Mon's bl fiction world

Mon's bl fiction world စာဝင်​ဖတ်​ပီးတိတ်​တိတ်​​လေးထွက်​မ? ...

❤"လှ​သောအပြုံး ချို​သောအရသာ"❤Part 6📝ရှောင်ကျန့်..............ပါး TV ရှေ့တွင် မျက်မှန်တစ်လက်နှင့် ငြိမ်​သက်​စွာ ထိုင်နေသူ...
20/03/2022

❤"လှ​သောအပြုံး ချို​သောအရသာ"❤

Part 6📝

ရှောင်ကျန့်..............ပါး

TV ရှေ့တွင် မျက်မှန်တစ်လက်နှင့် ငြိမ်​သက်​စွာ ထိုင်နေသူ ဦးရှောင်ဟွားလူမှာ နောက်မှမိမိပုခုံးကိုသိုင်းဖက်၍ ‌ခြောက်လှန့်​ခံလိုက်ရ၍ အနည်းငယ်လန့်သွားဟန်ရှိသည် ဇာတ်လမ်းတွင် ဈာန်ဝင်နေသည်မှာ ‌အိမ်ရှေ့မှ ကားသံပင် မကြားမိသည်အထိ

ရှောင်ပါး................အမလေးသားရယ် ပြန်လာပီလား

ရှောင်ကျန့်...............ဟုတ် သားဖုန်းကြိုဆက်ထားတယ်လေ နည်းနည်းနောက်ကျမယ်လို့ ပါးက စောင့်နေတာလား

ရှောင်ပါး................ပါး‌ပြောစရာရှိတယ်​သား

စာရွက်စာတမ်းအချို့ကို​ဘေးချကာ ဦးရှောင်ဟွားလူဘေးတွင် ဝင်ထိုင်လိုက်သော ရှောင်ကျန့်

ဦးရှောင်ဟွားလူလဲ companyအ‌ကြောင်းနှင့် shareလွှဲ‌ပြောင်းသည့်ပမာဏ ကျန်ရှိသောပိုင်ဆိုင်မှုတို့ကိုရှင်းပြလိုက်သည်

ရှောင်ကျန့်................ပါးcompanyကို ပါး ကြိုက်သလိုစီမံလို့ရတယ်လေ သားဘာမှမကန့်ကွက်ပါဘူး ပီးတော့ တီတီမင့်ကိုလဲ စောင့်ရှောက်ရမဲ့တာဝန် ပါးမှာရှိတယ်မလား သားနားလည်ပါတယ် သားက ပါးကို ကိုယ်တိုင်ရှာကျွေးချင်တာ သိရဲ့လား

မိမိဘေးမှ မိမိကိုဖက်ကာ ချွဲနေသူသားဖြစ်သူ၏ ခေါင်းလေးအား အသာပွတ်၍ ပြုံးလိုက်မိသည် ကလေးဆန်ကာချစ်ဖို့ကောင်းလှသော ဤလူသား‌လေးမှာ တစ်ခါတရံတွင် ရင့်ကျက်သောအတွေးခေါ် လူကြီးဆန်သောစကားလုံးတို့ ဖြင့် သဘောထားပြည့်ဝ၍ နားလည်နိုင်မှုကို အဓိပ္ပာယ်ပါပါ ဖော်ကျူးတတ်သည် မဟုတ်​ပါလား

ရှောင်‌ပါး................ဟုတ်ပါပီဗျာ ညဉ့်​နက်ပီသား သွားအိပ်တော့‌ မနက်လဲအလုပ်ဆင်းဦးမယ်မလား

ရှောင်ကျန့်.................ဟုတ်ပါး ပါးလဲအိပ်တော့လေ လာ သားလိုက်ပို့‌ပေးမယ်
.............................................

ကျင်းလင်...............ဟေ့ကောင် ကျန်းချန် မပီးသေးဘူးလားမင်းမုန့်က ဒီမှာ အလုပ်သွားရဦးမယ်ကွ

ကျန်းချန်..............အေး အေးပါ လာပါပီကွာ

ရှောင်ကျန့်................မင်းကလေ နေရာတကာနှေးလိုက်တာ ငါတို့မကူကာရှိသေး

မုံ့ယောင်.............အေးလေ

ကျန်းချန်............မင်းတို့သုံးကောင်ကလေ တကယ် စေတနာနဲ့ကိုမတန်ဘူး ဒီမှာ ငါ့menuအသစ်လေး အရင်ဆုံးစားစေချင်လို့ လုပ်လာတာကို

ရှောင်ကျန့်...........ဟုတ်လား အန်း အရောင်သွေးကိုအရင်ဆုံးဝေဖန်ရရင်တော့ Christmasပင်လိုပဲ

ကျန်းချန်...........ဒါပဲလေ ရွှန်းတောက်နေတယ်မလား

ရှောင်ကျန့် မုံ့ယောင်ကို ကြည့်၍ ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်

မုံ့ယောင်............မျိုးစုံရှုပ်ရှက်ခက်ပီး ဗွက်ပေါက်နေတာလေ

ဟား ဟား ဟား

ကျန်းချန်.........မင်းတို့ ငါ့ဆိုအကောင်းကိုမ‌ပြောဘူး​ ​ဘယ်​လိုသူငယ်​ချင်း​တွေလဲမသိဘူး

ကျင်းလင်..............စတာပါကွာ ရုပ်က မဲ့နေတာ ကြည့်ပါဦး မသိရင် သန့်စင်ခန်းဝင်ချင်နေတဲ့ရုပ်နဲ့

မုံ့​ယောင်​.......သွားသွားအောင့်မထားနဲ့ သူငယ်ချင်း

ကျန်းချန်...........ဘာ မင်းတို့ဘာ‌ပြောတယ် တော်ပီကွာ မစားကြနဲ့တော့ ကျွေးချင်စိတ်မရှိတော့ဘူး

ကျင်းလင်..........စားမှာပဲကွာ မကျွေးလဲ

စားပွဲအလယ်မှ မုန့်လေးမှာတော့ ဝိုင်းလုစားခံရ၍ ပန်းကန်ပြားအလွတ်သာကျန်ပေတော့သည် ......

မုံ့ယောင်............ကျွန်တော်မျိုးတို့ကောင်းကောင်းသုံးဆောင်ခဲ့ပီးပီမို့ ခွင့်ပြုပါဦး

‌ရှောင်ကျန့်.............စားကောင်းပါတယ်လို့ မှတ်ချက်ကောင်းလေးပေးခဲ့တယ်နော် စာဖိုမှူးအပျိုရီး

ကျင်းလင်..............ခုလို ပထမဆုံးလက်ရာလေးကို အခမဲ့ဒါန ပြု ရတဲ့အတွက်​​ကျေးဇူးတင်ပါတယ် ယွကျားမြန် မြန်ရပါစေ

‌ကျန်းချန်..............မင်း မင်းတို့

စကားပင်မဆုံး ကိုယ်‌ပြောချင်တာ‌ပြော၍ ‌ပြေးထွက်သွားကြသော သူငယ်ချင်းတွေပါပင်

ကျန်းချန်............အေး တွေ့မယ် နောက်တစ်ခါမှ

ကျန်းချန်ဆိုင်မှ အလုပ်သို့ ထွက်ခွာလာခဲ့ ကြသည်
.......................................

ဝမ်ဝူကျွင်း.............ဒီဘက်က မင်းတို့စားပွဲ ကြိုက်ရာထိုင်ပါ ရှောင်ကျန့်ကတော့ ceoကို ခနစောင့်ပေးပါ

မုံ့ယောင်/ကျင်းလင်/ရှောင်ကျန့်...........ဟုတ်ကဲ့

wang company၏ အရောင်သွေးမှာ အ ဖြူရောင်နှင့်ခဲ ရောစပ်ထားပီး တောက်ပသောအသွင်ကို ဆောင်ကျ ဉ်းထားသည် မှန်အကြည်များကို အချို့သော တံခါးနေရာများနှင့် ဝန်ထမ်းစားပွဲပေါ်တွင် တစ်ဦးနှင့်တစ်ဦးကြား နေရာကန့်သတ်ရာတွင် ကာရံအသုံးပြုထားသည်

ကုရှန်အန်း............ceoနဲ့တွေ့လို့ရပါပီ

ရှောင်ကျန့်ဝင်သွားလိုက်သည် တွေ့ပါပီ ငယ်ရွယ်သော မျက်နှာနှင့်မလိုက်အောင် တည်လွန်းသည့်​မျက်လွှာ

ဝမ်ရိပေါ်.............မနေ့က ငါ‌ပြောတဲ့အတိုင်းပဲ တစ်လတိတိ မင်းကသာမန်ဝန်ထမ်းနေရာမှာအလုပ်လုပ်ရမယ် ဒါပေမဲ့ မင်းသိထားဖို့က မင်းက သူတို့ထက်ပိုပီး အလုပ်လုပ်ရမယ်

ရှောင်ကျန့်.............ဟုတ် နားလည်ပါပီ

(ဘာလဲဟ အစတည်းက secretryမခန့်ချင်ရင် ရိုးရိုးဝန်ထမ်းပဲခန့်လိုက်ရင်ရနေတာကို တစ်လဆိုပီးအချိန်ကန့်တာလဲ သူပဲ)

ဝမ်ရိပေါ်.............ရှန်အန်း

ကုရှန်အန်း..............ဟုတ် ‌boss

ဝမ်ရိပေါ်................သူ့ကို လေ့လာစရာရှိတာလေ့လာဖို့ ကြီးကျပ်ပေး အချက်လက်အချို့ကcomputerမှာ ပို့ပေးထားတယ် အဲ့ဒါနဲ့ ဒီfileတွဲတွေ ပေးလိုက်ပါ

စားပွဲပေါ်တွင် အထပ်လိုက်နေရာယူထားသော စာရွက်တို့က ရှောင်ကျန့်အတွက် ပထမဆုံးအလုပ်မှ စိတ်ဝင်စားစေ‌သော စာမျက်နှာတို့ပိုင်ရှင်တို့ပင်

ကုရှန်အန်း...........ဟုတ်ကဲ့ boss ဒါက မနေ့က စာပြန်စီပီး printထုတ်ခိုင်းထားတဲ့ fileတွေပါ

ဝမ်ရိပေါ်..........ok သွားလို့ရပီ

ရှောင်ကျန့်နှင့် ကုရှန်အန်းနှစ်ယောက်​သား ဝမ်ရိပေါ်ကို ခေါင်းငုံ့အရိုသေပေး၍ အပြင်သို့ပြန်​ထွက်ခဲ့ကြသည်

ကုရှန်အန်း..............ရှန်အန်းဘေးကအလုပ်စားပွဲက အကိုရှောင်ကျန့်နေရာပါ

ရှောင်ကျန့် ပြုံးပြခေါင်းညိမ့်၍ ဝင်ထိုင်လိုက်သည် ရှန်အန်းပို့လိုက်သဖြင့် computerသို့ရောက်လာသော အချက်လက်တို့ကိုကြည့်၍ ချက်ချင်းနားမလည်နိုင်တာအမှန်ပင်

