Naing Burmese Surveyor

Naing Burmese Surveyor Sharing about of civil 3D & Land Surveying.

  Surveyor
11/12/2024

Surveyor

ကျွန်တော် ကျင်လည်ခဲ့ဖူးသော Construction က Surveyor များ ဘဝ အချိန်ရခဲ့ရင် စာလေး တစ်ကြောင်းလောက်ဖြစ်ဖြစ် တော့ စီကာကုံးကာ န...
16/09/2023

ကျွန်တော် ကျင်လည်ခဲ့ဖူးသော
Construction က Surveyor များ ဘဝ

အချိန်ရခဲ့ရင် စာလေး တစ်ကြောင်းလောက်ဖြစ်ဖြစ် တော့
စီကာကုံးကာ နဲ့ ရေးလိုက်ချင်ပါသေးတယ်

ဘယ်လို ဖြတ်သန်းကြရလဲ ဆိုတာထက်
ဘယ်လိုဖြေရှင်းကြရလဲ ဆိုတာပိုလေးနက်ပါတယ်

ဘယ်လိုပွိုင့်ပေးကြလဲဆိုတာထက်
ဒီပွိုင့်တွေရဲ့ တိကျမှု့ အကောင်းဆုံးဖြစ်ဖို့က အရေးကြီးပါတယ်

ကြန့်ကြာမှု့ တစ်ခုရဲ့ နောက်ကွယ်က ထွက်ပေါ်လာမယ့် ရလာဒ် က
အကောင်းဆုံးဆိုတဲ့အရာတစ်ခုကိုဖန်တီးပေးနိုင်ဖို့ကြိုးစားပါ

အချိန်ရရင်တော့ဆက်ပါ့ဦးမယ်.................

17/11/2022
05/11/2022
  တွေကိုစျေးမဆစ်ပါနဲ့...ကောင်းမွန်တဲ့ service လိုချင်ရင်အရည်အသွေးမှီတဲ့ product ကိုလိုချင်ရင်တန်ရာတန်ကြေးပေးပါ။  တွေကိုအ...
15/10/2022

တွေကိုစျေးမဆစ်ပါနဲ့...
ကောင်းမွန်တဲ့ service လိုချင်ရင်
အရည်အသွေးမှီတဲ့ product ကိုလိုချင်ရင်
တန်ရာတန်ကြေးပေးပါ။

တွေကိုအချောင်မနှိုက်ပါနှင့်...
လိုချင်တာကကျွမ်းကျင်မှု
ရချင်တာက အကောင်းစား standard
ပေးတာက သူခိုးစျေးဆိုရင်
မျှတပါ့မလား?

Professional တွေကိုအညွန့်မချိုးပါနှင့်
သင်မတန်ဘူးလို့ယူဆရင် မပက်သက်ပါနှင့်
မဝယ်ပါနှင့် မခေါ်ပါနှင့်
တတ်နိုင်သောသူ
လုပ်အားကိုယုံကြည်သောသူကဝယ်ပါလိမ့်မည်
တန်ဖိုးတစ်ခုကို သတ်မှတ်သူမှာ
ထိုတန်ဖိုးကိုအမှန်တကယ်နားလည်သူသာဖြစ်သည်

Professional တွေကို လူကြားထဲ လူပုံအလယ် အရှက်ခွဲတာ ပြောဆိုကျိန်းမောင်းတာမျိုးတွေ မလုပ်ပါနဲ့
သူတို့ဟာ သက်ဆိုင်ရာနယ်ပယ်မှာ တတ်ကျွမ်းကြသူတွေမို့ ပညာရှိအမျက်အပြင်မထွက်ပေမယ့် ခံစားရခက်တယ်ဆိုတာတော့ သိထားသင့်တယ်

သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ပညာရှင်တွေ
ကိုယ့်လုပ်အားကိုယ်ပြန်မရကြတဲ့အခါ...
ကိုယ့်ပညာကို စျေးနှိမ်ခံရပါများတဲ့အခါ...
လုပ်အားတန်ဖိုးကို နားမလည်သူတွေများလာတဲ့အခါ...
Professional သမားတွေရဲ့မာနတွေ
ကြိမ်ဖန်များစွာထိပါးခံလာရတဲ့အခါ....
ဘာတွေဖြစ်လာကြသလဲ?

