Success Real Estate

Success Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Success Real Estate, Real Estate, Maymyo.

ဒီလိုအဖြစ်မျိုးတွေခုမှဖြစ်တာလား?မရှိခဲ့ဖူးဘူးလား ? 👇👇👇👇👇ခုမှဖြစ်တာလဲမဟုတ်ပါ. ခဏတိုင်းကိုဖြစ်နေ.ကြားနေကြရတာပါ..😢ခဏခဏရှိခဲ...
09/01/2021

ဒီလိုအဖြစ်မျိုးတွေခုမှဖြစ်တာလား?
မရှိခဲ့ဖူးဘူးလား ?
👇👇👇👇👇
ခုမှဖြစ်တာလဲမဟုတ်ပါ. ခဏတိုင်းကိုဖြစ်နေ.ကြားနေကြရတာပါ..😢
ခဏခဏရှိခဲ့ဖူးပါတယ်. ရှိနေဆဲ.ရှိနေဦးမှာပါပဲ...😢

မြေအမှုအရမ်းရှုပ်, အရမ်းများတဲ့ကိုယ့်မေမြို့...
ဖြစ်တိုင်းလဲ မင်မင်တို့လိုမြေအများကြီးရောင်းထားခဲ့သူတွေအတွက်အရမ်းနစ်နာရပါတယ်..

ပထမဦးဆုံး.👉 မင်မင့်ဆီကဝယ်ယူထားသူမိတ်ဆွေအတော်များများ ဖုန်းတဂွမ်ဂွမ်ဆက်ကြပါတယ်☎..ဖြေရှင်းရပါတယ်..📞 ပြီးရင်ကျေနပ်ပျော်ရွှင်သွားကြတာပါ😘
(😍တချို့မိတ်ဆွေလေးများကတော့ကိုယ့်ကို 100% ယုံကြည်ကြတာတချို့.ရယ်အားနာသူတချို့ရယ်သာမဆက်ကြတာပါ😁)

နောက်တချက်.👉 ဝယ်ဖို့စဥ်းစားမေးမြန်းစုံစမ်းထားသူမှန်သမျှတန့်သွားပါပြီ. ဘာမြေလာလာ No ပါ😥

မင်မင်တို့လိုအမှန်အကန်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့မြေမျိုးပဲရောင်းချနေသူတွေအတွက်ကတော့ bad news ပါ.
ခုခေတ်ကလဲ.သိကြတဲ့အတိုင်းပါ.ဖြစ်တာထက်ဖွတာပိုများနေလို့ မေမြို့တမြို့လုံးကမြေတွေကသူတို့ပါးစပ်ထဲမယ်ကြောက်စရာတွေကိုဖြစ်လို့😂
နောက်တလမကြာပါဘူး အုန်းအုန်းပြန်ထကြတာပါပဲလေ. အဲ့လိုအချိန်မှာသေချာစိစစ်လေ့လာပါ.ခိုင်မာတဲ့သူဆီကသာဝယ်ပါလို့အကြံပေးလိုပါတယ်ရှင်.

မေမြို့မှာ မြေကွက်က လေးငါးဆယ်ကွက်ပဲရှိတာမဟုတ်သလို ရှိတဲ့အကွက်တိုင်းဟာလဲ သစ်တောမြေမဟုတ်ပါရှင်😂

မင်မင့်ဆီမှာ သစ်တောမြေ , ကော်ဖီမြေ စသည်ဖြင့်အရှုပ်အရှင်းရှိတဲ့မြေမျိုးကိုလုံးဝအရောင်းအဝယ် လုပ်မထားပါဘူးရှင်.
နောင်လဲဘယ်တော့မှလုပ်လိမ့်မည်မဟုတ်လို့ မင်မင့်ဆီကမြေဝယ်ယူထားသူချစ်မိတ်ဆွေကလေးများ,ဝယ်ယူဖို့စုံစမ်းမေးမြန်းထားသူ, ထားဆဲ မိတ်ဆွေလေးများ စိတ်အေးချမ်းသာစွာနေထိုင်, ဝယ်ယူနိုင်ကြပါတယ်လို့..😍😘😊

မေမြို့မြေမှ ရွာမြေစစ်စစ်, ပုံစံ ၇ကျပြီးမြေ, ၃၀ခ ကျပြီးမြေ, ဂရံမြေစသည်ဖြင့် ခိုင်မာသောမြေအမျိုးအစားအမျိုးမျိုးကို ရာသက်ပန်တာဝန်ယူမှု. တာဝန်ခံမှုများစွာဖြင့်မိတ်ဆွေတို့စိတ်အေးချမ်းသာစွာဝယ်ယူအားပေးနိုင်ကြပါတယ်ရှင်.

မေမြို့မြေ အိမ်ခြံမြေရောင်းဝယ်ရေး
☎ 09 677919665 , 09 424217171 ☎
Ruby Mart အနီး, မန္တ​လေး-လားရှိူးလမ်းဘေး, မြို့သစ်.