ကုရှန်အန်း ရှောင်ကျန့်ကို ကြည့်ကာ သွားပေါ်သည်ထိ ပြုံးလိုက်သည်

ကုရှန်အန်း..............အစမို့ပါ ခေါင်းရှုပ်​နေပီလား နားမလည်တာရှိရင် ညီမကိုမေးလို့ရပါတယ် သေချာရှင်းပြသွားပါ့မယ်နော်

ရှောင်ကျန့်...........ကျေးဇူးတင်ပါတယ် ရှန်အန်း

ကုရှန်အန်းမှာ ငယ်ရွယ်သွက်လက်ကာချစ်ဖို့ကောင်းသော ကောင်မလေးတစ်ယောက်ပင်
ဖော်ရွေတတ်ကာ သဘောကောင်းသည်တို့က တွေ့‌တွေ့ချင်းသိရသော အပြင်ပန်းအမူရာတို့ပင်

ရှောင်ကျန့်............ရှန်အန်းက ဘယ်အပိုင်းမှာတာဝန်ယူရတာလဲ

ရှန်အန်း.............designဆွဲတဲ့နေရာမှာလေ ခုတော့ အကိုရှောင်ကျန့်ရဲ့ ဆရာပေါ့နော်

ရှန်အန်းမှာ ပွင့်လင်းသည့်အပြင် စကားကြုံသည့်​အခါ စနောက်တတ်ပါသေးသည်

ရှောင်ကျန့်.............ဟုတ်ပါတယ် ဟုတ်ပါတယ်

ရှန်အန်းကို ပြန်‌ပြောကာ computerဆက်သုံးကာ အလုပ်ဆက်လုပ်လိုက်သည်
..............

ရှန်အန်း............ကဲ ခုက နားချိန် 15မိနစ်ရပီ

ရှောင်ကျန့်...........15မိနစ်လား

သိပ်မဝေးလှသော အကွာဝေးမှအလုပ်လုပ်ကြသော မုံ့ယောင်တို့ ရှောင်ကျန့်ဆီသို့ လျှောက်လာကြသည်

ရှန်အန်း.............ဟုတ်တယ်
ဒီက အစ်ကိုတို့က အစ်ကိုရှောင်ကျန့်သူငယ်ချင်းတွေမလား ညီမက ကုရှန်အန်းပါ

မုံ့ယောင်............မုံ့ယောင်ပါ တွေ့ရတာဝမ်းသာပါတယ်

ကျင်းလင်............အစ်ကိုက ကျင်းလင်ပါ

ကုရှန်အန်း............ဟုတ် ဒါနဲ့အချိန် ပြည့်တော့မယ် ညီမကော်ဖီဖျော်တိုက်မယ်လေ အခြားသူတွေရောရှိတယ် ညီမနဲ့လိုက်ခဲ့ကြ

အလုပ်ခန်းနှင့် မနီးမဝေးရှိ အခန်းကျယ်တစ်ခုတွင် အနက်ရောင်စားပွဲဝိုင်းလေးများရှိကာ အသင့်​ယူလာကြ​သောမုန့် ထိုင်စားသူကစား စကား‌ပြောသူက‌ပြောနှင့် အားလပ်ချိန်ကို အသုံးပြု​နေကြသည်

ကုရှန်အန်း..........ထိုင်ကြဦးနော် သွားဖျော်လိုက်ဦးမယ်

ရှောင်ကျန့်...........အစ်ကိုတို့ရောကူမယ်လေ ဧည့်သည်လိုဧည့်ခံနေတယ်

ရှန်အန်း...........မရပါဘူးနော် ညီမက ဖျော်တိုက်ချင်လို့ပါဆို ခနပဲစောင့် သွားပီ

ပျော်ပျော်နေတတ်သော ကျင်းလင်တို့လဲ သွက်လက်သော ရှန်အန်းနှင့် ခင်သွားကြသည်
.........................

ရှန်အန်း...........ဟူး ပင်ပန်းလိုက်တာနော် အလုပ်ဆင်းချိန်ကလဲမရောက်သေးဘူး

ရှောင်ကျန့်............ခနနေရင်ပဲ ရောက်တော့မှာမလား ရှန်အန်း‌ပြော‌တော့ အစ်ကို့ဆရာဆို ဆရာကပျင်းနေတာလား ceoနဲ့တိုင်ရမယ်

ရှန်အန်း...........အာ အာ မလုပ်ပါနဲ့ ceoက စည်းကမ်းအရမ်းကြီးတာ တော်ကြာ တန်းအလုပ်ထုတ်‌နေမှဖြင့် မလုပ်ဘူးမ‌ပြောနိုင်ဘူး

ရှောင်ကျန့်............အဲ့လောက်တောင်

ရှုံ့မဲ့ကာ ခေါင်းညိမ့်လာသော ရှန်အန်းကို ကြည့်၍ ရယ်ချင်မိသည်

ရှန်အန်း............အစ်ကိုရှောင်ကျန့်နဲ့ တစ်လပဲ အလုပ်တူတူလုပ်ရမယ် နှ‌မြောလိုက်တာ ခင်နေပီကို အဲ့ကျရင်အကိုက ရှန်​အန်းရဲ့ဆရာပြန်ဖြစ်သွားမှာ သိလား ဟင့်

မထွက်သောမျက်ရည်တို့ကို သုတ်၍ ရှောင်ကျန့်ကို စနေပါသေးသည်

ရှောင်ကျန့်............လိုပါသေးတယ် ‌တစ်လက ဒါပေမဲ့သတိထားနော် ceoရဲ့ secretryဖြစ်ရင် ဒီက အပျင်းအိုးကို အလုပ်တွေဖိခိုင်းမှာ
.........

အလုပ်လုပ်ရင်းပွစိပွစိ‌ပြောရင်းက တစ်ရက်ကုန်ဆုံးသွား‌ပါတော့သည်
...........

ပထမဆုံးရက်ဖြစ်သော်လည်း ‌အတော်ပင်ပန်းခဲ့သည်ဆိုလျှင် မငြင်းနိုင်ပေ

သူငယ်ချင်း‌တွေ မျက်နှာချင်းဆိုင်ဆုံတော့လဲ ထိုအမောများ ‌ပြေသယောင်ပါပင် စိတ်အမောတို့‌ပြေသော်လည်း မငြင်းနိုင်သောခန္ဓာကိုယ်မှာတော့ နှေးကွေးသော‌ခြေလှမ်းများက သက်သေပင် သုံးယောက်အတူ ကားလေးမောင်းပီး အိမ်ပြန်လာခဲ့ကြသည်
...............................................

06/03/2022

မြတ်​နိုးရပါ​သော မွန့်​reader​လေး​​တွေအားလုံး ​တောင်းပန်​ပါတယ်​​နော်​🙏 မွန်​တို့ဆီ ဖုန်းလိုင်း​တွေအဆင်​မ​ပြေတာ​ကြောင့်​ fic ​ရေးတင်​​ပေးတဲ့​နေရာမှာ အခက်​ခဲ​လေး​တွေရှိပါတယ်​ ကြန့်​ကြာ​ပေမဲ့ တစ်​ပိုင်းစီမှာ​သေချာ​လေး​စောင့်​ဖတ်​​ပေးတဲ့ သူ​လေး​တွေအကုန်​ ​ကျေးဇူးတင်​ပါတယ်​😘 page messengerမှာ လာဂျီကျတဲ့ က​လေးငယ်​​လေး​တွေလည်း ခွင့်​လွတ်​​ပေးပါလို့☺😚

❤"လှ​သောအပြုံး ချို​သောအရသာ"❤Part 5📝ဝမ်ဝူကျွင်း...........ဒီမှာ ဝမ်လေး ဒါ အလုပ်လျှောက်ထားတဲ့လူစာရင်းဝမ်ရိပေါ်...............
06/03/2022

❤"လှ​သောအပြုံး ချို​သောအရသာ"❤

Part 5📝

ဝမ်ဝူကျွင်း...........ဒီမှာ ဝမ်လေး ဒါ အလုပ်လျှောက်ထားတဲ့လူစာရင်း

ဝမ်ရိပေါ်.............ကောပဲစီစဉ်လိုက်ပါ....ဪ secretry ကိုတော့ ကျွန်တော်ပဲရွေးမယ် (ဟိုကောင်စစ်ကျွေး‌က ‌ပြောရတာမဟုတ်ဘူး အားနာတာနဲ့ဘာနဲ့ ဘယ်လိုလူရွေးထားလဲ‌ပြောမရဘူး အရည်ချင်းတော့စစ်ရမယ်)

ဝမ်ဝူကျွင်း..........ဪ အေးပါ ‌အာ့ဆို ကော သွားစရာလေးရှိလို့ byeနော်

ဝမ်ရိပေါ်............ဟုတ်ကော

ဝမ်ရိပေါ်လည်း အတွင်းရေးမှူးလျှောက်ထားကြသောလူစာရင်းကို ကြည့်လိုက်သည် လျှောက်ထားကြတာမနည်း ထိုအထဲမှ စစ်ကျွေးရွေးထားသည့်လူကိုတစ်ချက်ကြည့်လိုက်သည်

ဝမ်ရိပေါ်............အသက်ကတော့ ငါနဲ့ရွယ်တူလောက်ပါပဲ ပုံကလဲဘယ်တုန်းတည်းကရိုက်ထားလဲမသိဘူး ကလေးလိုလိုဘာလိုလိုနဲ့ ဟမ်​..အလုပ်​အ​တွေ့အကြုံ မရှိတဲ့

သက်ပြင်းတစ်ချက်ချကာ ရေသောက်ရန် ရေခဲသေတ္တာသို့ ထသွားလိုက်သည်

ဒေါ်‌ဝမ်ယွဲ့လီ သားဖြစ်သူ အလုပ်စားပွဲသို့လှမ်းလာကာ အပေါ်ဆုံးတွင်ရောက်နေသော formတစ်ခုကို အသေချာကြည့်မိသည်

ဒေါ်ဝမ်ယွဲ့လီ.............(သားရှောင်ကျန့်...အန်​တီတို့ ပြန်​​တွေ့ရပီ​နော်​ သားလဲ အန်​တီ့ကိုပြန်​​တွေ့ရမှာပါ ဒီတစ်ခါဆုံခြင်းကတော့ အန်တီအလှည့်ပေါ့)တွေးရင်းပြုံးနေသော ဝမ်မား

ဝမ်ရိပေါ် ဖန်ခွက်ကလေးကိုလက်တစ်ဖက်တည်းဖြင့်ကိုင်လာကာ ဒေါ်ဝမ်ယွဲ့လီဆီအေးဆေးစွာလျှောက်လှမ်းလာခဲ့တယ်

ဝမ်ရိပေါ်.............အဲ့မှာမား
ကျေးဇူးရှင်ရွေးပေးတဲ့လူလေ ကြည့်ဦး

ဝမ်ရိပေါ်စိတ်ပျက်စွာဖြင့်‌​မေး​လေးတစ်​ချက်​​ငေါ့ကာ​ပြော၍ ယူလာ​သော​ရေ​လေးအား ​မော့​သောက်​လိုက်​သည်

ဝမ်မား...........မားလဲ သဘောတူတယ် သားရဲ့secretryက သူပဲ ဖြစ်ရမယ်

ပြတ်သားစွာ‌ပြောပီး ပြုံးပြလာသောမားက သူတွေးထားသည်နှင့်တစ်ခြားစီပင်
ရှောင်ကျန့်ဆိုသောလူကပဲ ကံကောင်းတာလား သူမြင်သလိုမမြင်ကြတဲ့ မားတို့ကပဲ ဟူး မတွေးတော့ဘူး ဟုသာ သက်ပြင်းတစ်ချက်ချ၍ နောက်နေ့ interviewမှာ‌ တွေ့ ကြတာပေါ့ဟူသော အကြည့်တစ်ချက်က ရှောင်ကျန့်ပုံပါသော formစာရွက်လေးဆီသို့........................................

