PEACE of MIND

PEACE of MIND Be Happy my lovely.....

🪷စိတ်ညစ်ရင် ဘာလုပ်ရမလဲ?ကိုယ်စိတ်ညစ်တဲ့အခါ ကိုယ့်ဘာသာ အမြဲမေးလေ့ရှိတဲ့ မေးခွန်းပါ တချို့ကလဲ ဖြေကြတယ် စိတ်ညစ်ရင် အိပ်လိုက်...
21/06/2024

🪷စိတ်ညစ်ရင် ဘာလုပ်ရမလဲ?

ကိုယ်စိတ်ညစ်တဲ့အခါ ကိုယ့်ဘာသာ အမြဲမေးလေ့ရှိတဲ့ မေးခွန်းပါ တချို့ကလဲ ဖြေကြတယ် စိတ်ညစ်ရင် အိပ်လိုက်တဲ့ အနည်းစုတော့ မှန်ပါလိမ့်မယ် ကျတော်ထင်တာကတော့ အိပ်ရေးဝသွားတဲ့အခါ ကိုယ် ဖြစ်နေတဲ့ စိတ်ညစ်နေတဲ့ အကြောင်းအရာကို အတိအကျသိသွားပြီး ဖြေရှင်းရမဲ့ နည်းလမ်းကို စဥ်းစားနိုင်သွားလို့သာ စိတ်ညစ်တာ လျော့သွားတယ် ပျောက်သွားတယ် လို့ ထင်ပါတယ် ကျတော် အပါအဝင် ကျတော်တို့အများစုဟာ အခက်အခဲတွေ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ ရှောင်ပြေးဖို့ ထွက်ပြေးဖို့ကိုပဲ အားသန်ကြပါတယ် အခက်အခဲ ပြဿနာတွေဟာ ရှောင်ပြေးရုံနဲ့ မပြေလည်သွားပါဘူး ပြဿနာရဲ့ အဓိကအကြောင်းအရင်းကို သိရှိပြီး ရင်ဆိုင်ဖြေရှင်းမှသာ အဲ့​ပြဿနာကနေ လွတ်မြောက်နိုင်မှာပါ ဒီတော့ ကျတော်တို့တွေ စိတ်ညစ်စရာ ပြဿနာတွေနဲ့ ကြုံလာရရင် ထွက်မပြေးပဲ အကောင်းဆုံး ဖြေရှင်းနည်းကို စဥ်းစားပြီး ရင်ဆိုင်ကြည့်ရအောင်လား . . . . .ဗျာ

ကိုယ်သိပ်မြတ်နိုးရတဲ့မင်းမှာ ကော့ရွှန်းနေတဲ့ မျက်တောင်တစ်စုံနဲ့ ကိုယ့်ကို သိပ်မြတ်နိုးစွာကြည့်တဲ့ နွေးထွေးတဲ့ မျက်ဝန်းတစ...
13/01/2024

ကိုယ်သိပ်မြတ်နိုးရတဲ့
မင်းမှာ ကော့ရွှန်းနေတဲ့ မျက်တောင်တစ်စုံနဲ့ ကိုယ့်ကို သိပ်မြတ်နိုးစွာကြည့်တဲ့ နွေးထွေးတဲ့ မျက်ဝန်းတစ်စုံရှိတယ် .....ကိုယ်မှားနေတဲ့အခါ လမ်းပြပေးပြီး ကိုယ်အားငယ်တဲ့အခါ ကိုယ့်အတွက် လုံခြုံတဲ့ အေးဆေးစွာ အနားယူနိုင်တဲ့ ရင်ခွင်တစ်စုံလဲရှိနေပြန်တယ် သိပ်ကို မြတ်နိုးရပါတယ် မြတ်နိုးခြင်းလေးရေ....

ခုရက်ပိုင်း စိတ်အခြေအနေကရေပူဖောင်းလေးတွေလိုပဲအာရုံ တစ်ခုခုနဲ့ ထိခိုက်မိလိုက်ရင်ပေါက်ကွဲသွားတော့မယ့်အခြေအနေ မျိုးလေနှင်ရာ...
06/10/2023

ခုရက်ပိုင်း စိတ်အခြေအနေက
ရေပူဖောင်းလေးတွေလိုပဲ
အာရုံ တစ်ခုခုနဲ့ ထိခိုက်မိလိုက်ရင်
ပေါက်ကွဲသွားတော့မယ့်
အခြေအနေ မျိုး
လေနှင်ရာကို လွှင့်မျော
သွားလိုက်ချင်တာ မျိုး
အဆင်မပြေဘူး အချစ်ရေ
Photo crd #

လူတစ်ယောက်မှာတိတ်ဆိတ်ခြင်းကိုမက်မောတဲ့အချိန်ဆိုတာဖြစ်ပေါ်လာနိုင်တယ်ထင်တယ်ဘာကိုမှ မပြောချင်ပဲဒီတိုင်းလေး ခံစားနေရချိန်ဘာက...
21/06/2023

လူတစ်ယောက်မှာ
တိတ်ဆိတ်ခြင်းကို
မက်မောတဲ့အချိန်ဆိုတာ
ဖြစ်ပေါ်လာနိုင်တယ်ထင်တယ်
ဘာကိုမှ မပြောချင်ပဲ
ဒီတိုင်းလေး ခံစားနေရချိန်
ဘာကို နာကျင်လို့
နာကျင်ရမှန်း ဘာကို
ပင်ပန်းလို့ ပင်ပန်းနေမှန်း
မသိတဲ့ ချိန် ဘာမှ မပြောချင်တဲ့ချိန်
တိတ်ဆိတ်ခြင်းကို မနှစ်သက်ပဲ
စွဲလမ်းစွာ တိတ်ဆိတ်နေမိချိန်တွေ

🤎ကောင်းကင်ပြာကြီးကိုအေးအေးဆေးဆေးကြည့်မယ်တောင်တန်းတွေဆီအလည်သွားမယ်ပင်လယ်ပြင်မှာစတင်ထွက်ပေါ်လာတဲ့နေလုံးနီနီကြီးကိုထိုင်ငေး...
19/05/2023

🤎
ကောင်းကင်ပြာကြီးကို
အေးအေးဆေးဆေးကြည့်မယ်
တောင်တန်းတွေဆီ
အလည်သွားမယ်
ပင်လယ်ပြင်မှာ
စတင်ထွက်ပေါ်လာတဲ့
နေလုံးနီနီကြီးကို
ထိုင်ငေးချင်တယ်
ညဘက်ကောင်းကင်က
ကြယ်လေးတွေကို
မက်မက် မောမောကြည့်မယ်
စိတ်ကူးထဲက အိမ်လေးကို
ကိုယ်ကြိုက်တဲ့ ဆေးရောင်လေးတွေခြယ်မယ်
စိုက်ခင်းသေးသေးလေးနဲ့
ပန်းခင်းလေး ရှိမယ်
ကော်ဖီ ပူပူလေး တစ်ခွက်ရယ်
ရသမျိုးစုံတဲ့ စာအုပ်လှလှတွေရယ်
ကိုယ့်တစ်ယောက်ထဲအတွက်
ဖြစ်တည်နေတဲ့ မင်းရှိမယ်
ကိုယ့်ရဲ့ ခရီးရှည်ကြီးဟာ
သိပ်ကို ပြည့်စုံနေလိမ့်မယ်.....
ကိုယ့်ရဲ့ မြတ်နိုးခြင်းလေးရယ် 🤎

Address

Meiktila

Website

Alerts

Be the first to know and let us send you an email when PEACE of MIND posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category