09/01/2021

#မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း
( ပြင်ဦးလွင်ခရိုင် )နှင့်တွေ့ဆုံခြင်း
" ဥပဒေနှင့်မညီသောကျူးကျော်မြေများ
#ရောင်းဝယ်ပေးခြင်းမျိုးမရှိဟုပြောကြားသည်။
~~~~~~~~~~~~~~~~~~~

ပြင်ဦးလွင်၊
၉၊ ဇန်နဝါရီ ၊ ၂၀၂၁။
လွန်ခဲ့သောနှစ်ရက်က သစ်တောဦးစီးဌာနမှ အောက်ပါအတိုင်းကြေညာချက် ထုတ်ပြန်ခဲ့သည် ။

#သစ်တောကြိုးဝိုင်းမကျူးကျော်ရ
-----------------------------
" မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်း ခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည် "

ယင်းသို့ကြေညာချက်ထုတ်ပြီးနောက်ပိုင်းတွင် အချို့မီဒီယာများမှတစ်ဆင့် နိုင်ငံအဝှန်း သတင်းများပျံ့နှံ့ခဲ့ရာ အခြားမလိုလားအပ်သောနောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်ခဲ့သည် ။

ထိုဖြစ်ပေါ်မှုများ အသေးစိတ်သိရှိလိုပါ၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ( ပြင်ဦးလွင်ခရိုင် ) နှင့် ယနေ့နံနက် ၁၀း၁၀ ခန့်က တွေ့ဆုံခဲ့သည် ။

အသင်း၏ နာယကကြီး ဦးအဒိုင်းက-
" အဲဒီ သစ်တောကြိုးဝိုင်း မကျူးကျော် ရ post လည်းတက်ပြီးရော ၊ တချို့မီဒီယာတွေနဲ့ တချို့လူပုဂ္ဂိုလ်တွေက တိကျခိုင်လုံပြီး သတင်းအရင်းအမြစ် မပါဘဲ #တစ်မြို့နယ်လုံးအကွက်ရိုက်ရောင်းထားတဲ့မြေတွေသိမ်းဆည်းတော့မယ် ၊ အရေးယူတော့မယ်ဆိုတဲ့ post တွေ ထပ်တင်ကြတယ် ။

အဲ့ဒီအကျိုးဆက်ကြောင့် -
ပထမ မြို့ပေါ် ရပ်ကွက်ကြီး ၁၀ခုကလွဲပြီး ကျန်တစ်မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာမြေ၊စိုက်ပျိုးမြေတွေအားလုံးဟာ သစ်တောမြေလို့ ထင်ယောင်ထင်မှား ဖြစ်ကုန်ကြတယ် ။

နောက်ဆက်တွဲက ပြင်ဦးလွင်ရဲ့ အိမ်ခြံမြေဈေးကွက် ယိမ်းယိုင်သွားသလို ၊
#မှန်မှန်ကန်ကန်ရောင်းထားသူတွေ၊ ဝယ်ထားသူတွေ ၊ အကျိုးဆောင်တွေ ပူပင်သောက ရောက်ကြရတယ် ။

အထူးသဖြင့် ဂရံ၊ အခြားနည်းအသုံးပြုခွင့်ကျပြီးနဲ့ အဲ့အတွက် လျှောက်ထားဆဲ အစရှိတဲ့ စာရွက်စာတမ်းပါပြီး ဥပဒေနဲ့အညီ စနစ်တကျ အကွက်ခွဲရောင်းချသူတွေအဖို့ အရမ်းကို ထိခိုက်နစ်နာရပါတယ် " ဟု ရှင်းပြသည် ။

ဦးအဒိုင်းက ဆက်လက်၍ -
" ဒီက အိမ်ခြံမြေအသင်းနဲ့ အသင်းဝင်များအားလုံးလိုလိုဟာ ဒါနဲ့ပဲ အသက်မွေးကြရတာ ၊ ခုလို ထင်ယောင်ထင်မှားတွေဖြစ်ကုန်တော့ အသင်းရော အသင်းဝင်တွေပါ ထိခိုက်နစ်နာရပါတယ် ၊ ခုလို ကိုဗစ်ကာလမှာဆိုတော့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ရတာပေါ့ " ဟု ဆက်လက်ပြောဆိုသည် ။

#ဥပဒေနဲ့မညီညွတ်တဲ့အကွက်ရိုက်ရောင်းချမှုမျိုးကိုဝန်ဆောင်ပေးပါသလား ဟုမေးမြန်းရာ -

" ကျွန်တော်တို့ အသင်းဝင်တွေအနေနဲ့ လက်လွတ်စပယ်ရောင်းဝယ်တာမျိုးအတွက် ဝန်ဆောင်မှု မပေးပါဘူး ၊ စကတည်းက ဒီအသင်းဝင်မယ်ဆို သတ်မှတ်ပုံစံတွေဖြည့်သွင်း ၊ အခြားအသင်းဝင်ဖြစ်ပြီးသူ နှစ်ဦးရဲ့ ထောက်ခံမှုရှိမှ ဝင်ခွင့်ရတာပါ ၊ အသင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့သင်တန်းတွေ တက်ရပါသေးတယ် ။ #စည်းမျဉ်းစည်းကမ်းတွေလိုက်နာရပါတယ် ၊ #ပွဲခရပြီးရော ဆိုတဲ့ စည်းလွတ်ဘောင်လွတ် ဝန်ဆောင်မှုမျိုး လုံးဝမလုပ်ရပါဘူး " ဟု ဦးအဒိုင်းက ရှင်းပြသည် ။

အသင်း၏ အခြားနာယကတစ်ဦးဖြစ်သော ဦးအောင်ကျော်သက်က -
" ဒီလို ဥပဒေနဲ့ မညီညွတ်တဲ့မြေကွက် အရောင်းအဝယ်လုပ်ပေးရင် အဲ့ဒီအသင်းဝင်ကို သတိပေးတာကစပြီး အဆင့်လေးဆင့်နဲ့ အရေးယူပါတယ် " ဟုလည်း ပြောပြသည် ။

၎င်းကဆက်လက်၍
" ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာက နောက်နောင်ဆို သစ်တောဦးစီးဌာနအနေနဲ့ ခုလို ကြေညာချက်ထုတ်မယ်ဆိုရင် တည်နေရာ၊ အကျယ်အဝန်းဧရိယာ စတဲ့အကြောင်းအရာအချက်အလက်ကို တိတိကျကျ ပါဝင်စေချင်ပါတယ် ။
#မီဒီယာများအနေနဲ့လည်း ခိုင်လုံတိကျမှန်ကန်တဲ့ သတင်းအရင်းအမြစ်မပါဘဲ တစ်ပါးသူတို့ရဲ့ အကျိုးစီးပွါးပျက်စီးအောင် သတင်းမတင်စေချင်ပါဘူး ၊ ကိုယ်ခြင်းစာတရား ထားစေချင်ပါတယ် " ဟု ဆက်လက်ပြောဆိုသည် ။

ပြင်ဦးလွင်အိမ်၊ခြံ၊မြေ အရောင်းအဝယ်ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ( ပြင်ဦးလွင်ရုံးခွဲ ) သို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည် ။
ပြင်ဦးလွင်ရုံးခွဲတွင် အသင်းဝင်ပေါင်း ၃၀၀ ကျော်ရှိနေပြီး အရောင်းအဝယ်ဝန်ဆောင်မှုအနေဖြင့် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့ကြီးပြီးလျှင် ပြင်ဦးလွင်သည် အများဆုံးဖြစ်ကြောင်းလည်းသိရသည် ။

ပြင်ဦးလွင်တွင် အိမ်၊ ခြံ ၊ မြေ အရောင်းအဝယ်ဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် မြို့၏ ဂုဏ်ကို ပိုမိုတိုးတက်စေသလို အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွါးလာကာ မြို့၏ ဈေးကွက်ပမာဏလည်း ကျယ်ပြန့်လာစေကြောင်း ဦးအဒိုင်းက ဖြည့်စွတ်ပြောကြားသည် ။

( သတင်းစဉ် )
#ချယ်ရီမြေပြင်ဦးလွင်သတင်းစုံ

🙏🙏ခုနစ်ရက်သားသမီးအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းလွတ်ကြပါစေရှင်🙏🙏မ...
