ပြည်မြို့သူအိမ်ခြံမြေလုပ်ငန်း

  • Home
  • Myanmar
  • Pyay
  • ပြည်မြို့သူအိမ်ခြံမြေလုပ်ငန်း

ပြည်မြို့သူအိမ်ခြံမြေလုပ်ငန်း L.L.B (pyay university)

Home service

ပြည်မြို့သစ်၆ကွက် ၊ပေ၂၀ပေ၆၀၊မြေကွက်ရောင်းမည်။သိန်း၁၂၀၀ပြည်မြို့သစ်၇ကွက်၊၁၅ပေ၆၀၊နှစ်ထပ်တိုက်၊ရောင်းမည်။အိမ်အရမ်းကောင်း။သိ...
04/08/2026

ပြည်မြို့သစ်၆ကွက် ၊ပေ၂၀ပေ၆၀၊မြေကွက်ရောင်းမည်။သိန်း၁၂၀၀

ပြည်မြို့သစ်၇ကွက်၊၁၅ပေ၆၀၊နှစ်ထပ်တိုက်၊ရောင်းမည်။အိမ်အရမ်းကောင်း။သိန်း၂ထောင်၊ညှိ၊

09768615780
09894243779

04/08/2026

ကိုယ်2013 ထဲကအိမ်ခြံမြေလုပ်လာတာတခါမှနာမည်ပျက်မရှိခဲ့ပါဖူး။ရုံးတိုင်လည်းတခါမှမခံခဲ့ရပါ။ဘာလို့ဆိုကိုယ်ကအရမ်းကြောက်တတ်တယ်။ဘာကြောက်တာလဲဆိုပြည်မြို့သူဝယ်ပေးတဲ့အိမ်က
ငါတို့ဂျင်းထည့်ခံရတာ။သူနဲ့ထပ်မဆက်သွယ်နဲ့တော့၊အဲလိုတွေဖစ်မှာအရမ်းကြောက်တာပါ။ငယ်တုန်းကစိတ်ပေါ့၊ခုတော့စိတ်ကဘယ်လိုပြောင်းသွားလဲဆိုထပ်တူရချင်တဲ့စိတ်တွေပြောင်းသွားတာ။ကိုယ်ဆီယုံကြည်အားကိုးပီးလာတဲ့သူကိုကောင်းတာရစေချင်တာ၊သူရဲ့အဆင်ပြေတာကိုပဲမြင်ချင်တာ။ခုထိကိုယ်ရည်သွေးတာမဟုတ်၊ပီးခဲ့တဲ့ဆယ်နှစ်ကျော်ထဲကဆက်ဆံခဲ့တဲ့အိမ်ရှင်တွေ၊ဝယ်ပေးခဲ့တဲ့ဧည်သည်တွေခုထိမိတ်ရင်းလိုဖစ်နေတုန်းပဲ။ဘာလို့ဆိုကိုယ်မှန်ကန်ခဲ့လို့။အကျိုးဆောင်အချင်းချင်းကိုယ်အပေါ်မတရားတာလုပ်လဲငယ်တုန်းကတော့ချက်ချင်းရှင်းတာ။ခုအသက်အရွယ်မှာတော့သူလုပ်တာကိုယ်သိတယ်ဆိုတာကိုသူကိုမသိစေချင်တော့ဖူး။သူကိုစိတ်ထဲကဘလောက်လိုက်ပီ။အပြင်ကတော့မိတ်မပျက်ပါ။သူကိုနောက်ထပ်ကိုယ်ပေးမဲ့ငွေဝင်လမ်းတွေသူကိုမပေးတော့ပါဖူး။အကျိုးဆောင်တွေထဲတချို့ကငွေအရမ်းချမ်းသာတယိနော်။ဒါပေမဲ့ငွေကိုမမြင်ဖူးသလိုအပူစာကိုအငမ်းမရလိမ်ယူကြတယ်။တချို့ကဆင်းရဲတယ်။
ဒါပေမဲ့ကိုယ်ပြည်မြို့မှာမရှိရင်တောင်သူဆိုစိတ်ချရတယ်ဆိုတဲ့သူမျိုးတွေလည်းရှိတယ်။တချို့က ကားတွေတိုက်တွေပိုင်ဆိုင်မှုများပေမဲ့ကိုယ်နဲ့အိမ်လိုက်ကြည့်ပီးအိမ်ရှင်ကိုသိပီဆိုအမျိုးနဲ့ဝင်ဝယ်ခိုင်းတဲ့သူဋ္ဌေးလည်းတွေ့ဖူးတယ်။ဆင်းရဲပေမဲ့ကိုယ်အပေါ်သစ္စာရှိတဲ့အဝယ်တွေလည်းတွေ့ဖူးတယ်။ခုအသက်အရွယ်မှာတော့ကိုယ်အပေါ်သူလိမ်နေတယ်ဆိုတာသိနေရင်တောင်ပြုံးပီးကိုယ်သိတာကိုသူမသိ
ပါစေနဲ့ဆိုပီးသူကိုရှေင်လိုက်ပါတော့တယ်။ရင်တွင်းဖစ်လေးတွေပေါ့

