Pyay Real Estate Agency

Pyay Real Estate Agency နည်းပညာများနဲ့ ဗဟုသုတများတင်ဆက်ပေးရာ

သရေခေတ္တရာဥယျာဥ်မြို့သစ်စီမံကိန်း မြေကွက်များကိုတောရမင်းကျောင်းလမ်းထိပ် ဗိုလ်ချူပ်လမ်း၊CB Bank 2 ဘေးတွင်အရောင်းပြခန်းဖွင...
21/07/2022

သရေခေတ္တရာဥယျာဥ်မြို့သစ်စီမံကိန်း မြေကွက်များကို
တောရမင်းကျောင်းလမ်းထိပ် ဗိုလ်ချူပ်လမ်း၊CB Bank 2 ဘေးတွင်အရောင်းပြခန်းဖွင့်လှစ်ထားပါသည်။
စီးပွားရေးလုပ်ရန်တိုင်ပင်ချင်တာပဲဖစ်ဖြစ်မြေကွက်ဝယ်ချင်တာပဲဖြစ်ဖြစ်မြေကွက်ကိုပုံစံကြည့်ချင်တာပဲဖြစ်ဖြစ်အရောင်းပြခန်းတွင်လာရောက်လေ့လာနိုင်ပါသည်။
ဖုန်း 095313160
09451429176

07/07/2022

''မြေငှားဂရန်မိတ္တူနှင့် အရောင်းအဝယ်လုပ်လျှင် သတိထားပါ''

မြေငှားဂရန် သက်တမ်းကုန်မြေနဲ့ အဆောက်အဦကို ဝယ်ယူမယ်ဆိုရင် ဦးစွာ ပထမဆုံးမြေငှားဂရန်သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အကယ်၍ မြေကွက်အမည်ပေါက်သူကွယ်လွန်သွားခဲ့ရင် တရားရုံးရဲ့ အမိန့်ဒီဂရီအရပဲဖြစ် ဖြစ် အမွေထိန်းစာအရပဲဖြစ် ဖြစ်၊ ဂရန်သက်တမ်းတိုးနိုင်ပါတယ်။
ဂရန်သက်တမ်းတိုးပြီးမှ အရောင်း အဝယ်စာချုပ်ချုပ်နိုင်ပါတယ်။
ဒါပေမဲ့ တရားရုံးရဲ့ အမိန့်ဒီဂရီအရ ဂရန်သက်တမ်းကုန်ပေမယ့် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် မြေငှား ဂရန်သက်တမ်းကုန်ပေမယ့် ဥပဒေနဲ့အညီ အရောင်း အဝယ်ပြုလုပ်နိုင်ပါတယ်။

