Ko Naing Lin - မုံရွာအိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Monywa
  • Ko Naing Lin - မုံရွာအိမ်ခြံမြေအကျိုးဆောင်

Ko Naing Lin - မုံရွာအိမ်ခြံမြေအကျိုးဆောင် အိမ်ခြံမြေလုပ်ငန်းကိစ္စများသာ

03/09/2023

#မြေအမျိုးအစားတွေထဲမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ #ဘိုးဘပိုင်မြေအကြောင်း #ဒီနေ့တင်ပြလိုက်ရပါတယ်

#အိမ်ခြံမြေပိုင်ဆိုင်မှုများဆထက်တပိုးတိုးပွားနိုင်ကြပါစေ

#ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ
********************************************

#ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ #ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကို လက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင် ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့် အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်း ခံရပါမယ်။

လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင် ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေ ကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ် ထား ခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုး အရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..

(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။

ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်း ကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင် ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက် ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။

စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စား ပေး တဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေ တွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါ သေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေး လိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန် မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင် ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ် ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘ ပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ် ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။

မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထား ပေးခဲ့ပြီး အစဉ် အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။

ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ် ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန် တော့ ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန် စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။

မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။
ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေ တင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။

ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ် မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံ စာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ် ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။

မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေ ယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ် တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ် ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။

ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေက နေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက် လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ် မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက် တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။

ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့် ဆိုပါတယ်။ ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ် ယောက် တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။

Crd

◾စရန်ငွေပေးကတိစာချုပ်၏အဓိကကျမှု ‼️▪️အိမ်ခြံမြေ တိုက်ခန်းအ ရောင်းအဝယ်ပြုကြရာတွင် စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည...
13/08/2023

◾စရန်ငွေပေးကတိစာချုပ်၏အဓိကကျမှု ‼️

▪️အိမ်ခြံမြေ တိုက်ခန်းအ ရောင်းအဝယ်ပြုကြရာတွင်
စရန် ငွေပေးကတိစာချုပ်ကို ချုပ်ဆိုတတ်ကြသည်။
ဤတွင် သတ်မှတ် သည့်ရက် ၌ ရောင်းသူ သို့မဟုတ်
ဝယ်သူတစ်ဦးဦးဘက်က ပျက်ကွက်လျှင်
ပဋိညာဉ်ဖျက်သိမ်းနိုင် ခြင်း၊ ပဋိညာဉ် ပျက်ပြယ်ခြင်းများ ဖြစ်ပြီး စရန်ငွေဆုံးရှုံးခြင်း၊ ပစ္စည်း လက်မဲ့့ဖြစ်ရခြင်းများနှင့် ကြုံတွေ့ တတ်ကြပေသည်။

▪️"စရန်ငွေပေးကတိစာချုပ်"

ပစ္စည်းအရောင်းအဝယ် ပြုသည်ဆိုလျှင် ရောင်းသူက
အဆိုပါ ပစ္စည်းကို အခြားသူအားမ ရောင်းရန် ဝယ်သူမှ
စရန်ငွေအ ဖြစ် ရောင်း ဖိုးငွေ၏ တစ်စိတ်တစ် ပိုင်းကို
ရောင်းသူအားပေးလေ့ရှိ သည်။
ထိုအတူပစ္စည်းရောင်းသူက လည်း အရောင်းအဝယ်မပျက်စေရန် စရန်ငွေတစ်စိတ်တစ်ပိုင်းကို ရယူထားလေ့ရှိပေသည်။

တစ်နည်းအားဖြင့် စရန် ငွေပေးခြင်းဆိုသည်မှာ -
အာမခံငွေအဖြစ်စိတ်တစ်ပိုင်းပေးထား ခြင်းဖြစ်သည်။
ဥပဒေအရ နှစ်ဖက် သဘော တူ ပဋိညာဉ် (သဘော တူညီချက်)ပြုလုပ်ထား ခြင်းဖြစ် သည်။

"ဥပဒေနှင့်ညီညွတ်သော ကတိ စာချုပ်များ"
=======================

- ဥပဒေအရ သဘောတူညီချက် ပဋိညာဉ်တိုင်းသည်
စာချုပ်စာတမ်းဟု မဆိုနိုင်သော်လည်း စာချုပ်စာတမ်းတိုင်းသည်
ပဋိ ညာဉ်များ သာဖြစ်သည်။
ဥပမာ - ပစ္စည်းအရောင်းအဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊
စွန့်လွှတ်စာချုပ် စသည်တို့ဖြစ်သည်။

- ကတိစာချုပ် ချုပ်ဆိုရာတွင် တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန် လိုအပ်ပေသည်။

- သို့မှသာ ဥပဒေအရ ပိုင်ခွင့်များကို မဆုံးရှုံးနိုင် မည်ဖြစ်သည်။

◾ပဋိညာဉ်အက်ဥပဒေ အရ တည်မြဲခိုင်မာသော ပဋိညာဉ်ဖြစ်ရန်မှာ-
==================================

(၁) နှစ်ဦးနှစ်ဖက် သဘောတူ ညီချက်ရှိရမည်။
ဆိုလိုသည်မှာ တစ်ဦးက ကမ်းလှမ်းချက် သို့မ ဟုတ်
အဆိုပြုချက်ရှိပြီး ကျန်တစ် ဦးက ယင်းအဆိုပြုချက်၊
ကမ်း လှမ်းချက်ကို လက်ခံသဘောတူညီ မှုရှိရမည်။

(၂) နှစ်ဦးနှစ်ဖက် လိမ်လည် လှည့်ဖြား မတရားသြဇာသုံး၍
သဘောတူညီချက်မျိုးမဟုတ်ဘဲ လွတ်လပ်စွာပေးသည့်
သဘော တူညီချက်ဖြစ်ရမည်။

(၃) ပဋိညာဉ်ပြုလုပ်သူများ သည် ပဋိညာဉ်ပြုလုပ်နိုင်သည့်
အရည်အချင်းရှိသူများဖြစ်ရမည်။
အရွယ်မရောက်သေးသူ၊ ရူးသွပ်သူ များ မဖြစ်စေရပေ။

(၄) ပဋိညာဉ်ပြုလုပ်သည့်အ ကြောင်းအရာတစ်ရပ်တွင်
ပဋိ ညာဉ်ပြုသူ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် အကျိုးပြုချက်
သို့မ ဟုတ် ကတိနှင့် ညီညွတ်သည့် အ ဖိုးစားနား
ပါရှိရမည်ဖြစ်ပေသည်။

သို့မှသာ ဥပဒေအရအတည်ပြုနိုင်သည့် ပဋိညာဉ်
တစ်နည်းအားဖြင့် ဥပဒေနှင့် ညီညွတ်သည့် တည်မြဲခိုင်မာသော
ပဋိညာဉ် စာချုပ်ဖြစ်လာမည်ဖြစ်သည်။

*** ''တံဆိပ်ခေါင်းခွန် ဥပဒေအရ ကတိစာချုပ်များတွင်
အခွန်တံဆိပ်ခေါင်း သုံးရာကျပ်တိတိ ထမ်းဆောင်ရပေသည်။
သို့မှသာ တရားဝင် ကတိစာချုပ်များ ဖြစ် လာပေမည်။" ***

◾"စရန်ငွေဆုံးရှုံးရခြင်း"

ဥပဒေနှင့်အညီချုပ်ဆို ထားသော ပစ္စည်း၊အိမ်ခြံမြေ
တိုက် ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်ပါ
စည်းကမ်းချက်များ ကို မလိုက်နာပျက်ကွက်ပါက
ပဋိညာဉ်ဥပဒေအရ စရန်ငွေဆုံးရှုံး တတ်ကြပေသည်။
သို့မဟုတ် စရန်ငွေပေးကတိစာချုပ်ပါအတိုင်း အရောင်းအဝယ်
ဆက်လက် ဆောင်ရွက်အတည်ပြုရန် တောင်း ဆိုခွင့်ရှိပေသည်။

စရန်ငွေပေးကတိစာချုပ် ပါအတိုင်း မလိုက်နာခဲ့သဖြင့်
စရန်ငွေဆုံးရှုံးသည် သာမက ပစ္စည်းလက်ရှိမှ လက်လွှတ်
ဆုံးရှုံး ခဲ့ရသည့် မှုခင်းတစ်ရပ်ကို ဗဟုသု တအဖြစ် ဖော်ပြလိုပါသည်။

"ဒေါ်လှနွဲ့ (၄င်း၏အခွင့် ရ ကိုယ်စားလှယ်ဦးထွန်းအောင်) နှင့် ဦးသန်းညွန့် ၂ဝဝ၁ ခုနှစ် မြန်မာနိုငံတရားစီရင်ထုံး စာမျက် နှာ ၄ဝ၃'' အမှုမှာ -

(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်းညွန့်အပေါ်
၈.၃.၉ဝ နေ့ စွဲပါ မြေရောင်းရန်
စရန်ပေးကတိ စာချုပ်ကို ဖျက်သိမ်း၍ ရောင်းရန် ကတိပြုထားသည့်
"မြေကိုလက်ရောက် ပြန်လည်ပေးအပ်စေလိုမှု" စွဲဆိုရာ၊
ရန်ကုန်တိုင်းတရားရုံးက ဦးသန်းညွန့်မှ ဒေါ်လှနွဲ့အား နစ် နာကြေးငွေ
တစ်သောင်းကျပ်ပေး စေရန် အမိန့်ချမှတ်ခဲ့သဖြင့်
ဒေါ်လှနွဲ့မှ တရားမအထူးအယူခံ ရုံး အထိ အယူခံ ဝင်လာသော အမှု
ဖြစ်သည်။

အထူးအယူခံရုံးက သုံးသပ်သည်မှာ -
(ရောင်းသူ) ဒေါ်လှနွဲ့က (ဝယ်သူ) ဦးသန်း ညွန့်သို့
အချင်းဖြစ် မြေကွက်ကို
ငွေ ၈ဝဝဝဝ (ရှစ်သောင်းကျပ်) ဖြင့် ရောင်း ချရန် သဘောတူညီကြပြီး၊
၈.၃.၉ဝ နေ့စွဲပါ မြေရောင်းရန် စရန်ပေးကတိစာချုပ်ကို
ချုပ်ဆိုခဲ့ကြောင်း အငြင်းမပွားပေ။

မြေ ရောင်း ရန်စရန်ပေး ကတိစာချုပ်တွင် ပျက်ကွက်ပါက
ပေးအပ် ထားသည့် စရန်ငွေကို ဝယ်ယူက အရှုံးခံရန်
သဘောတူပါသည်ဟုလည်းကောင်း၊
ငွေရှစ်သောင်းကျပ်တိတိထဲမှ စရန်ငွေအဖြစ် ၈.၃.၉ဝ နေ့တွင် ငွေကျပ်တစ် သောင်းလေးထောင်တိတိ ပေးအပ် ခဲ့ သည်ဟု လည်းကောင်း၊ ပထမအ ရစ်အဖြစ် ငွေကျပ် သုံးသောင်း သုံးထောင်ကျပ်တိတိ (၇.၉.၉ဝ )နေ့တွင်အပြီး အပြတ်ပေးချေပါ မည်ဟု နှစ်ဦး နှစ်ဖက်သဘောတူ အောက်တွင် လက်မှတ်ရေးထိုးကြ ပါသည်ဟု လည်းကောင်း ဖော်ပြ ထားသည်။

ဦးသန်းညွန့်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးဘမောင်ထံမှ အရပ်စာချုပ်ဖြင့် ဝယ်ယူလက် ရောက်နေထိုင်လျက်ရှိသည် ဆို သော် လည်း ဒေါ်သန်းနွဲ့နှင့် မြေ ရောင်းရန်စရန်ပေး ကတိစာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိကြောင်းငြင်းဆို ထားခြင်း မရှိပေ။

ထို့ကြောင့် မြေ ရောင်း ရန် စရန်ပေးကတိစာချုပ် တွင်
ဒေါ်လှနွဲ့နှင့် ဦးသန်းညွန့်တို့သည် စာချုပ်ပါ အချိန်ကို အဓိက ထား၍ စာချုပ်ကို အကောင်အ ထည်ဖော် ရန်
ရည်ရွယ်ခဲ့ကြ ကြောင်းထင်ရှားသည်။

ဦးသန်း ညွန့်သည် ပထမအရစ်ငွေကို သတ်မှတ်ထားသော နေ့တွင်ပေးရန် ပျက်ကွက် သဖြင့် ပဋိညာဉ်ပါ စည်းကမ်းကို ချိုးဖောက်ရာရောက် ပေသည်။

ကတိပြုသူသည် ပဋိညာဉ် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း ဆောင်ရွက်ရန် ပျက်ကွက် သည့်အခါ ကတိရသူက ထိုပဋိ ညာဉ်ကို ပယ်ဖျက်နိုင်ခွင့်၊ ဖျက် သိမ်းခွင့်ရှိကြောင်း ပဋိညာဉ်အက် ဥပဒေ ပုဒ်မ ၅၅ တွင် ပြဋ္ဌာန်းထား ပေသည်။

မြေရောင်းရန် စရန်ပေးကတိစာချုပ်တွင် ဝယ်သူ ဦးသန်း ညွန့်က ရောင်းသူ ဒေါ်လှနွဲ့သို့ စရန်ငွေ တစ်သောင်းလေးထောင် ကျပ် ကို ပေးအပ်ရာလက်ခံရရှိ ကြောင်း ဖော်ပြထားသည်။ ထိုငွေမှာ ရောင်းငွေအတွက် တစ်စိတ်တစ်ပိုင်းပေးခဲ့ခြင်း မဟုတ်ဘဲ အာမခံ သဘောဖြင့် ပေးခြင်းသာဖြစ်၍ ဝယ်သူက ပျက်ကွက်ပါက
ထိုငွေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။
သို့ဖြစ်၍ ၈.၃.၉ဝ နေ့စွဲ ပါ မြေရောင်း ရန်စရန်ပေးကတိစာချုပ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။

ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်ပြုကြရာတွင် အပြီးအပိုင် အရောင်းအဝယ်စာချုပ်ထက် အရောင်းအဝယ်စရန်ပေး ကတိစာချုပ်ကို ပြီးပြည့်စုံစွာချုပ်ဆိုရန် အထူးလိုအပ်ပါသည်။

အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပါ
စည်းကမ်းချက် များနှင့် အညီအရောင်းအဝယ်ကို
ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သဖြင့် စရန်ပေး ကတိစာချုပ်ပါ အချိန်နေ့ရက် အပါအဝင် စည်းကမ်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ပါလျှင် ဝယ်သူအနေဖြင့် စရန် ငွေ ဆုံးရှုံး သည့်အပြင် တစ်ခါတစ်ရံ စရန်ငွေပေးပြီး လက်ရောက်ရ ယူထားမှုကိုပါ
ဆုံးရှုံးသွားတတ်သဖြင့် ဝယ်သူများအနေဖြင့်
စရန် ပေးကတိ စာချုပ်ကို အထူးဂရုပြု ချုပ်ဆိုသင့်ကြောင်းအကြံပြုရေးသားလိုက် ပါသည်။
▪️CRD-ထီယု(ဥပဒေ အတိုင်ပင်ခံ)အားလေးစားစွာ
ခရက်ဒစ်ပေးပါသည်။💐
▪️အိမ်ခြံမြေရောင်းမှား၊ဝယ်မှားကင်းကြပါစေ။

Crd from 𝙻𝚊𝚠𝚢𝚎𝚛𝚂𝚄𝙼𝙾𝙽

 #ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မျိုးမင်းထွန်းဘိုးဘွားပိုင်မြေ မဟုတ်ပါ၊...
30/07/2023

#ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မျိုးမင်းထွန်း

ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကို လက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင် ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့် အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်း ခံရပါမယ်။

လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင် ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေ ကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ် ထား ခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။

ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုး အရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..