ကျင်းလင်...........ရှောင်ကျန့်ရေ ငါတို့ရောက်ပီ ပီးပီလား

မုံ့ယောင်.........ဦး မင်္ဂလာပါ

ကျင်းလင်​..........​ဪ ဦး​လေး အလုပ်​သွား​တော့မလို့လားဗျ

အဝတ်စားသပ်ရပ်စွာနှင့် အိတ်လေးဆွဲကာ ဦးစွာထွက်လာသော ဦးရှောင်ဟွားလူကိုနှုတ်ဆက်လိုက် ခြင်းပင်

ခေါင်းညိမ့်ပြုံးပြကာ
ဦး​ရှောင်​ဟွားလူ...........ဟုတ်​တယ်​ သားတို့ interviewသွား‌ဖြေကြမှာမလား good luckပါကွယ် ဂရုစိုက်သွားကြဦး သားတို့သူငယ်ချင်းက အခန်းထဲမှာ

မုံ့‌ယောင်/ကျင်းလင်.......ဟုတ်ကဲ့ ဦး

နှစ်ယောက်သား အခန်းတံခါးဖွင့်၍ဝင်လာသောအချိန်တွင် body springလေး တရှဲရှဲနေအောင် ဖြန်းနေသူရှောင်ကျန့်အားတွေ့ပါတော့သည်

ရှောင်ကျန့်..........လာကြပီလား သွားမယ်

မုံ့ယောင်............မင်း မျက်ကွင်းနည်းနည်းညိုနေသလိုပဲ ညက အိပ်ရဲ့လား

ကျင်းလင်..........ဟုတ်​သားပဲ သိ​တော့မသိသာပါဘူး သေချာကြည့်မှသိတာ နည်းနည်းညိုနေတယ်

ငယ်တည်းကပေါင်းလာသည်လဲဖြစ် အပြစ်အနဆာမရှိသောမျက်နှာလေးကို ​အမြဲမင်​နေကျဖြစ်သော သူငယ်ချင်းတွေဖြစ်တာ ‌ကြောင့်​ တန်းသိသည်​မှာ မထူးဆန်း​ပေ

ရှောင်​ကျန့်​.........အဟဲ ညက အိပ်​ယာဝင်​တာ ​နောက်ကျတယ် လေ့လာစရာလေးတွေလေ့လာနေတာနဲ့ ...
wang companyက ပေါ့သေးသေးမဟုတ်ဘူးလေ နာမည်ကြီးပဲ အာ့‌ကြောင့်လေ့လာနေတာ

ကျင်းလင်...........aပါ သွား ကြစို့
...............................................

company ကို ‌ခြေချလိုက်သည်နှင့် အလုံးစုံ​သောမျက်​ဝန်းမှ အကြည့်​တို့က ရှောင်ကျန့်ဆီမှာပင်

ခဲနက်ရောင်ဘောင်းဘီရှည်အပွလေးပေါ်တွင် အဖြူ​ ​ရောင် လက်ကျT shirtအပွလေးကို ဖြူ ဝင်းသည့်အသားရည်နှင့် လိုက်ဖက်စွာဝတ်ဆင်ထားသော မျက်လုံးအိမ်ဝိုင်းဝိုင်းလေးနှင့်ရှောင်ကျန့်ဆီမှ အကြ ည့်မလွှဲနိုင် ဖြစ်နေကြသည်

ကျင်းလင်...........မင်းနားနေရတာ ငါတို့ပါ ပြာကျတော့မယ်ထင်တယ် နော်မုံ့ယောင်

မုံ့ယောင်............အေးလေ ငါတို့က ကိုယ့်ဘာသာနေရင်အချောသား မင်းနဲ့ယှဉ်လျှောက်မှ မျက်နှာငယ်ရတယ် ဟင့်​ ..ဟားဟား

ယခုလိုအ​​ခြေ​အ​နေကို ကြုံ​နေကျဖြစ်​​သော ရှောင်ကျန့် အနေကျဉ်းကျပ်နေမှန်းသိ၍ ကျင်းလင်နှင့် မုံ့ယောင် စနေကြခြင်းပင်

ရှောင်ကျန့်...........တော်စမ်းပါကွာ တူတူမလျှောက်ချင်လဲနေ သွားသွား လာခဲ့ ကြနဲ့

သုံးယောက်သား ပေါ့ပါးစွာလမ်းလျှောက်၍ ကလေးတွေကဲ့သို့ စနောက်နေ ကြပါသေးသည် အပြုံး​တွေကတော့ သူတို့ပျော်ရွှင်မှုကို လှပစွာ တန်ဆာဆင်ထားလျက်ပေါ့

မုံ့ယောင်............မင်းတို့နေခဲ့ ကြဦး ငါtoilet သွားချင်လာလို့

ရှောင်ကျန့်.........​အေး သွားလေ

ကျင်းလင်............ကြွ ကြွ

မုံ့ယောင်လည်း မေးမြန်းပီး တည့်တည့်မတ်မတ်​တော့​ရောက်သွားပါသည်​ ပြန်အလာ

ဒုတ်...
လူတစ်ယောက်နှင့်တိုက်မိသည် အနက်ရောင်maskကိုအုပ်ထားပီး ဦးထုပ်ပါဆောင်းထားသော အရပ်မြင့်မြင့်တစ်ယောက်နှင့်ဝင်တိုက်မိသည် လက်မောင်းကိုလမ်းဆွဲလိုက်​ပီး

မုံ့ယောင်..........နေဦး ခင်များဘယ်သူလဲ

လက်လေးနှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ မေးလာသူကို ဝမ်ဝူကျွင်း ​ကြောင်​ကြည့်မိသည်

ဝမ်ဝူကျွင်း............မင်းက ဘယ်သူလဲ

မုံ့ယောင်.............အောင်မာ ကျွန်တော်ကမေးရမှာ companyတွင်းကို ဦးထုတ်ဆောင်းထားသေးတယ် မြန်မြန်‌ဖြေနော် ကျွန်တော်ခင်များကို ဒီတိုင်းလွှတ်ပေးမယ်မထင်နဲ့ တာဝန်ရှိတဲ့သူနဲ့ တိုင်လိုက်မှာ

ဝမ်ဝူကျွင်း ရယ်ချင်မိသည် မရုန်းနိုင်၍မဟုတ် သူကိုယ်တိုင်ပင် စိတ်ဝင်စား၍ မရုန်းခြင်းပင် မုံ့ယောင်မှာလဲ သူထွက်‌ပြေးမည်ဆိုသည့်အလား သူ့လက်ကိုကိုင်ပီး သူ့ကို ခြိမ်း‌ခြောက်နေလေ၏

ဝမ်ဝူကျွင်း.............ကိုယ်က ဝမ်ဝူကျွင်း ဦးဝမ်ဖုံးကျစ်ဆိုတာ ကိုယ့်ပါး ဝမ်ရိပေါ်က ကိုယ့်ညီ

မုံ့ယောင်..............ဗျာ

မုံ့ယောင် အံ့သြစွာဖြင့် လက်ကိုချက်ချင်းလွှတ်ပေးလိုက်သည်

မုံ့ယောင်.........ဟို ဟို ကျွန်တော်တောင်းပန်ပါတယ် ခင်များပုံက မူမမှန်တော့သံသယဝင်မိလို့ပါ ခွင့်ပြုပါဦး
(စစ်​​ကျွေး​ရေ မင်း​တော့သွားပီ companyပိုင်​ရှင်​ကိုမှ သွားမသင်္ကာမိပါလား)

မုံ့ယောင် အနေရခက်စွာပြုံးပြပီး ထွက်သွားဖို့အလုပ်

ဝမ်ဝူကျွင်း.............နေ‌ဦးလေ မင်းနာမည်က

မုံ့ယောင်.............မုံ့ယောင်ပါ အဟဲ အ လုပ်လာလျှောက်တာ အခုတော့ ထွက်စာပါတန်းရပီထင်ပါတယ်

ပွင့်လင်းစွာ‌ပြောလာသောသူက ဝမ်ဝူကျွင်းအမြင်တွင် ချစ်စရာကောင်းလွန်းလှသောအမူရာတို့ကို ပိုင်ဆိုင်ထားသည်ဆိုလျှင် ယုံနိုင်​မည်​လား

ဝမ်ဝူကျွင်း ဟတ်ကနဲတစ်ချက်ရယ်လိုက်ပီး

ဝမ်ဝူကျွင်း.............မရပါဘူးကွာ ဘယ်ထွက်စာမှ ကိုယ်ဦးထုပ်ဆောင်းတာကလဲ ဒီနားမှာ အလုပ်သမားတွေ အလုပ်သေချာလုပ်လား လာခိုးကြည့်တာပါ

မုံ့ယောင်............ဪ ကျွန်တော်သွားနှင့်ပီနော် ခွင့်ပြု ပါဦး

ကျင်းလင်နှင့် အခြားလူအများစု ဝမ်ဝူကျွင်းရုံးခန်းရှေ့တွင်ရောက်နှင့်နေ ကြ၏ ရှောင်ကျန့်ကတော့ အခြားတစ်ဖက်မှဝမ်ရိပေါ်ရုံးခန်းရှေ့တွင်သာထိုင်နေလေ၏

ကျင်းလင်...........ဟေ့ကောင်မုံ့ယောင် ကြာလိုက်တာကွာ မင်းtoiletမှာ အလှများပြင်နေတာလား

မုံ့​ယောင်​..........အာ မင်း​နော်​ ​ပေါက်​ကရလာ​နောက်​မ​နေနဲ့ ​နောက်​မှ​ပြောပြမယ်
..........................................