ဟုတ်ကဲ့
●ပေါချောင်ကောင်းတွေများလာပါတယ်
●တနှပ်စားသမားတွေများလာတယ်
●အကြံအဖန်သမားတွေနေရာရလာကြတယ်
●ဘယ်ဟာပညာရှင်
ဘယ်ဟာကတက်ယောင်ကား မသဲကွဲတော့ဘူး
●သိက္ခာကိုငွေကြေးနဲ့ ခပ်လွယ်လွယ်ရောင်းပြီး
ထမင်းဖိုးရှာတဲ့လူတွေများလာတယ်
●Service တွေဟာ မမှန်ကန်တော့ဘူး
●Product တွေဟာ အရည်အသွေးကျလာတယ်
●'တန်ဖိုး' တွေ 'ယုံကြည်မှု' တွေ
ပျောက်ဆုံးကုန်တယ်
●အလုပ်တစ်ခုကို လုပ်တဲ့သူတွေများလာတယ်
●ဦးနှောက်ဖောက်စားသူတွေ
ပေါ်တင်လိမ်တဲ့သူခိုးတွေပေါလာတယ်
●Creation တွေဟာ
ဆင်တူယိုးမှားတွေများလာတယ်
●ပညာရှင်ပါလို့မရှက်မကြောက်ပြောရဲတဲ့သူတွေ
များလာတယ်

ဒါပေမယ့်
စျေးနှုန်းတွေဟာ ပလက်ဖောင်းပေါ်ရောက်လုမတက်ပေါလာတယ်

ဒါ့ကြောင့်
တန်ရာတန်ကြေးပေးပါ
မတက်နိုင်ရင် မသုံးပါနဲ့ မခေါ်ပါနဲ့

လုပ်အားတန်ဖိုး အစစ်အမှန်ကိုလေးစားပါ
နေရာတိုင်းမှာရှိတဲ့ ပညာရှင်တွေကိုတန်ဖိုးထားပါ

အတုအယောင်ကမ္ဘာကြီးထဲကနေ
အလိမ်အညာပေါချောင်ကောင်းတွေကို
ဖယ်ရှားချင်တဲ့စိတ်လေး
ရှိသေးတယ်ဆိုရင်ပေါ့...

with love,
Credit to - Min Yel Kyaw Swar💙

12လက်မ = 1 ပေ3ပေ = 1 ကိုက်22 ကိုက် = 1 သံကြိုး10 သံကြိုး = 1 ဖာလုံ8ဖာလုံ =1 မိုင်16 အောင်စ = 1 ပေါင်14 ပေါင် = 1 စတုန်2 ...
07/10/2022

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကြာတ
4 ကြာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန္လုံး
၄ ဆန္လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခြဲ
၂ခြဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လကျမ
F = 1.8 C+32 (F to C)
K =C +273 (K to C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗေပ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1ft3 = 6.24 Gallons
1 Gallons = 2 viss ( ပိသာ )
1 CWT = 31.11 viss
1 lb = 0.278 viss
Water 1 Gallon = 8.34 lbs
Glue 1 Gallon = 10 .70 lbs
1 Inch = 2.54 centimeter
1cm = 0. 3937 inch
1 ft = 0.3048 meter
1m = 3.28 ft
1m2 = 10.80 ft2
1 yard ( ကိုက် ) =0.9144 m
1m = 1.0940 yards
1 mile = 1. 6090 km
1 km = 0. 6214 mile
1 Gallon =4. 54 liters
1 liter = 0.22 Gallon
1 ounces = 28.53 grams
1 grams = 0.0352 ounce
1 kg = 2.2 lb
1lb = 0.4536 kg
၁ ကျပ်သား = ၁၆ . ၃၂၉၃ ဂရမ်