(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။

ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်း ကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင် ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက် ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။

စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စား ပေး တဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေ တွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါ သေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေး လိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန် မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင် ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ် ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘ ပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ် ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။

မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထား ပေးခဲ့ပြီး အစဉ် အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။

ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ် ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန် တော့ ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန် စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။

မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။
ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေ တင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။

ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ် မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံ စာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ် ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။

မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေ ယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ် တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ် ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။

ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေက နေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက် လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ် မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက် တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။

ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့် ဆိုပါတယ်။ ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ် ယောက် တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။
Crd

 #ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.    အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတ...
28/04/2023

#ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.

အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတော့သည့်ကိစွရပ်

တွေမှာ မိမိအမည်ပေါက်ဘယ်လိုဆက်ဖောက်ရမလဲဆိုရင် တစ်ဖက်သတ်တရားစွဲရမည်လို့သာ အလွယ်သိထား/အလွယ်ပြောကြပါတယ် ။

ဘာ့ကြောင့်တရားစွဲရသည် ဆိုခြင်းကို သိထားဖို့လိုပါသည်။

အတုအပွားမရှိသော မြေဌားဂရန် နှင့်တကွ မြေကွက်တစ်ကွက် ကိုဝယ်ယူပိုင်ဆိုင်ထားပြီး ဂရန်အမည်ပြောင်းရန်
ပိုင်ရှင်ကို လုံးဝရှာမတွေ့တော့လျှင်" မှတ်ပုံတင်စာချုပ် ချုပ်

ပေးစေလိုမှု" နှင့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်းစာချုပ် ချုပ်ဆိုခြင်းသည်သာ နည်းလမ်းအမှန်ဖြစ်ပါသည်။
(ပစွည်းလွှဲပြောင်ခြင်းဥပဒေပုဒ်မ -၅၅(ဃ)

မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု "နှင့်တရားစွဲ၍ အနိုင်ဒီဂရီရပြီးလျှင် အရေးကြီးဆုံးအချက်မှာ ထိုအနိုင်ဒီကရီကို( ၄) လအတွင်း စာချုပ် စာတမ်းရုံးတွင် မှတ်ပုံတင်

ရမည့်ကိစွပင်ဖြစ်သည်။ ထိုသို့မှတ်ပုံမတင်မိပါက အနိုင်ရပြီးသားကိစွ ပြန်၍ ပျက်ပြယ်နိုင်ပါသည်။
(စာချုပ်စာတမ်းမှတ်ပုံတင်ရေးဥပဒေပုဒ်မ- ၂၃ ဒုအပိုဒ်)

ဇာရီ မှုဖွင့်တယ် ဆိုသည်မှာ အနိုင်ဒီကရီရထားသော အမိန့် စာရွက်အား လိုက်ပါဆောင်ရွက်ပေး

မည့် လူခန့်ထားတာဝန်ပေး၍ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု နားလည်သဘောပေါက်ထားလျှင်လုံလောကိပါသည်။

ဇာရီမှုမှ ခန့်ထားသော ဘိလစ် က အနိုင်ဒီကရီ ရထားသည့်အတိုင်း မြေပုံမြေရာဇဝင် ထုတ်ယူခြင်း၊ ရာဖြတ်တင်ခြင်း၊ စာချုပ်မှတ်ပုံတင်ရုံးတွငိလက်မှတ်ရေးထိုးပေးခြင်းမှ

စ၍ အားလုံးအစစအရာရာလိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် မိမိအမည်ပေါက် ဂရန်ရရှိမှာဖြစ်ပါတယ်။
#မူရင်းရေးသားသူအားCreditပေးပါသည်။

ဘိုးဘပိုင်မြေအား အမည်ပြောင်းလဲခြင်းအတွက် ပါဝင်ရမည့် အချက်အလက်များအားဖော်ပြပေးလိုက်ပါတယ်။
13/03/2023

ဘိုးဘပိုင်မြေအား အမည်ပြောင်းလဲခြင်းအတွက် ပါဝင်ရမည့် အချက်အလက်များအားဖော်ပြပေးလိုက်ပါတယ်။

 #စရံမချခင်ကြိုတင်ပြင်ဆင်မှု့နှင့်စရံသဘော.......ဒီနေ့တောင်ဒဂုံ မှာ စရန်ပေးစာချုပ် ချုပ်ဆိုပေးခဲ့တယ်။ စရန်ငွေပေးတာနဲ့ပတ်သ...
03/03/2023

#စရံမချခင်ကြိုတင်ပြင်ဆင်မှု့နှင့်စရံသဘော.......

