Monywa BTA

Monywa BTA PDF Monywa

10/02/2023

ပုလောမြို့နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၃ ဦးဝန်းကျင်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ၅ ဦးဒဏ်ရာရ
+++++++++++++
ဖေဖော်ဝါရီ ၉

ပုလောမြို့နယ်မှာ အခုလ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ​ဒေသခံတွေဆီကသိရပါတယ်။

တိုက်ပွဲတွေဟာ ပုလောမြို့နယ်ထဲက တိုရွာ၊ ပိတပ်ရွာ နဲ့ မြဒေါင်ရွာတို့မှာဖြစ်ပွားနေတာဖြစ်ပြီး မနေ့ကတော့ မနက် ၈နာရီလောက်စပြီး ညနေအထိအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

" မနေ့ကတော့တနေကုန်ဖြစ်တာပါ။ သူတို့ဘက်လည်းထိသလို ကျနော်တို့ဘက်လည်း အထိနာတယ်" လို့ တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၃ ဦးဝန်းကျင်သေဆုံးပြီး ၈ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး ၂ ဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေ တို၊ ပိတပ်နဲ့မြဒေါင်ကျေးရွာတွေဘက် လက်နက်ကြီးအချက်ရေ ၅၀ခန့်ပစ်ခတ်ခဲ့ပြီး တိုကျေးရွာကနေအိမ်တွေကို မီးရှို့ခဲ့ခဲ့သလို ဒီနေ့မှာလည်းနေအိမ်တွေကိုထပ်ပြီးမီးရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးကဆိုပါတယ်။

"နေအိမ် ၃၀ခန့်အထိ မီးရှို့ခံထားရတယ်လို့ခန့်မှန်းရပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီးကတည်းက သူတို့ဘက်က ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ စစ်ရေးပိုပိုပြီးတင်းမာလာပြီး ဒီကောင်တွေ ပိုပြီး ယုတ်မာလာနိုင်ပါတယ်"လို့ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်က ပုလောအခြေစိုက် ခလရ (၂၈၅)၊ ပလမြို့စခန်းကုန်းနဲ့ ပဝကုန်းကျေးရွာတွေကနေ လက်နက်ကြီးတွေအများအပြားပစ်ခတ်နေတယ်လို့သိရပါတယ်။

အခုသုံးရက်အတွင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ပုလောမြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။

မြိတ်ခရိုင်တပ်ရင်း (၁) ကတော့ ပြည်သူတွေအနေနဲ့ အရေးကြီးတဲ့ အရာတွေကိုကြိုတင်ထုတ်ပိုးထားကြဖို့၊ တိုက်ပွဲသတင်းနားစွင့်ကြဖို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ ထုတ်ပြန်ထားပါတယ်။

10/02/2023
10/02/2023
10/02/2023

မန္တလေးက လူငယ်လေးဦး သတင်းစုံစမ်းလို့ မရသေး...
+++++++++++++
ဖေဖော်ဝါရီ ၁၀

မန္တလေးသပိတ်အင်အားစု​ တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်တပ်က ဖမ်းဆီးသွားတာ တစ်နှစ်ပြည့်ပေမဲ့ အခုချိန်ထိ သတင်းစုံစမ်းလို့မရသေးဘူးလို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ကိုသူရအောင်၊ ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ကို ဖမ်းဆီးသွားခဲ့တာကြောင့် အခုဆို တစ်နှစ်ပြည့်ပါပြီ။

ဖမ်းဆီးခံရတဲ့ လူငယ်လေးဦးကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာလည်းမသိရဘဲ ဘာသတင်းမှလည်းစုံစမ်းမရလို့ မိသားစုဝင်တွေအ‌နေနဲ့ စိုးရိမ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ဒီလူငယ်လေးဦးဟာ အဖမ်းခံရချိန်မှာ ကျန်းမာရေးအထူးကောင်းမွန်တဲ့သူတွေဖြစ်လို့ ဒီလူငယ်လေးဦး တစ်စုံတစ်ရာအန္တရာယ် ဖြစ်လာရင် စစ်ကောင်စီအနေနဲ့ တာဝန်ယူရမယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတတ်ကြွလှုပ်ရှားသူတွေကို အခုလိုဖမ်းဆီးသွားပြီး သတင်းစုံစမ်းလို့မရတော့အောင် လုပ်လေ့ရှိတာပါ။ ဒီလိုသတင်းစုံစမ်းလို့မရတာဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ အသက်ဆုံးရှုံးသွားပြီး လူမသိအောင် သတင်းအမှောင်ချနေတာ ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဥ်းသား ကူညီထောက်ပံ့ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။

