Zay Real Estate ဇေအိမ်ခြံမြေ တံတားဦးမြို့

  • Home
  • Myanmar
  • Tada-u
  • Zay Real Estate ဇေအိမ်ခြံမြေ တံတားဦးမြို့

Zay Real Estate ဇေအိမ်ခြံမြေ တံတားဦးမြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zay Real Estate ဇေအိမ်ခြံမြေ တံတားဦးမြို့, Estate agent, Tada-u.

ရန်ကုန်က သူဌေးတစ်ယောက် လွန်ခဲ့တဲ့ ၅ နှစ်က မန္တလေးမှာ မယားငယ်တစ်ယောက် ထားတယ်။ မယားငယ်နေဖို့အတွက် သိန်း 4000တန် အိမ်တစ်လုံ...
25/05/2024

ရန်ကုန်က သူဌေးတစ်ယောက် လွန်ခဲ့တဲ့ ၅ နှစ်က
မန္တလေးမှာ မယားငယ်တစ်ယောက် ထားတယ်။
မယားငယ်နေဖို့အတွက် သိန်း 4000တန် အိမ်တစ်လုံးဝယ်ထားလိုက်တယ်။ မယားငယ်ကို လစဉ် တစ်လ 10 သိန်း ထောက်ပံ့ပါသေးတယ်။
၅နှစ်ပြည့်တော့ မယားငယ်ကို လမ်းခွဲလိုက်တယ်။
အဲ့တာနဲ့ ဝယ်ထားတဲ့အိမ်ကို ပြန်ရောင်းတော့ သိန်းတစ်သောင်းရတယ်။
တွက်ကြည့်လိုက်တော့ မယားငယ်အလကားထားရ၊
လစဉ်ထောက်ပံ့ပေးထားတဲ့ သိန်း 600 ပြန်နှုတ်လိုက်ပြီး
သိန်း 5400 အသားတင်မြတ်သွားပါတယ်။
"အိမ်ခြံမြေ အရောင်းအဝယ်ကို သူကျေးဇူးတင်တယ်။
မယားငယ်ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ " သူကဆိုလာတယ်။
အဲ့လိုပြောတာကို သူဌေးရဲ့ မယားကြီးက ကြားသွားတော့
ပါးကို ဆတ်ခနဲ " ဖြန်း " ရိုက် ပြီးတော့ဆူတယ်။
"ဒီလောက်မြတ်နေတာကို ဘာဖြစ်လို့
မယားငယ်တစ်ယောက်ပဲ ထားခဲ့ရတာလဲ ငတုံးရဲ့ တဲ့ 😂"
ခုတော့ သူခင်များလည်း နှောင်တတွေ တပုံကြီးနဲ့😂😂😂😂😂

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)*****************************************(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခ...
16/05/2024

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)
*****************************************
(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခေတ်မှာ လုပ်ဖို့မပြောနဲ့ သိသူတောင်နည်းသွားပြီ)
ဆရာကြီးဒဂုန်ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။
အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။
ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။
၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။
အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။
အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။
လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။
လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။
ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့
ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။
ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။
ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။
တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။
မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။
အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )
အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။
အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။
အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။
Credit

ဘဝမှာ တန်ဖိုး အရှိဆုံးက ဘာလဲ ဆိုရင် အချိန်ပါပဲ။ ⏲⏲⏲ကုန်ဆုံးသွားသည့် အချိန်များကိုပြန်လိုချင်လို့ မရနိုင်ပါ။မိတ်ဆွေ သင်က ...
26/03/2024

ဘဝမှာ တန်ဖိုး အရှိဆုံးက
ဘာလဲ ဆိုရင် အချိန်ပါပဲ။ ⏲⏲⏲
ကုန်ဆုံးသွားသည့် အချိန်များကို
ပြန်လိုချင်လို့ မရနိုင်ပါ။

မိတ်ဆွေ သင်က
အိမ်ခြံမြေနှင့် ပတ်သတ်ပြီး

ဝယ်ယူလိုသည့်အခါ
➡ သုံးမည့် ငွေပမာဏ
➡ လိုချင်သည့်နေရာ
မပြောခဲ့ပါလျှင် ကျွန်တော်တို့
အကျိုးဆောင် မပေးပါ။
မိတ်ဆွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကုန်သလို
ကျွန်တော်တို့ရဲ့ တန်ဖိုးရှိသည့် အချိန်များလည်း
ကုန်သည့် အတွက်ကြောင့် ပါ။