26/04/2020

🙏🙏ခုနစ်ရက်သားသမီးအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းလွတ်ကြပါစေရှင်🙏🙏

မြန်မာပြည်နေရာအတော်များများမှာကပ်ရောဂါဆိုးကြီးကျရောက်နေလို့ ခုနစ်ရက်သားသမီးအပေါင်းအတွက် အရမ်းစိတ်မကောင်းဖြစ်ဝမ်းနည်းစိုးရိမ်မှုတွေနဲ့မင်မင်နေ့စဥ်ဆုတောင်းပေးနေပါတယ်ရှင်🙏🙏

ခုချိန်ထိရောဂါကင်းစင်နေဆဲနေရာလေးတွေထဲက ပြင်ဦးလွင်မြို့လေးဟာလဲတမြို့အပါအဝင်ပါနော်🌲🌲

ချစ်မိတ်ဆွေလေးတို့ရယ်.. ခုကာလကြီးမှာ အလုပ်တွေစီးပွားရေးတွေလုပ်လို့မရသေးမယ့်အတူတူ ကိုဗစ်လဲရှောင်အပူလဲရှောင်ရင်းပြင်ဦးလွင်မြို့လေးမှာအပန်းမဖြေချင်ကြဘူးလားဟင်..😘

👇မြို့နှင့်ကပ်လျက်ရွာ 👇
ကိုယ့်မိသားစုလေးတစုတည်းလူသူမနီးလွန်းမဝေးလွန်းတဲ့ခြံနေရာလေးမှာအေးအေးချမ်းချမ်းအနားယူအပန်းဖြေမလား🏕
💰ပေ ၄၀×၆၀ခြံတကွက် ကို သိန်း၅၀ ကျော်သာ

(ပေ၄၀×၈၀ ခြံပေါ် ဆောက်ပြီးသားတိုက်လှလှလေးတလုံးအပါမှ သိန်း၁၅၀အတွင်း)

+++++++++++++++++++

👇ရပ်ကွက်ကြီးအတွင်း 👇
ရပ်ကွက်ကြီးထဲကမြေပြန့်သို့မဟုတ် တောင်ပေါ် view လှလှလေးမှာခြံလေးတကွက်ဝယ်ယူချင်ဘူးလား🏡
💰ပေ ၄၀×၆၀ခြံတကွက် ကို သိန်း ၁၈၀ သာ

(ခြံနှင့်ဆောက်ပြီးသားတိုက်များ အိပ်ခန်း၃ခန်းအပါ လဲရှိပါသည် သိန်း၆ရာမှ၇ရာကျော်အထိအစားစား)

ကိုယ်သုံးမယ့်ငွေ amount လေးသာပြောပေးနော် မင်မင်ကအရမ်းလဲတန်စေရမယ့် အရမ်းလဲလှပကောင်းမွန်မယ့် နေရာကောင်း​လေးတွေလိုက်ပြပေးပါမယ် ခြံလေးဝယ်လိုက်လို့ဘယ်တော့မှနောင်တမရစေမယ့် ထားကောင်းရောင်းစွံ လတ်တလောအပန်းဖြေဖို့နေရာ​​လေးဖြစ်စေရမယ်လို့ကတိပေးပါတယ်👍👍

👇👇ဝယ်ယူမည့်ခြံများအား👇👇
👉အုတ်တံတိုင်းသံပန်းတံခါးအကာအရံအပြီးစီး
👉အကွက်ရှေ့ပေ၃၀ကွန်ကရစ်လမ်း
👉မီးတိုင်မီးကြိုး
👉ဘုံရေပေးဝေရေးစနစ်များ
👉အတိုးမဲ့အရစ်ကျလစဥ်သွင်းစနစ်များ
👉Special discount များစွာ....စသည်ဖြင့်

( စျေးပေါ်မူတည်၍ ဂရံမြေ, ၃၀ခကျပြီးမြေ, ရပ်ကွက်ကြီးမြေ, ၁၀၅ကျပြီးမြေ, ရွာမြေ စသည်ဖြင့်အစားစား)

ခြံလေးဝယ်ပြီးလို့စျေးသက်သက်သာသာနဲ့တိုက်ကလေးအရစ်ကျဆောက်ပေးတဲ့ construction နဲ့လဲချိတ်ပေးဦးမှာမို့ဘာလိုသေးလဲချစ်မိတ်ဆွေလေးတို့ရေ.. အမြန်သာကြွလှမ်းဖို့ဖိတ်ခေါ်ပါရစေရှင်🙏🙏

Success Real Estate
☎ 09 677919665 , 09 424217171 ☎
Ruby Mart အနီး, မန္တ​လေး-လားရှိူးလမ်းဘေး, မြို့သစ်

👩‍❤️‍💋‍👩 ယနေ့ကြွရောက်ဝယ်ယူသွားကြပါသော ရန်ကင်းမြို့နယ်မှသဘေင်္ာအရာရှိအကိုနှင့်အမတို့မိသားစု....🙏လုပ်ငန်းများဆထက်ထမ်းပိုးတ...
23/02/2020

👩‍❤️‍💋‍👩 ယနေ့ကြွရောက်ဝယ်ယူသွားကြပါသော ရန်ကင်းမြို့နယ်မှသဘေင်္ာအရာရှိအကိုနှင့်အမတို့မိသားစု....

🙏လုပ်ငန်းများဆထက်ထမ်းပိုးတိုး၍အောင်မြင်ကြပါစေ🙏 စိတ်ချမ်းသာကိုယ်ကျန်းမာပျော်ရွှင်ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်..🙏

နေရာတွေလဲစိတ်ရှည်လက်ရှည်လိုက်ပြ အကြံဥာဏ်ပေး ရှင်းပြပေးခဲ့ပါတယ်. ဘုရားဖူးရင်းတက်လာတာ တခါတည်းဝယ်ဖို့အစီအစဥ်မရှိခဲ့ဘူးတဲ့ 😍လုပ်ငန်းစတင်စဥ်ရောင်းအားကိုကြည့်ပြီးကြိုက်တဲ့အကွက်လေးလွတ်သွားမစိုးလို့ ရပ်ကွက်ကြီး ၁၁ ရေငယ်ထဲက သိန်း၂ရာကျော်တန်​ေလးတကွက်စရံချသွားတယ် 😘😍

Thank you so much ပါအကိုအမတို့ရေ 😍😍

ချစ်တို့ရေ ဒီလိုတမြို့လူံးကိုစီးမြင်နေရမယ့် အမိုက်စား view. မှာစတင်ဖော်ဆောင်နေပါပြီ. Plan ထွက်တာ ၂ရက်ပဲရှိသေးတယ်. တဝက်နီ...
23/02/2020

ချစ်တို့ရေ ဒီလိုတမြို့လူံးကိုစီးမြင်နေရမယ့် အမိုက်စား view. မှာစတင်ဖော်ဆောင်နေပါပြီ. Plan ထွက်တာ ၂ရက်ပဲရှိသေးတယ်. တဝက်နီးပါး ကုန်နေပြီနော်.
အော်မေ့လို့.. ချစ်တို့ထပ်ကာထပ်ကာမေးမေးနေတဲ့ အိမ်ရာ၁ အနီးကပဲနော.😘

ချစ်​လေးတို့ရေ ရပ်ကွက်ကြီး ၁၁ရေငယ် ပုလဲဖြူနောက်ကျောက အကွက်လေးတွေကတော့ကုန်သွားပါပြီနော်. ခဏခဏမေးကြလွန်းလို့ပါ ဒီထက် view ...
23/02/2020

ချစ်​လေးတို့ရေ ရပ်ကွက်ကြီး ၁၁ရေငယ် ပုလဲဖြူနောက်ကျောက အကွက်လေးတွေကတော့ကုန်သွားပါပြီနော်. ခဏခဏမေးကြလွန်းလို့ပါ ဒီထက် view ပိုလှပြီး ပိုကောင်းတဲ့နေရာမှာစတင်ဖော်ဆောင်နေပါပြီနော်. စောင့်မျော်အားပေးကြပါဦးရှင်.😘😍

ရွာကခြံလေးနှစ်ကွက်စရံချလာဝယ်တယ်.လူတန်းစားမရွေးဝယ်နိုင်အောင် အတိုးမဲ့အရစ်ကျစနစ်နဲ့လဲရောင်းပေးနေတာပါ.တလတကြိမ်သွင်းရပါတယ်.....
22/02/2020

ရွာကခြံလေးနှစ်ကွက်စရံချလာဝယ်တယ်.

လူတန်းစားမရွေးဝယ်နိုင်အောင် အတိုးမဲ့အရစ်ကျစနစ်နဲ့လဲရောင်းပေးနေတာပါ.တလတကြိမ်သွင်းရပါတယ်..
အားလုံးသဘောတူကျေနပ်လို့ ဝယ်သွားတယ်..

တလပြည့်လို့သွင်းချိန်ရောက်တော့ လူံးဝဆက်သွယ်လို့မရ ဖုန်းတွေမပိတ်ဘဲ ကိုယ့်ဖုန်းကျမှမကိုင်ဘူး🤣🤣

Messenger ကစာပို့ reply မလာ🤣
သူချိတ်ထားတဲ့ကိုယ့်pageကစာပို့ reply မလာ🤣
ဖုန်းတွေလုံးဝမကိုင်🤣
ရိုးရိုးmessage box ကကောင်းကောင်းကန်းကန်းစာပို့တော့receive ဖြစ်ပြီးပြန်စာမလာ🤣

ကိုယ်လေ..ဘယ်ရမလဲ.. မဆက်သွယ်ရင်ခြံစရံဆုံးပါမယ်လို့ခပ်ပြင်းပြင်းစာပို့ပြီး နောက်တချက်ဖုန်းခေါ်မှ သူ့အမေပါဆိုသူဖုန်းကိူင်ပြီး စလုံးသွားနေသတဲ့.. စာချုပ်ပြည့်မှပေးရမယ်ပြောသွားသတဲ့.. သဘောတူခဲ့တာတလတခါ🤣🤣 လို့ပြောပြပြီးပြန်ဆက်ခိုင်းပါ ငွေသွင်းဖို့ရက် တပတ်လောက်ကျော်နေပြီ ပြောခဲ့တယ်.

ကိုယ်စိတ်မဆိုးသေးဘူး.ဝယ်သူတွေအကုန်ကိုကိုယ့်ကျေးဇူးရှင်တွေလို့သဘောထားတာ. ခုမှစမှာ.
တအောင့်နေဆက်လာတယ်ခပ်တင်းတင်းပဲ. မအားလို့မပြောဖြစ်တာတဲ့ သူခုလလုံးဝအဆင်မပြေလို့လုံးဝမသွင်းနိုင်ဘူးတဲ့လေ. လကုန်အဆင်ပြေရင်လွှဲလိုက်မယ်တဲ့

လကုန်လဲအကျိုးကြောင်းစာလေးတ​ကြောင်းတောင်မလာဘူးငွေမပြောနဲ့🤣
Page messenger ကနေမနဲဆက်သွယ်ယူရတယ် ဆက်ဆံတာကသူ့အကြွေးယူထားသလိုပဲ🤣 အဲဗျ ဒီတခါတဆင့်တက်လာတာက အဲ့အကွက်တွေမှာအိမ်ဆောက်မရမှာသူ့အဖေကစိုးရိမ်လို့ဆိုလား🤣 လာဝယ်သွားတာကသူ ဘေးတွေမှာအိမ်တွေဆောက်ထားတာလဲသူ့အမြင်.ဦးနှောက်ပျက်သွားတာလားဘာလား🤣မပြောတော့ဘူး 100%အာမခံပါတယ်လဲပြောထားပြီးသား.
