14/05/2022
Wire size တစ်ခုရဲ့ ခံနိုင်စွမ်း အမ်ပီယာ
============================
ဖေါ်ပြပါ ဇယားမှာ 1.5mm²wire က 12A-15Aလို့ ဖော်ပြထားသည်။
နောက်ပြီး 2.5mm² wireကိုလည်း 16A-21A လို့လည်းကောင်း ဝါယာအရွယ်အစားအလိုက် အသီးသီ ဘယ်လောက် အမ်ပီယာခံနိုင်ရည်ရှိတယ်လို့ ဇယားမှာ ဖော်ပြထားပါတယ်။
ဒီဇယားမှာတဲ့ 1.5mm² က 15Aလို့ ပြောထားချက်အရဆို
P=VI cosø
P=220×18×0.8
P=2816W အထိ သုံးလို့ရတာပေါ့နော်။
ဒါဆို 2000Wလောက်ဆို
11~12A ပဲရှိတာမို့ အေးဆေးအသုံးပြုလို့ရမယ်လို့ မထင်ကြပါနဲ့။
ဘာလို့လည်းဆို wire က သူခံနိုင်ရည် ရှိတဲ့ အမ်ပီယာကိုပဲ ပြောထားတာပါ။ ဘယ်လောက် load အထိ အသုံးပြုနိုင်ကြောင်းမပြောထားပါဘူး။
ဒီနေရာမှာ မျက်စီနည်းနည်း လည်သွားကြမယ်ထင်တယ်။ load ကြောင့် ampere ဖြစ်လာတာပဲဆိုပြီပေါ့။
ဘာလို့လည်းဆို တူညီတဲ့ load တစ်ခုတည်းကိုပဲ အကွာအဝေးမတူရင် ဝေးတဲ့ load က ampere များသွားလို့ပါ။
𝐓𝐂𝐂𝐁 𝐄𝐍𝐆𝐈𝐍𝐄𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃
လူနေအိမ်၊ အဆောက်အုံတွေမှာ load side တွေကို နေရာအနှံ့မှာ ရှိနေကြပေမဲ့ MDB တွေကတော့ တစ်နေရာထဲမှာပဲ စုပြီးထားလေ့ရှိကြပါတယ်။
ဒီလိုဆို အပေါ်က ဥပမာပေးထားတဲ့ 2000Wရှိတဲ့ load တစ်ခုကို 100meters အကွာဝေးရှိတဲ့ breaker တစ်ခုကနေ supply ပေးမယ်ထားပါစို့။
ကိုယ်ထင်ထားတဲ့ wire size နဲ့ အဆင်ပြေမလား?
ဒီနေရာမှာ P=VI cosø တစ်ခုသိတာနဲ့ မလုံလောက်တော့ပါဘူး။ GP ေတွထဲမှာလည်း p=VI သိရင် လုပ်စားလို့ရပြီဆိုတာကို မကြာခဏပြောနေတာတွေ ရှိပါတယ်။ တကယ်စိတ်မကောင်းစရာပါပဲ။ ကျနော်တို့ လျှပ်စစ်က အဲလောက်မရိုးရှင်းပါဘူး။ ကြိုးနှစ်ချောင်း သွယ်လိုက်တာနဲ့ မီးလာတယ် အဆင်ပြေတယ်ဆိုပြီး မထင်စေချင်ဘူး။ ဒီလိုအတွေးတွေကြောင့် လျှပ်စစ်လောက ဈေးပေါလာကြတယ်။ ဆိုလိုရင်းပျောက်ပြီး စကားတွေ များမိတော့မယ်။
P= VI သိရုံနဲ့ မရဘူးဆိုတာကနေ ပြန်စပြောရအောင်။
ဘာလို့လည်းဆို wire အလျှားရှည်လာတာနဲ့အမျှ voltage drop လည်း များလာလိုပါ။
Voltage dropပုံသေနည်းကတော့
📝Single phase
Vd =2I(Rcos∅ +Xsin∅)×L/1000
📝3 phase
Vd=√3I (Rcos∅ +Xsin∅)×L/1000
ဆိုပြီး ဖြစ်ပါတယ်
Voltage drop အကြောင်းလေ့လာချင်ရင် အောက်က လင့်မှာ လေ့လာနိုင်ပါတယ်။
Credit: