ihouse

ihouse Have a perfect and great home

 #လူတွေအမေးများတဲ့မြေဧကတွက်နည်း=====================၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက...
08/01/2023

#လူတွေအမေးများတဲ့မြေဧကတွက်နည်း
=====================
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ

*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် ***

ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits

ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။ကျွန်တော်က သိန်းနှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ ...
08/01/2023

ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။

ကျွန်တော်က သိန်းနှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံထားပါတယ် ။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင်ဦးစီးက ကျန်းမာရေးသိပ်မကောင်းပါဘူး ။ ကိုယ့်ငွေ မဆုံးရှုံးရလေအောင် ပေါင်နှံစာချုပ်အပြင် အရောင်းအဝယ်စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီအိမ်က ဂရန်မရှိပါ။ စပယ်ရှယ်ပါဝါပဲ ရထားပါတယ် ။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ။
=========================

ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်တော့ စာချုပ်ပျက်ပြယ်သွားနိုင်သလား..။ ပေါင်နှံသူ ကွယ်လွန်သွား မယ်ဆိုရင် စာချုပ်မပျက်ပြယ်ပါဘူး။ မပျက်ပြယ်ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိသလဲဆိုတော့ တရားမ ဥပဒေမှာက တရားဝင်ကိုယ်စားလှယ်ဆိုတာက ရှိတယ်။ အရပ်စကားဆိုရင်တော့ သေသူရဲ့အမွေဆက်ခံသူ ပေါ့။ သားသမီးတို့၊ တူ၊တူမတို့ Legal representative ခေါ်တာပေါ့ ။ အဲ့ဒီလို တစ်ကယ်လို့သေသွားရင် တရားဝင်ကိုယ်စားလှယ်အပေါ်မှာဘဲ တရားစွဲဆိုနိုင်တဲ့အတွက်ကြောင့် ပေါင်နှံထားသူကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သလားဆိုတဲ့အချက်က.. မပျက်ပြယ်ပါဘူး။

ကျွန်တော်ပထမဆုံးမေးခွန်းကို ဖြေပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ် သက်လို့ ဥပဒေအကြံဉာဏ် ပေးချင်ပါတယ်။ သူရဲ့မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့။ ပြဿနာမရှိပါဘူး။ special power ပဲဆိုတော့ special power တို့ general power တို့ဆိုတာလဲ ပေးတဲ့သူကွယ်လွန်သွားရင် အော်တိုမစ်တစ် ပျက်သွားတဲ့အတွက်ကြောင့် ဒါလဲသိပ်မလိုပါဘူး၊ သိပ်အရာမရောက်ပါဘူး။ သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့အခါကျတော့ သိန်း၁၀၀၀ တန်ကို ၅၀၀ ပေးထားလိုက်တယ်ပေါ့၊ အဲ့တော့ ဒီ၅၀၀ က ဒီစာချုပ်သက်တမ်းကြည့်တစ်ချက်ကြည့်ရမယ်။ သူက နေမကောင်းဘူးလို့ပြောထားပြန်တယ်။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူးထင်တယ်။ မပြည့်သေးတော့ စိတ်ပူနေတာ အဲ့တော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲရှိမလားဆိုပြီး စိတ်ပူတာပေါ့။

အဲဒါက ပြဿနာမရှိနိုင်ဘူး။ သူက ပထမ စာချုပ်က သိန်း ၅၀၀နဲ့ပေါင်ထားတယ်။ ပေါင်ထားတာကို သူက ပေါင်နှံစာချုပ် ချုပ်လိုက်သေးတယ်။ ပေါင်တဲ့အကြောင်းကို စာချုပ်ချုပ်ထားတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ရှေ့နေနဲ့လည်း အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့လိုဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး။ သို့သော် လုပ်ရမဲ့အနေအထားက.. အကယ်၍များ ပေါင်နှံသူကွယ်လွန်သွားရင် ဆိုရင် အခုသူပေါင်နှံထား တဲ့ငွေသိန်း၅၀၀ ပြန်ရလိုမှု အပေါင်စာချုပ်အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ်။ ပေါင်ထားကြောင်းကို အထောက်အထားအဖြစ် ကျွန်တော်တို့ အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့တော့ နှစ်ခုမှာ တစ်ခုပဲ တောင်းခွင့်ရှိတယ်။ အပေါင်နဲ့တောင်းမလား…. ကျွန်တော်တို့ အရောင်းနဲ့တောင်းမလား။ သို့သော် တရားမျှတ စွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲတောင်းပြီးတော့ ဒီရှေ့နဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ်ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထားတာဆိုရင် သူ့ကိုပံ့ပိုးပေးရမယ်။ အပေါင်စာချုပ်ကို အရောင်းက ပံ့ပိုးပေးမယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ရမှာပါ။ မဆုံးရှုံးပါဘူး လို့ဖြေကြားလိုပါတယ်။

Credit

ပြန်လည်ကူးယူဖော်ပြပါသည်။

Sold out💸💸💸💸💸26.5.2022ဒီနေ့ မင်္ဂလာပါ😍😍😍😍😍😍😍😍😍😍နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ဧရာဝတီလမ်းမပေါ်80’*60’ရောင်းသူဝယ်သူအားလုံး ကျန...
26/05/2022

Sold out💸💸💸💸💸
26.5.2022
ဒီနေ့ မင်္ဂလာပါ
😍😍😍😍😍😍😍😍😍😍

နေပြည်တော်
ပုဗ္ဗသီရိမြို့နယ်
ဧရာဝတီလမ်းမပေါ်
80’*60’
ရောင်းသူဝယ်သူအားလုံး ကျန်းမာချမ်းသာကြပါစေ
😍😍😍😍😍😍😍😍😍😍

☺️တိကျမှန်ကန်သောစာရွက်စာတမ်းပါမြေကွက်အား စျေးနှုန်းချိုသာစွာလူကြီးမင်းတို့ထံ ရောင်းချပေးပါမည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

Sold out💸💸💸💸💸26.5.2022ဒီနေ့ မင်္ဂလာပါ😍😍😍😍😍😍😍😍😍😍နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရတနာဒီပ မဏိပူရလမ်း80’*80’ရောင်းသူဝယ်သူအားလုံး ...
26/05/2022

Sold out💸💸💸💸💸
26.5.2022
ဒီနေ့ မင်္ဂလာပါ
😍😍😍😍😍😍😍😍😍😍

နေပြည်တော်
ပုဗ္ဗသီရိမြို့နယ်
ရတနာဒီပ
မဏိပူရလမ်း
80’*80’
ရောင်းသူဝယ်သူအားလုံး ကျန်းမာချမ်းသာကြပါစေ
😍😍😍😍😍😍😍😍😍😍

☺️တိကျမှန်ကန်သောစာရွက်စာတမ်းပါမြေကွက်အား စျေးနှုန်းချိုသာစွာလူကြီးမင်းတို့ထံ ရောင်းချပေးပါမည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ...
17/05/2022

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

မူရင်းရေးသားသူအား ပေးပါသည်

ဧပြီလ ၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာချက်အရ နိင်ငံခြားငွေလဲလှယ်ခွင့်ရရှိတဲ့ ဘဏ်များက ဒေါ်လာအကောင်က ဒေါ်လာ ၄ ဘီလိယံခန်...
15/04/2022

ဧပြီလ ၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာချက်အရ နိင်ငံခြားငွေလဲလှယ်ခွင့်ရရှိတဲ့ ဘဏ်များက ဒေါ်လာအကောင်က ဒေါ်လာ ၄ ဘီလိယံခန့်က မြန်မာကျပ်ငွေအဖြင့် ပြောင်းလဲသက်မှတ်ခံလိုက်မယ်လို့ ယူဆမိပါတယ်.

ယခင်နှစ် အောက်တိုဘာလ ၃ ရက်နေ့ အမိန့်ကြော်ငြာချက်အရ ပြည်ပပို့ကုန်မှရငွေ ဒေါ်လာကို ရက်ပေါင်း ၃၀ အတွင်း မသုံးစွဲမိပါက ကျပ်ငွေအဖြင့် လဲလှယ်ခြင်းခံရမဲ့အထည့်မပါဝင်ခဲ့တဲ့ အထည်ချုပ်စက်ရုံမှရရှိတဲ့လုပ်ခလစာ သဘ်ောသားလုပ်ခလစာများအပြင် ကိန်းဂဏန်းကြီးကြီးနဲ့ လဲလှယ်စရာမလိုခဲ့တာကတော့ ကျောက်မျက်ရောင်းရငွေမှ ရရှိတဲ့ ဒေါ်လာများက ရက်၃၀ ကျော်လည်း ကျပ်ငွေဖြင့် လဲလှယ်စရာမလိုခဲ့တဲ့အတွက် ပြည်ပပို့ကုန်ကုမ္မဏီများရဲ့ ဒေါ်လာငွေကသာ ကျပ်ငွေအဖြင့် ရက်၃၀ အတွင်း အကောင်လွဲပြောင်းခြင်းအပါအဝင်အချို့ကုမ္မဏီများက ကိုယ်ပိုင်းသွင်းကုန်အတွက် ပေးချေမူအတွက်အသုံးပြုခွင့်ရရှိခဲ့ပါတယ်.

ခြောက်လအကြာ ထပ်မံထုတ်ပြန်တဲ့အမိန့်အရ ဒေါ်လာအကောင်ငွေ အားလုံးကို ဗဟိုဘဏ်သက်မှတ်စျေး အတိုင်း အလုပ်လုပ်ရက် (၁)ရက်အတွင်း မြန်မာကျပ်ငွေနဲ့လဲလှယ်ခံရမှာဖြစ်လို့ export import trading company များအနေနဲ့လည်း မိမိရဲ့ export ကနေရရှိတဲ့ ဒေါ်လာငွေကို မိမိအသုံးပြုခွင့်မရရှိနိင်တော့ပါဘူး.import အတွက် ငွေပေးချေမူကို ဗဟိုဘဏ်,လိုင်စင်ရဘဏ်များကို ဝန်ဆောင်ခပေးပြီ ပြန်ဝယ်ယူရမှာဖြစ်ပါတယ်.

လက်ရှိအခြေအနေအရ မြန်မာပြည်ကို ကုန်ပစ္စည်းရောင်းမဲ့ ကုမ္မဏီများကလည်း ကုန်ဖိုးပေးချေမူက အဆင်ပြေပြေရမရစိုးရိမ်စိတ်နဲ့ ငွေအကြေမရပဲနဲ့ ပစ္စည်းပို့မှာမဟုက်တော့ပါဘူး.မနှစ်ကတည်းက တော်ရုံ ရင်းနှီးမှုနဲ့ ယုံကြည်ခြင်းခံရတဲ့ ကုမ္မဏီကြီးအချို့ကလွှဲရင် အကြွေးမပေးကြတော့ပါဘူး.

ဒေါ်လာအကောင်က ဒေါ်လာများ ပြည်တွင်းသုံးကျပ်ငွေအဖြင့် ပြောင်းလဲခြင်းခံရမှုနဲ့အတူ အချို့ငွေအမောက်များများရှိသူများက ငွေသားထက် ပိုမိုခိုင်မာမှုရှိနိင်တဲ့ ပစ္စည်းကို ဝယ်ယူလာကြတာကို တွေ့ရပါတယ်.

ဒေါ်လာကတော့ တရားဝင်ကိုင်ဆောင်ခွင့်ပြသာနာ ရှိတော့ ရွှေ ကား မြေ ၃ မျိုးမှာ ရင်းနှီးမြုပ်နှံ့မှု ပြုလာနိင်ပေ့မဲ့ ရွှေကလည်း စာရင်းတင်ရမယ်ဆိုတဲ့အနေအထားအပြင် ဒေါ်လာလဲလှယ်နှုန်းအပေါ်မှာ မူတည်ပြီ အတက်အကျ ကြမ်းတယ်ပြောမှာ ဖြစ်ပါတယ်.

အဲဒီတော့ ကားနဲ့မြေ ရွေးချယ်စရာဖြစ်လာပါတယ်.

ကားကလည်း ပါမစ်ချပေးမှုအလိုက် ပြုပ်ကျစရာ အလားအလာရှိတဲ့အရာမှာပါပါတယ်.

ကားလောကရဲ့အပြောအရ Suzuki က ကျပ်ငွေနဲ့ ရောင်းချထားပြီ Suzuki ရဲ့ အကောင်မှာ ကျပ်ငွေ ဘီလိယံများစွာရှိပေ့မဲ့ လိုင်စင်ရဘဏ်များက ဒေါ်လာကို တရားဝင်အစိုးရစျေးနဲ့ မရောင်းချပေးတဲ့အတွက် တရားဝင် ကားဖိုးကို မပေးချေနိင်ပဲ ပေးရန်ရှိ ငွေကများနေတဲ့အတွက် မြန်မာပြည်တွင်းကို ထပ်မံတင်ပို့မူကို ရပ်ဆိုင်းထားသကဲ့သို့ ပြောဆိုနေတာ ကြားရပါတယ်.ယခု ဗဟိုဘဏ်က Suzuki ကုမ္မဏီကို ဒေါ်လာရောင်းချပေးမှာပါ.အဲဒီအတွက် Suzuki ကားများမြန်မာပြည်မှာ ထပ်မံထုတ်လုပ်ရောင်းချတော့မှာပါ.