၁ကျင်း=၁၀၀ ကုဗေပ
အလ်ားအနံအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1ton = 50 cft
အသား ၅၀ ကုဗပေက်ို တစ်တန်ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ ဗြက် ၂၀ လက်မ အရှည် ၁၈ ပေ
( သို့ )
၄၀၀ လက်မ အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်
( ကျသင့်ငွေ = ထုဗြက်အရှည်1တန္တန္ဖိုးအချောင်းရေ 7200)
ဥပမာ 1တန် 720000 ဖြင့် 4"2" အရှည် 9 ပေအချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ= 429720000507200ကျပ်
=360000ကျပ်
၁ဧက = ၄၃၅၆၀ စတုရန်းပေ
၁ဧကရှိသော စတုရန်းပုံအနားတစ်ဖက်=
၂၀၈.၇၁ပေ ( ၂၀၉ )
၁ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄
ပေ ( ၈၄၆ )
မြေဧကဖွဲ့နည်း တွက်နည်းနှင့် စိုက်ပျိူးပင် တွက်နည်း
======================
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း = လ်ား ၂၀၈.၇၁ ပေ နံ ၂၀၈.၇၁ ပေ
နှစ်နားညီ စတုဂံ = လ်ားနံ 43560
နှစ်နားညီတြာဗီဇီယံ= ပြိူင်နား နှစ်ခုပေါင်း ၂ နံ
43560
တြိဂံ = ၀.၅အခြေအမြင့် 43560
တြိဂံ =1/2 အခြေအမြင့် 43560
ထောင့်မှန်တြိဂံ - အခြေအမြင့် = ရလာဒ်၂43560
စက်ဝိုင်း - အချင်းဝက်အချင်းဝက်3.141643560
စက်ဝိုင်း - အချင်း အချင်း.၇၈၅၄
၀.၇၈၅၄ သည်ပိုင်ကိန်း ၃.၁၄၁၆ကို ( အနားလေးဖက် ) ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်သည်။
အနား၅မျက်နှာ ၆မျက်နှာနှင့်အနားများစွာ =စတုဂံ
စတုရန်း
တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အ၀န်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိူးရေး စာအုပ်မှ......)
(A)လ်ားနံ ရွိ စိုက်ပင် အေရအတြက္ကို မြှောက်။
(B) ခြံကွက်၏ လ်ား နံ မြောက်ကိန်း ပင်ခြား ကွာဝေး မြှောက်ကိန်း
မြေကွက် လ်ား ၃၀၀ နံ၂၀၀ = ၆၀၀၀၀ စတူရန်းပေ
သစ်ပင် ၁၂ပေခြားစိုက်လျှင် ၁၂ ၁၂= ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ . ၁၅ = ၆၂
၄၁၆ +၆၂ = ၄၇၈ ပင်
( C ) ဧကပြည့်( ၁ ) ဧကတွက်လျှင်
စိုက်ပင်အကွာအဝေးနှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်အကွာအဝေး ၁၉ ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ . ၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

# crd

Names of bridge components Photo
06/10/2022

Names of bridge components

Photo

Good Idea
01/08/2022

Good Idea

20/06/2022

LSP application လေးတွေ တော်တော်များများသုံးဖူးကြမှာပါ။ Surveyors အတွက်လည်း အသုံးဝင်သလို Autocad သုံးတဲ့သူမှန်သမျှ လည်း အသုံးဝင်ပါတယ်။Surveyor အများစုသုံးနေတာက COL , ECC တခြား lsp တွေလည်း အများပြားသုံးနေကြပါတယ်။အခု ပေးထားတဲ့ link မှာတော့ LSP အမျိုးစားပေါင်း 600 ကျော်ပါဝင်ပါတယ်။

Download လုပ်ပြီး self study လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

https://u.pcloud.link/publink/show?code=kZQG7pXZIbPP0kiwz4ulUl1qIGb1cuSuQFS7

Bored Pile Drilling Sheet Pile Driving 09441765737Survey လုပ်ငန်းမှန်သမျှ လက်ခံဆောင်ရွက်ပါသည်
22/03/2022

Bored Pile Drilling

Sheet Pile Driving

09441765737

Survey လုပ်ငန်းမှန်သမျှ လက်ခံဆောင်ရွက်ပါသည်

လုပ်ငန်းရှင်မိဘပြည်သူများခင်ဗျာ ကျနော့ဆီမှာ လူကြီးမင်းတို့ ၏၁/ အိမ်ခြံယာမြေတိုင်းတာခြင်း(အိမ်ခြံယာမြေအကျယ်အဝန်းမြေပြင်အန...
18/01/2022