သတိပြုသင့်တဲ့အချက်ကတော့ မြေငှားဂရန်မိတ္တူနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ ကိစ္စဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မြေငှားဂရန်မူရင်းပျောက်ဆုံးသွားရင်လည်း သက်ဆိုင်ရာ မြို့ပြမြေယာဌာနမှာ မြေငှားဂရန် မိတ္တူထုတ်ပေးဖို့ လျှောက်ထားနိုင်ပါတယ်။ ရန်ကုန်မြို့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနမှာပဲ ဖြစ်ဖြစ်၊ မြို့ရွာအိုးအိမ်ဦးစီးဌာနမှာပဲဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်။
အဲသည်လို မြေငှားဂရန်မိတ္တူ လျှောက်တဲ့အခါ အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမှာဖြစ်ပြီး ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်စာတမ်းတွေ၊ ရဲစခန်းတိုင်တန်းချက်တွေနဲ့ လျှောက်ရမှာဖြစ်ပါတယ်။
တကယ်လို့ မြေကွက်အမည်ပေါက်သူကွယ်လွန်သွားခဲ့ရင် တရားရုံးရဲ့ အမိန့်ဒီဂရီအရပဲဖြစ်ဖြစ်၊ အမွေထိန်းစာအရပဲဖြစ်ဖြစ် မြေငှားဂရန်မိတ္တူလျှာက်ထားနိုင်ပါတယ်။ အဲသည်လျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာန ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့ ပိုင်ဆိုင်တဲ့အထောက်အထားတွေ ပြည့်စုံမှုရှိမရှိ စစ်ဆေးပြီး လက်ခံဆောင်ရွက်ပေးပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ မြေငှားဂရန် မိတ္တူထုတ်ပေးနိုင်ဖို့အတွက် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်တယ်ဆိုပြီး နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှာ တစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိရင် မြေစာရင်းနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ၊ တရားရုံးရဲ့ အမိန့်ဒီဂရီတွေကို စစ်ဆေးပြီး သက်ဆိုင်ရာ လျှောက်ထားသူတွေကို ဂရန်အမည်ပေါက်နဲ့ ဂရန်မိတ္တူထုတ်ပေးပါတယ်။
“ဖြစ်တတ်တာကတော့ ရောင်းသူအနေနဲ့ မြေငှားဂရန်မူရင်းကို ပေါင်နှံထားပြီး ပျောက်ဆုံးတယ်လို့ဆိုပြီး ဂရန်မိတ္တူကို လိမ်လည်လျှောက်ထားရယူတတ်ကြ တာကြောင့် ဂရုပြုရပါတယ်”။
ဒါကြောင့် မြေငှားဂရန်မိတ္တူနဲ့ အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ဝယ်သူအနေနဲ့ အဝယ်အမှားမဖြစ်စေဖို့ သက်ဆိုင်ရာမြေယာဌာနကို မြေကွက်နဲ့ စပ်လျဉ်းပြီးတော့ သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။
မြေကွက်ကို ဝယ်မယ်ဆိုရင်လည်း အဲသည်မြေကွက်ကို အရောင်းအဝယ်လုပ်ဖို့ နှစ်ဖက်သဘောတူညီ စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးချေပြီးရင် မြေကွက်အ ရောင်းအဝယ်ကန့်ကွက်တာ ရှိမရှိ နေ့စဉ်ထုတ်သတင်းစာမှာ ထည့်သွင်းကြေညာသင့်ပါတယ်။ အဲသည်လိုပြုလုပ်ပြီးမှ အရှုပ်အရှင်းတစ်စုံတစ်ရာရှိရင် ရောင်းသူက ဖြေရှင်းပေးရန်နဲ့ ဝယ်သူရဲ့ နစ်နာကြေးကို ပေးလျော်ရမှာဖြစ်ကြောင်း ဝန်ခံကတိ စာချုပ်ချုပ်ဆိုသင့်ပါတယ်။
Credit - KUMUDA

10/03/2021

OK$ အကောင့်ဖွင့်ပြီးပြီလား?
ကျွန်မတို့ Fintech Channel Myanmar Media Page ကနေ Mobile Payment ဆိုင်ရာ ဝန်ဆောင်မှုတွေကို လွယ်ကူလျင်မြန်စွာအသုံးပြုတတ်စေဖို့ Mobile Payment App တစ်ခုချင်းစီရဲ့ အသုံးပြုပုံတွေ၊ User Guide တွေကိုတင်ဆက်ပေးလျက်ရှိပါတယ်။ ခုတစ်ပတ်မှာတော့ OK$ သုံးစွဲချင်တဲ့ မိဘပြည်သူတွေအတွက် OK$ အကောင့်ကို ဘယ်လို Registration လုပ်ရတယ်ဆိုတာ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ခု video လေးက မိဘပြည်သူတို့ အတွက်အသုံးတည့်တယ်ဆိုရင် ကျွန်မတို့ရဲ့ Fintech Channel Myanmar Media Page လေးကို Like and Share ‌လေးလုပ်ပေးကြပါအုံးနော်။
$

02/02/2021

🔷Mobile ပိုက်ဆံအိတ်တွေရဲ့ အားနည်းချက်နှင့် အားသာချက်များ🔷
မင်္ဂလာပါရှင့်။
FinTech Channel Myanmar Media မှမိဘပြည်သူများအတွက်
Mobile ပိုက်ဆံအိတ်တွေရဲ့ အားနည်းချက်နှင့် အားသာချက်တွေကိုပြောပြပေးချင်တယ်။
မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ ရှိလာတာဟာ တကယ့်ကိုကောင်းတဲ့အချက်တစ်ခုပါ။ ဘဏ်တွေ၊မိုဘိုင်းလ် အော်ပရေတာတွေနဲ့ တခြားကုမ္မဏီတွေဟာ မိုဘိုင်းလ်ဖုန်းကိုအခြေခံပြီး ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဆိုရင် သူရဲ့ အားသာချက် အားနည်းချက်ကို လေ့လာကြည့်ကြမယ်။

