Htun Real Estate

Htun Real Estate ဝယ်သူအနေနဲ့ စိတ်ကျေနပ်ရစေဖို့ ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ ဝန်ဆောင်မူ့ပေးပါရစေ

16/09/2024

ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖ

ယနေ့ မြန်မာပြည်ကြီးအတွက်ဆုတောင်းပါတယ်

ကိုယ်တော်ချစ်သောသားသမီးများစွာ

ရေဘေးအန္တရာယ်၊ ဘေးဆိုး၊အခက်ခဲဆိုး များစွာ

ကြုံတွေ့နေရပါတယ်ကိုယ်တော်🙏🏻

မြန်မာပြည်၌ရှိနေသော လူကြီးလူငယ်၊ကလေးမှအစ

သက်ရှိအရာအားလုံးကို ကိုယ်တော်အဖဘုရားရဲ့

အတောင်တော်ရိပ်အောက်မှာလုံခြုံစေပါ။

ဘေးကင်းစေဖို့ကိုယ်တော်ကွယ်ကာပေးပါ။

ကောင်းကင်တမန်တပ်ချလျှက် ကာကွယ်ပေးပါအဖ။

အယောက်တိုင်းရဲ့ဆုတောင်းသံကိုလဲ ကိုယ်တော်

နားညောင်းတော်မူပါ။

အရာအားလုံးအမြန်ဆုံးပြီးဆုံးလျှက် အယောက်တိုင်း

ကျန်းမာလျှက် ဘေးအန္တရာယ်အပေါင်းမှကင်းလွှတ်

စေဖို့ရန်အတွက် ယနေ့ဆုတောင်းပါ၏။

အာမင်🙏🏻🥺

26/08/2024
26/08/2024
26/06/2024

For Sale

For Sale
26/06/2024

For Sale

အိမ်ငှားမင်ဂလာဖြစ်ပါပြီ ၊ရောင်းပါမည်၊
26/06/2024

အိမ်ငှားမင်ဂလာဖြစ်ပါပြီ ၊ရောင်းပါမည်၊

ရပ်ကွက်ကြီး ၁၂ ၊ အိမ်ငှားမည် ၊
မန္တလေး လားရှိုးလမ်းပေါ် ကြယ်တံခွန်ဆီဆိုင်အရှေ့ သံလွင်လမ်းမှာပါမိိန်းလမ်းမနဲ့ ၂ကွက်ငုပ်မှာရှိတဲ့ RC ၂ထပ်တိုက်လေးပါ
ရေချမ်းအိုး မြောက်ရွာမှာရှိပြီး

မြေကွက် အကျယ် ပေ၃၀ပေ၃၇
Master bed roomအပေါ်ထပ်တခန်း အောက်ထပ်တခန်း နဲ့
အိမ်အကျယ်ကပေ ၂၆ပတ်လည် ပါ

အိမ်ပေါ်ထပ်ကနေ မိန်းလမ်းမကိုလှမ်းမြင်ရပြီးပြင်ဦးလွင်စင်တာပေါ်က ရှုခင်းလေးလည်းလှမ်းမြင်ရပါတယ်
အသန့်ကြိုက်ပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လေးနဲ့ နေချင်သူများအတွက် အသင့်တော်ဆုံးအိမ်လေးပါနော်
ရေပူရေအေး ဘိုထိုင် တပ်ဆင်ထားပါတယ် အသင့်တက်နေရုံအိမ်လေးပါ
ပရိဘောဂပါမည် ၊ပုံအသေးပြပေးပါမယ်ခင်ဗျ၊

တစ်လ ၈သိန်း ၊၆လချုပ် ၊၁နှစ်ချုပ် ...

အကျိုးတူဆောင်ရွက်နိုင်ပါတယ်ခင်ဗျ၊
၀၉-၄၄၉၂၂၄၄၀၀၊
၀၉-၇၅၆၇၇၂၈၆၁၊Viber
၀၉-၇၇၇၇၈၇၇၉၄၊
ထွန်း-အိမ်ခြံမြေမှအထွေထွေအကျိုးဆောင်လုပ်ငန်း၊ပြင်ဦးလွင်မြို့။

24/06/2024

သိန်း၃၆၀၀တန် အရောင်းထွက်သွားပါပြီခင်ဗျ၊

15/06/2024

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း
စစ်ဆေးရမည့် ပုံစံများ
======================================
အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။
The kumudra journal ဆောင်းပါးမှကူးယူ၍ အနည်းငယ်ဖြည့်စွက်ရေးသားထားပါသည်။

31/05/2024

ရပ်ကွက်ကြီး ၂၀၊
နောင်ခမ်းကြီး(အရှေ့စု)၊
အောင်တံခွန်လမ်း၊
ကွင်းအမှတ်(၆၇၃)၊အကွက်အမှတ်(A3)၊
အရှပ်အရှင်းကင်းပါတယ်၊
မြေခိုင်မာမှုရှိပါတယ်၊
ပေ၃၀ပတ်လည်ရောင်းပါမည်၊
သိန်း၂၈၀ ညှိနှိုင်းပါ၊

