24/04/2024
ကျောက်ကပ်ရောဂါက ကြောက်စရာကောင်းလား⁉
ဖြစ်လာရင် ငွေကြေးပြည့်စုံသူတွေအတွက် အသက်နဲနဲဆွဲဆန့်နိုင်ပေမဲ့ ငွေကြေး မတတ်နိုင်သူတွေတွက်ကတော့ ဖြစ်လာရင် အသက်ဆုံးရှုံးရုံကလွဲလို့ မရှိ ❌
အကျဥ်းချုံးအနေနဲ့ ရှင်းပြပေးပါမယ်နော်
ကျောက်ကပ်ရောဂါဖြစ်လာပြီဆိုရင် ကျောက်ကပ်ကို Haemodialysis လို့ခေါ်တဲ့ ကျောက်ကပ်ဆေးခြင်းနဲ့ ကုသရပါတယ် (အဆုံးရွားဆုံးဖြစ်လာရင်တော့ ကျောက်ကပ်အစားထိုးကုသကြပါတယ် သို့ပေမဲ့ မြန်မာနိုင်ငံမှာတော့ မရနိင်သေးပါ နိုင်ငံခြားမှာတောင်မှာ Booking လုပ်ပြီးစောင့်ရတယ်လို့ သိထားဖူးပါတယ်)
ကျောက်ကပ်တစ်ခါဆေးရင် ကုန်ကျစရိတ်က တစ်ကြိမ်ဆေးခ ၅သောင်း ၆သောင်းဝန်းကျင် ကျောက်ကပ်ရဲ့ အခြေနေအရ တပတ်တခါသော်၎င်း တပတ်၂ခါသော်၎င်း ဆေးရပါတယ် (၁ ပတ်တစ်ခါနဲ့ပဲတွက်ရင်ကို ၁ လ ၂ သိန်းကျော် ဘယ်နလ ဘယ်နနှစ်ဆေးရမယ်ဆိုတာ မသိနိုင်)
ဒါကြောင့် မိမိရဲ့ ကျောက်ကပ်လေးတွေကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းရင်းနဲ့ ဘယ်လိုပြုမှုနေထိုင်သင့်လဲဆိုတာလေး ပြောပြပါမယ်နော် 🤗
💠 ကျောက်ကပ်ကျန်းမာရန်လိုက်နာသင့်သောအချက်များ💠
✅ တစ်နေ့ အနည်းဆုံး ရေ ၃ လီတာသောက်ပါ
✅ အငန်လျှော့စားပါ
✅ အကိုက်အခဲပျောက်ဆေးများကို လိုအပ်သည်ထက်ပိုမသောက်ပါနှင့်(ဖြစ်နိုင်ရင် ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်သောက်ပါ)
✅ ဆေးလိပ်/ အရက်ရှောင်ပါ
✅ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါ
✅ သွေးတိုး ၊ ဆီးချို မဖြစ်အောင်ဂရုစိုက်ပါ
#ကျောက်ကပ်ကျန်းမာရေး
✅