ကျောက်မြတ်ရောင်းရငွေ ဒေါ်လာအမောက်က ကြီးပါတယ်.သူတို့တွေကတော့ နေရာကောင်း မြေကွက်ကြီးတွေကို ဝယ်ယူလာကြမှာ သေချာပါတယ်.

တန်ဖိုးသိန်းသောင်းချီသိန်းချီအကွက်တွေကို ဝယ်ယူလာကြမှာပါ.

အဲဒီအတွက်လည်း အခွန်အခကို ၂၀၂၂-၂၃ ဘက်ဂျက်မှာ မတက်သည့်အပြင် လျော့ချပေးခဲ့တာပါ.ယခင်က သိန်း တစ်ထောင်အထိကို ၃% ကောက်ခံခဲ့ပေ့မဲ့ အမိန့်ကြော်ငြာချက်အသစ်အရ သိန်း ၃,၀၀၀ အထိကို ၃% နဲ့ လျော့ချပေးခဲ့တာဖြစ်ပါတယ်.

နောက်ပြီတော့ ကျောက်မျက်ကုမ္မဏီတွေက ငွေဖြူများစွာရှိကြတယ်လို့ ပြောရမှာပါ.ကျောက်မျက်ရောင်းရငွေအပေါ် အခွန်ဆောင်ပြီသာ ဖြစ်ကြပါတယ်.

အိမ်ခြံမြေရဲ့ စျေးကွက်က ကိုဗစ်အစပိုင်းမှာ အေးနေသလိုခံစားရပြီ စကစ လက်ထက်မှာ ကျမယ်ယူဆကြပေ့မဲ့ မကျပဲ တက်လာတာကို တွေ့ရမှာပါ.လက်ရှိအခြေအနေမှာ ကိုဗစ်မတိုင်ခင်း စျေးနှုန်းထက် ပိုမိုစျေးတက်လာတာ တွေ့ရပြီ အရောင်းအဝယ်လည်း တွက်လာတာ တွေ့ရပါတယ်.

မိမိရဲ့ ချွေးနည်းစာ ခက်ခက်ခဲခဲရရှိထားတဲ့ ငွေသားတွေကို ဘဏ်မှာ မထားချင်တော့တဲ့အတွက် အိမ်ခြံမြေများတွင် မြုပ်နှံလာကြတယ်လို့ ပြောရမှာပါ.

အိမ်ခြံမြေကတော့ အကန့်အသက်ရှိတဲ့အရာဖြစ်ပြီ ကားကတော့ ပါမစ်ပေါ်မှာ အများကြီးမူတည်ပါတယ်.မြန်မာနှစ်သစ်ကူးအပြီ ဘက်ဂျက်အသစ်မှာ အပြောင်းအလဲတွေက အများကြီးရှိနိင်ပါတယ်.

မိတ်ဆွေတို့ ရဲ့ ငွေ ဘယ်မှာ မြုပ်နှံကြမှာလဲ?

By Thein Aung Chen

🙏 မဂ်လာပါလူကြီးမင်း 🙏 ihouse ကကြိုဆိုပါတယ်🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ**********************************...
12/02/2022

🙏 မဂ်လာပါလူကြီးမင်း
🙏 ihouse ကကြိုဆိုပါတယ်
🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ
*************************************************

100´× 100´🏡RC တစ်ထပ်တိုက်ပါ (895) သိန်း
****************************************************

☺️ပိုင်ဆိုင်မှု - နေပြည်တော်စည်ပင်သာယာရေးကော်မတီ ☺️ နှစ်(၃၀) မြေငှါးဂရမ်စာချုပ် ( Lease)

☺️အကျယ်အဝန်း- 100*100

☺️ihouse ID- D0051

☺️နေပြည်တော်
☺️ဒက္ခိဏသီရိမြို့နယ်
☺️မိုးသောက်ပန်းလမ်းမကြီး မဉ္ဇူသကလမ်းမကြီးအနီး ၊
☺️မြောက်လှည့်
☺️RCအကြမ်းထည် တစ်ထပ်တိုက်အပါ
☺️အလယ်တန်းကျောင်းအနီး
☺️ပိုင်ရှင်တိုက်ရိုက်

*****************************************************

☺️တိကျမှန်ကန်သောစာရွက်စာတမ်းပါမြေကွက်အား စျေးနှုန်းချိုသာစွာလူကြီးမင်းတို့ထံ ရောင်းချပေးပါမည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