ကိုယ်ကအေးအေးဆေးဆေးယဥ်ယဥ်ကျေးကျေး ငွေတလတခါသွင်းဖို့သဘောတူထားတာနှစ်လနီးပါးရှိပြီ သွင်းပေးပါမောင်လေးရေ အဆင်မပြေသေးလိုမသွင်းနိုင်သေးလဲကြိုပြောပေးပါဖြစ်တတ်လို့နားလည်ပါတယ်ဆိုတာ အဝှာပြောလိုက်ဒဝှာပြောလိုက်နဲ့စကားတွေကတောင်စဥ်ရေမရ🤣 နောက်ဆူံးကျ နောက်နှစ်ရက်နေရင်ငွေသွင်းမသွင်းအ​​ကြောင်းပြန်မယ်တဲ့.
ထုံးစံအတိုင်းပါပဲ.. respect လုံးဝမရှိ. တဦးပေါ်တဦးလေးစားမှုမရှိ. စိတ်မဆိုးသေးဘူးနော်.

စာပို့လှမ်းမေးတာငွေသွင်းမသွင်းမပြောဘူး သူ့စာချုပ်ပြည့်မှယူချင်ယူမယ် မယူချင်ရောင်းပစ်ပါဆိုပြီး အမဘယ်လောက်ချမ်းသာလဲ သူက S'pore မှာနေတာသူ့အိမ်အမှတ်ကဘယ်လောက်ပါတွေ အဲ့ကစံတော်ချိန်ကဘယ်လောက်ပါတွေ သူ့ business ကဘယ်လိုပါတွေနဲ့ e လိုတွေမှုတ်ပါလေရော🤣 ကိုယ်ကလဲeလိုမတတ်ဘူးဆိုတော့ကာ.. အင်း🤔 ဘိုပြောရပါ့မလဲ😁 ကိုယ်လဲတင်းပြီလေ ဖြဲပြီပဲ😤 အဲ့ထိလဲဒီလိုတွေရေးတင်ဖို့လဲစိတ်ကူးမရှိပါဘူး.. ငွေသွင်းချင်လဲဆက်သွင်း.မသွင်းလဲပြန်ရောင်းလိုက်မယ် အာရုံနောက်လို့ဆိုပြီး blog ပဲလုပ်ထားလိုက်တယ် သွားထပ်မေးမိမစိုးလို့ပါ..စိတ်မဆိုးသေးဘူး🤣

ခုမှလိုင်းဖွင့်ပြီး စလုံးကများပြန်ရောက်ပလားအမှတ်မဂှိသူ့Accဝင်ကြည့်မိတယ်😯
pageဘယ်နှခုကိုင်ပြီးကိုယ့်ကိုယ်ကိုဘာထင်လဲညာထင်လဲဖြဲထားတာဗျ.လိုင်းပေါ်မှာ😤 ငွေမသွင်းတဲ့ပြင်.
ဆိုတော့ကာ ဘာမှမထင်ပါဘူးမောင်​ေလးရေ အမကအနည်းဆုံးတော့ လူသားတိုင်းကို respect လဲရှိ..ethic လဲရှိ responsibility ကိုယ့်တာဝန်ကိုယ်သိအောင်လဲမိဘကသင်ပေးလိုက်ပါတယ်.page ဘယ်နှခုကိုင်ထားကိုင်ထားကိုယ်တာဝန်ယူထားတဲ့လုပ်ငန်းကိုယ်နိုင်ပါတယ် polite လဲရှိပါတယ် အမ official account မောင်လေးသိနေတာပဲ ကိုယ်မှန်လို့ကိုယ့်ကိုယ်ကိုလုံလို့ like, share, comment ဖွင့်ထားပါတယ်. မောင်လေးလိုမဟုတ်တာတင်ပြီး comment ပိတ်မထားပါဘူး🤣 ကြိုက်တဲ့ချိန် welcome ပါ အမရုံးခန်းတွေ ဖုန်းတွေ acc တွေက ever open နော် warmly welcome နော် 😄😄 အဲ့လောက် S'pore မှာနေအလုပ်လုပ်နေတာဆိုငွေလေးနှစ်ပဲတပြားလောက်နဲ့သူများကိုအာရူံနောက်အောင်လာလုပ်မနေပါနဲ့လားကွယ်. စရံစာချုပ်မို့တလတခါငွေသွင်းဖို့ထည့်မချုပ်မိဘဲပါးစပ်ကတိနဲ့ပဲကတိမတည်တတ်သူကိုပြောမိတာကိုယ့်အမှားလား🤣 ဒါနက် နေပါအူး. ဘူကဘူ့ကိုလိမ်တွားတာလဲဟမ် ချောက်ကြီးချောက်ကျယ်ငွေမသွင်းဘဲeလိုတွေဘူကကြောတွားတာလဲဟမ် 🤣 တလတကြိမ်သွင်းရမယ့်ငွေမသွင်းပဲ စာချုပ်ပြည့်မယ့် April ထိစောင့်ကြည့်အူးမတဲ့ အဟက်🤣 အမတို့အဖွဲ့ကလဲစောင့်ကြည့်နေပါတယ်မောင်လေးရေ Aprilထိပေါ့. အပြောနဲ့အလုပ်ညီမညီပေါ့😎

TTH
အမငီး..မောထှာ😝

ခြံရောင်းခဲ့သမျှသက်တမ်းတလျောက် ..အရမ်းအေးချမ်းပြီးရောင်းသူကိုစိတ်ချမ်းမြေ့ခြင်းများစွာပေးသော ချစ်ရပါတဲ့ customer လေးများ...
08/02/2020

ခြံရောင်းခဲ့သမျှသက်တမ်းတလျောက် ..