10/02/2023
10/02/2023
10/02/2023

တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေဖွင့်လှစ်နိုင်ဖို့ စစ်အုပ်ချုပ်ရေးကြေညာတာလို့ မင်းအောင်လှိုင်ပြော
++++++++++++++
ဖေဖော်ဝါရီ ၁၀

တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေဖွင့်နိုင်ဖို့ ဒေသတစ်ချို့ကို စစ်အုပ်ချုပ်ရေးကြေညာရတာလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့ဖေဖော်ဝါရီ(၉)ရက်က စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုပညာသင်နှစ်မှာ ပညာရေးသင်ကြားမှုတွေ အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီလို့ဆိုနိုင်ပေမယ့် ကျောင်းတက်ရာခိုင်နှုန်း မပြည့်မီသေးတာကို တွေ့ရသလို တစ်ချို့နယ်တွေမှာ ခြိမ်းခြောက်မှုနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက်ပညာမသင်ကြားနိုင်တဲ့ ကျောင်းသူ/သားတွေရှိတဲ့အတွက် လာမယ့် ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးက ကျောင်းတွေ အကုန်ဖွင့်နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

လာမယ့်ပညာသင်နှစ်မှာ နေရာဒေသအားလုံးက ကျောင်း‌တွေဖွင့်လှစ်နိုင်ဖို့အတွက် တစ်ချို့နေရာဒေသတွေကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရတာဖြစ်ပြီး စည်းကမ်းတင်းတင်းကြပ်ကြပ် ကိုင်တွယ်မှသာ ကျောင်းနေအရွယ် ကလေးအားလုံးရဲ့ အခွင့်အရေးတွေ မဆုံးရှုံးမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့ပြန်ပါတယ်။

ဒါ့အပြင် လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်ရောက်သူ ဦးရေဟာ ပိုတိုးလာမှာဖြစ်တဲ့အတွက် အားလုံး အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမယ်လို့လည်း ပြောပါသေးတယ်။အခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီပညာရေးကို တက်ရောက်သူဦးရေဟာ (၇)သန်းကျော်‌သာ ရှိနေပါတယ်။

10/02/2023

မင်းတုန်းမှာ စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး
++++++++++++++
ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Swallow PDF-Magway အဖွဲ့မှ ဗိုလ်နွေဦးက ပြောတယ်လို့ ရန်ကုန်ခေတ်သစ် မီဒီယာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်းတုန်းမြို့နယ် ပြောင်ကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာအကြား တပ်စွဲထားတဲ့ စစ်သား ၂ ဦး ဆိုင်ကယ်စီးလာချိန် swallow PDF-Magway အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံးသေဆုံးကာ ဖုန်း ၂ လုံးသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

"သေတာက ၂ ဦးလုံးသေတယ်။ စစ်ခွေးတွေရဲ့ ဖုန်း ၂ လုံးကို ရဲဘော်တွေ သိမ်းဆည်းနိုင်ခဲ့တယ်။ ဖုန်း တစ်လုံးကတော့ ကျည်ဖောက်ဝင်သွားတယ်။ စစ်ခွေး အလောင်းတွေကို ညတွင်းချင်း မင်းတုန်းမြို့ ယူသွားတယ်"လို့ ဗိုလ်နွေဦးက ပြောပါတယ်။

ဓာတ်ပုံ- မင်းတုန်းမြို့နယ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ စစ်သား ၂ ဦး။

Address

Monywa
1998PDF

Telephone

+959953703727

Website

Alerts

Be the first to know and let us send you an email when Monywa BTA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Monywa BTA:

Share

Category