Lynn Pyae Eain Property

Lynn Pyae Eain Property Real Estate Agent

06/10/2023

အလုပ်စောစောပီးသွားလို့ ရလိုက်တဲ့အတွေ့အကြုံလေးတင်ဦးမယ်

စကားအများကြီးပြောရတဲ့သူနဲ့ဘယ်တော့မှအလုပ်မလုပ်နဲ့

လိုသုံးလုပ်ဖို့လာတဲ့သူနဲ့ဘယ်တော့မှအလုပ်မလုပ်နဲ့

အလုပ်ကိုလေးစားမှုမရှိတဲ့သူနဲ့ဘယ်တော့မှအလုပ်မလုပ်နဲ့

စကားတခွန်းကိုလွယ်လွယ်ပြောတတ်သူ တာဝန်မယူတတ်သူနဲ့ဘယ်တော့မှအလုပ်မလုပ်နဲ့

ကိုယ်ကျင့်တရားမကောင်းတဲ့သူနဲ့ဘယ်တော့မှအလုပ်မလုပ်နဲ့

#အတွေ့အကြုံ

စ လုပ်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့မိမိ ကိုယ်ကိုမသနားပါနဲ့ဆင်ခြေဘယ်တော့မှ မပေးပါနဲ့မိမိ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ ပညာ...
02/10/2023

စ လုပ်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့
မိမိ ကိုယ်ကိုမသနားပါနဲ့
ဆင်ခြေဘယ်တော့မှ မပေးပါနဲ့
မိမိ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ ပညာရပ်ကို သိသင့်တာထက်ပိုလေ့လာပါ
ကိုယ်သာလျှင်အားကိုးရာ

မအားလို့ ဒီစာလေးပဲရေးနိုင်တော့တယ်

Good night All

©photo

 #အကောင်းဆုံးကြိုးစားပြီးရင်နောင်တမရနဲ့🔸တစ်စုံတစ်ခုကို မိမိက အကောင်းဆုံး ကြိုးစားပြီးသွားပြီဆိုရင် နောင်တမရပါနဲ့။ မိမိတတ...
28/07/2023

#အကောင်းဆုံးကြိုးစားပြီးရင်နောင်တမရနဲ့

🔸တစ်စုံတစ်ခုကို မိမိက အကောင်းဆုံး ကြိုးစားပြီးသွားပြီဆိုရင် နောင်တမရပါနဲ့။ မိမိတတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီပဲ၊ မိမိလုပ်နိုင်တာ အကုန်လုပ်ခဲ့တဲ့ အတွက် လိပ်ပြာလုံပါ။
🔸လောကကြီးမှာ အရာ အားလုံးကို သင်မထိန်းချုပ်နိုင်ပါဘူး။ သင်ထိန်းချုပ်နိုင်တဲ့ အကောင်း ဆုံး ဆောင်ရွက်ခြင်း ဆိုတဲ့အရာကို သင်လုပ်ခဲ့ပြီးပြီပဲ။ ကျန်တာကို ခေါင်းထဲ မထည့်ပါနဲ့။
🔸 သင်လုပ်ခဲ့တာကို နောင်တရနေတာမျိုး၊ ရှက်နေ တာမျိုးလည်း မဖြစ်ပါစေနဲ့။ မလုပ်ခင်မှာ အတွေးမလွန်သင့်သလို လုပ်ပြီးရင်လည်း အတွေးမလွန်သင့်ပါဘူး။
မိုးရှင်း(I.M.T)

ယနေ့အတွက် မှတ်သားစရာ
27/07/2023

ယနေ့အတွက် မှတ်သားစရာ

🔸ပြင်ပအရာ တစ်ခုခုပေါ်မှာ မှီခိုနေတဲ့သူ၊ dependent ဖြစ်တဲ့သူဟာ independent မဖြစ်ဘူး independent မဖြစ်လို့ပဲ freedom လည်းမ...
26/07/2023

🔸ပြင်ပအရာ တစ်ခုခုပေါ်မှာ မှီခိုနေတဲ့သူ၊ dependent ဖြစ်တဲ့သူဟာ independent မဖြစ်ဘူး independent မဖြစ်လို့ပဲ freedom လည်းမရှိဘူး။ လွတ်လပ်မှု မရှိဘူး။

