23/01/2021
ကိုဗစ်ကာကွယ်ဆေး (၁၅)သိန်း မနက်ဖန် ရောက်ရှိမည် ဖြစ်ပြီး တစ်ပတ်အတွင်း စတင်ထိုးနှံမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
မောင်မင်းမော်၊ ဇန်နဝါရီ- ၂၁
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါကာကွယ်ဆေး (၁၅)သိန်း မြန်မာနိုင်ငံသို့ မနက်ဖန် ဇန်နဝါရီ(၂၂)ရက်တွင် စတင် ရောက်ရှိမည်ဖြစ်ပြီး တစ်ပတ်အတွင်း စတင်ထိုးနှံရန် စီစဉ်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"သတင်းကောင်းပေးရမယ်ဆိုရင် မနက်ဖန် ၂၂ရက်နေ့မှာ ကျွန်မတို့ ပထမဦးဆုံး ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ယနေ့ည (၈)နာရီတွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ပြောသည်။
လူတစ်ဦးလျှင် ဆေးနှစ်ကြိမ် ထိုးရမည်ဖြစ်၍ မနက်ဖန် ရောက်ရှိမည့် ကာကွယ်ဆေး (၁၅)သိန်းသည် လူခုနှ်သိန်းခွဲစာအတွက် ဖြစ်ပြီး ပထမအကြိမ် ထိုးပြီး၍ (၂၈)ရက်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း သေချာထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း စီစဉ်ထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကိုဗစ် ကာကွယ်ဆေးကို ပထမ ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများကို ထိုးပေးမည်ဖြစ်ပြီး ၎င်းကိုယ်တိုင် အပါအဝင် အဓိကကျသည့် အစိုးရဝန်ထမ်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပထမဦးစားပေး ကာကွယ်ဆေးထိုးပေးမည့် အုပ်စုတွင် ထည့်သွင်းထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မနက်ဖန် ကာကွယ်ဆေး (၁၅)သိန်း စတင်ရောက်ရှိပြီး နောက်တစ်ပတ်အကြာတွင်လည်း ကာကွယ်ဆေးများ ထပ်မံ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး ဦးစားပေးအဆင့်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးခွင့် ရသူများအနေဖြင့်လည်း ဒုတိယအကြိမ် မထိုးရသေးမီ ရောဂါ မကူးစက်အောင် ဂရုစိုက်နေထိုင်ရမည် ဖြစ်ကြောင်း၊ ထိုးနှံပြီးပါကလည်း ကာကွယ်ဆေး၏ အာနိသင် မည်မျှထိရှိသည်ကို မသိနိုင်သေးသဖြင့် ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
Oxford တက္ကသိုလ်မှ တီထွင်ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute of India မှ တဆင့် ထုတ်လုပ်ရောင်းချသည့် COVISHIELD အမည်ရ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ သန်း(၃၀)ကို ဝယ်ယူထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း(၁၅၀) ကုန်ကျမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးဝယ်ယူစရိတ်ကို နှစ်ရစ်ခွဲကာ လွှဲပေးရမည် ဖြစ်ပြီး ထက်ဝက်ဖြစ်သော ဒေါ်လာ (၇၅)သန်းကို ဇန်နဝါရီ(၁၄)ရက် နောက်ဆုံးထား လွှဲပေးရမည် ဖြစ်ကာ ကျန်သည့် ဒေါ်လာ (၇၅)သန်းကို မြန်မာနိုင်ငံသို့ ကာကွယ်ဆေး (၁၀)သန်း ရောက်ရှိပြီး ပထမဆုံး ရုံးဖွင့်ရက်တွင် လွှဲအပ်ပေးရမည် ဖြစ်သည်ဟု နိုုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
COVISHIELD ကာကွယ်ဆေးသည် ဆေးသိုလှောင်ထားရှိရန် အလွန်အမင်းအေးခဲရန် မလိုအပ်ဘဲ အနည်းငယ်အေးသော အပူချိန်တွင် ထားရှိနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသဖြင့် ယင်းဆေးကို ဝယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်း (၁၁၀,၀၀၀)ကျော် ရှိသည်ဟု သမ္မတရုံးက ဆိုသည်။
https://www.facebook.com/mandalayindepthnews
-19 #ကာကွယ်ဆေး