🗺Location🧭
**************
Dropped pin
https://goo.gl/maps/CrMz3AQow3nV52Ve6

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

🙏 မဂ်လာပါလူကြီးမင်း 🙏 ihouse ကကြိုဆိုပါတယ်🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ**********************************...
07/02/2022

🙏 မဂ်လာပါလူကြီးမင်း
🙏 ihouse ကကြိုဆိုပါတယ်
🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ
*************************************************

60´×80´ RC တိုက်ပါ 🏡🏡🏡🏡 (985) သိန်း
*******************************

☺️ပိုင်ဆိုင်မှု - နေပြည်တော်စည်ပင်သာယာရေးကော်မတီ
☺️ နှစ်(၃၀) မြေငှါးဂရမ်စာချုပ် ( Lease)

☺️အကျယ်အဝန်း- 80*60
☺️အရှေ့လှည့်
☺️နေပြည်တော်
☺️ပုဗ္ဗသီရိမြို့နယ် ဘူတာကြီးတည်ရှိသည့်မြို့
☺️သုခဒီပရပ်ကွက်
☺️စစ်တောင်း(12)လမ်း

☺️☺️☺️☺️
အသင့်နေတစ်ထပ်တိုက်ပါ ဧည့်ခန်းကျယ် /ဘုရားခန်း/မာစတာ(2)ခန်း ရိုးရိုးအိပ်ခန်း(1)ခန်း/အများသုံးရေးချိုးခန်း ဘိုထိုင်အိမ်သာ/မီးဖိုခန်းကျယ်နှင့် ထမင်းစားခန့်းပါ/လှပလွန်းသည့် မျက်နှာကျက်ပါ/ကာလာ မီးဆိုင်း အမျိုးမျိုးတပ်ဆင်ထား
ရေပါ/မီးပါ /ခြံစည်းရိုးအုတ်တံတိုင်း ပတ္ကားခက္ပီး / လုံခြုံရေးသံပန်းပါ/ရေစင်ပါ/
ကျွန်းလျှာထိုးခင်းပြီး
☺️☺️☺️☺️

ပိုင်ဆိုင်မှု အလွန်ခိုင်မာသည့် အိမ်နှင့်ခြံရောင်းပါမည်
ပိုင်ရှင်နှင့်တိုက်ရိုက်ညှိနှိုင်းပေးပါ့မည်

☺️တိကျမှန်ကန်သောစာရွက်စာတမ်းပါမြေကွက်အား စျေးနှုန်းချိုသာစွာလူကြီးမင်းတို့ထံ ရောင်းချပေးပါမည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

🙏 မဂ်လာပါလူကြီးမင်း 🙏 ihouse ကကြိုဆိုပါတယ်🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ**********************************...
05/02/2022

🙏 မဂ်လာပါလူကြီးမင်း
🙏 ihouse ကကြိုဆိုပါတယ်
🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ
*************************************************

65´×80´🏡🏡🏡🏡 (695) သိန်း
*******************************

☺️ပိုင်ဆိုင်မှု - နေပြည်တော်စည်ပင်သာယာရေးကော်မတီ ☺️ နှစ်(၃၀) မြေငှါးဂရမ်စာချုပ် ( Lease)

☺️အကျယ်အဝန်း- 80*65

☺️ihouse ID- P0055
☺️မြောက်လှည့်
☺️နေပြည်တော် ပုဗ္ဗသီရိမြို့နယ်
☺️ဘူတာကြီးတည်ရှိသည့်မြို့
☺️စစ်တောင်းလမ်းမကြီးအနီး
☺️စကားဝါမေးတင်

#ပိုင်ဆိုင်မှုအလွန် ခိုင်မာသော ခြံလေးရောင်းပါမည်။

👨‍⚖️ပိုင်ရှင်နှင့်တိုက်ရိုက်

လူကြီးမင်းတို့ အိမ်ခြံမြေ
ရောင်းလိုသည်ဖြစ်စေ ဝယ်လိုသည်ဖြစ်စေ
ပိုလျှံ လုံးချင်း တိုက်/အိမ် မ်ား မြေကွက်အလွတ်များကို အငှါးချထားလိုသည်ဖြစ်စေ
စိတ်ချယုံကြည်စွာဖြင့် (ရောင်း/ဝယ်/အပ်နှံ)နိုင်ပါသည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