အရမ်းအေးချမ်းပြီးရောင်းသူကိုစိတ်ချမ်းမြေ့ခြင်းများစွာပေးသော ချစ်ရပါတဲ့ customer လေးများမကြာခဏတွေ့ရသလို😘😍

အရမ်းကိုဂျီဂျောင်ကျလွန်းပြီး တအားဈေးဆစ်တတ်သော (မဝယ်တာလဲမဟုတ်😅) ချစ်စဖွယ် customer လေးများအားလည်း မကြာခဏတွေ့တတ်ပါတယ်😁

ကံဆိုးရင်တော့ ခြံလေးတနေရာလောက်​​ကြည့်ပြီး(စိတ်ဝင်စားသယောင်လေးတောင်အားနာပါးနာမပြသွားဘဲ😁)တနေကုန်လည်ချင်တဲ့နေရာအကုန်လိုက်ပို့ခိုင်းပြီး စဉ်းစားဦးမယ်နော်ဆိုသော(တည်းခိုခန်းခပါရှင်းမခိုင်းသွားတာကံကောင်း😜) ဆွဲဆိတ်ချင်စရာ😁မရိုးမရွဖြစ်ကျန်ခဲ့ရသောဟာလေးများလဲ မျက်စိလည်ရောက်လာတတ်ပါတယ်😇

ကောင်းပြီကောင်းလျက်နဲ့စရံချပြီးကာမှ အိမ်ကဘယ်သူကတော့ဖြင့် အဝယ်မှားမစိုးလို့နဲ့ အဖေကတော့ဖြင့် အိမ်ဆောက်မရအရှုပ်အထွေးကြောက်လို့နဲ့ မိန်းမကဖြင့်သဘောမတူလို့နဲ့ နောက်တလငွေသွင်းရက်ရောက်ရင် မျိုးစုံကြိုးခုန် မွှေတတ်ကြပြန်သေးတာလေ အရမ်းစိတ်ပျက်ရချိန်တွေပေါ့😫😫

ခု 19.1.2020 နေ့ကရောက်လာပါသော customer မိသားစုလေးဟာဖြင့်, (သိန်းတရာမှနှစ်ရာအတွင်းတကွက်သာဆိုပြီး) ပြသမျှနေရာအကုန်, ကြိုက်လို့ ပြတ်သားခိုင်မာသောဆုံးဖြတ်ချက်များဖြင့်(သုံးနေရာလုံးခြောက်ကွက်ကို,)နာရီဝက်အတွင်းဆုံးဖြတ်, ပေးနိုင်သောဈေးတခါတည်းတန်းပြောကာ သိန်း​ထောင်ချီပြီး
ဝယ်ယူအားပေးသွားပုံက လိုက်ပြတဲ့သူတောင်အံ့အားတွေသင့်လို့ 😟😟

အစီစဉ်မရှိဘဲလာလို့ဆိုပြီးပါတဲ့စရံငါးသိန်းပေးခဲ့ပြီး နောက်နေ့တွင်းချင်းစရံငွေသိန်းနှစ်ရာကျော်လှမ်းလွှဲပေး စာချုပ်တောင်မယူသွားဘဲ လကုန်အပြီးချေမှယူမယ် ယုံကြည်တယ်တဲ့😘😘😍
အရမ်းလေးစားချစ်ခင်ရပါသောရန်ကုန်မြို့ ဒဂုံမြို့နယ်မှအန်တီနှင့်မိသားစုလေးသို့...
2020 နှစ်သစ်မှစလို့ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပွားများလို့ လုပ်သမျှအလုပ်အကိုင်အကြံအစည်များ အောင်မြင်ပြီး ဘေးအန္တရာယ်အပေါင်းကင်းဝေး ချစ်သောမိသားစုတွေသက်ဆုံးတိုင်ပျော်ရွှင်ကြပါစေကြောင်း ကမ္ဘာသစ်မှဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 🙏🙏🙏

မြို့ရှောင်လမ်းမေးတင်ခြံကျယ်ကျယ်မှကြိုက်တယ်ဆိုသူများအတွက်လာပါပြီရှင့် 📢📢🌲🌲ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၄ ညောင်နီရွာမြေ👍👍မြို...
08/02/2020

မြို့ရှောင်လမ်းမေးတင်ခြံကျယ်ကျယ်မှကြိုက်တယ်ဆိုသူများအတွက်လာပါပြီရှင့် 📢📢

🌲🌲ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၄ ညောင်နီရွာမြေ
👍👍မြို့ရှောင်လမ်းနှင့်ရွာလမ်းမေးတင်ထောင့်ကွက်
👉👉 ၁၅၀ပတ်လည် (ဧကဝက်)
💰💰 ခေါစျေး သိန်း ၇၅၀

🏣 ဟိုတယ်မိုတယ်တည်းခိုခန်းပဲဖွင့်မလား
🏚 စားသောက်ဆိုင်ပဲဖွင့်မလား?
⛽ ဆီဆိုင်ပဲဖွင့်မလား?
All ok ပဲချစ်မိတ်ဆွေတို့ရေ👌👌

💯စာရွက်စာတမ်းအစုံအလင် 100%အာမခံ 💯

Success အိမ်ခြံမြေရောင်းဝယ်ရေး
☎ 09 424217171 , 09 677919665 ☎
မန္တလေး-လားရှိုးလမ်းမပေါ
Ruby mart အနီး, တနတရှေ့
ပဒေသါမြို့သစ်

🌲🌲 ချစ်​​သောပြင်ဦးလွင် 🌲🌲ကတ္တရာလမ်းမေးတင်ကိုမှလိုချင်​တဲ့ချစ်​မိတ်​​ဆွေတို့ကိုသတင်း​ကောင်း​လေး​လက်​တို့ပါရ​စေမြေကွက်တည...