04/08/2026

ဒီရက်တွေထဲ အမွေဆိုင်ခြံအိမ်တွေကိုပဲ အရောင်းအဝယ်ပြောရဆိုရတာများတယ်
အဲ့ဒီမှာ တအိမ်ကတော့မြင်ရတာစိတ်ချမ်းသာစရာ ...
မောင်နှစ်မတွေ အမွေခွဲတာမှာ လင်မယားစုံ/မစုံသူတွေရှိတာကိုမှ ဩရသမဟုတ် ကလေးလဲမရှိတဲ့ ယောင်းမကိုပါ နေရာပေးဆွေးနွေးညှိနှိုင်းကြတာ မြင်ရခဲတဲ့မြင်ကွင်းတခုပါပဲ။
ဥပဒေကြောင်းအရ ကြည့်ရင်အချိုးကြရပိုင်ခွင့်က အလိုလိုနောက်ရောက်နေပေမယ့် နေရာပေးတာမိသားစုရင်းသဖွယ်ဆက်လက်တည်ရှိနေတာဟာ မေတ္တာတရားတွေ စေတနာတွေပဲနေပါမယ်။

မြင်ရခဲတဲ့ ကြုံရခဲတဲ့ အတွေ့အကြုံမို့ဝေမျှခြင်းသာ ...

လောကမှာ ကြည်လင်သောစိတ်နှလုံးနဲ့မေတ္တာစေတနာဟာ မပျက်သုဉ်းကောင်းတဲ့အရာပါပဲ ...

ဤရေမြေမှာ ဗြမ္မစိုရ်တရားတို့ ပေါများထွန်းကားပါစေ ...

ပြည်မြို့နဝဒေးနယ်မြေ၊အောင်မြေရပ်ကွက်၊ပေ၄၀ပေ၆o/တစ်ထပ်ပတ်ကား၊ရေမီးအစုံ၊ရောင်းမည်။သိန်း၃၇၀၊ညှိ။09768615780/09894243779
31/07/2026

ပြည်မြို့နဝဒေးနယ်မြေ၊အောင်မြေရပ်ကွက်၊ပေ၄၀ပေ၆o/တစ်ထပ်ပတ်ကား၊ရေမီးအစုံ၊ရောင်းမည်။သိန်း၃၇၀၊ညှိ။09768615780/09894243779

ပြည်၊ဗိုလ်တစ်ထောင်ရပ်ကွက်၊ခြံဝင်းလေးနဲ့ တစ်ထပ်တိုက်ငှားမည်။တလ၃သိန်းပြည်အောင်ဆန်း၊တစ်ထပ်တိုက်ငှားမည်။တလ၃သိန်းခွဲ097686157...
25/07/2026

ပြည်၊ဗိုလ်တစ်ထောင်ရပ်ကွက်၊ခြံဝင်းလေးနဲ့ တစ်ထပ်တိုက်ငှားမည်။တလ၃သိန်း

ပြည်အောင်ဆန်း၊တစ်ထပ်တိုက်ငှားမည်။တလ၃သိန်းခွဲ
09768615780
09894243779

မြို့သစ်၁ကွက်ပေ၄၀ပေ၆၀၊နှစ်ထပ်တိုက်ငှားမည်။အိပ်ခန်း၃ခန်း၊ဘိုထိုင်၂လုံး၊ရိုးရိုးအိမ်သာတစ်လုံး၊အဲကွန်း၂လုံးပါသည်။ခြံထဲကားထည...
23/07/2026

မြို့သစ်၁ကွက်ပေ၄၀ပေ၆၀၊နှစ်ထပ်တိုက်ငှားမည်။အိပ်ခန်း၃ခန်း၊ဘိုထိုင်၂လုံး၊ရိုးရိုးအိမ်သာတစ်လုံး၊အဲကွန်း၂လုံးပါသည်။ခြံထဲကားထည့်လို့ရ၊တလ၈သိန်း၊စပေါ်တလစာတင်ရပါမည်။
0894243779
09768615780