ပုံစံ (၇)လုပ်မရဘူးဆရာ၊ မြေလွတ် မြေလပ်လို့ ပြောတယ်၊ စိုက်နေတာ ကြာပြီ၊ ပြေစာရှိတယ်၊ အပင်တွေ စိုက်ထားတယ်၊ အဲဒါကို တရားဝင် ရ...
30/01/2022

ပုံစံ (၇)လုပ်မရဘူးဆရာ၊ မြေလွတ် မြေလပ်လို့ ပြောတယ်၊ စိုက်နေတာ ကြာပြီ၊ ပြေစာရှိတယ်၊ အပင်တွေ စိုက်ထားတယ်၊ အဲဒါကို တရားဝင် ရချင်တယ်တဲ့၊ တစ်ချို့ကလည်း စိုက်တော့မစိုက်ဘူး၊ အဲဒါ မြေလွတ်မြေလပ်လို့သိရတယ်၊ တရားဝင် ရချင်တယ်၊ ရာဘာစိုက်မယ်တဲ့၊ တစ်ချို့ ကလည်း မြေလွတ် မြေလပ်မှာ ဆီဆိုင်ဆောက် ချင်တယ်ဆရာ၊ လျှောက်လို့ရမလားတဲ့ စသည်ဖြင့် အဲဒီလို မြေလွတ် မြေလပ် မြေရိုင်း တွေမှာ တရားဝင် အသုံးပြုခွင့် ရချင်တယ် ဆိုရင်