ရှောင်ကျန့် ဝင်လို့ရပါပီ

အမျိုးသမီးဝန်ထမ်းအသံ ကြားသည်နှင့် ရှောင်ကျန့်လဲ ရုံးခန်းသို့ ‌ခြေလှမ်းဖော့ဖော့နှင့် ခေါင်းလေးငုံ့ပီး ဝင်သွားလေသည်

ဝမ်ရိပေါ်............…(ပုံကိုဘယ်တုန်းကရိုက်ထားပါလိမ့်တွေးနေတာ သူက အပြင်လဲဒီတိုင်းပါပဲလား က​လေး​ပေါက်​စကျ​နေတာပဲ)
မင်းအသက်က23နော်

ရှောင်ကျန့်.............ဟုတ်ပါတယ်

ဝမါရိပေါ်...........ခေါင်းမော့ထားလို့ရပါတယ်

ယခုမှကိုယ့်ကိုယ်ကိုယ် သတိထားမိသည် ပထမဆုံးinterviewဖြစ်သည်‌ကြောင့်ထင်​ပါ၏ စိတ်လှုပ်ရှားမှုတို့ စေရာအတိုင်း ခေါင်းငုံ့ထားမိသည်
သွား​လေးဖြီးကာမော့လာသူ ရှောင်ကျန့်

ရှောင်ကျန့်..........(ဟမ် သူဌေးက ငယ်လိုက်တာ သူ့ထူးချွန်မှုတွေ လေ့လာရသလောက် အသက်ကြီးမယ်ထင်ထားတာ ငါနဲ့ရွယ်တူလောက်ပါပဲ ဖြစ်ပါ့မလား)

‌ပြုံးပြပီး​နောက်​ ‌ကြောင်ကြည့်နေပြန်သော ရှောင်ကျန့်ကို ဝမ်ရိပေါ် နားမလည်စွာပင် ကြည့်​ပီးမှ

‌ဝမ်ရိပေါ်...........မင်းက မားတို့နဲ့ ဘယ်အကန့်နဲ့ပတ်သက်သည် ဖြစ်စေ အလုပ်အတွေ့ကြုံမရှိတဲ့မင်းကို ငါ့ရဲ့ secretryရာထူး တန်းမပေးနိုင်ဘူး အဲ့တော့ တစ်လတိတိ သာမန်ဝန်ထမ်းလုပ်ရမယ် လေ့လာစရာရှိတာ​လေ့လာရမယ်​ သင်​ယူစရာရှိတာသင်​ယူရမယ်

ရှောင်ကျန့်.............ဗျာ ဟုတ် ရပါတယ် ဆိုလိုတာက ကျန့်​ကျန့်​ကိုအလုပ်ခန့်လိုက်တာလား
(အလုပ်​အ​တွေ့ကြုံမရှိ​တဲ့သူဆိုပီး အထင်​​သေးတဲ့ပုံနဲ့ ဟွန်း ကျွန်​​တော်​ကြိုးစားပြပါမယ်​)

ကျန့်​ကျန့်​ဟု သုံးလိုက်​​သောအသုံးနှုန်းသည်​ ရိ​ပေါ်ရင်​ကို တစ်​မျိုးဖြစ်​​စေတာအမှန်​ပါ

ဝမ်ရိပေါ်.............ဟုတ်တယ် ဒါပေမဲ့ မင်းအရည်​အချင်းကိုစောင့်ကြည့်မယ် မနက်ဖြန်ကစပီး အလုပ်ဆင်းလို့ရပီ ပြန်လို့ရပီ

ရှောင်ကျန့်.............ဟင် ဟုတ်ကဲ့ ခွင့်ပြုပါဦး

ခေါင်းငုံ့အရိုသေပေးပီး အခန်းအပြင်သို့ထွက်လာခဲ့သည်
ရှောင်ကျန့် နားမလည်စွာပင် သူ့အတွက် ပထမဦးဆုံးinterviewသည် ဤကဲ့သို့ လွယ်ကူလွန်းသည်​တဲ့လား
ထိုမျှမက ဝမ်​ရိ​ပေါ်ဆို​သောလူ၏မားဆိုသူနှင့် မည်သို့ပတ်သက်သည်ဖြစ်စေဟူသောစကား
တွေးမရသည့်အဆုံး ခေါင်းရမ်းအဆုံးသတ်ကာပင် ကျင်းလင်တို့အား‌စောင့်ဆိုင်းနေ၏

‌မုံ့ယောင်............ရှောင်ကျန့် ဘယ်လိုလဲအ‌ခြေနေ ငါတို့တော့အဆင်‌ပြေတယ် မနက်ဖြန်ကစပီး အလုပ်ဆင်းရမယ်တဲ့ မြန်လွန်းတာ ထင်တောင်မထားဘူး

ရှောင်ကျန့်............ငါရောပဲ

ကျင်းလင်........ဟမ် သုံးယောက်တူတူအလုပ်ဝင်​ဖို့ စိတ်​ကူးထားတယ်​ဆိုပေမဲ့ ဒီလောက်ထိအဆင်‌ပြေမယ်မတွေးမိဘူးငါတို့တကယ်ကံကောင်းတယ်‌ပြောရမလား

လမ်း​လျှောက်​ရင်းဖြင့်​ စကား​​ပြောလာကြသည်​မှာ ဦးတည်​ရာ ကား​လေးဆီသို့ပင်​​ရောက်​လာ​လေ၏ driver​နေရာယူထားသူက ကျင်းလင်​ပင်​ သူတို့ကိုလိုက်​ပို့ပီးကာမှ ပြန်​ရမည်

မုံ့ယောင်.........ကဲပါကွာ တွေးမနေနဲ့ နောက်နေ့အလုပ်ဝင်ရမယ်ဆိုတော့ အလုပ်ရတဲ့အထိမ်းမှတ်အနေနဲ့ မုန့်​သွားစားမလား ကျန်းချန်​ဆီ​ပေါ့

ရှောင်​ကျန့်​.........​ကောင်းသားပဲ အကိုစစ်​​ကျွေးကိုလဲ ​ခေါ်ရမယ်​ လာပါ့မလား​တော့မသိဘူး

စစ်​​ကျွေးဟူ​သော အမည်​နာမ​လေးကြားသည်​နှင့်​ မကြာ​သေး​သော အတိတ်​က ဖြစ်​ရပ်​အချို့ကိုပြန်​မြင်​ရင်း ​ရွှန်းလဲ့​သော မျက်​ဝန်းအစုံနှင့်​ ပြုံးစိစိဖြစ်​​နေသူက ကျင်းလင်

ရှောင်​ကျန့်​..........ခဏ ငါဖုန်းဆက်​ကြည့်​လိုက်​မယ်

စစ်​​ကျွေး...........hello

ရှောင်​ကျန့်​..........အစ်​ကိုစစ်​​ကျွေးလား ကျန့်​ကျန့်​ပါ

စစ်​​ကျွေး..........aw ​ပြော​လေ အစ်​ကို့ကိုဆက်​တာက

ရှောင်​ကျန့်​...........ကျွန်​​တော်​တို့ အလုပ်​ရပီ အဲ့ဒါ မုန့်​သွားစားမလို့ အစ်ကို့ကိုဖိတ်​ချင်​လို့

စစ်​​ကျွေး..........အာ sorryကွာ ဒီ​နေ့အစ်​ကိုမအားဘူး ​နောက်​မှ​ပေါ့​နော်​ ကျန့်​ကျန့်​တို့ပဲ သွားစားကြပါ

ရှောင်​ကျန့်​...........ဟူတ်​ကဲ့ အာ့ဆိုဒါပဲ​နော်

ဝမ်​ရိ​ပေါ်မှာ စစ်​​ကျွေး​အောက်​ 2နှစ်​ငယ်​သည်​ ​ကျောင်းတက်​ရန်​ခက်​ခဲခဲ့​​သော အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ဝမ်​ရိ​ပေါ်နှင့်​ သူငယ်​ချင်းဖြစ်​ခဲ့ခြင်းပင်​ သူ့ထက်​ပင်​တည်​ငြိမ်​လွန်းလှ​သော ဝမ်​ရိ​ပေါ်ကိုငယ်​သည်​မခံစားရ​သော်​လည်း ဝမ်​ရိ​ပေါ်နှင့်​ရွယ်​တူသာသာ ​ရှောင်​ကျန့်​တို့ကို​တော့ က​လေး​​တွေလိုပင်​ မြင်​မိသည်

ရှောင်​ကျန့်​ ......ကဲ ကြားတဲ့အတိုင်းပဲ ငါတို့ပဲသွားကြတာ​ပေါ့

speakerဖွင့်​​ပြော​သော​ကြောင့်​ ကျင်းလင်​တို့လဲ စစ်​​ကျွေးအ​ဖြေကို ကြားပါသည်

မုံ့​ယောင်​........​အေး​ပေါ့ကွာ ​နောက်​ကြုံ ဦးမှာပါ

ကျင်းလင်​............​နောက်​ကျ​နေပီ သွားကြစို့
............................................

ဦး​ရှောင်​ဟွားလူ ရုံးခန်းလာရန်​ ​ခေါ်ထားသဖြင့်​ လုပ်​လက်​စတို့ကို အပီးသတ်​ပီး ဦး​ရှောင်​ဟွားလူဆီသို့ ဘာမျှ မ​တွေးပဲ​ရောက်​လာခဲ့၏

ရှောင်​​ရှောင်း​ချောင်​...........ကျွန်​​တော့်​ကို​ခေါ်တာ ဘာကိစ္စလဲမသိဘူး

ဝန်ထမ်းများ​ရှေ့တွင်​ အလုပ်​သ​ဘောရဆက်​ဆံကြ​သော်​လည်း နှစ်​ဦးတည်း​တွေ့သည့်​အခါတွင်​​တော့ သာမန်​ပင်

ဦး​ရှောင်​ဟွားလူ..........ဦးအနားယူ​တော့မယ်

ရှောင်​​ရှောင်း​ချောင်​..........ဘာကို

အဆက်​စပ်​မရှိ​ပြောလာ​သော ဦး​လေးစကား​ကြောင့်​ အနည်းငယ်​အံ့သြမိသည်

ဦး​ရှောင်​ဟွားလူ...........ဟုတ်​တယ်​ သား​ရှောင်းလဲ companyကို ဦးစီးနိုင်​​နေပီ ဆို​တော့ သားလက်​ထဲအပ်​ပါတယ်​ ဦး​တော့အိမ်​မှာပဲ နားနား​နေ​နေ ​နေ​တော့မလို့ တစ်​ချို့ အလုပ်​ကိစ္စဆိုရင်​​တော့ အိမ်​ကိုလာ​ပြောပြနိုင်​တယ်​ ဦးကူညီစရာရှိရင်​ အိမ်​က​နေကူညီ​ပေးမယ်