လုပ်ငန်းရှင်မိဘပြည်သူများခင်ဗျာ

ကျနော့ဆီမှာ

လူကြီးမင်းတို့ ၏

၁/ အိမ်ခြံယာမြေတိုင်းတာခြင်း
(အိမ်ခြံယာမြေအကျယ်အဝန်းမြေပြင်အနိမ့်အမြင့်)

ခေတ်စားနေသော ခြံမြေ လယ်မြေယာမြေများအား
အကွက်ဖော်ပေးခြင်း

၂/လမ်းလုပ်ငန်းတိုင်းတာခြင်း

ကျေးလက်လမ်း မြို့တွင်းလမ်း
လမ်းအမျိုးမျိုးကို တိုင်းတာပေးခြင်း

လမ်းဒီဇိုင်းဆွဲပေးခြင်း
Profile Section များရေးဆွဲပေးခြင်း

မြေပြင်တွင် သေချာ တိကျစွာတိုင်းတာပြီး
ဒီဇိုင်း ထုတ်ကာ ဒီဇိုင်း အတိုင်း Alignment များပေးခြင်း
Level များ ပေးခြင်း

၃/အဆောက်အဦး တိုင်းတာခြင်း

ပတ်တန်းရိုက်ခြင်း
Column points များ ပေးခြင်း
Grid Line များရိုက် ပေးခြင်း

Survey နှင့်သက်ဆိုင်သော လုပ်ငန်းများအား
ယုံကြည်စိတ်ချရစွာဖြင့်
လာရောက်အပ်နှံနိုင်ပါတယ်ခင်ဗျာ

ကျနော်တို့မှ တာဝန်ယူကာ မြန်ဆန်တိကျစွာဖြင့်
လူကြီးမင်းတို့ လုပ်ငန်း ပိုမိုတိကျရေး ဦးစားပေးကာ
ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်ခင်ဗျာ

ဆက်သွယ်စုံစမ်းလိုပါက
ဖုန်း 📞📞09797140745
09980721446
09899782812

Pilling လုပ်ငန်းအကြောင်းသိကောင်းစရာ မူရင်းတင်သူအား crd ပေးပါတယ် နောက်ရက်မှာမှ Pilling လုပ်ငန်းမှ Survey လုပ်ငန်းစဉ်များအ...
18/01/2022

Pilling လုပ်ငန်းအကြောင်းသိကောင်းစရာ
မူရင်းတင်သူအား crd ပေးပါတယ်

နောက်ရက်မှာမှ
Pilling လုပ်ငန်းမှ Survey
လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာလေးတွေ တင်ပေးပါမယ်
ဗဟုသုတ အနေနဲ့
ဒီပိုစ့်လေးကိုမျှဝေပေးလိုက်ပါတယ်

Pushed Pile (or) Pressed Pile
>>...............Side Piling ................