ရောင်းလိုသည့်အခါ
➡ မြေ၏ တည်နေရာ ၊ အကျယ်အဝန်း၊
➡ ပိုင်ဆိုင်မှုအထောက်အထား စသဖြင့်
လိုအပ်သည့်အချက် အလက်များ မပြောခဲ့လျှင်
အကျိုးဆောင်မပေးပါ။
မိတ်ဆွေရဲ့ တန်ဖိုးရှိတဲ့ အချိန်ကုန်သလို
ကျွန်တော်တို့ရဲ့ တန်ဖိုးရှိသည့် အချိန်များလည်း
ကုန်သည့် အတွက်ကြောင့် ပါ။

အလုပ်လုပ်နေသည် ဖြစ်သောကြောင့်
တိကျမှု ✅
မှန်ကန်မှု ✅ ရှိမှ အဆင်ပြေပါသည်။

မတိမကျ❌
မရေမရာ❌ ဆိုရင်
ကျွန်တော်တို့ အကျိုး မဆောင်ပေးပါ။

❗❗❗စကားရင့်သည်မဟုတ်ပါ။
အလုပ်သဘောကို ပြောပြခြင်းသာ ဖြစ်ပါသည်။

__________________________________________

မိတ်ဆွေ အနေနှင့်
မြန်မာ ငွေ (သိန်း ၃၀၀ ) ဝန်းကျင်သုံးပြီး

တံတားဦး(အင်းဝ) မှာ

ပတ်ဝန်းကျင်သန့်တာနှင့်
ဆိတ်ငြိမ်ရာ အရပ် ရှာနေတယ်ဆို ရင်

ကျွန်တော်တို့ ဇေအိမ်ခြံမြေ ကို
ဆက်သွယ်နိုင်ပါတယ်။


#ဇေအိမ်ခြံမြေ
#အိမ်ခြံမြေဝန်ဆောင်မှု
0️⃣9️⃣7️⃣7️⃣2️⃣4️⃣2️⃣2️⃣8️⃣8️⃣2️⃣
0️⃣9️⃣9️⃣6️⃣4️⃣5️⃣9️⃣9️⃣5️⃣8️⃣0️⃣
Zay Real Estate__

တပေါင်းလပြည့်နေ့ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားရာ နေ့တစ်ရက်လည်းဖြစ်ပါတယ်။ တပေါင်းလဟာ မြန်မာပြက္ခဒိန်ရဲ...
24/03/2024

တပေါင်းလပြည့်နေ့ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားရာ နေ့တစ်ရက်လည်းဖြစ်ပါတယ်။

တပေါင်းလဟာ မြန်မာပြက္ခဒိန်ရဲ့ နောက်ဆုံးလဖြစ်သလို သဲပုံစေတီပွဲ၊ ဘုရားပွဲတွေနဲ့ ရဟန်းခံရှင်ပြုနားသပွဲတွေကိုလည်း ဒီလမှာပဲ ကျင်းပလေ့ရှိပါတယ်။

ဒါ့အပြင် တပေါင်းလပြည့်မှာ ဂေါတမမြတ်ဘုရားရှင်က ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းကနေ ဖခင်သုဒ္ဓေါဒနမင်းရှိရာ ကပိလဝတ်ပြည်ကို စတင်ကြွတော်မူခဲ့တာကြောင့် ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့လို့လည်း ခေါ်ဆိုပါတယ်
Crd to original uploader.

ရွှေ၁ကျပ်သား ပေါက်စျေး သိန်း၄၀ ရှိနေတဲ့ ခေတ်မှာ တံတားဦးမြို့တွင်းလည်းဖြစ်  သိန်း ၂၀၀/၃၀၀ ၀န်းကျင် နဲ့ ရွာမြေလည်းဖြစ်၊ ရ...
23/03/2024

ရွှေ၁ကျပ်သား ပေါက်စျေး သိန်း၄၀ ရှိနေတဲ့ ခေတ်မှာ တံတားဦးမြို့တွင်းလည်းဖြစ် သိန်း ၂၀၀/၃၀၀ ၀န်းကျင် နဲ့ ရွာမြေလည်းဖြစ်၊ ရေလွယ်မီးလွယ် ၊ အိမ်ဆောက်နေလို့အဆင်ပြေမယ့် ၀ိုင်းမြေကွက် အလွတ်လေးတွေကို ၀ယ်ယူဖို့ စိတ်၀င်စားတယ်၊ လာရောက်ကြည့်ရှချင်တယ်ဆိုရင် ကျွန်တော်််တို့ဇေအိမ်ခြံမြေကိုဆက်သွယ်နိုင်ပါတယ်ဗျ။

ဖုန်း - 09 772422882
09 964599580
ဇေအိမ်ခြံမြေ( တံတားဦးမြို့)