ဒီနေ့တောင်ဒဂုံ မှာ စရန်ပေးစာချုပ် ချုပ်ဆိုပေးခဲ့တယ်။
စရန်ငွေပေးတာနဲ့ပတ်သက် လို့ ကျနော့် ကို သက်သေထား ပြီး ဘယ်လောက်ပေးရမလဲလို့ ခဏခဏ မေးကြတယ်။ တကယ်တော့ စရန်ငွေ ပေးတယ်ဆိုတာ ပထမဆုံး စာရွက်စာတမ်း မိတ္တူယူပြီး ပေးရတာမျိုးဆိုတော့ ဝယ်သူရဲ့ဆင်ခြင်တုံတရားအပေါ်လည်း မူတည်ပါတယ်။

တန်ဖိုးအလိုက် သိန်း ၅၀, သိန်း ၁၀၀, သိန်း ၂၀၀ ပေးလို့ရ ပါတယ်။

အကောင်းအဆိုးကတော့ တစ်နိုင် တစ်ပိုင်ပေးတာက သူ့ဘက်ကိုယ့်ဘက် အလျော်အစား သိပ်မထိခိုက်နိုင်ဘူးပေါ့ လေ။

ဒါတင်ဘဲလားဆိုတော့ မပြည့် စုံသေးဘူးလို့ ပြောရမှာပေါ့။

အဲဒီရောင်း သူက ရောင်းတဲ့မြေကွက်ပေါ်မှာ၊ ရောင်းတဲ့ အိမ်ပေါ်မှာ၊ ရောင်းတဲ့တိုက်ပေါ်မှာ၊ လက်ရှိနေပြီး စရန်ငွေတွေ အများကြီး တောင်းနေတာလား။ ဒါဆိုရင်တော့ စရန် ငွေအများကြီး မချမိဖို့ အရေးကြီးတယ်။

တကယ်လို့ အရောင်းအဝယ်ပွဲပျက်ရင် စရန်ငွေရဲ့ နှစ်ဆပြန်တောင်းမှာ လေ။ အဲဒီအခါကျရင် အဲဒီရောင်းသူက ပြန်ပေးနိုင်တဲ့ ငွေကြေးသူ့မှာရှိရဲ့လား။ ပြန်ပေးနိုင်မယ် မထင်ရင်တော့ စရန်ငွေ အများကြီး မချသင့်ဘူးပေါ့။

ဘာကြောင့်လည်း အဲဒီရောင်း သူက ရောင်းတဲ့တိုက်ပေါ်မှာ နေတုန်းပဲလေ။

ပွဲပျက် ခဲ့ရင်တောင် စရန်ငွေ အရင်းတွေရော နှစ်ဆတွေရော တစ်ပြားမှမပေးနိုင်ဘူး။

သုံးပစ်လိုက်လို့ကုန်ပြီ။ တိုင်ချင်တာ တိုင် လိုက်ရှင်းပေးရန်အသင့်ပဲလို့ ရန်စကား ပြောလာရင် ဝယ်သူအနေနဲ့ “သေပြီဆရာ” ဖြစ်ပြီပေါ့။

ကိုယ့်ငွေကိုယ်ရဖို့အရေး ရောင်းသူကို တရားစွဲယူရဦးမယ်။

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်မယ်။

“မစည်ကား အပ်တဲ့ အရပ်ထဲမှာပါတဲ့ တရားရုံးကို မသွားချင်ဘဲနဲ့ သွားရဦးမယ်။

ဝယ်သူ တွေက ဒီလိုရောင်းသူမျိုးတွေကို အကြောက် ဆုံးပဲ။

ဒါ့အပြင် လူနေထိုင်ပြီး ရောင်း တဲ့တိုက်တို့ အိမ်တို့ကိုဝယ်ရင် စရန်ငွေ ပေးတဲ့နေ့မှာ အထူးသတိထားရတယ်။

အဲဒီလို ရောင်းသူတို့ အခြေတကျနေ ထိုင်လာခဲ့တဲ့ တိုက်တို့ အိမ်တို့နဲ့သက် ဆိုင်တဲ့ ဂရန်နဲ့ စာချုပ်စာတမ်းတွေဟာ သူတို့လက်ထဲမှာမရှိဘဲ အပေါင်ခံသူရဲ့ လက်ထဲမှာရောက်နေတတ်တယ်။

ဒီလို အိမ်မျိုး၊ တိုက်မျိုးကို ကြိုက်ပြီဆိုရင်တော့ ဝယ်သူနဲ့ပါလာတဲ့ ရှေ့နေခေါင်းကိုက် ပြီသာမှတ်ပေတော့။

ဝယ်သူကလည်း ရှေ့နေခေါ် လာပြီဆိုကတည်းက ခိုင်ခိုင်မာမာနဲ့ အရှုပ်အရှင်းကင်းကင်းနဲ့ မြေနဲ့တိုက်ကို ပိုင်ဆိုင်ချင်လို့လေ။

ဒီလိုအကြောင်းကြောင်းတွေ ကြောင့် စရန်ငွေကို ရောင်းသူတောင်း သလောက် ပေးသင့်မပေးသင့် ဝယ်သူ က ရှေ့နေကို မေးကြတာပဲ။

နောက်ဆုံးစရန်မချခင်သေချာအောင် အမည်ပေါက်မှန်မမှန်ကို ကျေးရွာနဲ့ မြို့ပြဆင်ခြေဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ ရတယ်။ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေမှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

ပါမစ်မြေအတွက် မြေပုံ ထုတ်ခြင်း ပါမစ်မြေ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များ...
17/02/2023

