Red Joker

Red Joker ������

04/04/2024
21/02/2024

သတိ- အမျိုးသမီးများ ဖတ်ရန်။

အနာဂါတ်မှာ အခက်အခဲ မတွေ့ချင်ရင်
အောက်ပါအလုပ်များ မလုပ်ရန် သတိပေးချင်ပါတယ်။

၁။ နေ့တိုင်း ဝင်ငွေမရှိပဲ စုမဲများစုခြင်း။

၂။ ထီအမျိုးမျိုး ထိုးခြင်း။

၃။ အတိုးမက်ပြီး ငွေချေးခြင်း။

၄။ အားနာပြီး ငွေချေးခြင်း။

၅။ မျက်နှာရမလားလို့ ကြားဝင် အာမခံခြင်း။

၆။ သူများအထင်ကြီးအောင် မရှိကို အရှိဟန်ဆောင်
လုပ်ပြခြင်း။

၇။ သူများကို အထင်ကြီးပြီး လုပ်ငန်းနားမလည်ပဲ
ရှယ်ယာထည့်ခြင်း။

၈။ လုပ်ငန်းနားမလည်ပဲ သူများအကြံပေးသည့်အတိုင်း
အလုပ်လုပ်ခြင်း။

၉။ လုပ်ငန်းမကျွမ်းကျင်ပဲ တိုးချဲ့ခြင်း။

၁၀။ လင်နှင့် ဆွေမျိုးများထံမှ မျက်နှာရအောင်
ငွေချေးငှါးပေးခြင်း။

၁၁။ အတိုးပေါ် အတိုးဆင့် ငွေချေးသံသရာမှ မထွက်ခြင်း။

၁၂။ ဘာမှ နားမလည်ပဲ အောင်မြင်မှုကို အလျင်အမြန်
လိုချင်ခြင်း။

အထက်ပါ ၁၂ ချက်ကို တချက်စီ စဉ်းစားကြည့်ပါ။

ဒီအထဲမှာ ပါနေပြီလား စီစစ်ပါ။

မလုပ်ရသေးရင် ( လုံးဝ) မလုပ်ပါနဲ့။

လုပ်လက်စ ဖြစ်နေရင် ရပ်တန့်ပါ။

လုပ်ပြီးသားဖြစ်လို့ ဒုက္ခပင်လယ်ဝေနေရင် ကိုယ့်အပြစ်
ကိုယ်ခံပါ။ သင်ခန်းစာယူပါ။ အမြန်ဆုံးဖြစ်တဲ့နည်းနဲ့
ရင်ဆိုင်ဖြေရှင်းပါ။

ကျွန်မမှာ ပိုက်ဆံ သိန်း ၅၀ ရှိပါတယ်။
အခုချိန် ဘာလုပ်သင့်လဲ မေးနေသူတွေ အတွက်
အဖြေက - မကြာခင် အပြောကောင်းသူနဲ့တွေ့ပြီး
အလိမ်ခံရပါတော့မယ်ပဲ ဖြစ်ပါတယ်။

ဘာလုပ်ရမလဲ မသိရင် ဘာမှ မလုပ်ပါနဲ့။ ရှိတဲ့
ပိုက်ဆံကိုကြောငြာနေမှတော့ လူလိမ်ခံရတာ
မဆန်းပါဘူး။

စီးပွါးရေး မကောင်းတာကို အခွင့်အရေးယူပြီး
လူလိမ်တွေခြေချင်းလိမ်နေတဲ့အချိန်ပါ။

သတိကို ကြီးကြီးထားပြီး နေရမယ့်အချိန်မှာ
အားအားနေ လိုင်းပေါ်တက်ပြီး ကိုယ့်အပူကို
ရင်ဖွင့်တတ်တဲ့ အကျင့်ကို ပြုပြင်ကြပါ

Credit မူရင်း

23/01/2024

yes

18/12/2023

ကောလင်းဒေသ၊ ထီးချိုင့်ဒေသ အပါအဝင် စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များအား IBEC ဆရာတော်ဘုရား မှ ကျောင်းအပ်လက်ခံခြင်း နှင့် ပတ်သက်၍ IBEC ပညာရေးဘုတ်အဖွဲ့အား လမ်းညွှန်မှာကြားချက်။

ဒီဇင်ဘာ ၁၄၊ စစ်ကိုင်း။

(၁) တတ်နိုင်သမျှ နည်းလမ်းများဖြင့် ကူညီပေးပါ။

(၂) ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ နှင့် ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်ပါ။

(၃) အဆိုပါ ​ဒေသမှ ကလေးငယ်များသည် ပညာရေးတစ်ပိုင်းတစ်စများဖြစ်ကြပြီး ဆက်လက်ပညာသင်ယူမှုရန်အတွွက်အမှန်တကယ်အခက်အခဲဖြစ်နေကြသည်ကို ကြားသိရသည့်အတွက် မည်ကဲ့သို့ လက်ခံဆောင်ရွက်ပေးနိုင်သည်ကို သေချာရှင်းပြ၍ IBEC ကျောင်းတော်ကြီးတွင် ဆက်လက်ပညာသင်ယူစေပါ။

(၄) လာရောက်ဆက်သွယ်မှုများ များပြားသည့်အတွက် ကျောင်းအပ်လက်ခံခြင်းများကို စနစ်တကျစီစဥ်ကာ ပညာရေးမူဝါဒများနှင့် ညီညွတ်စွာလက်ခံနိုင်ရေး ဆောင်ရွက်ပါ။

(၅) ကလေးငယ်များ ပညာသင်ယူခွင့်မဆုံးရှုံးစေရစေအတွက်မှာ အလွန်အရေးကြီးသည့်အတွက် အဆိုပါ အချက်ကို အဓိကထား ဦးစားပေး ဆောင်ရွက်ပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ဒေသ မှ ကလေးများ ပညာရေးတစ်ပိုင်းတစ်စမဖြစ်စေရန်အတွက် ဘုန်းဘုန်းဘုရား၏ ညွှန်ကြားချက်အရ အထူးအစီအစဥ်အဖြစ် ကျောင်းအပ်လက်ခံပေးနေပြီဖြစ်ပါသည်။

" လိုသူမျှပေး ပညာရေး " အစီအစဥ်ဖြင့် စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေရန်အတွက် ရည်ရွယ်ချက်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေး " ဟူသော ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှူများကြားထဲမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယခုအခါ ဆရာတော်ဘုရားသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှူခံယူရန်အတွက် ရောက်ရှိနေခြင်းဖြစ်သောကြောင့် " လိုသူမျှပေး ပညာရေး " အစီအစဥ်အား IBEC ဌာနမှူးများဦးဆောင်သော ပညာရေးဘုတ်အဖွဲ့ မှ ဆရာတော်ဘုရား၏ တိုက်ရိုက်တာဝန်ပေးချက်အရ လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါအထူးအစီအစဥ်ဖြင့် ပါဝင်ဆောင်ရွက်လိုသူများသည် IBEC ကျောင်း တိုက်ကြီးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ်များဖြစ်သည့် 09 797778535, 09 443168036, 09 791533722, 09 797840 197, 09 761090621, 09 400 547721, 09 798716259 များ ထံသို့ ဆက်သွယ် စုံစမ်းမေး မြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း

23/06/2023

Address

Myaing

Website

Alerts

Be the first to know and let us send you an email when Red Joker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category