ငယ်​စဉ်​မှယခုထိ ကိုယ့်​ကိုယ်​ကို တစ်​​ယောက်​တည်းဟုသာခံစားရသည်​ ​မိမိရထိုင်​​သော​မေတ္တာတို့သည်​လဲ ​ရှောင်​ကျန့်​အ​ပေါ်တွင်​သာ သက်​​ရောက်​​နေသလို ထင်​မြင်​မိ​သော ​ရှောင်​​ရှောင်း​ချောင်​မှာ​တော့ ​ရှောင်​ကျန့်​ကို အနိုင်​ယူချင်​စိတ်​အပြည့်​ဖြင့်​ မုန်းရိပ်လွှမ်း​နေ​လေ၏

ရှောင်​​ရှောင်း​ချောင်​...........​ရှောင်​ကျန့်​က​ရော

ဦး​ရှောင်​ဟွားလူ..............ဦးရဲ့ မူလရှိ share 45%ထဲက​နေ 15%ကို သား​ရှောင်းကိုလွှဲမယ်​ ကျန်​တဲ့30%က​တော့ ဦးနာမည်​နဲ့ပဲထားမယ်​ သားကျန့်​အတွက်​​ပေါ့

ရှောင်​​ရှောင်း​ချောင်​..............ဟုတ်​ ကျွန်​​တော်​အ​ကောင်းဆုံးကြိုးစားပါ့မယ်

မူလတွင်​ ​ရှောင်​​ရှောင်း​ချောင်​မှာ25%ပိုင်​ဆိုင်​ထားပီးသားဖြစ်​သည်​ ဦး​ရှောင်​ဟွားလူဆီမှ15%​ပေါင်းလျှင်​ 40%ဖြင့်​ shareအများဆုံး​နေရာမှ ​ရောက်​ရှိသွားမည်​ဖြစ်​ပီး ​ဦး​ရှောင်​ဟွားလူက​တော့ ဒုတိယshareအများဆုံးအဖြစ်​ တည်​ရှိ​နေမည်​သာ
..........................................

ဝမ်​မား.........သားတို့ ပြန်​လာပီလား

အ​ပေါ်coat​လေးကို လက်​​တစ်​ဖက်​​ပေါ်တွင်​သိုင်းတင်​ကာ ကျန်​တစ်​ဖက်​မှ အိတ်​​လေးဆွဲဝင်​လာသူဝမ်​ရိ​ပေါ်နှင့်​ coat​ရောအိတ်​ပါ ​ရောဆွဲလာသူ ဝမ်​ဝူကျွင်းကို​မေးလိုက်​ခြင်းဖြစ်​သည်

ဝမ်​ရိ​ပေါ်/ဝမ်​ဝူကျွင်း......ဟုတ်​မား

ဝမ်​ပါး..........သားတို့ ပင်​ပန်းလာပီလား ​ရေသွားချိုးကြ ပီးရင်​ ညစာစားရ​အောင်

ဝမ်​ရိ​ပေါ်/ဝမ်​ဝူကျွင်း.........ဟင်​ ပါး

ပြိုင်​တူ​အော်​မိ​နေ​သော ညီအစ်​ကို​တွေပါ​ပေ

Kitchenအတွင်းမှ over mitt​နှစ်​ခုကို လက်​တွင်​စွတ်​ထားပီး ဇွန်းရှည်​တစ်​ခုကိုင်​ကာ ဟင်းချက်​ဝတ်​စုံအဖြင့်​ဖြင့်​ထွက်​လာသူ ဦးဝမ်​ဖုံးကျစ်

သွားဖြီးပြကာ ပြန်​ဝင်​သွား​လေ၏

ဝမ်​မား........ဟုတ်​တယ်​ သားတို့​ရေ ဒီ​နေ့ သူကိုယ်​တိုင်​ပြင်​ဆင်​​ကျွေးချင်​လို့တဲ့ မားတို့ရဲ့chief cookကြီး​ပေါ့

ဝမ်​ဝူကျွင်း...........အဲ့ဒါဆို ​ရေမြန်​မြန်​သွားချိုးပီ​နော်​ လာဝမ်​​လေး

ဝမ်​ရိ​ပေါ်...........ဟုတ်​​ကော

ဝမ်​ရိ​ပေါ်၏ မျက်​နှာတွင်​လည်း ဤကဲ့သို့အချိန်​​လေးတို့တွင်​ ​​​လှိုက်​လှဲစွာဖြင့်​ နှစ်​လိုဖွယ်​ရှိ​သော အပြုံးချိုချို​လေးတို့အား မြင်​ရပါ​သေးသည်

သာယာလှ​သော မိသားစုကမ္ဘာ​လေးသည်​ ကြည်​နူးမှုအပြည့်​ဖြင့်​ ပြည့်​စုံလွန်းလှသည်
................................................

❤"လှ​သောအပြုံး ချို​သောအရသာ"❤Part 4📝ဦးကျင်းဟန်............သားအရမ်းစိတ်ပူမနေနဲ့တော့နော်ဦး​လေး​ သားပါးကို ​ဆေးခန်းဝင်ြ...
22/02/2022

❤"လှ​သောအပြုံး ချို​သောအရသာ"❤

Part 4📝

ဦးကျင်းဟန်............သားအရမ်းစိတ်ပူမနေနဲ့တော့နော်ဦး​လေး​ သားပါးကို ​ဆေးခန်းဝင်​ပြ​ပေးခဲ့ပီ

ရှောင်​ကျန့်​ ..........​ကျေးဇူးပါ​နော်​ဦး ​ဆေးခန်းပြ​ပေးလို့​ရော ခုလိုလိုက်​ပို့​ပေးတဲ့အတွက်​​ရော

ဦးကျင်းဟန်..........ရပါတယ်ကွယ် ဒီကခေါင်းမာလှတဲ့ ဦးသူငယ်ချင်းကြီးကိုသာ သေချာဂရုစိုက်ပေးဟုတ်ပီလား ဦးပြန်တော့မယ်နော် ဟေ့ကောင်ငါ ပြန်ပီ

ဦး‌ရှောင်ဟွားလူ၏ ငယ်သူငယ်ချင်းဖြစ်သူ ဦးကျင်းဟန်မှ အခန်း၌လဲလျောင်းနေသော ဦးရှောင်ဟွားလူကိုနှုတ်ဆက်စကားဆိုလိုက်သည် ညီအစ်ကိုကဲ့သို့ ခင်မင်းရင်းနှီးသော သူတို့က လုပ်ဖော်ကိုင်ဘက်တွေလည်းဖြစ်သည်

‌ရှောင်ပါး...........အေးအေး ဂရုစိုက် ပြန်ဦး

နေအလင်းရောင်ကွယ်ပျောက်၍ အမှောင်ရိပ်သန်းလာချိန်တွင် ဦးရှောင်ဟွားလူတစ်ယောက် ကိုယ်လက်သန့်ရှင်းပီး အိပ်စက်အနားယူရန် အိပ်ရာသို့ဦးတည်လျှောက်လှမ်းလာလိုက်သည်
မျက်မှန်လေးချွတ်ဖို့ဟန် ပြု​နေစဉ် တံခါးဝမှ သားဖြစ်သူရောက်လာတာ‌ကြောင့် မချွတ်သေးပဲ ပြန်တပ်ထားလိုက်၏

ရှောင်ကျန့်..............ပါး သား‌ပြောစရာရှိလို့

ညအိပ်ဝတ်စုံ အဖြူ ဝမ်းဆက်လေးနဲ့ ရှောင်ကျန့်တစ်ယောက် သူ့ပါးဘေးတွင်ဝင်ထိုင်​လျက် ဦးရှောင်ဟွားလူလက်ကိုကိုင်ပီး စကားဆိုလိုက်သည်

ရှောင်ကျန့်...........ပါး သား အလုပ်လုပ်တော့မယ် ပါးကိုရှာကျွေးမယ်​နော်​ ပါးက အိမ်မှာတင်နားနား​နေ​နေ ​နေ​တော့

ရှောင်ပါး............ဟင် ထူးထူးဆန်းဆန်းသားရယ် ဘာစိတ်ကူးတွေထပေါ်နေတာလဲ ပါးလဲ အဲ့လောက်အသက်မကြီးသေးပါဘူး ပါးအလုပ်နဲ့ပါးလဲအဆင်‌ပြေနေတာလေ အိမ်မှာအလကားထိုင်မနေချင်ပါဘူး

ရှောင်ကျန့်...........သားသေချာဆုံးဖြတ်ပီးမှ‌ပြောနေတာပါးရဲ့ ပါးပင်ပန်းတာမကြည့်ရက်ဘူး ခုပဲကြည့်လေ ပါး companyမှာ မူးလဲသေးတယ်မဟုတ်လား သားစကားကိုနားထောင်နော် သားကိုချစ်ရင် သား‌ပြောတာလက်ခံပါလို့ နော်ပါး

ဦးရှောင်ဟွားလူ၏companyသည် ဟိန့်ဟိန့်တက်သူဌေးတို့ ဖြင့်ဖွဲ့စည်းထားသည်မဟုတ် အများစုသည် ဤcompanyပေါ်တွင် မှီခို‌နေကြသည်မို့ အထူးဂရုစိုက်ရသည် တစ်ခုခုလွဲချော်ပါက မိမိနာမည်ပျက်ရုံသာမက နစ်နာကြမည်က အခြားသူများအပါအဝင်​ပင်

တစ်ဖက်တွင်လည်းသူတာဝန်ယူထားသောprojectအား အတင်းလက်လွှဲယူနေသူ ​ရှောင်ရှောင်းချောင်‌ကြောင့် ရင်လေးရသည်မှာအမှန်ပင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပါက မိမိအပေါ်တွင်သာ ထိခိုက်စေလိုမိသည် သို့ပါသော်လည်း ရှောင်ရှောင်းချောင်၏ ခေါင်းမာမှု‌ကြောင့် အန္တရာယ်စက်ကွင်းမှ လွတ်ရန်သာ ဆုတောင်းပေးနေရသည်

ရှောင်ပါး............ဟုတ်ပါပီ ပါးအလုပ်လေးတွေ လက်စသတ်ပီးတာနဲ့ သား‌ပြောသလိုနေပါ့မယ် ဟုတ်ပီလား သားလဲအဆင်​သင့်​ဖြစ်​​အောင်​ပြင်​ထား​ပေါ့

ငယ်တည်းက သူ့စကားကိုနားထောင်ပီး လိမ္မာလှသောရှောင်ကျန့်၊ ပျော်ပျော်နေတတ်သော်လည်း စကားကို ပီးစလွယ်မ‌ပြောတတ်သောသားဖြစ်သူ‌ကြောင့် ငြင်း၍မရမှန်းနားလည်လိုက်သည်မို့ လက်ခံလိုက်ရသည်

ရှောင်ကျန့်.................ဟီး ဟုတ်ပါး ဒါဆိုနားတော့နော် သားလဲ အိပ်တော့မယ် မွှ

မိမိကိုဖက်ပီးနမ်းကာ ‌ပြေးသွားသောသားဖြစ်သူကိုကြည့်၍ ဦး​ရှောင်​ဟွားလူခပ်ရေးရေးပြုံးလိုက်မိသည် သူ့သားလေးက ယခုထိ တကယ့်‌ကလေးလေးပင်....................................

