Hein အိမ်ခြံမြေအကျိူးဆောင်

Hein အိမ်ခြံမြေအကျိူးဆောင် လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ

ငှါးနေမယ်ဆိုရင် အိမ်ကိုကြည့်ငှါး။ အိမ်ဝယ်မယ်ဆို ရပ်ကွက်ကို ကြည့်ဝယ်။ ငှါးနေတယ်ဆိုကတည်းက အကြာကြီးနေမှာမှမဟုတ်တာ။ ၁-နှစ်တန...
01/06/2026

ငှါးနေမယ်ဆိုရင် အိမ်ကိုကြည့်ငှါး။ အိမ်ဝယ်မယ်ဆို ရပ်ကွက်ကို ကြည့်ဝယ်။

ငှါးနေတယ်ဆိုကတည်းက အကြာကြီးနေမှာမှမဟုတ်တာ။ ၁-နှစ်တန်သည်၊ ၂-နှစ်တန်သည် နေပီးရင် နေရာပြောင်းနေတာမျိုးမလား။

ငှါးနေမယ်ဆိုရင် ကုတင်-မွေ့ယာ- ပရိဘောဂ ဖန်နေချာ ကောင်းမှစိတ်မညစ်ရမှာ။

အိမ်ရှင်က စာရင်းတစ်သီတစ်တန်းကြီးနဲ့ ထားခဲ့ပေမယ့် ဘာတစ်ခုမှ မကောင်း။ လက်ပူတိုက်ပြင်ထားတာမျိုးဆိုရင် ကိုယ်နေမှ တဗြုန်းဗြုန်းပျက်ရော။

အိမ်ရှင်ထားခဲ့တဲ့ ပစ္စည်းစာရင်းများလေ၊ တာဝန်ကြီးလေ။

၂ လလောက်နေတော့ ကုတင်ကနဲ့၊ ပန်နယ်က ပြုတ်၊ တံခါးကမစေ့၊ အဲကွန်းက မအေး၊ ရေကမဆင်း စသဖြင့် အိမ်ပေါ်တက်နေတော့မှ ပြသနာပေါင်း သောင်း ခြောက်ထောင်တက်ရော။

အိမ်ပြန်အပ်တော့ သူတို့ကလည်း ငှါးထားတုန်းက inventory မှာရိုက်ထားတဲ့ပုံအတိုင်း ပြန်အပ်တာမဟုတ်လို့ဆိုပီး စပေါ် ငွေထဲက ဖြတ် ရော။ စကားတွေများရော။ ဒီမှာ စင်ကာပူလိုမဟုတ်။ wear & tear ကိစ္စ အတော်ပြောယူရတာ။

ဒါကြောင့် ငှါးနေမယ်ဆိုရင် အိမ်ကိုကြည့်ငှါးလို့ပြောတာ။

အပိုင်ဝယ်ပီးနေမယ်ဆိုရင်တော့ ရပ်ကွက်ကို ကြည့်။ လမ်းကျဉ်းလား၊ ကျယ်လား။ မီးသတ်ကား ဝင်သာ ထွက်သာရှိလား စသဖြင့်ကြည့်။

အပိုင်းထဲမှာ ဇိုးရှိလား။ အမှိုက်သိမ်းကားလာလား။ ရေမြောင်းတွေကောင်းလား။ ရေကြီးတဲ့နေရာလား စသဖြင့် သေချာကြည့်။

ဝယ်မယ့်အိမ်က အလယ်မှာဆို ဘေးနှစ်အိမ်ကြည့်၊ ရှေ့- နောက် နှစ်အိမ်ကြည့်။

အဲ့ဒီလေးအိမ်မှာ အကျင့်ပုပ်တဲ့တစ်အိမ်၊ မျက် စောင်းထိုး အတိုင်တောထူတဲ့အိမ်၊ သီချင်းအကျယ် ကြီးဖွင့်တဲ့အိမ်၊ ဟင်းအရမ်းချက်တဲ့အိမ်၊ မကြာခဏ စကားများ ရန်ဖြစ်တဲ့အိမ်၊ ဆေးလိပ်ကို မိုးမွှန်အောင် သောက်တဲ့အိမ် စသဖြင့် စသဖြင့် ပေါ့လေ။

အိမ်ထဲသုံးမယ့် ကုတင်-မွေ့ယာ- ပရိဘောဂ ဖန်နေချာ-စက်ပစ္စည်း က စိတ်ကြိုက်ဝယ်ထည့်၊ ဝယ်ပြင် လို့ရတယ်။ ပတ်ဝန်းကျင်က ဝယ်ပြင်လို့မရဘူး။

အဲ့ဒါကြောင့် ပြောတာ။ ငှါးနေမယ်ဆို အိမ်ကြည့်ငှါး။ ဝယ်နေမယ်ဆို ရပ်ကွက်-ပတ်ဝန်းကျင်ကို သေချာကြည့်။

ဘတ် ၁၀ သိန်း ၁၅သိန်းကြား ဝယ်လဒ်နှစ်ဦးရှိပါတယ်  လက်တွဲလုပ်လိုသူများ အကျိုးတူလုပ်လိုသူများ ပြပေးပါဦး ဝယ်လဒ်ခေါ်လာပါမည် နေရ...
01/06/2026

ဘတ် ၁၀ သိန်း ၁၅သိန်းကြား ဝယ်လဒ်နှစ်ဦးရှိပါတယ် လက်တွဲလုပ်လိုသူများ အကျိုးတူလုပ်လိုသူများ ပြပေးပါဦး ဝယ်လဒ်ခေါ်လာပါမည်

နေရာ ရေမတက် ကားဝင်လို့ရ လိုင်းခန်းဆောက်လို့ကောင်းမည့်နေရာ နှစ်နေရာဝယ်ပါမည်

👉👉Cb ဘဲလာခဲ့ပေးပါဗျ

ခုမှ တာချီလိတ်မှာ အိမ်ခြံမြေ လုပ်တာမို့လက်တွဲခေါ်ကြပါဦးဆရာတို့🙏🙏

ိမ်ခြံမြေအကျိုးဆောင်
☎️09798966452

2026 မှာဆောက်အိမ်ဆောက် ဖို့ Design များ လူတစ်ယောက်စီတိုင်း အိပ်မက်တွေအမြန်ဆုံးပြည့်မြောက်ကြပါစေ🙏🙏 ိမ်ခြံမြေအကျိုးဆောင် ☎...
01/06/2026

2026 မှာဆောက်အိမ်ဆောက် ဖို့ Design များ

လူတစ်ယောက်စီတိုင်း အိပ်မက်တွေအမြန်ဆုံးပြည့်မြောက်ကြပါစေ🙏🙏

ိမ်ခြံမြေအကျိုးဆောင်
☎️ 09798966452

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကိုမိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့...
01/06/2026

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်။

မူးရင်းရေးသားသူထံမှ လေးစားစွာဖြင့်ကူးယူဖော်ပြပါသည်

31/05/2026

အကျိုးဆောင်
တစ်ဦး လုပ်တော့မယ်ဆိုရင် စာချုပ်ဖတ်ဖို့
မပျင်းနဲ့

ကိုယ်က စာချုပ်ကို
အရင်ဆုံး ဖတ် ရမယ်
စီစစ်ကြည့်ရမယ်
ိမ်ခြံမြေအကျိုးဆောင် Crd

30/05/2026

"အမြင်ကျယ်ချင်ရင် မြင့်နိုင်သမျှမြင့်အောင်တတ်တဲ့" သိပ်ကိုလှပြီး အဓိပ္ပါယ်ရှိတဲ့ စကားလေးပဲ

ကျွန်တော်တို့ ဘယ်နယ်ပယ်ဘဲရောက်ရောက်
အမြင့်မှာရှိနေတဲ့သူတွေက အနိမ့်မှာရှိနေတဲ့သူတွေထက် ပိုပြီးအမြင်ကျယ်တယ်

ဒီလိုပဲ အမြင်မကျယ်တဲ့သူနဲ့စကားပြောရတာလည်း
အငြင်းသန်ပြီ ကိုယ်ပြောတာအမှန်ဆိုတဲ့သူတွေကိုတွေ့ဘူးကြမှာပါ