မြေလွတ်မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထား ရယူနိုင်ပါတယ်။ ခွင့်ပြုချက်ရရင် နှစ်သုံးဆယ်အတွင်း သတ်မှတ်ကာလ အသုံးပြုခွင့်ရပါတယ်၊ ခွင့်ပြုချက်ရတဲ့ နှစ်အတွင်းမှာသတ်မှတ် စည်းကမ်း အတိုင်း လုပ်ခဲ့ရင် ငါးနှစ်အထက် ကြာတာနဲ့ တည်ငြိမ်တဲ့ အနေအထား ရောက်ပြီဆိုရင် ပိုင်ဆိုင်ခွင့် ပြောင်းလဲလို့ရပါတယ်၊ (ဥပမာ ပုံစံ ၇ ပြောင်းတာမျိုးပေါ့)၊ အဲလိုရပြီဆိုရင် အဲဒီမြေ ကိုယ်ပိုင်ပြီလေ၊ တရားဝင် ရထားဖို့ပဲ လိုတယ်၊ လျှောက်သာ လျှောက်၊ မြေနေရာအခြေအနေနဲ့ လုပ်ငန်းအပေါ်မူတည်ပြီး မြေဧက အနည်းအများ ချင့်ချိန်လျှောက်ပေါ့။ စိုက်ပျိုးရေး (စက်မှုကုန်ကြမ်းသီးနှံ) အတွက် ဧက ၃၀၀ အတွင်း၊ မွေးမြူရေး၊ ဓာတ်သတ္ထု လုပ်ငန်း ဧက ၅၀ အတွင်း၊ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး ဧက ၅၀ အတွင်း၊ အဲဒါတွေဆိုရင် ပြည်နယ်တိုင်းမှာတင် ပြီးတယ်၊ စိုက်ပျိုးရေး ဧက ၃၀၀ အထက်၊ မွေးမြူရေး၊ ဓာတ်သတ္ထု လုပ်ငန်း ဧက ၅၀ အထက်နဲ့ အခြားနည်းသုံးမယ်ဆိုရင်တော့ ဗဟိုထိ တင်ပြခွင့်ပြုချက် ယူရပါမယ်။ မြေများရင်ပိုကြာတာပေါ့။ ဧက ၃၀၀/၅၀ ဆိုနည်းလား၊ တစ်ပိုင် တစ်နိုင်ပေါ့။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့် အသုံးပြုခွင့်လိုချင်ရင်တော့ စိုက်ဖို့လား၊ မွေးမြူရေးလုပ်ဖို့လား၊ ဓာတ်သတ္ထု ထုတ်ဖို့လား၊ အခြားနည်း သုံးဖို့လား လေးခုရှိပါတယ်။ (အခြားနည်းဆိုတာ လယ်ယာမြေ အခြားနည်း မဟုတ်ပါ၊ မြေလွတ် မြေလပ် မြေရိုင်းမှာ အစိုးရက ခွင့်ပြုသော ဥပဒေနဲ့ညီတဲ့ လုပ်ငန်းလို့ ဆိုပါတယ်၊ အိမ်ဆောက်၊ ဆိုင်ဆောက်၊ စီးပွားရေးလုပ် စသည်ဖြင့်ပါတာပေါ့) မြေလွတ် မြေလပ် မြေရိုင်း လုပ်ကိုင်ခွင့် လိုချင်ရင်တော့...
(၁) ပြည်နယ်တိုင်းမြေစာရင်းရုံးမှာ လျှောက်လွှာ (ပုံစံ ၁) အခမဲ့သွားယူပါ။
(၂) လျောက်ထားသူရဲ့ အိမ်ထောင်စု ဇယားမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊
(၃) မြေပုံကြမ်းနှစ်ပုံ၊
(၄) လုပ်ငန်းစီမံချက်
(၅) ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက် (လိုလိုမယ်မယ် တစ်ခါထဲ ထည့်ပေးလိုက်) အဲဒါတွေစုံရင် ပြည်နယ်တိုင်းမြေစာရင်းရုံးကို တင်လိုက်ပါ။ သူတို့က စစ်ဆေးပြီး မြို့နယ် မြေစာရင်းကို အမှုတွဲဖွင့်ဖို့ ညွှန်ကြားပေးပါလိမ့်မယ်၊ ကန့်ကွက်လွှာ တစ်လခေါ်၊ လိုအပ်တာလုပ်ပါလိမ့်မယ်။ လျှောက်ချိန်ကနေ ခွင့်ပြုသည်အထိ အများဆုံးကြာရင် (၆) လပေါ့။ အများဆုံးနော်။ ဝါယမတော့ စိုက်၊ ငွေတော့ မစိုက်နဲ့၊ အကျင့်ပါတယ်၊ လျှောက်တဲ့နေရာမှာ အားလုံးပြည့်စုံမှ လျှောက်လို့ရတယ်။ ကိုယ်က လိုတာတွေ လုပ်ပေးရမယ့် အထဲမှာ မြေပုံနှစ်ပုံ (သို့) မြေပုံကြမ်းနှစ်ပုံက သက်ဆိုင်ရာ ကွင်းမြေတိုင်းစာရေးလက်မှတ်၊ တိုက်နယ် လက်ထောက်ဦးစီး လက်မှတ်၊ ဦးစီးမှူးလက်မှတ်၊ တံဆိပ်ခေါင်းတို့ ပြည့်ပြည့် စုံစုံပါရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကွင်းမြေတိုင်းစာရေးနဲ့ ညှိနှိုင်းဖို့ လိုပါတယ်။ သူစေတနာ ကောင်းရင် စီမံချက်ပါ ရေးဆွဲပေးပါ လိမ့်မယ်။ လုပ်ငန်းလုပ်ဆောင်မည့် စီမံချက်ကိုတော့ နားလည်သူ တစ်ဦးက ကူပြီးရေးပေးမှ ဖြစ်မယ်ထင်ပါတယ်။ နောက် မြေပုံကြမ်းကိုလည်း မြေတိုင်း စာရေးနဲ့ပဲ ရေးဆွဲရမှာပါ။ သူက လျှောက်ထားသူကို ကူညီပေးနိုင်မယ် ထင်ပါတယ်။ နောက်ထပ်လိုအပ်ချက်က နည်းဥပဒေ ၃၀ (က) မှာ ပါတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမူး ထောက်ခံချက်ပါ။ နောက်ဆုံး လိုအပ်ချက်တွေက သစ်တော၊ စိုက်ပျိုးရေး၊ ထွေအုပ် စသည်ဖြင့် ထောက်ခံချက် လိုအပ်တဲ့ ဌာနဆိုင်ရာ များရဲ့ ထောက်ခံချက်ပါ။ သူတို့ရဲ့ ထောက်ခံချက်က သူတို့ဌာနနဲ့ ဆိုင်တဲ့ မြေတွေမှာ မပါဝင်ကြောင်း၊ ကန့်ကွက်ရန် မရှိကြောင်းပေါ့၊ အခြားသော စက်စပ်ဌာနများ လိုအပ်ရင်လည်း ယူရပါမယ်၊ မြို့နယ် မြေစာရင်းက ဒါတွေပြည့်စုံပြီ ဆိုရင် အမှုတွဲကိုစာနဲ့ ပြည်နယ်/တိုင်း မြေစာရင်းရုံးကိုပို့ပါမယ်၊ ပြည်နယ်/တိုင်းမြေစာရင်းက အမှုတွဲကို ပြည့်စုံမှု ရှိ/မရှိ စီစစ်ပြီး ပြည့်စုံမှုရှိရင် တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့မှာတင်ပြ၊ ပြည်နယ်တိုင်းအစိုးရအဖွဲ့ကိုတင်ပြ ခွင့်ပြုချက်ယူပြီး သတ်မှတ် အခွန်ငွေသွင်း(နည်းနည်းပါ)ပြီး လုပ်ကိုင်ခွင့် ထုတ်ပေးပါတယ်၊ ငြင်းရင်လည်း ခွင့်မပြုကြောင်း သိရပါမယ်။ (ပြည်နယ်တိုင်းက ခွင့်မပြုနိုင်တဲ့ မြေဧကနဲ့ အခြားနည်းသုံးဖို့ ဆိုရင်တော့ ဗဟိုထိ ပြည်နယ်တိုင်း ထောက်ခံချင်တွေနဲ့ ဆက်တင်ပါမယ်) ခွင့်ပြုချက်ရရင် နှစ်စဉ် အခွန်ငွေ ပေးသွင်းရပါကြောင်း သိရှိနိုင်ရန် တင်ပြအပ်...။