🔸အားသာချက်များ🔸
✅လွယ်ကူပြီးလျင်မြန်တယ်
ဘဏ်သွားစရာမလိုပဲ မိမိရဲ့ဖုန်းထဲကနေအလွယ်တကူလျင်မြန်စွာ ငွေလွှဲနိုင်တဲ့အတွက် အချိန်ကုန်သက်သာ၊လူပင်ပန်းသက်သာတယ်။
✅လုံခြုံမှု
ငွေတွေအများကြီးကိုလက်ထဲမှာ ထားပြီးစိတ်ပူနေမယ့်အစား မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ ဈေးဝယ်တာတို့၊ ငွေပေးချေတာတွေလုပ်နိုင်တယ်။ အကယ်၍ မိမိအနေနဲ့ ဖုန်းပျောက်သွားမယ်ဆိုရင်တောင် မိမိရဲ့ဖုန်းနဲ့ Application ကိုဖွင့်ဖို့ PINတို့ Password တို့လိုမှာပါ။
✅တိကျတဲ့ငွေပေးချေမှု
အပြင်မှာဈေးဝယ်တဲ့အခါ ကျသင့်တဲ့ငွေတစ်ရာ၊နှစ်ရာကို ဈေးဆိုင်က Tissues အမ်းလိုက်တာတို့၊ ချိုချဉ်အမ်းလိုက်တာမျိုးတို့ကြုံဖူးမှာပါ။
မိုဘိုင်းလ်နဲ့ငွေပေးချေတဲ့နေရာမှာ မိမိရဲ့ ပိုက်ဆံကိုတစ်ကျပ်ကစ ကွာဟခြင်းမရှိတဲ့အပြင် ပြန်အမ်းငွေအတွက်လည်းစိတ်ပူစရာမလိုပါဘူး။
✅အသုံးစရိတ်များပြန်လည်ကြည့်ရှု့နိုင်ခြင်း
မိုဘိုင်းလ်Wallet တွေရဲ့အားသာချက်နောက်တစ်ခုကတော့မိမိအနေနဲ့ ဘယ်အချိန်မှာ၊ ဘာအတွက် ငွေဘယ်လောက်သုံးခဲ့လဲဆိုတာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

🔸အားနည်းချက်များ🔸
✅မိုဘိုင်းလ်ဒေတာနဲ့ ဘက်ထရီ
ဖုန်းကိုအသုံးပြုပြီးငွေလွှဲ၊ ငွေထုတ်တာတွေပြုလုပ်ရမှာဖြစ်တဲ့အတွက်
မိမိရဲ့ဖုန်းထဲမှာ ဘက်ထရီရှိဖို့လိုအပ်သလို မိုဘိုင်းလ်ဒေတာအသုံးပြုပြီး ပြုလုပ်ရမှာဖြစ်တဲ့အတွက် အင်တာနက်ရှိဖို့လိုအပ်ပါတယ်။
✅ဝန်ဆောင်ခ
👉🏿ငွေသွင်းခြင်း။ ။ တချို့ Mobile Wallet တွေက ငွေသွင်းရင် ဝန်ဆောင်ခအခမဲ့ဖြစ်ပြီး တစ်ချို့ Mobile Wallet တွေကတော့ ဝန်ဆောင်ခပေးရတာမျိုးရှိပါတယ်။
👉🏿ငွေလွှဲခ။ ။ Mobile Walletတွေကနေတစ်ဆင့် သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်ခ နှုန်းတွေရှိပါတယ်။ ဥပမာ - ငွေကျပ်တစ်ထောင် ကနေ ငွေကျပ် ၁သောင်းထိကို ဝန်ဆောင်ခ ၃၀၀ ကျပ် ကျသင့်သလိုမျိူးပဲ ကိုယ်ထုတ်မယ့်ငွေပမာဏ ပေါ်မှာမူတည်ပြီး ကျသင့်တဲ့ငွေ ပြောင်းလဲနိုင်ပါတယ်။ ဘဏ်မှာတန်းစီပြီးစောင့်စရာမလိုဘူးဆိုပေမယ့် ဝန်ဆောင်ခကတော့ ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်းထက် ပိုမိုကုန်ကျနိုင်ပါတယ်။

🥰ခုပြောပြပေးခဲ့တာတော့ မိုဘိုင်းလ်ပိုက်ဆံအိတ်တွေကို အသုံးပြုရခြင်းရဲ့ အားနည်းချက်နဲ့ အားသာချက်တွေပါ။ နောက်တစ်ပတ်တွေမှာလည်း ငွေကြေးဝန်ဆောင်မှုနဲ့ပတ်သတ်တဲ့ အကြောင်းအရာများကို ဖော်ပြပေးမှာဖြစ်လို့ FinTech Channel Myanmar Media Page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

Address

Pyay
08151

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959444440454

Website

Alerts

Be the first to know and let us send you an email when Pyay Real Estate Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category