စစ်​​ကျွေး..........အန်​တီ မင်္ဂလာပါဗျ ပြန်​လာတယ်​ဆိုလို့ လာနှုတ်​ဆက်​တာပါ အဟမ်း ကျွန်​​တော့်​အတွက်​​ရောဘာလက်​​ဆောင်​​တွေပါလဲ

ဝမ်​မား............ပါတာ​ပေါ့ ဆရာဝန်​​လေးရယ်​ သားရိ​ပေါ်အခန်းမှာ ပီးရင်​သွားယူလိုက်​​နော်​ ဟုတ်​ပီလား

စစ်​​ကျွေး...........ဟုတ်​ကဲ့ ဟီး

သတင်းစာ​လေးကိုင်​ပီး ​လေကားထစ်​​တစ်​ဆင့်​ချင်း ​ဖြေးညှင်းစွာ smartကျကျ​လျှောက်​လှမ်းလာသူ ဦးဝမ်​ဖုံးကျစ်​မှ

ဝမ်​ပါး...........သား အလုပ်​​ရောအဆင်​​ပြေရဲ့လားကွယ့်

စစ်​​ကျွေး.........ဟုတ်​ဦး အဆင်​​ပြေပါတယ်​ ဦး​ရော အား​ဆေးပုံမှန်​​သောက်​ရဲ့လား စကားနားမ​ထောင်​ရင်​ အပ်​ကြီးကြီးနဲ့​ဆေးထိုးပစ်​လိုက်​မှာ​နော်

ဝမ်​ပါး........ဟား ​ကြောက်​ပါတယ်​ဗျာ ပုံမှန်​​သောက်​ပါတယ်

ဦးဝမ်​ဖုံးကျစ်​လဲ စားပွဲခြာ၍ မျက်​နှာချင်းဆိုင်​ထိုင်​​နေ​သော ​ဒေါ်ဝမ်​ယွဲ့လီနှင့်​ စစ်​​ကျွေးတို့ဆီသို့ ​လျှောက်​လှမ်းလာပီး ဇနီးဖြစ်​သူ​ဘေးတွင်​ ​နေရာဝင်​ယူလိုက်​သည်

ဒြွီ..........ဒြွီ..........ဒြွီ📱

ဝမ်​ပါး လက်​​လေးကာပြပီး ခပ်​လှမ်းလှမ်းသို့ထွက်​သွားသည်

ဝမ်​ပါး.......hello...

ဝမ်​မား..........ဒါနဲ့ သား အန်​တီသားကိုတစ်​ခု​လောက်​အကူညီ​တောင်းချင်​တယ်

စစ်​​ကျွေး.........ဗျာ ဟုတ်​ ​ပြောလို့ရပါတယ်

ဝမ်​မား...........အန်​တီ့​ကို ​ရှောင်​ကျန့်​ဆိုတဲ့​ကောင်​​လေးအ​ကြောင်းစုံစမ်း​ပေးပါလား Emblem ဆိုတဲ့ restaurantဝန်းကျင်​မှာပဲဖြစ်​​လောက်​မယ်

စစ်​​ကျွေး...........အဲ့ဆိုင်​ကျွန်​​တော်​ကြားဖူးတယ်​ ​ရောက်​​တော့မ​ရောက်​ဘူး​သေးဘူး အလုပ်​ကလဲတစ်​ဖက်​နဲ့ဆို​တော့
ဟုတ်​ ရပါတယ်​ အပန်းမကြီးပါဘူး ကူညီပါ့မယ်​​နော်

ဝမ်​မား............​ကျေးဇူးပါကွယ်​ ဒါနဲ့ ဘယ်​သူမှမသိ​အောင်​​နော်

တိုးတိုး​ပြောကာအဓိပ္ပါယ်​ပါပါပြုံးပြ​နေ​သော ​ဒေါ်ဝမ်​ယွဲ့လီ​ကြောင့်​ စစ်​​ကျွေးလဲ ​ခေါင်း​လေးအသာညိမ့်​လိုက်​သည်

စစ်​​ကျွေး.........ဟုတ်​ပါပီ ကျွန်​​တော်​ လျို့ ဝှက်​ထား​ပေးပါ့မယ်​ ဒါဆို ကျွန်​​တော်​ပြန်​ လိုက်​ပါဦးမယ်​​နော်​ ရိ​ပေါ်ရှိတဲ့ချိန်​မှ ထပ်​လာခဲ့​တော့မယ်​ဗျ

ဝမ်​ပါး...........​ပြန်​​တော့မလို့လားသားစစ်​​ကျွေး

ဖုန်း​လေးကိုင်​ပီးပြန်​ဝင်​လာသူ ဝမ်​ပါး

စစ်​​ကျွေး.........ဟုတ်​ကဲ့ဦး ခွင့်​ပြုပါဦးဗျ
...............................

ရှောင်​ကျန့်​..........ငါ အလုပ်​လုပ်​​တော့မလို့

သောက်​လက်​စ​coffeeခွက်​​လေးတို့ပင်​လွတ်​ကျမ​ယောင်​ အံ့ဩစွာကြည့်​​နေကြသူတို့က သူငယ်​ချင်းဖြစ်​သူများပင်

အားရက်​တွင်​ လူစုကာ ကျန်းချန်​ဆိုင်​တွင်​အချိန်​ကုန်​တတ်​သည်​ ဆိုင်​ပိတ်​ချိန်​မှ သူငယ်​ချင်း​​လေး​ယောက်​ ​အေး​ဆေးစွာမျက်​နှာချင်းဆိုင်​ရ​တော့သည်​ ရုတ်​တရက်​ဆန်​​သော ​ရှောင်​ကျန့်​အ​ပြောကို နား​ထောင်​၍ အံ့ဩကြခြင်းပင်​ သူ​တော်​တာကို လက်​မခံ၍​မဟုတ်​ပါ

မုံ့​ယောင်​.............မင်းတကယ်​​ပြော​နေတာလား

ကျင်းလင်​...........အဲ့ဒါဆိုရင်​ ငါတို့တူတူအလုပ်​ဝင်​ကြမလား မင်းတို့လုပ်​မှ​တော့ ငါနဲ့မုံ့​ယောင်​ပဲကျန်​​နေလို့မရဘူးမလား

ရှောင်​ကျန့်​...........အွန်း ဒီအပတ်​ထဲပဲ အလုပ်​ရှာကြမယ်

ကျန်းချန်​............​နေဦး ​ရှောင်​ကျန့်​ မင်းက ဦးcompanyမှာဝင်​မလုပ်​ဘူးလား

မုံ့​ယောင်​........​အေး အဲ့လိုမဟုတ်ဘူးလား

ရှောင်​ကျန့်​............မဟုတ်​ဘူး ငါပါးကိုကူချင်​​ပေမဲ့ ငါ့မှာကအ​တွေ့အကြုံမရှိ​သေးဘူး​လေ ငါအရင်​အ​ခြေခံက​နေစပီး သင်​ယူမယ်

မုံ့​ယောင်​..........ဟုတ်​ပီ ဘယ်​လို​နေ​နေရတယ်​ ငါလဲ အားယား​နေ​တော့ အလုပ်​တစ်​ခုခုလုပ်​ချင်​​နေတာ

ကျင်းလင်​..........ငါ​ရောပဲ

ကျန်းချန်​...........ဟင်း ငါ​တော့ စားပွဲထိုး​လေး​တွေဆုံးရှုံးတာ​ပေါ့

မုံ့​ယောင်​...........ဘာ မင်း

သူငယ်​ချင်းတ​တွေ ​ပြေးလွှားထုရိုက်​ပီး​အော်​ဟစ်​​နေကြ​လေသည်

သူငယ်​ချင်း......ထာဝရသူငယ်​ချင်း​တွေဆိုတာဒီလိုပါပဲ နှုတ်​ကစကားလုံး​​တွေနဲ့မ​ဖော်​ပြတတ်​​ပေမဲ့ သူတို့အချင်းချင်းရင်​ထဲမှာ​တော့ တန်​ဖိုးထားရသူ​တွေပါ ဟန်​​ဆောင်​ခြင်းမရှိပွင့်​လင်းတတ်​ကြ​တာမျိုး ရင့်​ကျက်​မှုဆိုတဲ့​ခေါင်းစဉ်​​အောက်​က အသက်​ရွယ်​ကို​တောင်​ တစ်​ခါတ​လေ ပျက်​ရယ်​ပြုလိုက်​တာမျိုး အချင်းချင်းဆုံကြတဲ့ခါ စိတ်​လွတ်​ကိုယ်​လွတ်​နဲ့ က​လေး​တွေလို​နေတတ်​ကြတယ်​ သူငယ်​ချင်းဆိုတဲ့စကားလုံးက ရိုးရှင်း​ပေမဲ့ ​​လေးနက်​တဲ့ဖွင့်​ဆိုချက်​​တွေသက်​​ရောက်​​နေတယ်​ဆိုရင်​ ငြင်းနိုင်​မလား... 
...............................

ဝမ်​ရိ​ပေါ်.........အဲ့ဒါဆို interview တဲ့ကိစ္စ ​ကောပဲတာဝန်​ယူလိုက်​ပါ

ဝမ်​ဝူကျွင်း.........အွန်းဟုတ်​ပီ
...........

တကယ်​ပါ ဒီသားနှစ်​​ယောက်က ​ဒေါ်ဝမ်​ယွဲ့လီတို့အတွက်​ ချစ်​မဝနိုင်​​လေး​တွေပင်​ ညီအစ်​ကိုချင်းစည်းလုံးပီး အလုပ်​တူတူလုပ်​ကိုင်​​နေကြ​သော သားလိမ္မာနှစ်​​ယောက်​​ကြောင့်​ အမြဲဂုဏ်​ယူ​နေကြရသည်​က ဝမ်​ပါးနှင့်​ဝမ်​မား သူတို့ကံ​ကောင်းလှသည်​မဟုတ်​ပါလား

စစ်​​ကျွေး........ဝမ်​​ကောလားဗျ ဘာ​ပြောမလို့လဲ​ပြော​လေ

ဝမ်​သူကျွင်း..........ညီ​လေး​ရေ companyမှာ ဝန်​ထမ်းအသစ်​​တွေခန့်​မလို့

စစ်​​ကျွေး..........ဗျာ ကျွန်​​တော်​နဲ့ဘာဆိုင်

ဝမ်​ဝူကျွင်း............ဒီလို ဝန်​ထမ်းကိစ္စကရတယ်​ ခုက ဝမ်​​လေးရဲ့ secretary ပါ ခန့်​မှာမို့ အစ်​ကို့ကိုတစ်​ချက်​​လောက်​ကူညီပါလား

ငယ်​စဉ်​မှယခုထိ ညီအစ်​ကိုသဖွယ်​ခင်​ကြ​သော စစ်​​ကျွေးကိုအကူညီ​တောင်းရသည်​ ​​သူသည်​သာ ညီ​ဖြစ်​သူ ဝမ်​​ချေ​ချေ ၏ secretaryကို အ​ကောင်းဆုံးရှာ​ပေးနိုင်​မည်​မှာ အ​သေချာပင်

စစ်​​ကျွေး..........ဟုတ်​ရပါတယ်​ဗျ

ဝမ်​ရိ​ပေါ်၏မိသားစုမှာ စစ်​​ကျွေးအတွက်​​နွေး​ထွေးတာအမှန်​ပင်​ မိမိအ​ပေါ်လည်းမိသားစုလို သ​ဘောထားဆက်​ဆံကြသည်​ အတွင်း​ရေးကိစ္စများပင်​ တိုင်​ပင်​ကြ​သော ထိုမိသားစုကို စစ်​​ကျွေးမှလဲ သိပ်​အ​လေးထားသည်​ဖြစ်​သည်
.........................