ဘယ်နယ်ပယ်မှာပဲရောက်ရောက် အမြင့်တတ်နိုင်သလောက်တက်ကြပါလို့ မေတ္တာဖြင့်

ိမ်ခြံမြေအကျိုးဆောင်

30/05/2026

#လူနေထိုင်ခွင့်ရွာမြေမှာအမြင့်ဆုံးကGပါ
ရွာမြေ မကြိုက်လျှင်ဂရံသာဝယ်ပါ

ပုံစံ(၇) G နဲ့ ရွာမြေ G ကတော့ ကွာတာပေါ့

ဂရံ, ပါမစ် , လိုင်စင် , မြို့ပြစလစ်ကလွဲရင်

✅ကျန်ရွာမြေက G ပေါ်တည်ရွာမြေ

✅လယ်ပျက်ပေါ်တည် ရွာမြေ

✅ရွာနှင့်တစ်ဆက်တည်းလယ်မြေအား လူဦးရေတိုးတက်လာမူအရ နေထိုင်ဖို့လိုအပ်မူ တိုးချဲ့ရန်တရားဝင်တင်ပီး ခွင့်ပြုအခြားနည်းလျောက်နေထိုင်ခွင့်ရ ရွာမြေ

နိုင်ငံတော်က ပြန်လည်အသိမှတ်ပြု ကွက်စိပ်ကွက်ကျဲ
တိုင်းတာစာရင်းဝင်ထားတဲ့ ဂရမ်, ပါမစ် , လိုင်စင် , မြို့ပြစလစ်များမဖြစ်မှီ လူနေထိုင်မူနှင့် တည်ရှိမူ မြေအမျိုးစားများကို လေ့လာကြည့်ပါက ..

ကနဦး နေထိုင်ခြင်း

မြို့မြေ , ရွာမြေ .. ဥယျာဥ်ခြံမြေ .. လယ်ယာမြေ .. တောင်ယာမြေ

ပုံစံ (၁) , ပုံစံ (၈) , G , R , Yစသည်ဖြင့် အတိုကောက်မှတ်သားနိုင်သည်

မြို့မြေ , ရွာမြေ စသည်ဖြင့် လူနေထိုင်မူကို G ပေါ်တွင် အတည်များသည်

G ဥယျာဥ် စိုက်ပျိုးစားသောမြေသည် R လယ် နှင့် မြေ၏ခိုင်မာမူကျစ်လစ်သိပ့်သည်းခြင်းကွာသည်

လူနေထိုင်အဆောက်အအုံဆောက်ဖို့က G က Soil အနေထားသင့်တော်သည်

ဒါကြောင့် အဆောက်အအုံနေထိုင်မူကို Gကို လွယ်လင့်တကူ ခွင့်ပြုသတ်မှတ်ပီး စားဝတ်နေရေး
စိုက်ပျိုးမူ အတွက် Rကို အဓိကထားကြသည်

R ပေါ်တွင်လဲ စိုက်ပျိုးရေးလုပ်တာကြာလာပီး လယ်ပျက်တိမ်ကောပီး ရွာနှင့် ဆက်လျက်ရှိလျှင် ရွာမြေတိုးချဲ့အဖြစ် ခွင့်ပြုတက်သည်

ထို့ကြောင့် ဧကကျယ်ဝယ်ပီးလုပ်ငန်းလုပ်ကိုင်လိုသောသူများသည် ခွင့်ပြုမိန့်လွယ်လင့်တကူချပေးနိုင်သော Gများကိုသာ ဝယ်ယူကြသည်

ပုံစံ(၇) + ပုံစံ(၈) တွဲလျက် မည်သည့်မြေအမျိုးစားမဆို
စိုက်ပျိုးဧရိယာသာဖြစ်ပါသည်

ပုံစံ(၇)ပျောက်ပီး မှသာလူနေထိုင်ကြအခွန်ထမ်းတဲ့ မြေခွန်ပြေစာ(၈) မှသည် မှော်ဘီမြို့တွင် နေထိုင်သော ရွာနေရွာမြေဖြစ်ပါသည် ...