မြို့သစ်၃ကွက်၊ပေ၄၀ပေ၆၀၊သိန်း၃၀၀၀ညှိမြို့သစ်၄ကွက် ပေ၄၀ပေ၆၀၊နှစ်ထပ်အုတ်ညှပ်၊သိန်း၃၂၀၀မြို့ပတ်ကွက် ၊ပေ၂၉ပေ၆၀၊နှစ်ထပ်တိုက် ၊...
23/07/2026

မြို့သစ်၃ကွက်၊ပေ၄၀ပေ၆၀၊သိန်း၃၀၀၀
ညှိ
မြို့သစ်၄ကွက် ပေ၄၀ပေ၆၀၊နှစ်ထပ်အုတ်ညှပ်၊သိန်း၃၂၀၀

မြို့ပတ်ကွက် ၊ပေ၂၉ပေ၆၀၊နှစ်ထပ်တိုက် ၊သိန်း၄၂၀၀

မြို့သစ်၇လမ်းမြို့ပတ်ကွက် ပေ၂၀ပေ၆၀၊ရေမီးပါ
သိန်း၁၉၀၀
ညှိ

ဘုရင်နောင်လမ်းမပေါ် ပေ၁၇ပေ၃၃၊နှစ်ထပ်အာစီ
သိန်း ၃၅၀၀
ဘိုးဘွားပိုင်

ဘုရင်နောင်လမ်းမပေါ် ပေ၃၀ပေ၄၀၊၃လမ်းထိပ် သိန်း၇၅၀၀၊ခြံကွက် ၊ဂရမ်

09894243779
09768615780

ပြည်မြို့ဆင်စုရပ်ကွက် ပေ၂၅ပေ၆၀၊အိမ်မကောင်း၊ဂရမ်မြေ၊ရောင်းမည်။သိန်း၂၀၀၀ညှိ0989424377909768615780
22/07/2026

ပြည်မြို့ဆင်စုရပ်ကွက် ပေ၂၅ပေ၆၀၊အိမ်မကောင်း၊ဂရမ်မြေ၊ရောင်းမည်။သိန်း၂၀၀၀
ညှိ

09894243779
09768615780

ပြည်မြို့ရဲ့ရှားပါးနေရာလေးပါ။စျေးဆိုင်လည်းဖွင့်လို့ရ၊စျေးနီး၊ကျောင်းနီး၊အထူးကုဆေးရုံဆေးခန်းနီးပြည်မြို့ရဲ့မြို့လယ်ကောင်ရ...
22/07/2026

ပြည်မြို့ရဲ့ရှားပါးနေရာလေးပါ။စျေးဆိုင်လည်းဖွင့်လို့ရ၊စျေးနီး၊ကျောင်းနီး၊အထူးကုဆေးရုံဆေးခန်းနီး
ပြည်မြို့ရဲ့မြို့လယ်ကောင်ရပ်ကွက် ဆင်စုရပ်ကွက်လေး၊ညစျေးနဲ့လည်းနီး၊ပေ၁၅ပေ၇၀ ကိုသိန်း၁၆၅၀ ကိုလျော့ဦးမှာပါ၊အဆောက်အဦးတစ်ခုလည်းနေလို့ရတဲ့အနေအထားပါနေတော့အသင့်နေလို့ရပါတယ်။ဂရမ်လည်းမူရင်းရပါမယ်
09894243779
09768615780

21/07/2026

လူတစ်ယောက်ရဲ့ Character ကို သိချင်ရင် သူ ဘယ်စည်းကို ကျော်ရဲလဲဆိုတာ ကြည့်ပါ
စီးပွါးရေးလောကထဲမှာ ဖြတ်သန်းလာရင်း ကျမသဘောပေါက်လာတဲ့ သင်ခန်းစာတွေထဲမှာ တစ်ခုက လူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ သူ ဘာတွေပိုင်ဆိုင်ထားလဲဆိုတာထက်၊ သူ ဘာတွေကို မကျော်ဖြတ်ဘူးလဲဆိုတာက ပိုပြီးဖော်ပြပေးတယ် ဆိုတာပါပဲ။ဒီနေ့ခေတ်မှာ လူတော်တွေ မရှားတော့ပါဘူး။ပညာတတ်တဲ့သူတွေ ရှိတယ်။ငွေရှာနိုင်တဲ့သူတွေ ရှိတယ်။ရာထူးကြီးတဲ့သူတွေ ရှိတယ်။Follower များတဲ့သူတွေ ရှိတယ်။ဒါပေမယ့် စည်းရှိတဲ့သူကတော့ မများပါဘူး။ လူမှန်တယ်၊ လူပီသတယ်ဆိုရင် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ် (Ethics) ရှိရမယ်။
Ethics ဆိုတာ စာအုပ်ထဲက သီအိုရီတစ်ခု မဟုတ်ဘူး။နေ့စဉ်ဘဝမှာ ကိုယ်ဘယ်လိုပြောတယ်၊ ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုဆက်ဆံတယ်ဆိုတာထဲမှာ ပေါ်လာတဲ့ Character ဖြစ်တယ်။တစ်လုံးတည်းနဲ့ ပြောရရင် စည်း ပါပဲ။လူ့အသိုင်းအဝိုင်းမှာ ကျင့်ဝတ်စည်းကမ်းတွေဆိုတာ အကြောင်းမဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။အဲဒီစည်းတွေက လူနဲ့လူကြား ယုံကြည်မှုကို ကာကွယ်ဖို့ ရှိတာ။အဲဒီစည်းတွေက ဆက်ဆံရေးတစ်ခုကို ရေရှည်တည်တံ့စေဖို့ ရှိတာ။အဲဒီစည်းတွေက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ ရှိတာ။
ကျမစီးပွားရေးလုပ်လာတဲ့ နှစ်တွေထဲမှာ လူပေါင်းများစွာနဲ့ တွေ့ဖူးတယ်။တချို့က စကားအရမ်းပြောတတ်တယ်။
တချို့က အလုပ်အရမ်းတော်တယ်။တချို့က ငွေအရမ်းချမ်းသာတယ်။ဒါပေမယ့် တစ်ဖက်လူရဲ့ Privacy ကို မလေးစားနိုင်ဘူး။ကိုယ်နဲ့မဆိုင်တဲ့ နေရာကို ဝင်ရောက်စွက်ဖက်တယ်။ကိုယ်မသိသေးတဲ့ အမှန်တရားအပေါ် သုံးသပ်ဆုံးဖြတ်တယ်။ယုံကြည်မှုကို အလွယ်တကူ ချိုးဖောက်တယ်။
ဒီလိုလူမျိုးတွေကို မြင်တိုင်း ကျွန်မ ပိုသေချာလာတာတစ်ခုရှိတယ်။ပညာတတ်တာနဲ့ ယဉ်ကျေးတာ မတူဘူး။
ချမ်းသာတာနဲ့ အဆင့်အတန်းရှိတာ မတူဘူး။ရာထူးရှိတာနဲ့ Leadership ရှိတာ မတူဘူး။Professional ဆိုတာ အလုပ်လုပ်တတ်တာကိုပဲ မဆိုလိုပါဘူး။Professional ဆိုတာ မပြောသင့်တဲ့ စကားကို မပြောတတ်တဲ့သူ။မကျော်သင့်တဲ့ စည်းကို မကျော်တတ်တဲ့သူ။မဆိုင်တဲ့ကိစ္စကို မဝင်ပါတတ်တဲ့သူ။တစ်ဖက်လူရဲ့ နေရာကို လေးစားပေးတတ်တဲ့သူ။အဲဒီလိုလူကမှ Professional အစစ်ပါ။
ကျွန်မကတော့ လူတစ်ယောက်ကို စရွေးချယ်တဲ့အခါသူဘယ်လောက်တော်လဲဆိုတာထက် သူ့မှာ စည်းရှိလားဆိုတာကို အရင်ကြည့်တယ်။ဘာလို့လဲဆိုတော့ Skill ကို သင်ပေးလို့ရတယ်။Experience ကို တည်ဆောက်လို့ရတယ်။Knowledge ကို လေ့လာလို့ရတယ်။ဒါပေမယ့် Character မရှိတဲ့သူကိုတော့ ဘယ်သင်တန်းကမှ မပြောင်းလဲပေးနိုင်ဘူး။
တချို့လူတွေက ဒီလောက်လေးပဲ လို့ ထင်ပြီး စည်းကျော်တတ်ကြတယ်။ဒါပေမယ့် ယုံကြည်မှုတစ်ခု ပျက်စီးဖို့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်။ပြန်တည်ဆောက်ဖို့တော့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။
ပီးခဲ့လက တွေ့ကြုံရတာလေးပေါ့
လူအချင်းချင်းရိုးသားစွာပြုမူဆောင်ရွက်နိုင်ကြပါစေ

Address

Pyay

Website

Alerts

Be the first to know and let us send you an email when ပြည်မြို့သူအိမ်ခြံမြေလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category