အလုပ်​​ပေါ်တွင်​​​စေ့စပ်​လှ​သော​ရှောင်​​ရှောင်း​ချောင်​မှာ တာဝန်​ယူထားသည်​များကိုလဲ လွယ်​ကူစွာပင်​ ကိုင်​တွယ်​​အောင်​မြင်​နိုင်​ခဲ့သည်​ xiao companyမှာလဲ ​ယုံကြည်​မှုရရှိ​နေသည်

အလုပ်​ဆင်းပီဖြစ်​တာ​ကြောင့်​ ကားရှိရာသို့အလာ
ဒုတ်​...
ခြေသံလုံလုံနှင့်​ချဉ်းကပ်​လာ​သော်​လည်း ပါးနပ်​လွန်းသူ​ရှောင်​​ရှောင်း​ချောင်​မှာ ​နောက်​မှတုတ်​နှင့်​ချိန်​ရွယ်​ရိုက်​ခြင်းကို လှပစွာ​ရှောင်​တိမ်းလိုက်​သည်​ တိုင်​ကိုရိုက်​မိကာ အသံထွက်​​ပေါ်လာခြင်းပင်
ပါးစပ်​ကိုအဝတ်​မည်းနှင့်​စည်းထားပီး ​ကောင်​ကျစ်​​သောမျက်​ဝန်းအစုံနှင့်​ထိုသူက ဆက်​လက်​တိုက်​ခိုက်​​တော့သည်
ရှောင်​​ရှောင်း​ချောင်​ဟန်​ချက်​မပျက်​လှ​သော်​လည်း ရန်​သူဘက်​မှ ဆင့်​ပွားနှစ်​​ယောက်​ ​ပေါ်လာသည်
ရှောင်​​ချောင်း​ချောင်​ ကားတံခါးကိုအမြန်​ဖွင့်​ကာ ဝင်​မယ်​အလုပ်​ ရန်​သူမှ တံခါးကို​ခြေ​ထောက်​နှင့်​ကန်​တွန်းလိုက်​၏
လုံခြုံ​ရေးမလာ​စေရန်​ cctvကိုကြိုတင်​ဖျက်​ဆီးထား​သော ရန်​သူမှာ ​တော်​ရုံလူမဟုတ်​ဟု စိတ်​​၌​တွေး​နေမိသည်

ဦး​ရှောင်​ဟွားလူ.........​ဟေ့ မင်းတို့ဘယ်​သူ​တွေလဲ

ဦး​ရှောင်​ဟွားလူ ​ရောက်​လာမှ မျက်​လုံးကျယ်​များဖြင့်​ကြည့်​ကာ လန့်​သွားဟန်​ရှိ​သော လူဆိုးမှ ကျန်​အဖွဲ့ဝင်​တို့ကို ထွက်​​ပြေးရန်​အချက်​ပြလိုက်​သည်

သူရှိရာအရပ်​ကိုမျက်​နှာချင်းဆိုင်​၍ ထွက်​သွားသည့်​သုံးဦးမှ ​နောက်​ဆုံးလူအားအမိအရဖမ်းကိုင်​လိုက်​​သော ဦး​ရှောင်​ဟွားလူ

ဦး​ရှောင်​ဟွားလူ.........​မေး​နေတယ်​ မင်းဘယ်​သူလဲ ဘယ်​သူခိုင်းတာလဲ အ့

ဖမ်းချုပ်​ထား​သောလက်​ကိုဆွဲခါ၍ ခါးမှ​သေးငယ်​လှ​သော နှစ်​လက်​မအရွယ်​ဓားကိုထုတ်​ပီး ဦး​ရှောင်​ဟွားလူ လက်​​မောင်းကို ခြစ်​ဖြဲကာ ဆက်​လက်​ထွက်​ခွာသွား၏

ရှောင်ရှောင်းချောင်...............ဦးလေး ရရဲ့လား လာကျွန်တော်လိုက်ပို့​ပေးမယ်
..........

စစ်ကျွေး............ဘယ်လိုဖြစ်ရတာလဲ ဦး

လက်ကိုဆေးအသာထိုးရင်းမေးလိုက်၏

ရှောင်ပါး..............ဘာမှမဖြစ်ပါဘူးကွယ်

အလုပ်​မှာနည်းနည်းထိခိုက်သွားတာပါ

အပ်လေးကို ‌ဖြေးညှင်းစွာပြန်ထုတ်ပီး

စစ်ကျွေး.............အရင်ကလဲ မူးလဲသေးတယ်နော် uncleအလုပ်က အရမ်းပင်ပန်းပုံပဲ တစ်ပတ်လောက်အနားယူဖို့‌တိုက်တွန်းပါရစေ

ရှောင်ပါး...........ဆရာဝန်လေးက မှတ်ထားတာပဲ ရပါတယ်ကွယ် uncleဘာမှမြဖစ်ပါဘူး

စစ်ကျွေး...........ကျွန်တော့်လူနာတွေထဲမှာ ခေါင်းမာတဲ့လူနာပဲ

မျက်လုံးလေးစောင်းကြည့်ပီး‌ပြောလိုက်သော doctorကို ဦးရှောင်ဟွားလူ သွားပေါ်အောင်ပြန်​ပြုံးပြလိုက်သည်

ရှောင်ရှောင်းချောင်တစ်ယောက် အပြင်မှာထိုင်စောင့်ရင်းတွေးနေမိသည် သူ့ကိုရန်ပြုသောသူများသည် မည်သူတွေနည်း ဦးရှောင်ဟွားလူနှင့်ရော မည်လို့ပတ်သက်သနည်း အတွေးတို့မဆုံးခင် လိုက်ကာဖွင့်၍ ထွက်လာသော ဦးလေးနှင့် doctor‌ကြောင့် ထိုင်ရာမှ ထရပ်လိုက်သည်

စစ်ကျွေး............ဒီက ဦးရဲ့သားလားမသိဘူး ဦးလေးက အနားယူဖို့လိုအပ်တယ် အားအရမ်းနည်းနေတယ်ဗျ

ရှောင်ရှောင်းချောင်.............ကျွန်တော်ကတူပါ ဒါနဲ့doctor တစ်ပတ်တစ်ခါ ဦးလေးအိမ်ကိုကြွပီး စစ်ဆေးပေးလို့ရမလားဗျ အားဆေးလဲပုံမှန်ထိုးပေးပါ

စစ်ကျွေးလဲ သဘောတူလိုက်ပါသည် ပိတ်ရက်တွင် သွားပေးမည်ဆိုသောစိတ်ဖြင့်သာ xiaoမျိုးရိုးဖြစ်တာမို့ ရှောင်ကျန့်နှင့်လဲ နီးစပ်နိုင်သည်

ထူးချွန်သောdoctorဖြစ်ပါသော်လည်း ငွေကိုသာရှေ့တန်းမတင်သောသူဖြစ်တာ‌ကြောင့် မည်မျှပေးပါမည်ဆိုလျှင်ပင် လိုက်ကုသူမဟုတ်ပါ လူနာ၏ အ‌ခြေနေကိုကြည့်၍သာ လိုက်လည်ကြည့်ရှုပေးသူဖြစ်သည် လက်ရှိတွင် ပုံမှန်စစ်ဆေးပေးရသည်မှာ wangအိမ်တော်မှ ဦးဝမ်ဖုံးကျစ်တစ်ဦးသာရှိသည်

စစ်ကျွေး...........ဟုတ် ရပါတယ် ဒီက လိပ်စာကဒ်လေးပေးခဲ့ပေးပါ

ရှောင်ပါး...............ရပါတယ် မလို

ရှောင်ရှောင်းချောင်................ကျေးဇူးပါ ဒီမှာပါ ဦး​လေးလိပ်စာကဒ် အာ့ဆိုပြန်ခွင့်ပြုပါဦး

ရှောင်ရှောင်းချောင်ဆွဲခေါ်ရာ ကလေးတစ်ယောက်ပမာ အလိုမကျစွာပါသွားသူ ဦးရှောင်ဟွားလူကိုကြည့်၍ စစ်ကျွေးပြုံးမိပါသည် သူ့တူက သူ့ကို အတော်ချစ်ပါလားဟုပင် တွေးမိသေးသည်

ရှောင်ပါး.............ဘာမှလဲဖြစ်တာမဟုတ်ပဲ ဦးလေးလဲသက်သာနေပီကိုကွာ အပတ်တိုင်းလာကြည့်ခိုင်းဖို့မလိုပါဘူး

ရှောင်ရှောင်းချောင်.............ဆရာဝန်‌ပြောတယ်မလား ဦးလေးက အားနည်းသေးတယ်တဲ့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ထားတော့ကောင်းတာပေါ့ ပိုတယ်လို့မရှိပါဘူး

မိမိကို လူနာတစ်ယောက်ပမာပြုမူ​နေသော တူဖြစ်သူ‌ကြောင့် စိတ်အလိုမကျသော်လည်း တစ်ခါတလေမှာ ရှောင်ရှောင်းချောင်ရင်ထဲမှ မိသားစုသံယောဇဉ်အချို့ကို မြင်ခွင့်ရသည် မိမိသားနှင့်မတည့်သည်ကလွဲ၍ အပြစ်‌ပြောစရာမရှိသော ကလေးပါပင်

အိမ်အထိကားမောင်းလိုက်ပို့ကာ ​အိမ်​​ရှေ့မှာတင်ချကာ ထွက်သွားသည်မှာ ရှောင်ကျန့်ကိုမတွေ့ချင်၍ ဆိုသည်မှာ သိသာလှသည် ခေါင်းလေးအသာရမ်းပီး အိမ်သို့သာဝင်လာလိုက်သည်

ရှောင်ကျန့်..........ပါး ကားရော ဟင်လက်က လက်ကရောဘာဖြစ်တာလဲ ပါး လမ်းမှာ လုယက်ခံရတာလား

မိမိလက်မှ ပတ်တီးလေးကိုကြည့်၍ ပြာပြာသလဲမေးလာသူ သားဖြစ်သူ‌ကြောင့် လူမမာလိုတစ်ဖန်ပြန်ခံစားလိုက်ရပြန်သည်

ရှောင်ပါး.........ပါး ဘာမှမဖြစ်ပါဘူး အလုပ်မှာနည်းနည်းထိခိုက်လာတာပါ သားရှောင်းလိုက်ပို့​ပေးတာ ဆေးခန်းလဲသူပဲဝင်ပြပေးတာလေ ဒီရက်ပိုင်းအလုပ်နားရဦးမယ်နဲ့တူတယ်

ရှောင်ကျန့်............ဟုတ်တယ်ပါး နားနားနေနေနေပါ သားလဲအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်ပီ

ပြုံးရွှင်စွာ‌ပြောလာသူ သားဖြစ်သူကို ခေါင်းလေးသာညိမ့်ပြလိုက်ရင်း နှုတ်ခမ်းမှလဲ ကြည်နူးစွာပြုံးလိုက်သူ ဦး​ရှောင်ဟွားလူ
.............….............................