ပါမစ်မြေအတွက် မြေပုံ ထုတ်ခြင်း

ပါမစ်မြေ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လူနေအိမ် (သို့မဟုတ်) အဆောက်အအုံ ဆောက်လုပ် နေထိုင်ခွင့်ပြုထားသော မြေကို ဆိုလိုခြင်း ဖြစ်သည်။

ပါမစ်မြေအတွက် မြေပုံထုတ်လိုပါက အဆိုပါမြေအား မြေချပါပစ်ချထားခြင်းခံရသူဖြစ်သည့် အမည်ပေါက်ပိုင်ရှင်မှဖြစ်စေ၊ အဆိုပါပုဂ္ဂိုလ်ထံမှ အထူးကိုယ်စားလှယ်လွှဲစာ ရရှိသူမှ ဖြစ်စေ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ရရှိသူမှဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်နှင့် မြေတိုင်းတာရန်အလို့ငှာ လျှောက်ထားနိုင်ပါသည်။

ယင်းကဲ့သို့ လျှောက်ထားရာတွင်....

(၁) မြေချပါမစ်မိတ္တူနှင့် မူရင်း

(၂) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူနှင့် မူရင်း တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ တင်ပြပြီး လျှောက်ထားရပါမည်။ ထို့ပြင် မြေပုံထုတ်ပေးရန်အတွက် သတ်မှတ်ထားသည့် ဝန်ဆောင်ခကို လျှောက်ထားသည့် အချိန်တွင် ပေးသွင်းရမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနမှ စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ပြည့်စုံပါက အခွန်ခွဲဝေစည်းကြပ်ပုံစာရင်းတွင် မူလမြေချထားပေးခြင်းခံရသူ၏ အမည်နှင့် တိုက်ဆိုင်စစ်ဆေးပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း ရှိ မရှိ စစ်ဆေးခြင်းအား ပြုလုပ်မည်ဖြစ်ပြီး မြေစာရင်းတွင် ဂရန် ထုတ်ပေးထားခြင်း မရှိမှသာ မြေတိုင်းမှ သက်သေခံ မြေပုံကို ရေးဆွဲပေးမည် ဖြစ်ပါသည်။ ထို့နောက် လျှောက်ထားသည့်မြေပုံကို စိစစ်ပြီး ခွင့်ပြုပေးသူ အရာရှိ၏ ခွင့်ပြုမိန့်နှင့် မြေပုံကို လက်မှတ်ရေးထိုးပြီး ထုတ်ပေးမည် ဖြစ်ပါသည်။

Credit: iMyanmarHouse

ပြန်လည်ကူးယူဖော်ပြပါသည်။

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့ သတိထားနိုင်စေဖို့ပါ=======================...
01/02/2023

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့ သတိထားနိုင်စေဖို့ပါ

====================
====================

အိမ်ငှါး က နေထိုင်တာ ၁၂ နှစ်ကျော်သွားပါက ဥပဒေ အရ နှင်ချခွင့် မရှိတော့ပါဘူးတဲ့…
တရားစွဲဖို့ ကန့်သတ်ထားတဲ့ ကာလအပိုင်းအခြား ကုန်ဆုံးသွားလို့ ဖြစ်ပါတယ်တဲ့… စျေးကွက်ဂျာနယ်မှာ ပါသော ဆောင်းပါးပါ….
“၁၂ နှစ်ကျော် နေထိုင်လာသူထံမှ မြေနှင့်အိမ်ကို ၀ယ်လျှင်”
”ရောင်းမယ့် အိမ်နဲ့ မြေက ပိုင်ရှင်အစစ်မဟုတ်လို့ ဝယ်ဖို့ အဆင်ပြေပါ့မလား ဆရာ” ဟု တပည့်တစ်ဦး က လာရောက်ဆွေးနွေး ပါသည်။
”ပိုင်ရှင်အစစ်မဟုတ်ဘူးဆိုတာက ဘာကို ပြောတာလဲ၊ မြေပိုင်ရှင်က သေဆုံးသွားလို့လား”
”အဲဒီလိုတော့ မဟုတ်ဘူး ဆရာ၊ ဘယ်လိုပြောရမလဲ”
”ဘယ်လိုမှ မပြောနဲ့တော့၊ သေချာလေ့လာခဲ့မှပေါ့ကွယ်၊ ကဲ- ဆရာမေးတာပဲ ဖြေတော့”
”ဟုတ်ကဲ့ ဆရာ”
”မြေနဲ့ အိမ်အမည်ပေါက်ပိုင်ရှင်က တစ်ယောက်၊ အခု ရောင်းမယ်ဆိုတဲ့ သူက တစ်ယောက်ဖြစ်နေတာပေါ့”
”ဟုတ်တယ် ဆရာ”
”ရောင်းမယ်ဆိုတဲ့ သူက အဲဒီ အိမ်နဲ့ မြေကို ဝယ်ထား တာလား၊ ဘယ်လို ပိုင်ဆိုင်လာတာလဲ”
”ရောင်းမယ်ဆိုတဲ့ သူရဲ့ပြောစကားအရတော့…အခုအိမ် နဲ့ မြေ ပေါ်မှာနေတာ အနှစ် ၂ဝ နီးပါး ရှိပြီလို့ပြောတယ်”