(အသေးစိတ်ကတော့ ပုံ၊ ဥပဒေ၊ ပြင်ဆင်လိုက်တဲ့ ဥပဒေ၊ အခွန်ကောက်ခံရန် ညွှန်ကြားချက် တွေမှာကြည့်ပါ)

မြေလွတ်မြေလပ်မြေရိုင်းနဲ့ပတ်သက်လို့ ကြေငြာချက်လည်း ထုတ်ထားပါတယ်၊ လက်ရှိ အသုံးပြုနေသူတွေဖြစ်ရင် (၁၁-၉-၂၀၁၈) နေ့မှ (၆)လအတွင်း လျှောက်ထားဖို့၊ ခွင့်ပြုချက်မရှိပဲ မသုံးဖို့၊ ခွင့်ပြုချက်မရှိပဲ သုံးနေရင် ဥပဒေနဲ့ အရေးယူမယ်လို့ ကြေငြာထားပါတယ်။ ဥပဒေနဲ့အညီ ပြည့်ပြည့်စုံစုံ လျှောက်ရဲ့ သားနဲ့ ရစ်နေရင်၊ လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း မလာရင် ကိုယ့်တာဝန် မဟုတ်တော့ဘူး၊ သူတို့ကြာနေတာ။ သူတို့တာဝန်ပဲ။
Crd

🙏 မဂ်လာပါလူကြီးမင်း 🙏 ihouse ကကြိုဆိုပါတယ်🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ**********************************...
28/01/2022

🙏 မဂ်လာပါလူကြီးမင်း
🙏 ihouse ကကြိုဆိုပါတယ်
🙏နေပြည်တော်အိမ်/ခြံ/မြေသတင်းကောင်းတင်ပြပါရစေ
*************************************************

80´×80´🏡🏡🏡🏡 (530) သိန်း
*******************************

☺️ပိုင်ဆိုင်မှု - နေပြည်တော်စည်ပင်သာယာရေးကော်မတီ ☺️ နှစ်(၃၀) မြေငှါးဂရမ်စာချုပ် ( Lease)

☺️အကျယ်အဝန်း- 80*80

☺️ihouse ID- P0052
☺️နေပြည်တော်
☺️အရပ်ပုဗ္ဗသီရိ
☺️ရတနာဒီပရပ်ကွက်
☺️သံလွင်လမ်းမလမ်းမဒဲ့ပေါက်
☺️သစ်ခွလမ်းနှင့် မြစ်ငယ် ၆ လမ်း ဆုံ
☺️ကျောင်းအနီး/ဆေးရုံအနီး
☺️အရှေ့လှည့်နှင့်
☺️အုတ်တံတိုင်း/ တိုက်အိမ်ပါ
☺️ပိုင်ရှင်တိုက်ရိုက်

*****************************************************

☺️တိကျမှန်ကန်သောစာရွက်စာတမ်းပါမြေကွက်အား စျေးနှုန်းချိုသာစွာလူကြီးမင်းတို့ထံ ရောင်းချပေးပါမည်

☺️၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေ

🗺Location🧭
**************
Dropped pin
https://goo.gl/maps/k6Ssrn5Wf2emtwgj8

☎️Contacts☎️
***************
iHouse
အမှတ်(၁၂၃)
ဘောဂဒီပရပ်ကွက်၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့၊ နေပြည်တော်
09790799999

25/01/2022

Address

Naypyidaw

Telephone

+959790799999

Website

Alerts

Be the first to know and let us send you an email when ihouse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category