03/01/2020

🌲🌲 ချစ်​​သောပြင်ဦးလွင် 🌲🌲
ကတ္တရာလမ်းမေးတင်ကိုမှလိုချင်​တဲ့ချစ်​မိတ်​​ဆွေတို့ကိုသတင်း​ကောင်း​လေး​လက်​တို့ပါရ​စေ
မြေကွက်တည်နေရာ➳ ပြင်ဦးလွင်မြို့၊ သပြေရေရွာမြေ၊ ရွာအတွင်းရှိမြေကွက်
👌မြို့ရှောင်လမ်းမှ ရွာအထိ(​မြေကွက်​အထိ) ကတ္တရာလမ်းခင်းထားပြီး လမ်း​မေးတင်
👍​ပေ (၄၀x၆၀)၊ (၄၀x၆၅)၊ (၅၀x၅၀)အစားစား
💰၆၀သိန်း/၆၅သိန်း/၈၅သိန်း ညှိနှိုင်းဈေးများ💰
👉​ဈေးတန်​နေရာကောင်းလေးတွေမို့ ရင်းနှီးမြှုပ်​နှံထားမလား
👉မိဘများ​အေးချမ်းစွာ​နေဖို့ဝယ်​​ပေးမလား
👉သားသမီး​နောင်​​ရေးစိတ်​​အေး​စေမလား

မြေအမျိုးအစား - ရွာမြေ
👏ချက်ချင်းအိမ်ဆောက်​ပြီး မီတာလျှောက်နိုင်​ပါတယ်👏
ပြင်ဦးလွင်-မြို့ရှောင်လမ်းမကြီးမှ (၅)မိနစ် သွားရင်မြေကွက်သို့​ရောက်ပါတယ်

📢စရံငွေ ၅ သိန်း/ ၁၀ သိန်းချပြီးတာနဲ့ ကျန်ငွေကို ”လစဉ်” မိမိအဆင်ပြေသလို ပေးချေနိုင်ပါတယ်။ အရစ်ကျအနေနဲ့အတိုးမဲ့ (၃/၄လ) ပေးထားပါတယ်​📢

ဝန်ဆောင်မှု➳
👍ကွန်ကရစ်တိုင်စိုက်ပြီး သံဇကာပတ်လည်ခတ်ပေးမည်
👍​ပေ (၂၀) ကွန်ကရစ်လမ်း
👍မီးတိုင်မီးကြိုးပါမည်

စာချုပ်စာတမ်း➳
✅မြေအဆင့်ဆင့်အလွှဲပြောင်းစာချုပ်
✅မြေအရောင်းအ၀ယ်စာချုပ်
✅မြေအပြီးအပိုင်လွှဲပြောင်းစာချုပ်
✅ဆက်စပ်စာချုပ်အပြည့်အစုံပါမည်။
✅ရောင်းသူ၏ မှတ်ပုံတင်မိတ္တူနှင့် လက်ဗွေနှိပ်ပေးမည်။
✅စာချုပ်စာတမ်း ကုန်ကျစရိတ်အားလုံးကို ရောင်းချသူဘက်မှ (အားလုံး) ကျခံပေးမည်။
#တရားလွှတ်တော်ရှေ့နေနဲ့လဲချုပ်ပေးပါမည်။

🌻ပြင်ဦးလွင်မြို့နဲ့ အနီးဆုံးရွာဖြစ်သလို ကားကြီးဝင်း၊ ကန်တော်ကြီး၊ မဟာအံ့ထူးကံသာဘုရားကြီးနှင့်ပွဲကောက်ရေတံခွန် တို့ကို ၁၀ မိနစ်သွားလိုက်တာနဲ့ရောက်ပါတယ်​..
🌻​နေရာကောင်း၊ ရှု့ခင်းကောင်း၊ စီးပွားရေးလုပ်ချင်သူများနဲ့ ရင်းနှီမြုပ်နှံလိုသူများအတွက် ထားကောင်း၊ ရောင်းစွန်မြေကွက်များပဲဖြစ်ပါတယ်....
🌻 မြို့နဲ့နီးတဲ့အတွက်ကြောင့် သွားလာရေးအစဉ်ပြေတဲ့အပြင် ဈေး၊ကျောင်း၊ဆေးရုံ၊ဆေးခန်း၊ဘဏ် တို့ကိုလည်းအလွယ်တကူသွားလာနိုင်ပါတယ်...


👌ဝယ်​ယူပြီးသွားတဲ့ မြေကွက်​များ လုံခြုံ​ရေး၊ ခြံသန့်​ရှင်း​ရေး၊ မီတာ​တပ်​ဆင်​ခြင်း၊ ​ရေတူးခြင်း၊ အိမ်​​ဆောက်​ခြင်း စသော အခြားကိစ္စအဝဝများ ကိုလည်း စိတ်​တိုင်းကျတဲ့အထိ အခမဲ့ချိတ်​ဆက်​ ကူညီ​ဆောင်​ရွက်​​ပေးပါမယ်​​နော်​👌

😘​မြေကြည့်​လိုသူများပြင်​ဦးလွင်​​မြို့ထဲ​ရောက်​လျှင်​အချိန်​မ​ရွေးဖုန်း​လေးသာ လှမ်းဆက်​​ပေးပါ၊ လာကြို​ပေးပါမယ်​၊ ​နေရာစုံလိုက်​လံပြသရှင်းပြ​ပေးပါမယ်​၊ ခြံဝယ်​ယူတဲ့မိတ်​​ဆွေများမိုတယ်​လဲစီစဉ်​​ပေးပါတယ်​၊ ရပ်​​ဝေးမှ မိဘပြည်​သူများအတွက်​ ပြင်​ဦးလွင်​တန်​ခိုးကြီးဘုရားများကို ဖူး​မြော်​နိုင်​​စေဖို့ ကုသိုလ်​ဖြစ်​ လိုက်​ပါပို့​ဆောင်​​ပေးပါတယ်​​နော်​ 🙏🙏

မနက်​ဖြန်​ကျ​ရောက်​​တော့မယ့်​ 2020 နှစ်​သစ်​မှာ Success ရဲ့မိတ်​​ဟောင်းမိတ်​သစ်​အ​ပေါင်းနဲ့တကွ ခုနှစ်​ရက်​သားသမီးအ​ပေါ...
31/12/2019

မနက်​ဖြန်​ကျ​ရောက်​​တော့မယ့်​ 2020 နှစ်​သစ်​မှာ
Success ရဲ့မိတ်​​ဟောင်းမိတ်​သစ်​အ​ပေါင်းနဲ့တကွ ခုနှစ်​ရက်​သားသမီးအ​ပေါင်း မြန်​မာပြည်​သူပြည်​သား​ပေါင်း ကမ္ဘာသူကမ္ဘာသားအ​ပေါင်း.. နှစ်​သစ်​မှစလို့ စိတ်​ချမ်းသာကိုယ်​ကျန်းမာမှူအ​ပေါင်းပြည့်​ဝလို့ စီးပွားလာဘ်​လာဘများဒီ​ရေအလားတိုးတက်​ပွားများလို့ ​ဘေးအန္တရာယ်​အ​ပေါင်းကင်း​ဝေးကြပါ​စေ..🙏🙏🙏

🌲🌲 လူတကာချစ်​​သောပြင်​ဦးလွင်​ 🌲🌲👌၁၇၅သိန်း မှ သိန်း၂၀၀​ကျော်​သာကျသင့်​မည့်​👌👉ဂရံတန်း​လျှောက်​နိုင်​မယ့်​စာရွက်​စာတမ်းကျ...