ရောင်းမယ့်မြေ က မိမိအမည်ပေါက်ဖြစ်ရင် ဂရန်မူရင်း နဲ့ မိတ္တူတွေကို အဆင်သင့်ဆောင်ထား သင့်ပါတယ်။ ပါမစ်မြေကွက်ဖြစ်ရင် မြေ ချပ...
18/01/2024

ရောင်းမယ့်မြေ က မိမိအမည်ပေါက်ဖြစ်ရင်
ဂရန်မူရင်း နဲ့ မိတ္တူတွေကို အဆင်သင့်ဆောင်ထား သင့်ပါတယ်။
ပါမစ်မြေကွက်ဖြစ်ရင် မြေ ချပါမစ်မူရင်းနဲ့ ပါမစ်မိတ္တူနဲ့
စာချုပ် အဆက်အစပ်မိတ္တူတွေကို အဆင်သင့် ဆောင်ထားပါ။
ဘိုးဘွားပိုင်မြေဖြစ်ရင် မှတ်ပုံတင်ပြီးဖြစ်တဲ့ မြေကွက်အရောင်း အဝယ်စာချုပ် မူရင်းနဲ့
မိတ္တူတွေ အဆင် သင့်ဆောင်ထားသင့်ပါတယ်။
ထို့အတူ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေ ဖြစ်ရင်လည်း
မူရင်းနဲ့မိတ္တူတွေကို စုဆောင်း ရှာဖွေထားသင့်ပါတယ်။
အဲဒီလို အဆင်သင့် ဆောင်ထားခြင်းဖြင့်
ပွဲစားက ဝယ်သူကို မမျှော်လင့်ဘဲ ခေါ်လာတဲ့အခါမှာ ကိုယ့် ဘက်က အဆင်သင့်ဖြစ်နေတာပေါ့။

ကြိုတင်ပြင်ဆင်မှုမရှိရင် ပင်ပမ်းရတာ လူဓမ္မတာ
ပြောသာပြောရတာပါ။
ကြိုတင် ပြင်ဆင်ထားသူက လူ (၁၀)ယောက် လောက်မှာ (၄)ယောက်လောက်ကသာ အဆင်သင့်ဆောင်ထားကြလေ့ရှိပါတယ်။
(၆)ဦးလောက်ကတော့ ဝယ်သူလာမှသာ ဟိုသေတ္တာရှာ၊ ဒီဘီရိုဖွင့်လုပ်တတ်ကြ တယ်။
တစ်ခါတစ်ရံ သော့ရှာမရလို့ အိမ်ရှိလူအားလုံး သော့ရှာပေးရတာ အကုန်ပင်ပမ်းကုန်ကြတာလည်း တွေ့ရ ဖူးတယ်။

အမွေဆိုင် မြေနှင့်အိမ် ဝယ်တဲ့အခါ တွေ့ ကြုံရတာ

အဲဒီလိုဖြစ်ကြတာမျိုးကများ သောအားဖြင့် အမွေဆိုင်မြေ၊ အမွေဆိုင် အိမ်တွေမှာ ဖြစ်တတ်တယ်။
အမွေဆိုင် မြေနှင့်အိမ်ဆိုတာ မိဘနှစ်ပါးမရှိတော့ တဲ့အခါ မောင်နှစ်မအများထဲမှ
ပစ္စည်း ဥစ္စာ်ပြည့်စုံသူ အကို၊ အမတစ်ဦးဦးက မြေနှင့် အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်း တွေကို ထိန်းသိမ်းပေးထားတတ်ပါတယ်။
အဲဒါကြောင့် အမှန်တကယ် ဝယ်သူလည်း ရောက်လာရော အဆင် သင့်မဖြစ်တတ်ကြခြင်းပါ။

ရောင်းမယ်၊ မရောင်းဘူး ပေးတဲ့ဈေးက နည်းလွန်းတယ် ပြောကြတယ်
အမွေဆိုင်မြေဝယ်တဲ့အခါ ဝယ် သူတွေအနေနဲ့ အထူးသတိထား ဝယ်သင့် ပါတယ်။
မောင်နှမများတဲ့အတွက် တစ် ယောက်တစ်ပေါက်ပြောတတ်ကြပါတယ်။
ရောင်းမယ်၊ မရောင်းဘူး၊ ပေးတဲ့ဈေးက နည်းလွန်းတယ်စသည်ဖြင့် အငြင်းအခုံ လုပ်တတ်ကြပါတယ်။
တကယ်တော့ မရောင်းချင်တာမဟုတ်ဘူး။ ရောင်းချင် နေကြတာမှ ခုန်ဆွ ခုန်ဆွတောင်ဖြစ်နေ ကြတယ်။
ရောင်းလို့ရမှ အမွေခွဲလို့ရ မှာလေ။ ဒါပေမယ့် လူဆိုတာ လောဘ သားမဟုတ်လား။ များများရလေ ကောင်း လေပဲ။