🚫🚫🚫G ကိုနေထိုင်ခွင့်မရှိ မခိုင်မာဘူးဆိုလျှင် မှော်ဘီမြို့၏ ၉၅% ဖျက်သိမ်းရပါမည် .. 🚫🚫🚫

( ရွာမြေ G နှင့် စိုက်ပျိုးGလဲကွာတယ်နော်)
ပုံစံ(၇)Gလောကိမြင်ဖူးပီးရမ်းတုတ်နေတာတော့အဆင်ပြေမနေဘူး

ရွာမြေဝယ်ယူရာတွင် မိမိရရှိသောစလစ် ပုံစံ(၇)ပျောက် မပျောက် မြေစာရင်းရုံးတွင် စစ်ဆေးနိုင်သည်
ပုံစံ(၇) ထွက်ရှိနေသေးလျှင် စိုက်ပျိုးရေးသာ အသုံးဝင်ပါသည် ...

မှော်ဘီသည် ဥယျာဥ်/ လယ်ပေါ်ရွာတည်မြေဖြစ်ပါသည် ..

Gမြေပေါ်နေထိုင်ခွင့်ရှိမရှိကို အပေါ်ကဖော်ပြပါအကြောင်းရာများအရ ဖော်ပြထားပါသည်

✅ကိုယ်ဝယ်မည့်မြေက ပုံစံ(၇)မရှိဖို့ပဲပိုအရေးကြီးပါတယ် ပုံစံ(၇)ဆို ဘာမြေဖစ်ဖစ် စိုက်ပျိုးစားရပါမယ်

မခိုင်မာသောမြေမရှိပါ အကုန်ခိုင်မာသည်
ကိုယ်သုံးစွဲမယ့်အခြေနေပေါ်မူတည်ပီး ခွငိ့ပြုခြင်းမပြုခြင်းပဲရှိတာပါ

ပုံစံ(၇)/မြေပုံမြေရာဇဝင် ၁၀၅/ ၁၀၆
ပေကျဉ်းကွက်ရိုက်တွေ အိမ်ဆောက်ရန်ဝယ်လို့မရပါနော်
၁၀၅ က ပိုင်ဆိုင်မူမဟုတ်ပါ..

အောက်တွင်ဆက်လက်ဖော်ပြမည့်စာများကတော့
ဗဟုသုတရအောင် ကူးယူထည့်သွင်းပေးခြင်းဖြစ်သည်

#မြေအမျိုးစားများ...........................

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆို
တာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။
မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM
၅ ။ မူရင်းလယ်မြေဆိုရင် M/MY
၆ ။ ချောင်းရေဝင်မြေဆိုရင် c
၇ ။ ယာမြေဆိုရင် Y
၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉ ။ တောင်ယာမြေဆိုရင် TY/YY
၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY
၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃ ။ ဓနိမြေဆိုရင် D
၁၄ ။ အပိုင်ရမြေဆိုရင် O
၁၅ ။ အပိုင်ဂရန်မြေဆိုရင် G
၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

#အကျယ်တဝင့်ဖော်ပြချက်

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူး

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ 7သာ ထွက်ရှိထားသော လယ်များရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည် သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံး
ပါမည်။ ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည် လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိသည်

ာလုံးထွက်ပြေစာများအတွက်

💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။ ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။
⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။
အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့ ။ ဦးပိုင်အမှတ်မှာ (N)လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ် ။
မမြဲဦးပိုင် မှ ➡️အမြဲဦးပိုင် လျှောက် ➡️ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့ ။
တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။ ၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
💢ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊ ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်းက အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ…

#မြေခွန်ပြေစာအကြောင်း....

ပြေစာ အကြောင်းလေးတွေ ခုနောက်ပိုင်းမှာ...
သဘောထားမတူတာတွေ....အယူအဆ ကွဲလွဲတာ
လေးတွေကြောင့် အမေးများလာလို့ တင်လိုက်ရပါ
တယ်....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး.
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...

အချို့သောသူတွေက ...ပြေစာဆိုတာနဲ့
လယ်ယာမြေ လို့ တစ်ထစ်ချ ပြောဆိုတတ်ကြပါ
တယ်....

ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်...

ပြေစာ ဟာ ....အောက်ပါပုံမှ မြင်ရတဲ့အတိုင်း
ကော်လ်ိတ္တော်အရာရှိလက်မှတ် ပါမယ်..
သက်ဆိုင်ရာ မြို့နယ် ခရိုင် အမှတ်အသားပါမယ်

မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်...:

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး....
ရောင်းမရဘူး... ဘာမှအသူံးမဝင်ဘူး လို့ယူဆ
ထားကြတာ တွေ တွေ့ခဲ့ရပါတယ်...