27/12/2019

🌲🌲 လူတကာချစ်​​သောပြင်​ဦးလွင်​ 🌲🌲

👌၁၇၅သိန်း မှ သိန်း၂၀၀​ကျော်​သာကျသင့်​မည့်​👌
👉ဂရံတန်း​လျှောက်​နိုင်​မယ့်​စာရွက်​စာတမ်းကျပြီးရပ်​ကွက်​ကြီး​မြေနဲ့ ၃၀(ခ)ကျပြီး 100% ခိုင်​မာ​သော​မြေများ
👉​ပိုင်​ဆိုင်​မှူစာရွက်​စာတမ်းအပြည့်​အစုံနဲ့ ပိုင်​ရှင်​ကိုယ်​တိုင်စာချုပ်​ချုပ်​ဆို​ပေးမှာပါ​နော်

👍တလတကြိမ်​ငါးရစ်​​အတိုးမဲ့အရစ်​ကျ​ပေးသွင်းနိုင်​​ပြီး
ငွေလက်​ငင်း​ချေလျင်​👉special discount များစွာဖြင့်​..

👇​၁ ​နေရာ​လေးက​တော့👇
🌟​ပြင်​ဦးလွင်​ရဲ့ နာမည်​ကြီးဆု​တောင်းပြည့်​မဟာအံ့ထူးကံသာဘုရားကြီးရှိတဲ့ရပ်​ကွက်​ကြီး ၁၁ ​ရေငယ်​🌟
နာမည်​ကြီးပုလဲဖြူ ဆွယ်​တာဆိုင်​​နောက်​က တိုက်​လှလှ​လေး​တွေရှိတဲ့အိမ်​ရာ၁နဲ့ကပ်​လျက်​မှာ​နော်​..😍
👦👩ပတ်​ဝန်းကျင်​မှာနာမည်​ကြီးရုပ်​ရှင်​မင်းသားမင်းသမီး​တွေရဲ့ခြံဝန်းကျယ်​​တွေတိုက်​လှလှ​လေး​တွေလဲရှိ​တော့ ပတ်​ဝန်းကျင်​မ​ကောင်းမှာမပူရဘူး​လေ 😊
(​ပေ ၄၀×၆၀ , ၄၀×၈၀ ​ဈေး​ပေါ်မူတည်​၍အစားစား)

👇​၂ ​နေရာ​လေးက​တော့👇
🌟​ပြင်​ဦးလွင်​ရဲ့ ရှူ့ခင်းအကောင်းဆုံး နာမည်​အကြီးဆုံးရပ်​ကွက်​ကြီး ၁၂ ​ရေချမ်းအိုး🌟
👉မန္တ​လေး-လားရှိုးလမ်းမကြီးမှစက္ကန့်​ပိုင်း/၁မိနစ်​/၂မိနစ်​အများဆုံးသာဝင်​ရမယ့်​​မြေကွက်​များ
👉အစားအသောက်နဲ့ ဈေးဝယ်စရာ စုံလင်လှတဲ့ ပြင်​ဦးလွင်​ရဲ့နာမည်​ကြီးဆုံး Ruby Mart အနီး
👉 ပြင်ဦးလွင် ကားကြီးကွင်းသို့ ၂ မိနစ်
👉 မြို့ထဲ ဈေးလေးမီးပွိုင့်သို့ ၃ မိနစ်
👉 မဟာအံ့ထူးကံသာဘုရားကြီးသို့ ၃ မိနစ်
👉ပြင်​ဦးလွင်​မြို့မ​ဈေးကြီးသို့ ၅ မိနစ်
(​ပေ ၄၀×၆၀ , ၄၀×၅၀, ၄၅×၅၀, ၄၅×၈၅ ​ဈေး​ပေါ်မူတည်​၍အစားစား)

👌ပေ ၂၀/၂၅ ကွန်ကရစ်လမ်းခင်းပြီး လမ်းမီးတိုင် မီးကြိုးများအပါ
👌၄၀၀ KVA Transformer ထိုင်ပြီးမီးအပါ
(အချို့​နေရာများတွင်​မီတာပါဝင်​မည်​​ရေတူး​ပေးမည်​)
👌 အုတ်တံတိုင်း၊ သံပန်းတံခါး များအပါအဝင်

📢မိတ်​​ဆွေအများအပြား​မေး​နေကြတဲ့အနီးစခန်းနှီးဘုရားကြီးအနီးလဲရှိတယ်​​နော်​📢


👌ဝယ်​ယူပြီးသွားတဲ့ မြေကွက်​များ လုံခြုံ​ရေး၊ ခြံသန့်​ရှင်း​ရေး၊ မီတာ​တပ်​ဆင်​ခြင်း၊ ​ရေတူးခြင်း၊ အိမ်​​ဆောက်​ခြင်း စသော အခြားကိစ္စအဝဝများ ကိုလည်း စိတ်​တိုင်းကျတဲ့အထိ အခမဲ့ချိတ်​ဆက်​ ကူညီ​ဆောင်​ရွက်​​ပေးပါမယ်​​နော်​👌

😘​မြေကြည့်​လိုသူများပြင်​ဦးလွင်​​မြို့ထဲ​ရောက်​လျှင်​အချိန်​မ​ရွေးဖုန်း​လေးသာ လှမ်းဆက်​​ပေးပါ၊ လာကြို​ပေးပါမယ်​၊ ​နေရာစုံလိုက်​လံပြသရှင်းပြ​ပေးပါမယ်​၊ ခြံဝယ်​ယူတဲ့မိတ်​​ဆွေများမိုတယ်​လဲစီစဉ်​​ပေးပါတယ်​၊ ရပ်​​ဝေးမှ မိဘပြည်​သူများအတွက်​ ပြင်​ဦးလွင်​တန်​ခိုးကြီးဘုရားများကို ဖူး​မြော်​နိုင်​​စေဖို့ ကုသိုလ်​ဖြစ်​ လိုက်​ပါပို့​ဆောင်​​ပေးပါတယ်​​နော်​ 🙏

Address

Maymyo
11111

Website

Alerts

Be the first to know and let us send you an email when Success Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category