အကျိုးတူဆောင်ရွက်နိုင်ပါတယ်ခင်ဗျ၊
၀၉-၄၄၉၂၂၄၄၀၀၊
၀၉-၇၅၆၇၇၂၈၆၁၊Viber.
၀၉-၇၇၇၇၈၇၇၉၄၊
ထွန်း-အိမ်ခြံမြေ အကျိုးဆောင်၊ပြင်ဦးလွင်မြို့။

ရပ်ကွက်ကြီး ၁၂ ၊    အိမ်ငှားမည် ၊မန္တလေး လားရှိုးလမ်းပေါ် ကြယ်တံခွန်ဆီဆိုင်အရှေ့ သံလွင်လမ်းမှာပါမိိန်းလမ်းမနဲ့ ၂ကွက်ငုပ်...
31/05/2024

ရပ်ကွက်ကြီး ၁၂ ၊ အိမ်ငှားမည် ၊
မန္တလေး လားရှိုးလမ်းပေါ် ကြယ်တံခွန်ဆီဆိုင်အရှေ့ သံလွင်လမ်းမှာပါမိိန်းလမ်းမနဲ့ ၂ကွက်ငုပ်မှာရှိတဲ့ RC ၂ထပ်တိုက်လေးပါ
ရေချမ်းအိုး မြောက်ရွာမှာရှိပြီး

မြေကွက် အကျယ် ပေ၃၀ပေ၃၇
Master bed roomအပေါ်ထပ်တခန်း အောက်ထပ်တခန်း နဲ့
အိမ်အကျယ်ကပေ ၂၆ပတ်လည် ပါ

အိမ်ပေါ်ထပ်ကနေ မိန်းလမ်းမကိုလှမ်းမြင်ရပြီးပြင်ဦးလွင်စင်တာပေါ်က ရှုခင်းလေးလည်းလှမ်းမြင်ရပါတယ်
အသန့်ကြိုက်ပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လေးနဲ့ နေချင်သူများအတွက် အသင့်တော်ဆုံးအိမ်လေးပါနော်
ရေပူရေအေး ဘိုထိုင် တပ်ဆင်ထားပါတယ် အသင့်တက်နေရုံအိမ်လေးပါ
ပရိဘောဂပါမည် ၊ပုံအသေးပြပေးပါမယ်ခင်ဗျ၊

တစ်လ ၈သိန်း ၊၆လချုပ် ၊၁နှစ်ချုပ် ...

အကျိုးတူဆောင်ရွက်နိုင်ပါတယ်ခင်ဗျ၊
၀၉-၄၄၉၂၂၄၄၀၀၊
၀၉-၇၅၆၇၇၂၈၆၁၊Viber
၀၉-၇၇၇၇၈၇၇၉၄၊
ထွန်း-အိမ်ခြံမြေမှအထွေထွေအကျိုးဆောင်လုပ်ငန်း၊ပြင်ဦးလွင်မြို့။

ဝယ်သူ ၊ရောင်းသူ နှင့်အကျိုးဆောင်ကျွန်တော်ဆွေးနွေးတိုင်ပင်၊မင်ဂလာဖြစ်ရပါစေခင်ဗျ၊
31/05/2024

ဝယ်သူ ၊ရောင်းသူ နှင့်အကျိုးဆောင်ကျွန်တော်ဆွေးနွေးတိုင်ပင်၊
မင်ဂလာဖြစ်ရပါစေခင်ဗျ၊

31/05/2024

ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းရောင်းပါမည် ၊

ရပ်ကွက်ကြီး(၁၀)
ပေ၄၀-၆၀
နဝရတ်နဲ့သိင်္ဂီကြား
သိန်း ၄၈၀၀ညှိနိုင်း

ရပ်ကွက်ကြီး(၈)
ပေ၄၀-၆၀
နဝရတ်နဲ့ သိင်္ဂီကြား
ယုဇနလမ်းမကျော်
သိန်း ၃၆၀၀ ညှိနိုင်း

ရပ်ကွက်ကြီး(၈)
ပေ၄၀-၃၀
နဝရတ်နဲ့ သိင်္ဂီကြား
ယုဇနလမ်းမကျော်
သိန်း ၁၉၅၀ ညှိနိုင်း

ရပ်ကွက်ကြီး(၁၁)
ရေငယ်
ပေ၅၀-၁၀၀
သိန်း၁၆၀၀ညှိနိုင်း

ရပ်ကွက်ကြီး(၁၃)
ဆင်ခေါင်းလေး
ရွာမြေစစ်စစ်
ပေ၄၀-၆၀ ၆ကွက်
တစ်ကွက်ကို သိန်း၅၅၀ညှိနိုင်း၊

Contact...
09-449224400.
09-756772861.(Viber)
09-777787794.
Htun Real Estate Group.
Pyin Oo Lwin.

Address

Pyin Oo Lwin
Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959756772861

Website

Alerts

Be the first to know and let us send you an email when Htun Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun Real Estate:

Share

Category