အမှန်တကယ်တော့....ပြေစာဟာ
ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစား
တစ်ခုပါဘဲ....

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါတယ်....

မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး.....အချို့သော
နားမလည်သူများက .....တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်.:.

အချူပ်အားဖြင့်ဆိူသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ဖြစ်ပြီး ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိူးအစား
တစ်ခုဖြစ်ပေမဲ့ .....နားလည်သူများ ကကောင်းစွာ
အသုံးချလေ့ရှိပါတယ်....

Credit☺️

ိမ်ခြံမြေအကျိုးဆောင်

30/05/2026

စတိုးဆိုင်က ဝယ်ပြီးချုပ်တဲ့ စာချုပ်တံဆိပ်ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----

အခန်းအရောင်းအဝယ်/ဌားရမ်းတဲ့ ကိစွတွေမှာ စတိုးဆိုင်ကဝယ်တဲ့ စာချုပ်နဲ့ဘဲ လုပ်လေ့ရှိပါတယ်.အဲ့ဒီစာချုပ်တွေက ရောင်းမှား ဝယ်မှား ဖြစ်လို့ ပြသာနာတက်လာရင် တံဆိပ်ခေါင်းခွန်မပြည့်လို့ဆိုပြီး သက်သေခံအဖြစ်ကပယ်ဖျက်ခံရနိုင်ပါသလား.တရားဝင်တဲ့စာချုပ်ဖြစ်အောင် တံဆိပ်ခေါင်းခွန်ဘယ်လောက်တန်ဖိုးရှိတဲ့ စာချုပ်နဲ့ချုပ်ဆိုရမလဲဆိုတာသိလိုပါတယ်.

အရောင်းအဝယ် စာချုပ်တို့.အဌားစာချုပ်တိူ့လုပ်တဲ့အခါမှာ အလွယ်တကူဘဲ စတိုးဆိုင်ကအသင့်ရိုက်ပြီးသား စာချုပ်ကိုဝယ်ပြီးချုပ်လေ့ရှိကြပါတယ်.အဲ့လို စာချုပ်ချုပ်တဲ့အခါမှာ ဥပဒေဘောင်ဝင် ၊ မဝင် ဆိူတဲ့ ပြသာနာပေါ်ပေါက်လာပါတယ်

ဒီလိုစာချုပ်တွေဟာ တရားဝင် ၊မဝင်ဆိုတဲ့ အပိုင်းကတော့ နိုင်ငံတော်ကပြဌာန်းထားတဲ့စာချုပ်စာတမ်းဥပဒေဆိုတာရှိပါတယ်.ပဋိဉာဥ်ဥပဒေ၊ ပစွည်းလွှဲပြောင်းခြင်းဥပဒေ၊ တံဆိပ်တော်ခွန်ဥပဒေ နဲ့ အခ​ွန်ဥပဒေ တွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ ညီညွှတ်ခြင်းမရှိပါဘူး

နှစ်ဦးသဘောတူစာချုပ် ချုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ရုံးခွန်တော်ကတော့
၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော်
ဥပဒေ အမှတ် ၁၄ ​​
တံဆိပ်ခေါင်းဥပဒေ ပြင်ဆင်တဲ့ ဥပဒေဖြစ်တဲ့
အပိုဒ် ၅ ၊ အပိုဒ်ခွဲ (ဃ)အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်းနှင့် ချုပ်မှသာလျှင် ဥပဒေ အရ တရားဝင်မှာဖြစ်ပါတယ်.

အသင့်ရိုက်ထားတဲ့ စာချုပ်တွေဟာ ဆိုရင်ပုံစံတူတွေဖြစ်ပါတယ်. ဒါပေမဲ့ ချုပ်ဆိုတဲ့လူများဟာ အကြောင်းခြင်းရာ ကွဲပြားပါလိမ့်မယ်.
ပုံစံတူစာချုပ်တွေဟာ ကွဲပြားတဲ့အကြောင်းချင်းရာတွေ မပါတဲ့အတွက် တစ်စုံတစ်ရာ ပြသာနာပေါ်ပေါက်လာရင် ဖြေရှင်းရခက်ပါတယ်.