🔸 ပြင်ပအခြေအနေ ပြောင်းတိုင်းပြောင်းတိုင်း အတွင်းစိတ် အခြေအနေ ပြောင်းရတော့မယ်။ မှီရင်လှုပ်တာပဲ၊ မမှီရင်မလှုပ်ဘူး။ ဒါတွေကို လေးလေးနက်နက် နားလည်ပြီးတော့ မှီတာ နဲနိုင်သမျှ နဲအောင် နေရမယ်။

🔸ကိုယ့်အတွက် အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာ ရှိမှဖြစ်မယ်။ အပြင်မှာရှိနေလို့ မဖြစ်ဘူး။ အပြင်မှာ ရှိနေတာ ဘယ်အရာမှ အားကိုးစရာအစစ် မဖြစ်ဘူး။

🔸အိမ်၊ ကား၊ လက်ဝတ်ရတနာ၊ ရွှေငွေ၊ ရာထူး ဆိုတာတွေဟာ အားကိုးစရာအစစ် မဟုတ်ဘူး၊ သားသမီးလည်း အားကိုးစရာအစစ် မဟုတ်ဘူး၊ ယောင်္ကျားလည်း အားကိုးစရာအစစ်မဟုတ်ဘူး၊ မိန်းမလည်း အားကိုးစရာ အစစ် မဟုတ်ဘူး၊ အဖေအမေလည်း အားကိုးစရာ အစစ်မဟုတ်ဘူး။ သူတို့ရှိတုန်းတော့ သူတို့က အထောက်အပံ့ ပေးနိုင်တယ်။

🔸 သူတို့မရှိတော့လည်း ကိုယ့်ဘဝကိုကိုယ် အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်ရမယ်။ ကိုယ့်စိတ် ကြည်လင်အေးချမ်းဖို့ ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကို အားကိုးမှပဲရတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို လေ့ကျင့် ပြုစု ပျိုးထောင် ပေးရမယ်။ တခြားနည်းနဲ့ ဘယ်လိုမှ မရနိုင်ဘူး။


#ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

25/07/2023

#ဂရန်မူရင်းပျောက်၍ “မိတ္တူ” လျှောက်ထားနည်း

(ပြန်လျှောက်ယူလည်း မူရင်းမရတော့ပါ။ မိတ္တူကိုသာရပါမည်။)

🔸 နိုင်ငံသား(သို့)အမျိုးသားမှတ်ပုံတင် မိတ္တူ။

🔸ရဲစခန်း၊ ရပ်/ကျေးအုပ်မှူး ထောက်ခံချက်နှင့်ကျမ်းကျိန်လွှာ။

🔸ပိုင်ဆိုင်မှု နှင့် စပ်လျဉ်း၍ တရားရုံးအမိန့် ဒီကရီ (ရှိလျှင်)။

🔸 မှတ်ပုံတင်ဆက်စပ်စာချုပ်နှင့် အခြားအထောက်အထားများ။

🔸မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း နောက်ဆုံးပြေစာမိတ္တူ။

🔸ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာလျှောက်ထားရပါမည်။

ကြည်စိုး I.C
#မူရင်းရေးသားသူအားလေးစားစွာဖြင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်🙏

“စာချုပ်” ဆိုသည်မှာ🔸လုံလောက်သော အခွန်တော်တံဆိပ်ခေါင်း ပါရှိရမည်။ (မသိ-၆၀ဝိ/-)(တံဆိပ်ခေါင်း၊ ဇယား -၁)🔸 လိုအပ်လျှင် တရားရု...
23/07/2023

“စာချုပ်” ဆိုသည်မှာ

🔸လုံလောက်သော အခွန်တော်တံဆိပ်ခေါင်း ပါရှိရမည်။ (မသိ-၆၀ဝိ/-)(တံဆိပ်ခေါင်း၊ ဇယား -၁)

🔸 လိုအပ်လျှင် တရားရုံးတွင် လာရောက်ထွက်ဆိုပေးနိုင်မည့်အသိသက်သေ၏လက်မှတ်ပါရှိရမည်။ (မသိ-၂ ဦး) (သက်သေ-၆၈)

