17/07/2024
📝အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်မှတ်ပုံတင်ရာတွင်လိုအပ်သည်များ📝
📖 မရွေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပတ်သက်၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် ပြုလုပ်မည်ဆိုပါက ယင်းစာချုပ်ကို စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။
📖 အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ပြုလုပ်ရန်အတွက် ယင်းပစ္စည်းနှင့်ပတ်သက်သော မြေပုံ မြေရာဇဝင်ကို တရားဝင်ရရှိအောင် ပြုလုပ်မည်ဖြစ်ပါသည်။
📖 ရန််ကုန်မြို့တော် နယ်နိမိတ်အတွင်းဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေယာ စီမံခန့်ခွဲမှုစာရင်းနှင့် မှတ်တမ်းထိန်းသိမ်းရေးဌာန ယင်းအပဖြစ်ပါက မြို့နယ်မြေစာရင်းစရင်းတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ပြုလုပ်ရန် မြေပုံမြေရာဇဝင်ကို တရားဝင်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ ရရှိနိုင်ရန် လျှောက် ထားသူ၏ ကျန်းကြိမ်လွှာအပါအဝင် အိမ်နီးချင်းနှစ်ဦး၏ ကျန်းကျိမ်လွှာနှင့်အတူ မြေပုံ ရာဇဝင် ရရှိရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ပါသည်။
📖 အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ပြုလုပ်ရန် မြေပုံနှင့် မြေရာဇဝင်ရရှိသော် စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် ယင်းမြေပုံရာဇဝင်နှင့်အတူ ပူးတွဲ၍ မှတ်ပုံတင် သွင်းခွင့် တင်ပြရမည် ဖြစ်သည်။
📖 ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများ
၁။ မှတ်ပုံတင်ထားသည့် ကျမ်းကတိသစ္စာပြုလွှာ
၂။ အမွေရှင်၏ သေစာရင်း
၃။ အမွေရှင်၏ ဆိုင်ခွင့် အထောက်အထား
(ဥပမာ ဂရန် ၊ မှတ်ပုံတင်စာချုပ်စာတမ်း တရားရုံး၏ အမိန့်ဒီကရီ)
၄။ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ပြုရန် အတွက် ရရှိထားသော မြေပုံ မြေရာဇဝင်
၅။ စာချုပ်စာတမ်း ရုံးမှ ထုတ်ပေးသောပုံစံ (အပေါ်စာ) ဖြည့်သွင်းချက်နှင့် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူအသီးသီး၏ မှတ်ပုံတင် မိတ္တူတို့ဖြစ်ပါသည်။ ီးကျော်ဇေယျ