ဖြေရှင်းရခက်တဲ့အတွက် စာချုပ်အမျိုးအစားသည်
တစ်ခု နှင့်တစ်ခု တူချင်မှ တူမှာပါ.​အကြောင်းချင်းရာလဲ တူချင်မှတူမှာပါ. ဒါ့ကြောင့် ဥပဒေ အရ
အပေါ်ကပြောခဲ့တဲ့ ဥပဒေ တွေနဲ့ဘောင်ဝင်အောင်
ချုပ်ဆိုသင့်ပါတယ်

တံဆိပ်တော်ခွန် ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းထမ်း​ဆောင်ခြင်း မရှိတဲ့ စာချုပ်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံခွင့်မရှိဘူးလိူ့ ဥပဒေ ပြဌာန်းထားတဲ့အတွက်ကြောင့် ဥပဒေ နှင့်အညီ ပြုလုပ်သင့်ကြောင်းအကြံပြုလိုပါတယ်

30/05/2026

စာချုပ် ချုပ်တာနဲ့ ပတ်သက်လို့ သိထားရမယ်၊ သတိထားရမယ်၊ ဒါမှ ခိုင်မာ ပြည့်စုံမယ်။ စာချုပ်စာတမ်း များကို ဥပဒေနှင့်အညီ ချုပ်တတ်ဖို့ လိုပါတယ်။ ချုပ်ဆိုပြီးသား စာချုပ် များကိုကြည့်ပြီး ကူးယူချုပ်ဆိုရင်လည်း စာချုပ်တစ်စောင်မှာ ပါဝင်သင့်တဲ့ အချက်များ၊ လုပ်ငန်းသဘာခြင်း မတူညီတဲ့အတွက် ကူးယူချုပ်ဆိုရင် မှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး၊ စာချုပ်ချုပ်ဆိုနည်းကို ပိုင်ပိုင်နိုင်နိုင် သိထားဖို့ လိုပါတယ်။ အရေးကြုံလာရင် မပြည့်စုံတဲ့ စာချုပ်များကြောင့် ငွေကြေးမြောက်များစွာ ဆုံးရုံးရတတ် ပါတယ်။ မြေကွက်နဲ့ နေအိမ်များ ဆုံးရှုံးတတ် ပါတယ်။ အချို့လည်း ဘုမသိ ဘမသိနဲ့ ထောင်ကျသွားသူတွေ ရှိပါတယ်။

ဘာကြောင့် စာချုပ်ချုပ်ဆိုကြ တာလဲ၊ အိမ်ခြံမြေ တိုက်ခန်း အရောင်း အဝယ်စာချုပ်၊ လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်၊ ငွေချေးငှားခြင်းစာချုပ်၊ အစုစပ်စာချုပ်စတဲ့ စာချုပ်များ ချုပ်ဆိုကြပါတယ်။ ဘာကြောင့်လဲ၊ "နှုတ်တစ်ရာ စာတစ်လုံး" ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ စာနဲ့ ရေးသား ထားချက်ကို တန်ဖိုးထားကြောင်း ထင်ဟပ်တဲ့ ဆိုရိုး ဖြစ်ပါတယ်။ စာနဲ့ မှတ်တမ်းတင်ထားတာကို နှုတ်ပြောနဲ့ လွယ်လွယ် မချေဖျက်နိုင်စေဖို့ ဖြစ်ပါတယ်။ ကာယံကံရှင်တို့က မိမိတို့ သဘောတူညီချက်တွေကို တကူးတက ရေးမှတ်ထားကြရင် သူတို့ကြားမှာဖြစ်စေ သူတို့ရဲ့ အခွင့်အရေးကို ဆက်ခံသူတို့ ကြားမှာ ဖြစ်စေ ထိုရေးမှတ်ချက်ဟာ သူတို့ ရည်ရွယ်ရင်းကို ပြည့်ပြည့်စုံစုံ အပြီးသတ်ဖော်ပြချက် အရလည်းကောင်း၊ နောင်တွင် အငြင်းပွားမှု၊ မရိုးမသားပြုလုပ်မှု၊ မေ့မေ့လျော့လျော့ဖြစ်မှုများ ဘေးမှ ကင်းဝေးစေရန် လည်းကောင်း ရည်စူးခြင်း ဖြစ်ပါတယ်။

ဒီလို စာချုပ်ပြုလုပ် ခြင်းအားဖြင့် စာချုပ် မပြုလုပ်မှီဖြစ်စေ ပြုလုပ်ပြီးမှ ဖြစ်စေ ပြုလုပ်ဆဲတွင်ဖြစ်စေ ကာယကံရှင်များ ပြောကြဆိုကြသည့် ကိစ္စနှင့် ပတ်သက်ပြီး နောင်မှာ စာချုပ်ကလွဲပြီး နှုတ်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှ ကာကွယ်ပြီးလည်း ဖြစ်ပါတယ်။ စာချုပ်ပြုလုပ်ထားခြင်းမရှိပဲ နှုတ်ကတိနဲ့သာ ပြုလုပ်ထားရင် နှစ်ကာလ ကြာတဲ့အခါ မေ့လျော့ခြင်းကြောင့် ဖြစ်စေ၊ အကြောင်း တခုခုကြောင့်ဖြစ်စေ ဖြေရှင်းရခက်မှာ ဖြစ်ပြီး စာချုပ်ပြုလုပ်ထားရင် နှုတ်နဲ့ ဖြေရှင်းရန် မလိုတော့ပဲ စာချုပ်ပါ အချက်ကိုသာ ဖြေရှင်းရန် လိုတဲ့အတွက် တိကျခိုင်မာတဲ့ အကြောင်းအရာ ပါဝင်တဲ့ စာချုပ်ဖြစ်တဲ့ အတွက် စာချုပ်ပြုလုပ် ချုပ်ဆိုကြရခြင်း ဖြစ်ပါတယ်။

စာချုပ်နဲ့ ပတ်သက်လို့...
** သက်ဆိုင်သောဥပဒေများ **
၁။ ပဋိညာဉ်ဥပဒေ (၁၈၇၂)
၂။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ (၁၉၂၂)
၃။ သက်သေခံဥပဒေ (၁၈၇၂)
၄။ ကာလစည်းကမ်းသက်ဥပဒေ (၁၉၀၉)
၅။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ (၁၉၀၈)(၂၀၁၈)
၆။ မြန်မာနိုင်ငံ တဆိပ်ခေါင်းဥပဒေ (၁၈၈၉)
၇။ ကုန်စည်ရောင်းချခြင်း ဥပဒေ (၁၈၇၂) အစရှိတဲ့ ဥပဒေများ သိထားရင် ကောင်းပါတယ်။ စာချုပ်စာတမ်း တစ်ခုကို မည်သည့်အချက်အလက်များ ပြည့်စုံစွာ ရေးသားချုပ်ဆိုရမည်လို့ ပြဌာန်းထားခြင်းမရှိပါဘူး၊ လုပ်ငန်း သဘာဝအရ ပြဌာန်းဥပဒေနဲ့ ညီညွတ်အောင်သာ ချုပ်ဆိုရပါတယ်။ နားမလည်နိုင်တော့ရင်လည်း နားလည်သူနဲ့သာ ချုပ်ဆိုကြစေ လိုပါတယ်လို့ အကြံပြုရင်း....။

Credit ...

30/05/2026

🔵 စရန်ချတဲ့အခါ ဘယ်လောက်ချထားသင့်လဲ

👉 အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ်ဖို့အတွက် ဈေးညှိပြီးသွားပြီ၊ စာရွက်စာတန်း စစ်ဆေးပြီးသွားပြီဆိုရင်တော့ စရန်ချမဲ့ အဆင့်ကို ရောက်လာပါပြီ။

ဒီမှာ မေးစရာရှိလာတာက စရန်ငွေကို ဘယ်လောက်ပေးချေတာ သင့်တော်မလဲ ဆိုတဲ့မေးခွန်းပါ။ အရောင်း အဝယ်တစ်ခုနဲ့ တစ်ခုကတော့ တူညီတာမျိုးမရှိလို့ စရန်ငွေကို ဘယ်လောက်ချရမလဲဆိုတာကို ပုံသေပြောလို့ မရပါဘူး။

ယေဘုယျအားဖြင့်ကတော့ စရန်ချတာကို စတိစရန် နှင့် စရန်စာချုပ်ကြီးဆိုပြီး ၂ ပိုင်းခွဲပြီး ချုပ်တတ်လေ့ရှိကြပါတယ်။ စတိစရန်ဆိုတာကတော့ ဈေးဆိုင်လို့ အဆင်ပြေသွားပြီဆိုရင် သိန်း ၅၀ ကနေ သိန်း ၂၀၀ အတွင်းကို ပေးလေ့ပေးထ ရှိပါတယ်။ သဘောကတော့ အဆင်ပြေသွားတဲ့ ဈေးနဲ့ အရောင်းအဝယ်ကို Confirm ဖြစ်ပါတယ် ဆိုတာမျိုးပါ။ စရန်စာချုပ်ကြီးကတော့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်းလောက်ကို ပေးတာပါ။ ဥပမာ သိန်း ၅၀၀၀ တန်တဲ့ ခြံဆိုရင်တော့ သိန်း ၁၀၀၀ လောက်ကို စရန်စာချုပ်ကြီးချုပ်ဆိုတဲ့ အခါ ပေးလို့ရပါတယ်။ တစ်ခြို့ကျတော့လည်း သိန်း ၄၀၀-၅၀၀ နဲ့ ချုပ်ဆိုတာမျိုးလဲ ရှိပါတယ်။

စတိစရန်မပေးဘဲ စရန်စာချုပ်ကြီးချုပ်ဆိုမယ်ဆိုရင်လဲ ချုပ်ဆိုလို့ ရပါတယ်။ စာရန်စာချုပ် မချုပ်ဆိုခင်မှာ စာရွက်စာတန်း မှန်ကန်မှု သေချာစစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ Payment Plan ကိုလဲ ရောင်းသူဝယ်သူ နှစ်ဦး နှစ်ဖက် သဘောတူတဲ့ စာချုပ်မျိုးဖြစ်ရပါမယ်။ ဘယ်အရစ်ကို ဘယ်အချိန်မှာ ဘယ်လောက်ပေးရမလဲ ဆိုတာကို စာချုပ်မှာ သေချာ ရေးသင့်ပါတယ်။

စရန်ချတဲ့အခါ ငွေကို နည်းနည်ဘဲပေးချေမယ်ဆိုရင် ရောင်းသူက ကိုယ့်ထက်ပိုပြီးပေးတဲ့သူရှိရင် သူက လက်ရှိစရန်ကို ပယ်ဖျက်ပြီး ငွေပိုပေးတဲ့ အဝယ်ကို ရောင်းနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် စရန်ချတဲ့အခါ စရန်ကို အလွယ်တစ်ကူ ပယ်ဖျက်လို့ မရနိုင်တဲ့ ငွေပမာဏ တစ်ခုကို ပေးတာ ပိုပြီးသင့်တော်ပါတယ်။

ဝယ်သူအနေနဲ့ စာချုပ်ထဲမှာ မဖြစ်မနေထည့်ရမဲ့ ကိစ္စကတော့ ရောင်းခွန်ကို ရောင်းသူက ဆောင်ရပါမယ် (သို့) ဒီ အိမ်ခြံမြေနဲ့ ပက်သပ်ပြီး အရှုပ်အရှင်း တစ်ခုခုရှိပါက ရောင်းသူဘက်မှ အခကြေးငွေ ထပ်တောင်းခံခြင်းမရှိဘဲ အားလုံး ပြေလည်သွားတဲ့ အထိ တာဝန်ယူ ဖြေရှင်းပေးပါမယ်ဆိုတာမျိုးကို စရန်စာချုပ်ထဲမှာ
မူးရင်း

တာချီလိတ်မှာအိမ်ခြံမြေ ရောင်းလို/ဝယ်လိုလျှင်
အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ Hein အိမ်ခြံမြေအကျိူးဆောင်ကိုသာဆက်သွယ်လိုက်ပါ

☎️09798966452

Address

Tachileik
05121

Telephone

+959677458506

Website

Alerts

Be the first to know and let us send you an email when Hein အိမ်ခြံမြေအကျိူးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category