”ဒါဆိုရင် မြေပိုင်ရှင် က သူတို့ကို ခွင့်ပြုချက်နဲ့ ထားတာလား”
”အိမ်မြေပိုင်ရှင် က သူ့ကို ကျူး ကျော်နေထိုင်တယ် ဆိုပြီး တရား စွဲခဲ့တယ်”
”အဲဒီတော့ အမှုကောပြီးသွား ပြီလား”
”အိမ်မြေပိုင်ရှင်ရဲ့တရားစွဲဆိုမှုက ကာလစည်းကမ်း သတ် ၁၂ နှစ်ကျော်သွားလို့ တရားစွဲတာ ရှုံး သွားတယ် ပြောတယ်”
”သူတို့က အနိုင်ရတယ်ပေါ့၊ ၁၂ နှစ်ကျော်လို့ ပိုင်ရှင်ကို ဆန့် ကျင်နေထိုင်ခွင့် ရသွားတာဖြစ်မယ်”
”ဟုတ်တယ် ဆရာ၊ အခု သူတို့က အိမ်နဲ့ မြေကိုရောင်း မှာ ဆရာ”
”ဒါမျိုးကတော့ ဂရုစိုက်ပြီး ဝယ်ဖို့လိုတယ်၊ ရောင်းတဲ့သူ က လည်း နောက်ထပ်အမှုအခင်း အရှုပ်အရှင်း ကင်းအောင်ဆိုပြီး သင့်တဲ့စျေးနဲ့ လွယ်လွယ်ကူကူ ရောင်းသွားမယ့် သဘော ဖြစ်မယ်”
”ဟုတ်တယ်ဆရာ၊စျေးသင့်လို့ ဝယ်မယ့်သူ က သမီးဆီ လာပြီး စာရွက်စာတမ်းစစ်ဆေးပေးပါလို့ ပြောတယ်။ သမီးလည်းမေးကြည့်လိုက်တော့ ရှုပ်ထွေးနေတာနဲ့ ဆရာ့ဆီ အကြံလာတောင်းတာ ဆရာ” ဟုတပည့်ဖြစ်သူ မိန်းကလေးက ရှင်းပြ ပါသည်။
”ဘယ်လိုနည်းနဲ့ ကျူးကျော် နေထိုင်လာကြတယ် ဆိုတာတော့မသိဘူးပေါ့ကွယ်၊ အဲဒီလို နေထိုင် လာခဲ့ တာ ၁၂ နှစ် ကာလကျော်ခဲ့ရင် ကာလ စည်းကမ်း သတ် အက် ဥပဒေအရ ပိုင်ရှင်ဆိုသူက တရားစွဲဆိုဖယ်ရှား ပိုင်ခွင့် မရှိတော့ဘူး။အချင်းဖြစ်မြေနဲ့ အိမ်မှာနေတဲ့ သူတွေ က ပိုင်ရှင်အပေါ် ဆန့်ကျင်နေထိုင်ခွင့် ရသွားပြီ ဖြစ်တယ်၊ တချို့က လည်း အဲဒီအခြေအနေကို ပစ္စည်း အပေါ်ဆန့်ကျင် ပိုင်ဆိုင်ခွင့် ရသွားပြီဆိုပြီး သတ်မှတ် ခေါ်ဝေါ် ကြတယ်။ အဲဒီမြေအိမ်၊ တိုက်ခန်း စတဲ့ မိမိ နေထိုင် တဲ့ အဆောက်အအုံဥပစာကို မိမိတို့ ပိုင်သွားပြီ လို့ ယူဆကြတယ်။ဒါနဲ့ပဲ ထပ်ဆင့် ရောင်းချတာတွေ ဖြစ်လာတာပေါ့”
”အဲဒီလိုရခဲ့တဲ့ အဆောက်အအုံ ဥပစာကို ဝယ်ရင်
တရားဝင် ပါ့မလား ဆရာ”