🔸၁၈နှစ်ပြည့်၍စိတ်ပေါ့သွပ်ခြင်းမဖြစ်သူတို့ လွတ်လပ်သော သဘောဖြင့် ချုပ်ဆိုကြရမည်။ (ပဋိညာဉ် - ၁၁)

🔸ငွေကိစ္စ၊ ကတိကိစ္စ၊ ဝန်ခံချက်ကိစ္စတို့ကို ဥပဒေဘောင်အတွင်းမှသာ ချုပ်ဆိုရပါမည်။

🔸သက်သေတို့က မိမိလက်မှတ်ကိုမဟုတ်ဘူး/ မမှတ်မိဘူးမပြောနိုင်ကြ ရလေအောင် ဖြစ်နိုင်လျှင်လက်ဗွေပါနှိပ်ထားကြပါ။ (သက်သေ၇၁၊၇၃)

🔸စာချုပ်ပေါ်တွင် ရေးခဲ့ကြသော“ကတိ” တို့သည် အတည်ဖြစ်ကြပါသည်ဟု ဥပဒေတွင် အတိအလင်း ဆိုပါသည်။ (ပဋိညာဉ်- ၃၇)

🔸 မြို့တော် (သို့) မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်သည့် စာချုပ် စာတမ်းတို့ကို “မှတ်ပုံတင်စာချုပ်စာတမ်း” ဟုခေါ်ပြီး ၄င်းမှလွဲ၍ ကျန် “စာချုပ်စာတမ်း” အားလုံးကို“အရပ်ကတိစာချုပ်”ဟုမှတ်ယူပါ။

ကြည်စိုး I.C
#မူရင်းရေးသားသူအားလေးစားစွာဖြင့်ကူးယူဖေယ်ပြခြင်းဖြစ်ပါသည်🙏

22/07/2023
မိမိရဲ့ အင်အားတွေအားလုံးကို သုံးပြီး အတိတ်ဆိုးကို တိုက်ထုတ်ရတာ အရမ်းပင်ပန်းပါတယ်။ နည်းမှန် ဒီလမ်းမှန်လည်း မဟုတ်ပါဘူး။ အသ...
22/07/2023

မိမိရဲ့ အင်အားတွေအားလုံးကို သုံးပြီး အတိတ်ဆိုးကို တိုက်ထုတ်ရတာ အရမ်းပင်ပန်းပါတယ်။ နည်းမှန် ဒီလမ်းမှန်လည်း မဟုတ်ပါဘူး။ အသဲကွဲပြီး တမှိုင်မှိုင်ဖြစ်နေရင် အိပ်ရာ ထဲမှာပဲ အသဲကွဲတာကို မကုပါနဲ့။ အဲ့ဒီအချိန်တွေကို အကျိုးရှိအောင် သုံးပါ။ မိမိကိုယ်ကို ပြောင်းလဲပစ်ပါ။ ကိုယ့်ရှေ့မှာရှိနေတဲ့ အနာဂတ်ကို မြင်ယောင်ပါ။ နောက်လှည့်မကြည့်ပါနဲ့။ မှားတာတွေကနေ သင်ခန်းစာ ယူပြီးရင် အနာဂတ်လှလှလေးကိုမြင်ယောင်ပြီး ဆက်လျှောက်ပါ။

တစ်စုံတစ်ရာက မိမိဘဝကို ဆွဲချနေပြီလို့ သိရင် ပြောင်းလဲ နိုင်အောင် ကြိုးစားဖို့ ဝန်မလေးမိပါစေနဲ့။ တစ်ခါတစ်လေ သိရက်နဲ့ မိုက်တာ ရှိတတ်ပါတယ်။ ပြင်လို့ရတဲ့အမှားတွေဆိုရင်တော့ ဘာမှ သိပ်မဖြစ်ပေမယ့် ပြင်လို့မရတဲ့အမှားတွေဆိုရင်တော့ နောင်တတွေ တစ်ပုံကြီးနဲ့ ဘဝကို ဆက်လက်ရှင်သန်သွားရပါလိမ့်မယ်။ အခုက စပြီး ငါ ဘာတွေပြင်ဖို့ လိုနေလဲ သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ ပြီးရင် တစ်ခု ချင်းစီ စတင်ပြီး ပြင်ဆင်ကြည့်ပါ။ အခုကစပြီး အမှိုက်ပုံထဲမှာ ထိုင်မနေပါနဲ့တော့။ မိမိကိုယ်ကိုပြောင်းလဲပြီး ပျော်ရွှင်မှုတွေရယူလိုက်ပါတော့။