စစ်ကျွေး........... ဟင် ရိပေါ်ဆီကဖုန်းပါလား သေချာပါတယ် သူ့အလုပ်ကိစ္စပဲ‌ပြောမှာ

ဝင်လာသော ဖုန်းcallလေးကိုကြည့်၍ ‌ခပ်တိုးတိုး‌ပြောလိုက်ခြင်းပင် စစ်ကျွေးလဲ အပြင်သွားမည်အလုပ်ဝင်လာသော ဖုန်းလေးကိုအရင်ကိုင်ရပါသေးသည် ရှားရှားပါးပါးအဝင်callလေးလေ

စစ်ကျွေး............hello ငါ့သူငယ်ချင်းကြီးပါလား ‌ပြောဘာကိစ္စ သတိရလို့လား

ဝမ်ရိပေါ်...........အပိုတွေ‌ပြောမနေနဲ့ ကောက ဝန်ထမ်းခန့်ဖို့ကိစ္စ မင်းကိုအကူညီတောင်းထားတယ်ဆို

စစ်ကျွေး.............အေး ဟုတ်တယ်လေ ဘာလို့လဲ သင့်တော်မဲ့သူတွေ့ပီမို့လို့လား

ဝမ်ရိပေါ်............မဟုတ်ဘူး မင်းရှာတာ ကြာနေပီမို့ မေ့နေလားလို့လှမ်းဆက်တာ သိပီလား

စစ်ကျွေး......... ဪ အေးပါ မမေ့ပါဘူး ကွာ မင်းကလဲလောလိုက်တာ ဒါပဲလား ငါသွားစရာလေးရှိလို့

လက်မှ နာရီလေးကိုငုံ့ကြည့်ကာနှုတ်ဆက်စကားဆိုလိုက်သူ စစ်ကျွေး

ဝမ်ရိပေါ်.........omm bye
...................................................

တီ တီ တီ(ကားဟွန်းသံ)

စစ်ကျွေး...........မင်္ဂလာပါ ဒါ ဦးရှောင်ဟွားလူအိမ်လားဗျ

ခြံစောင့်...........ဟုတ်ပါတယ်

ခြံစောင့်ဦးလေးတံခါး ဖွင့်ပေးသည်နှင့် စစ်ကျွေးကားလေးခြံထဲသို့ဝင်လာလေသည်

ဦးရှောင်ဟွားလူ..........doctor တကယ်ရောက်လာတာပဲ ထိုင်ပါဦး

တိတ်ဆိတ်နေသော တိုက်ကလေးကို အကဲခတ်​၍

စစ်​ကျွေး...............တစ်ယောက်တည်းနေတာလား

ရှောင်ပါး.............မဟုတ်​ပါဘူး ဦးသိပ်​ချစ်​ရတဲ့ သား​လေးတစ်​​ယောက်​ရှိပါတယ်​ ဦး​လေးတို့နှစ်​​ယောက်​ပဲ​နေတာ​လေ

အ​ရောင်​​တောက်​လာ​သောမျက်​ဝန်းများက စစ်​​ကျွေးဆီမှဖြစ်​သည်​ ​ဝေး​ဝေးစုံစမ်းစရာမလိုပဲ အနီးစပ်​ဆုံးလူမှမိမိနှင့်​တိုက်​တိုက်​ဆိုင်​ဆိုင်​ဆုံ​နေပီလားဟု ​မျှော်​လင့်​ရင်း

စစ်​​ကျွေး........နာမည်​က

ထိုအချိန်​ အိမ်​​ရှေ့မှဝင်​လာသူ
T-shirt ဆင်​စွယ်​​ရောင်​အရှည်​​လေးကို ခဲနက်​​ရောင်​ဒူး​ပေါ်​ဘောင်းဘီတို​လေးနှင့်​ တွဲဖက်​ဝတ်​ဆင်​ထား​သော အဖြူ​ရောင်​လူသား​လေး

ရှောင်​ကျန့်​..........ပါး​ရေ ပါး

အော်​ဝင်​လာပုံက က​လေးတစ်​​ယောက်​ပမာ သူလူရှာတာမှားပီလားဟု​တွေး​နေမိ​သောစစ်​​ကျွေး

ရှောင်​ပါး.........သား ပါးဒီမှာ

ရှောင်​ကျန့်​လဲ သူ့ကိုစူးစိုက်​စွာကြည့်​​နေသူစစ်​​ကျွေးကို ပြုံးပြကာ ဦ​ရှောင်​ဟွားလူအနားသို့ ​လျှောက်​လှမ်းလာသည်

ရှောင်​ပါး.........သား ဒါက ပါးကို​လာကြည့်​​ပေးတဲ့ doctor

ရှောင်​ကျန့်​မှ ​ခေါင်း​လေးညိမ့်​ပီး တစ်​ဖန်​ပြုံးပြလိုက်​သည်

ရှောင်​ပါး.........doctor ဒါက ဦးသား ​ရှောင်​ကျန့်​တဲ့

မျှော်​လင့်​ထားပီးသားဖြစ်​​သော်​လည်း အံ့သြမှုအပြည့်​ဖြစ်​​နေ​သော စစ်​​ကျွေး

စစ်​​ကျွေး........aw ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်

ရှောင်​ကျန့်​.........ကျွန်​​တော်​​ရောပါပဲဗျ

စကားအနည်းငယ်​​ပြောကြပီးသည်​နှင့်​ ဦး​ရှောင်​ဟွားလူကို ​ကြည့်​ရှု​ပေးပီး ပြန်​မည်​အလုပ်

စစ်​​ကျွေး........ဟင်​ ​ခွေး ​ခွေး

ပြေးဝင်​လာ​သော ​ခွေးကိုကြည့်​ကာ sofaတွင်​ ​ဆောင့်​​ကြောင့်​​လေး ခုန်​တက်​ထိုင်​ပီးသားဖြစ်​​နေ​သူမှာ တည်​ကြည်​​အေး​ဆေး​သော doctor​လေးပင်

ကြောင်​ကြည့်​​နေကြသူများက မတ်​တပ်​အ​နေထား ​ရှောင်​ပါးနှင့်​​ရှောင်​ကျန့်​ တံခါးမှ ထပ်​မံ​ပေါ်ထွက်​လာသူက ကျင်းလင်

ကျင်းလင်​လှမ်းကြည့်​လိုက်​​တော့ ​ကော်​လံပါ​သော ရှပ်​အိင်္ကျီလက်​ရှည်​ အဖြူ​လေးကို ​ဘောင်းဘီရှည်​အနက်​​က​လေးနှင့်​ စမတ်​ကျစွာဝတ်​ဆင်​ထားပီး မီးခိုး​ရောင်​ necktie​လေးကို​သေသပ်​စွာဆင်​ယင်​ထား​သောသူက duty coat မပါ​သော်​လည်း လည်​ပင်းမှ stethoscope​(ဆရာဝန်​သုံးနားကြပ်​)ကြိုး​လေးကိုကြည့်​၍ ဆရာဝန်​မှန်း တန်းသိ​စေနိုင်​သည်
ကြည့်​ကာမှင်​သက်​​နေရင်း

ရှောင်​ကျန့်​..........​ဟေ့​ကောင်​ ဘာလို့ဒီတိုင်းရီး မတ်​တပ်​​မေ့​နေတာလဲ မင်းအချစ်​​တော်​ကို​ခေါ်ဦး ဒီမှာ အကိုdoctor အ​တော်​လန့်​​နေပုံပဲ

ထိုခါမှ ပြုံးပီးကြည့်​​နေ​သောကျင်းလင်​လဲ သူ့အချစ်​​တော်​​ခွေးကိုသတိရ​တော့သည်

ကျင်းလင်​.......အင်း လာJame ဒီကို
ဟိုကျွန်​​တော်​​တောင်းပန်​ပါတယ်​​နော်​ ကျွန်​​တော့နာမည်​က ကျင်းလင်​ပါ

စစ်​​ကျွေး..........စစ်​​ကျွေးပါ အာ့ဆိုပြန်​ခွင့်​ပြုပါဦး

အကုန်​လုံးကို ​ခေါင်းဆက်​နှုတ်​ဆက်​ပီး စစ်​​ကျွေးခင်​မျာ ခပ်​သုတ်​သုတ်​အမြန်​သာ​ပြေးလာရ​တော့သည်
တော်​ပါ​သေးသည်​ jameမလာခင်​ အလုပ်​ကိစ္စပါတန်းတိုင်​ပင်​ခဲ့​ပေလို့ မဟုတ်​လျှင်​ ​jameဆို​သော အ​ကောင်​ကြီးကြီးအ​မွှေးဖွာဖွာ ​ခွေးနှင့်​ မည်​သည့်​အချိန်​ထိ​နေ​နေရမည်​မသိ
.....................................

စစ်​​ကျွေး..........hello အန်​တီ ကျွန်​​တော်​စုံစမ်းလို့ရပီ

ဝမ်​မား..........ဟုတ်​လား omm ဆိုင်​တစ်​ဆိုင်​မှာ​​ပြောကြတာ​ပေါ့

လူရှင်းလှ​သောဆိုင်​တစ်​ဆိုင်​တွင်​ duty coatအဖြူ​လေးကို လက်​ကကိုင်​လာ​သော ဆရာဝန်​​လေးနှင့်​ မျက်​မှန်​အမည်း တပတ်​တစ်​ထည်​ဖြင့်​ ရုပ်​ဖျက်​ထားဟန်​ရှိ​သောအမျိုးသမီးတစ်​ဦး

စစ်​​ကျွေး.........​ရှောင်​ကျန့်​က အသက်​က 23...%%~~´`^°*•%>

Address

Shwebo

Telephone

+959959817936

Website

Alerts

Be the first to know and let us send you an email when Mon's bl fiction world posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mon's bl fiction world:

Shortcuts

Share

Category