Pile စက်တစ်စက်တွင်အနေအထားနှစ်မျိုးဖြင့် Pile ရိုက်ခြင်းကို ဆောင်ရွက်နိုင်ရန် ပါရှိပါသည်။ ၄င်းနှစ်မျိုးကိုပင် Center Piling နှင့် Side Piling ဟု ခေါ်ပါသည်။ သာမန် Pile စက်တစ်စက် လွယ်ကူစွာ သွားလာနိုင်ရန် လုံလောက်သော အကျယ်အဝန်းရှိသော နေရာများတွင် Center Piling ကို အသုံးပြု၍ လုံလောက်သောအကျယ်အဝန်းမရှိသောနေရာများ ( အထူးသဖြင့် Long Ship ဟုခေါ်သော Pile စက်ခြေထောက်နဲ့ ခြံဝင်းတံတိုင်းများ၊ Septic Tank များ၊ အခြားအဆောက်အဦးများနဲ့ မလွတ်သော အခြေအနေများ ) တွင် Side Piling ကို အသုံးပြုပါသည်။
(*** Pile စက်အစိတ်အပိုင်းများ၏ အခေါ်အဝေါ်များကို ပုံ Label တွင်ကြည့်ပါ။ )
Center Piling နှင့် Side Piling တို့၏ အဓိကကွာခြားချက်ကို အလွယ်တကူမြင်နိုင်ပါသည်။ Center Piling တွင် Clamping Box မှာ Pile စက်၏ Center မှာ ရှိနေခြင်း၊ Counterweight တုံးများမှာလည်း Pile စက်Clamping Box ၏ ပတ်ချာလည်တွင် မျှတစွာရှိနေခြင်းကြောင့် လိုအပ်သော Pressure ရရှိရန် Pile ရိုက်ရာတွင် လွယ်ကူစွာ ရိုက်နိုင်ပါသည်။ Side Piling တွင်မူ Clamping Box မှာ Pile စက်၏ အနောက်ပိုင်း ( Back Side ) တွင်နေရာချထားခြင်း၊ Counterweight တုံးများမှာလည်း Cantilever Beam ပေါ်တွင် တင်ထားရခြင်းကြောင့်လိုအပ်သော Pressure ...နောက်တစ်နည်းပြာရရင် လိုအပ်သော tons ရရှိရန်အတွက် မှန်ကန်သော Counterweight တင်ထားမှ ရမှာပါ။ ရိုက်ရမယ့် Tons ကများပြီ တင်ထားတဲ့ Counterweight ကနည်းနေရင်လည်းကောင်း၊ ရိုက်ရာတွင် စိတ်လောကြီးလျှင်လည်းကောင်း မြေကြီး၏ပင့်အားကြောင့် Side Piling Frame ကို လှန်ချိုးသလို ဖြစ်တတ်သော အန္တရာယ်ရှိပါသည်။ Clamping Box နဲ့ Pressure ပေးသော Cylinder များမှာ ဒီစက်မှ ဒီပစ္စည်းများသာ ဖြစ်သဖြင့် Center Piling နှင့့်ကွာခြားမှုမရှိပါ။Cylinder မှ Pressure အပြည့်ရိုက်ပေးနိုင်ပါသည်။ သို့သော် Side Piling မှာ Main Piling ရဲ့ 60% to 70% ထိသာ ရိုက်နိုင်လေ့ရှိပါတယ်။ ဥပမာ... စက်မှ 460 tons ရိုက်နိုင်သော်လည်း Side Piling အတွက်မူ 276tons ခန့်သာ ရိုက်နိုင်လေ့ရှိပါသည်။ အထက်က ပြောခဲ့သလို Pile စက်၏ Side Piling အတွက် body တည်ဆောက်ပုံအရလည်းကောင်း၊ Pile စက်မပျက်စီးစေရန် cover ယူထားခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပါသည်။ အဓိက အချက်မှာ မှန်ကန်သော Counterweight ရှိစေရန်နှင့် Pressure မပြည့်မီ ရိုက်လိုက်သော Pile မှာ ဆက်မဆင်းတော့ပဲ ရပ်နေပြီဆိုလျှင် အတင်းဆက်မရိုက်ပဲ ခေတ္တစောင့်ဆိုင်းပြီးမှ အခြေအနေကိုကြည့်ပြီး ဆောင်ရွက်ရပါမည်။ ထိုအခြေအနေတွင် မြေလွှာအတွင်း၌ ကျောက်လွှာနှင့်တွေ့နေသလား၊ သို့မဟုတ် တခါတရံ ဘေးမှ Pile Points မြောက်မြားစွာ ရိုက်ထားခြင်းကြောင့် မြေသားများကြပ်ပြီး Pile မဆင်းတာလား....စသည်ဖြင့် သေချာစွာ စဉ်းစားပြီး ခေတ္တစောင့့်ကြည့်ရပါမည်။ Pile Driver အများစုမှာ ကျွမ်းကျင်ကျပြီး တခါတရံ သူများအဆောက်အဦးနှင့် ကပ်နေသော နေရာများတွင်လည်းကောင်း၊ အထက်ဖော်ပြပါ အခြေအနေများတွင်လည်းကောင်း စိတ်မလောစေရန် သတိပေးရပါမည်။