မိုးရှင်း(I.M.T)
#လက်ဆောင်စာအုပ်မှ

🔸(၁၂)ကျော်လျှင်“အိမ်” ဆုံးနိုင်သလား◾️မူရင်းဥပဒေ(ကာလ - ၂၈) တွင် ကိုယ်ပိုင်တဲ့ တိုက်၊ အိမ်၊ မြေတို့ကိုပြန်လည် ရယူလိုကြောင်...
20/07/2023

🔸(၁၂)ကျော်လျှင်“အိမ်” ဆုံးနိုင်သလား

◾️မူရင်းဥပဒေ(ကာလ - ၂၈) တွင် ကိုယ်ပိုင်တဲ့ တိုက်၊ အိမ်၊ မြေတို့ကိုပြန်လည် ရယူလိုကြောင်းတရားစွဲသည့်ကိစ္စတွင်

၁။ ပစ္စည်းကို ရယူထားသူက ပြန်လိုချင်နေပါသောပိုင်ရှင်၏ဆန္ဒကို ဆန့်ကျင်၍

၂။ လက်ရှိ သုံးစွဲ နေထိုင်သည်မှာ

၃။ ကာလစည်းသတ် (၁၂) နှစ်ကျော်လွန်သွားခဲ့လျှင်

မူလပိုင်ရှင်က ဆက်လက်၍ တရားစွဲဆိုခွင့်မရှိ (သို့) မူလပိုင်ဆိုင်ခွင့် ကုန်ဆုံးပြတ်စဲစေရမည်ဟု အထင်အရှားပါရှိပါတယ်။

◾️ ဒါကို “ဆန့်ကျင် /လက်ရှိ/ (၁၂) နှစ်” လို့ အတိုမှတ်သင်ကြားပါတယ်။

◾️ကိုယ့်အိမ်ကိုကိုယ်ပြန်လိုချင်တဲ့ အိမ်ပိုင်ရှင်ရဲ့အိမ်မှာ ဆက်နေခြင်းက အိမ်ပိုင်ရှင်ရဲ့သဘောဆန္ဒကို“ဆန့်ကျင်”ရာရောက်စေပါတယ်။

◾️ဆက်လက်နေထိုင်တယ်ဆိုသည့်အတွက်“လက်ရှိ”နေထိုင်ခြင်းကိုလဲ ပေါ်လွင်စေပါတယ်။

◾️အရှင်းဆုံးကတော့ (၁၂)နှစ်ပါပဲ။ ပြီးတော့ အဲဒီ (၃)ခုစလုံးဆုံလို့ကတော့ တကယ် “ဆုံးရှုံး”မှာဖြစ်ပါတယ်။

◾️ဒီလိုကိစ္စမျိုးမှာ“မကောင်းမူ” ကို သင်ကြားပေးမည့် သူတွေကရှိနိုင်လေတော့ တချို့သောအိမ်ရှင်/မြေရှင်တွေက (၁၂) နှစ်ကျော်အောင်မထားတော့ပဲ အလွယ်ဆုံး နည်းနဲ့ ကာကွယ်နေကြတာတွေကိုလည်းတွေ့ဖူးပါတယ်။

ကြည်စိုး.IC
မူရင်းရေးသားသူအားလေးစားစွာဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်🙏

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "" အာ‌ဇာနည်နေ့ ဒို့မမေ့ "ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရို...
19/07/2023

" 𝟏𝟗 𝐉𝐔𝐋𝐘 မမေ့နိုင် "
" အာ‌ဇာနည်နေ့ ဒို့မမေ့ "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။


'_Day
#အာဇာနည်နေ့

Address

Sanchaung

Telephone

+959797333616

Website

Alerts

Be the first to know and let us send you an email when Lynn Pyae Eain Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category