ကိုဗစ်ကာကွယ်ဆေး (၁၅)သိန်း မနက်ဖန် ရောက်ရှိမည် ဖြစ်ပြီး တစ်ပတ်အတွင်း စတင်ထိုးနှံမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
မောင်မင်းမော်၊ ဇန်နဝါရီ- ၂၁
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါကာကွယ်ဆေး (၁၅)သိန်း မြန်မာနိုင်ငံသို့ မနက်ဖန် ဇန်နဝါရီ(၂၂)ရက်တွင် စတင် ရောက်ရှိမည်ဖြစ်ပြီး တစ်ပတ်အတွင်း စတင်ထိုးနှံရန် စီစဉ်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"သတင်းကောင်းပေးရမယ်ဆိုရင် မနက်ဖန် ၂၂ရက်နေ့မှာ ကျွန်မတို့ ပထမဦးဆုံး ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ယနေ့ည (၈)နာရီတွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ပြောသည်။
လူတစ်ဦးလျှင် ဆေးနှစ်ကြိမ် ထိုးရမည်ဖြစ်၍ မနက်ဖန် ရောက်ရှိမည့် ကာကွယ်ဆေး (၁၅)သိန်းသည် လူခုန်ှသိန်းခွဲစာအတွက် ဖြစ်ပြီး ပထမအကြိမ် ထိုးပြီး၍ (၂၈)ရက်ကြာလျှင် ဒုတိယအကြိမ် ထပ်မံထိုးရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း သေချာထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း စီစဉ်ထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကိုဗစ် ကာကွယ်ဆေးကို ပထမ ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများကို ထိုးပေးမည်ဖြစ်ပြီး ၎င်းကိုယ်တိုင် အပါအ၀င် အဓိကကျသည့် အစိုးရဝန်ထမ်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပထမဦးစားပေး ကာကွယ်ဆေးထိုးပေးမည့် အုပ်စုတွင် ထည့်သွင်းထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
မနက်ဖန် ကာကွယ်ဆေး (၁၅)သိန်း စတင်ရောက်ရှိပြီး နောက်တစ်ပတ်အကြာတွင်လည်း ကာကွယ်ဆေးများ ထပ်မံ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး ဦးစားပေးအဆင့်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးခွင့် ရသူများအနေဖြင့်လည်း ဒုတိယအကြိမ် မထိုးရသေးမီ ရောဂါ မကူးစက်အောင် ဂရုစိုက်နေထိုင်ရမည် ဖြစ်ကြောင်း၊ ထိုးနှံပြီးပါကလည်း ကာကွယ်ဆေး၏ အာနိသင် မည်မျှထိရှိသည်ကို မသိနိုင်သေးသဖြင့် ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
Oxford တက္ကသိုလ်မှ တီထွင်ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute of India မှ တဆင့် ထုတ်လုပ်ရောင်းချသည့် COVISHIELD အမည်ရ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ သန်း(၃၀)ကို ၀ယ်ယူထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း(၁၅၀) ကုန်ကျမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး၀ယ်ယူစရိတ်ကို နှစ်ရစ်ခွဲကာ လွှဲပေးရမည် ဖြစ်ပြီး ထက်၀က်ဖြစ်သော ဒေါ်လာ (၇၅)သန်းကို ဇန်နဝါရီ(၁၄)ရက် နောက်ဆုံးထား လွှဲပေးရမည် ဖြစ်ကာ ကျန်သည့် ဒေါ်လာ (၇၅)သန်းကို မြန်မာနိုင်ငံသို့ ကာကွယ်ဆေး (၁၀)သန်း ရောက်ရှိပြီး ပထမဆုံး ရုံးဖွင့်ရက်တွင် လွှဲအပ်ပေးရမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
COVISHIELD ကာကွယ်ဆေးသည် ဆေးသိုလှောင်ထားရှိရန် အလွန်အမင်းအေးခဲရန် မလိုအပ်ဘဲ အနည်းငယ်အေးသော အပူချိန်တွင် ထားရှိနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီသဖြင့် ယင်းဆေးကို ၀ယ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ကျန်းမာရေး၀န်ထမ်း (၁၁၀,၀၀၀)ကျော် ရှိသည်ဟု သမ္မတရုံးက ဆိုသည်။
https://www.facebook.com/mandalayindepthnews
-19 #ကာကွယ်ဆေး
"Real Voice of the Mandalay"
မန္တလေးအကြောင်း အထူးပြုတင်ဆက်နေတဲ့ မန္တလေးအခြေစိုက် သတင်းဌာန။