26/10/2023
၂ မိုင်ခွဲသာကွာဝေးပေမယ့် စံတော်ချိန် ၂၁ နာရီကွာတဲ့ကျွန်းနှစ်ကျွန်း
ပစိဖိတ်သမုဒ္ဒရာနှင့် အာတိတ်သမုဒ္ဒရာကိုဆက်သွယ်ထားတဲ့ ဘာရင်းရေလက်ကြားအတွင်း (အမေရိကန်အလက်စကာပြည်နယ်နှင့် ရုရှားဆိုက်ဗီးရီးယားကြား) မှာတည်ရှိတဲ့ ဒိုင်ရိုမီကျွန်းစုမှ ကျွန်းနှစ်ကျွန်းမှာ ၂.၄ မိုင်သာကွာဝေးပေမယ့် စံတော်ချိန်ကတော့ ၂၁ နာရီတောင်ကွာပါတယ်။
ဒိုင်ရိုမီကျွန်းစုမှာ ကျွန်းနှစ်ခုရှိပြီး ကြီးတဲ့ Big Diomede ကရုရှားပိုင်ပြီး သေးတဲ့ကျွန်း Small Diomede မှာ အမေရိကန်အလက်စကာရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ဒီကျွန်းစုတစ်ခုထဲကကျွန်းနှစ်ကျွန်းက အလွန်နီးကပ်ပေမယ့် ကြားထဲမှာ International date line ခြားထားတာကြောင့် ဒီကျွန်းနှစ်ခုရဲ့အချိန်က ၁ ရက်နီးပါးကွာပါတယ်။ ကမ္ဘာကြီးရဲ့အရှေ့ဘက်အကျဆုံးအပိုင်းနှင့် အနောက်ဘက်အကျဆုံးအပိုင်းလည်းဖြစ်တဲ့ ဒီကျွန်းနှစ်ခုကို Tomorrow island နှင့် Yesterday island လို့လည်းခေါ်ကြပါတယ်။
ဆောင်းရာသီရောက်ရင် ကြားထဲကရေတွေခဲသွားတာကြောင့် ရေခဲတံတားတစ်ခုဖြစ်သွားပြီး တစ်ဆက်တည်းဖြစ်သွားပါတယ်။ ပထဝီအနေအထားအရ ရုရှားနဲ့အမေရိကန်ကို ကုန်းလမ်းကသွားနိုင်တဲ့တစ်ခုတည်းသောလမ်းဖြစ်ပါတယ်။ (ဒါပေမယ့်ကန့်သတ်ထားလို့သွားလို့မရနိုင်ပါဘူး)။ ရုရှားပိုင် Big Diomede မှာလူနေထိုင်ခြင်းမရှိပေမယ့် အမေရိကန်ပိုင် Small Diomede မှာလူဦးရေ ၁၀၀ ကျော်နေထိုင်လျှက်ရှိပါတယ်။
Credit