အထက်တွင် မပြောပဲ ထားခဲ့တာ တစ်ခုရှိပါသေးတယ်။ Corner Piling ပါ။ Side Piling နဲ့ Corner Piling Work တွေကို Side Piling နဲ့ပဲ ရိုက်ပါတယ်။ ထပ်ချဲ ့ပြောရရင်တော့ Side Piling ဆိုတာ ခြံအုတ်တံတိုင်းတလျှောက် Pile ရိုက်တာမျိုးဖြစ်ပြီး Corner Piling ကတော့ တံတိုင်းနှစ်ခုဆုံတဲ့ ထောင့်ဆုံနေရာမျိုးမှာ Pile ရိုက်တာမျိုးပါ။
Side Piling or Corner Piling ရိုက်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Pile စက်က နေရာလွတ် (Space) ဘယ်လောက်ကျန်ရင် ရိုက်လို့ရမလဲဆိုတာ သိရပါမယ်။ အဲဒါကိုလဲ Pile စက်ရဲ့ Mannual ထဲမှာ ကြည့်နိုင်သလို၊ On Site မှာ အပြင်မှာရှိတဲ့ စက်ကြီးကို တိုင်းတာကြည့်လျှင်လည်း အလွယ်တကူသိနိုင်ပါတယ်။ပျမ်းမျှအနေနဲ့ Pile စက်အမျိုးအစားပေါ်တည်၍ အခြားအဆောက်အဦးများနှင့့်....ဥပမာ ခြံဝင်းတံတိုင်းမှ 1.5' မှ 3.5' အကွာအထိ Pile ရိုက်နိုင်ပါသည်။ ***ပုံကိုကြည့်ပါ။
Pile စက်မှာအသုံးပြုတဲ့ Counterweight က Cast Iron Counterweight နဲ့ Barite Counterweight ဆိုပြီး နှစ်မျိုးရှိပါတယ်။ Cast Iron Counterweight က 6800 Kg/m^3 အလေးချိန်ရှိပြီး Barite က 3800 Kg/m^3 လေးပါတယ်။ On Site မှာတော့ Counterweight ကို အဆင်ပြေသလိုအသုံးပြုကြပါတယ်။ *** ပုံမှာ ကြည့်နိုင်ပါတယ်။
Side Piling/Corner Piling ရဲ့ အနှစ်ချုပ်ကလည်းနှစ်ချက်တည်းပါပဲ။ ကိုယ့်စက်ရဲ့ ရိုက်နိုင်တဲ့ Pressure နဲ့ Space ကို သိရပါမယ်။ဒါပါပဲ။
တကယ်တော့ Pile ရိုက်ခြင်းလုပ်ငန်းတွင် Main Con ရဲ့ Engineer များ Supervisor များက Design ပေး၊ Pressureမှတ်၊ အခြားလိုအပ်သည်များကို ပံ့ပိုးပေးပြီး Pile အဖွဲ့ကပဲ Pile ရိုက်မည်ဟု မတွေးစေလိုပါ။ Pile အဖွဲ့က သူ့စက်၊ သူ့လူနဲ့ ရိုက်မှာဖြစ်ပေမယ့် ကြီးကြပ်မယ့် အင်ဂျင်နီယာက ဒီအချက်တွေကို သိမှသာ မှန်ကန်သောကြီးကြပ်ညွှန်ကြားမှုကို ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကိုယ့် Site ရဲ့ ဘယ်အပိုင်းကတော့ Side Piling နဲ့ ရိုက်ရမှာဖြစ်တဲ့အတွက် ဘယ်အပိုင်းကိုတော့အရင်ပြီးအောင်လုပ်မယ်၊ ဘယ်အပိုင်းပြီး ဘယ်အပိုင်းလုပ်မယ် စသည်ဖြင့် မှန်ကန်သောဆုံးဖြတ်မှုက်ို ပြုနိုင်မှာပါ။
နောက်ဆုံးတစ်ချက်ကတော့ Hydraulic Static Pile Driver စက်တွေဟာ Square Column ရော Round or Circular Column တွေပါ ရိုက်ပေးနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ထားလျှက်............
Chit Mg
8.5.2016

Photo_2019

Address

11-Quarter, 1st
Pakokku

Website

Alerts

Be the first to know and let us send you an email when Naing Burmese Surveyor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category