L = 2B

= 2 x 5.1

= 10.2 feet

ဒါကြောင့် Tank ၏ အရွယ်အစား မှာ...

= 10.2 x 5.1 x 5

= 260 cu-ft (Volume)

Tank ထဲတွင် ဆံ့မည့် Soil ပမာဏသည် 260 cu-ft ဆိုလျှင်...

စွန့်ထုတ်မည့် Soil Volume ထက် လက်ခံမည့် Tank Volume က ပို၍ များသည့်အတွက် တွက်ချက်မှုက အဆင်ပြေသည်ဟု ပြော၍ရပါသည်...

Credit to Ko Htut Naing Win

13/12/2022
05/12/2022
28/10/2022

Address

St , Road
Maymyo
95941001125

Alerts

Be the first to know and let us send you an email when Best Choice Estate - Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best Choice Estate - Pyin Oo Lwin:

Share

Category