”တိုက်ခန်း မှာ အမည်ပြောင်းဖို့ ကိစ္စ အခက်အခဲ ရှိနိုင် သလို၊မြေ နဲ့အိမ်ဆိုရင်လည်း အရောင်းအဝယ် မြေပုံကူး ယူဖို့အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့ဂရန်မြေ အမည်ပြောင်းဖို့စတဲ့ ကိစ္စတွေမှာ အမည်ပေါက်သူက တာဝန်ယူမှာ မဟုတ်တဲ့အတွက် အခက်အခဲတွေ့မှာ ဖြစ်တယ်”
”ဆရာပြောတော့ ဆန့်ကျင် ပိုင်ဆိုင်တယ်ဆို”
ဒါက အားလုံးက လွယ်လွယ် ပြောနေကြတာ၊ တရားရုံး က ပိုင်ဆိုင်သွားပြီလို့ ဆုံးဖြတ်တာ မဟုတ်ဘူး။ တရား စွဲဆိုခွင့် ကာလကျော်လွန်သွားပြီ လို့ ဆုံးဖြတ်ပေး လိုက်တာဖြစ်တယ်။
ဒါပေမယ့် ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ မှာ
*** တရားစွဲဆိုဖို့ ကန့်သတ်ထားတဲ့ ကာလ အပိုင်း အခြား ကုန်ဆုံးသွားရင် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင် ခွင့်သည်လည်းကုန်ဆုံးပြတ်စဲသွားပြီလို့ ပြဋ္ဌာန်းထားတဲ့ အတွက်နေထိုင်နေသူက ပစ္စည်းကို ပိုင်ဆိုင်သွားပြီလို့ ယူဆကြတာဖြစ်တယ် ***
”ဒါဆိုရင် ပိုင်ရှင်က ပိုင်ဆိုင် ခွင့်ဆုံးရှုံးသွားပြီ ပေါ့နော်”
”ငါ့ တပည့် ကို ရှင်းအောင် ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်”
စာရေးသူက စာအုပ်စင်ပေါ် က စီရင်ထုံးစာအုပ်ကို
ဆွဲယူလိုက် ပြီး ဖတ်ပြလိုက်ပါသည်။
ဒေါ်ငန်လွယ်ပါ ရှစ်ဦးနှင့် ဒေါ်တွဲလျန်ပါ သုံးဦး ၊
၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၂ အမှုတွင်
“ဒေါ်တွဲလျန် တို့က အချင်းဖြစ် မြေနှင့်အိမ်ကို တရား မစွဲဆိုမီ ၅၅ နှစ်ခန့်မှစ၍ ဆန့်ကျင်လက်ရှိ ထားခဲ့ သဖြင့် ယင်း မြေနှင့်အိမ်ကို ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်တရားရုံး တွင် ဒေါ်ငန်လွယ် တို့အပေါ်တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်သည်။”
တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ
– ဒေါ်တွဲလျန် အဆိုပြုသည့်အတိုင်း အချင်းဖြစ် မြေနှင့် အိမ်ကို ပိုင်ရှင်တို့အား ဆန့်ကျင်၍ ၁၂ နှစ် ကျော် လက်ရှိ ထားခဲ့ပါမူ၊ဆိုင်ရာပိုင်ရှင်တို့အနေ ဖြင့် ယင်းပစ္စည်းများ တွင် ပိုင်ဆိုင်ခွင့်မှာ ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရကုန်ဆုံး ပြတ်စဲသွားပေမည်။
– ပိုင်ရှင်တို့အနေဖြင့် ကာလ စည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၂၈ အရ ပိုင်ဆိုင်ခွင့် ကုန်ဆုံး ပြတ်စဲ စေကာမူ၊ ဒေါ်တွဲလျန်တို့သည် ယင်းသို့ ဆန့်ကျင် လက်ရှိ ထားခြင်းဖြင့် အချင်းဖြစ် မြေနှင့် အိမ် ၏ ပိုင်ရှင် အဖြစ်သို့ ရောက်စေရမည်ဟု…
အဆိုပါ ပုဒ်မ ၂၈ တွင် ပြဋ္ဌာန်း ထားခြင်းမရှိပေ။
– အချင်းဖြစ်ပစ္စည်းများ၏ ပိုင်ရှင် တို့က ဒေါ်တွဲလျန် တို့ အပေါ် ယင်းပစ္စည်းများကို လက်ရောက်ရလို ကြောင်း တရားစွဲဆိုခွင့် မရှိတော့ခြင်းမှာ အချင်းဖြစ် ပစ္စည်းများနှင့် စပ်လျဉ်း၍ ဒေါ်တွဲလျန်တို့၏ ပိုင်ရေး ပိုင်ခွင့်နှင့် သက်ဆိုင်သည်ဟုမဆိုနိုင်ပေ။
– ထို့ကြောင့် ဒေါ်တွဲလျန် တို့စွဲဆိုသော အချင်းဖြစ် မြေနှင့် အိမ်ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် စွဲဆိုမှု အား ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်လို့ ဖော်ပြထားတယ်။
” * ဒါကြောင့် ၁၂ နှစ်ကျော် ဆန့်ကျင်နေထိုင် လာ ရုံနဲ့ အဆိုပါ ပစ္စည်းကို အလိုအလျောက် ပိုင်ဆိုင်ခွင့် ရပြီး ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး။ နေပိုင်ခွင့် ဆက်လက် ရှိနေခြင်းကို ဆိုလိုတာဖြစ်တယ်။
ပိုင်ရှင်က မိမိကို အဆိုပါ အဆောက်အအုံမှဖယ်ရှား ပေးရန် တရားစွဲဆိုခွင့် မရှိခြင်းသာ ဖြစ်တယ်၊
ဥပဒေ အရ ပိုင်ရှင်ဖြစ်လာမှာ မဟုတ်ဘူး * ”
”ဒါဆို ရောင်းလိ့ုမရဘူးပေါ့”
”အရောင်းအဝယ် လုပ်လို့ မရ ဘူးတော့ မဟုတ်ဘူး။
ပစ္စည်းတစ်ခုကို ရောင်းသူဝယ်သူ သဘောတူ ရင်
အရောင်းအဝယ်ဖြစ်ကြတာပဲ။
ဒါပေမယ့် အခုလို အခြေအနေမျိုး က ဥပဒေ နဲ့အညီ
တရားဝင်ပိုင်ရှင် မဟုတ်တဲ့အတွက် ရောင်းမယ် ဆိုရင် ကန့်ကွက်တာ၊ တရားစွဲဆိုတာတွေဖြစ်နိုင်တဲ့ အတွက် ဒီအချက်တွေကို ရင်ဆိုင်နိုင်မှသာ ဝယ် ပါ”လို့အကြံပြု ပြောကြားလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Address

Monywa
02301

Website

Alerts

Be the first to know and let us send you an email when Ko Naing Lin - မုံရွာအိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category