အားလုံးမျှော်လင့်နေတဲ့ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေ အစုံအလင်မပါတဲ့အခါ
တကယ်တော့ ရောင်းမယ် ရောင်းမယ်လို့သာ ဝိုင်းအုံနေကြတာ၊
ဝယ်သူက မြေနဲ့အိမ် ပိုင်ဆိုင်မှုကို ပြပါ ဦးလို့မေးလိုက်တဲ့အခါကျတော့၊
ပိုင်ဆိုင် မှု စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အကိုကြီးကို စောင့်နေရတာမျိုး၊
မမကြီး အလာကို စောင့်ရတာမျိုးလည်း ရှိတတ် ပြန်တယ်။
ဟော စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အကိုကြီး၊ အမကြီး လာပြန်ရင်လည်း အပြေးအလွားလာရ လို့ဆိုပြီး
စာရွက်စာတမ်းမစုံတာတို့၊ မိဘနှစ်ပါး သေစာရင်းမူရင်းမပြနိုင်တာ တို့ မောင်နှမအားလုံးရဲ့ မှတ်ပုံတင်မူရင်း တွေ အားလုံးမပြနိုင်တာတို့ ဖြစ်တတ် ကြပြန်ပါတယ်။

ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်း တွေ ပြနိုင်ရင် အမွေဆိုင်တွေအားလုံး စုံပြီပဲ စရန်ပေးလို့ရပါတယ်။
အပြီးအပိုင် စာချုပ်တဲ့အခါကျတော့ အရောင်း၊ မြေပုံ၊ မြေရာဇဝင်၊ ပိုင်ဆိုင်ကြောင်းမြေပုံ၊ မြေ ရာဇဝင်တွေနဲ့
ဝယ်သူလိုချင်တဲ့ အထူး ကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့တာဝန်ယူ ပါတယ်။ အာမခံလို့ ဝယ်သူက စရန်ငွေ ပေးခဲ့ရတာတွေလည်း ရှိပါတယ်။

လွယ်မယောက်နဲ့ခက် စည်ပင်မှာမြေပုံ ကူးရတဲ့အချက်

တကယ်တော့ အမွေဆိုင်တွေ အာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ဖိုးနဲ့ အရောင်းအဝယ်စာချုပ်ဖို့
မြေပုံ၊ မြေရာဇဝင်တွေက မြို့တော်စည်ပင်က အလွယ်တကူ ထုတ်ပေးတာမရှိဘူး။
အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန် အဖေ အမေတို့ရဲ့ သေစာရင်းမူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်း စားပေးကြတာပါ။
ဒါတောင် ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့ လိုအပ် သေးတယ်။
ဥပမာ ဘဏ်မှာငွေချေးခဲ့ ဖူးရင်၊ သက်ဆိုင်ရာဘဏ်က မြေပုံ/ မြေရာဇဝင် (ပုံစံ ၁၀၅၊၁၀၆) ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ်။
သူတို့ရဲ့ ဘဏ်က ငွေတွေအားလုံးပြန်ရပြီးမှသာ ကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းပေး ကြတယ်။

အားမနာဘဲ အမွေဆိုင်ထံကတောင်း ကြည့်ရမယ့် အချက်အလက်များ

အဲဒီတော့ အနှစ်ချုပ်ပြောရရင်
ချုပ်ဆိုထားတဲ့ စာချုပ်မျိုးဆိုရင် တရား စွဲယူရတတ်လို့
အချိန်တွေ ငွေတွေ ပိုကုန် တတ်လို့ မိဘအမည်ပေါက် မြေကို ဝယ် ဖို့ အကြံပေးတာပါ
ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးရဲ့သေစာရင်း မူရင်းကို ကြည့်ရှု ရပါမယ်။
အမွေဆိုင်မောင်နှမတွေ ရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စု စာရင်းကိုကြည့်ရပါမယ်။
(မှတ်ချက် အချို့အမွေဆိုင်တွေက နိုင်ငံခြားမှာ ရောက်နေတဲ့ အမွေဆိုင်တွေကို သေ သလို၊ ရှင်သလို လုပ်ပြီး
ချန်ထားတတ် လို့ အိမ်ထောင်စုစာရင်းက သက်သေခံ အထောက်အထားဖြစ်လို့ပါ)

ဒါတွေပြည့်စုံရင် စရန်ငွေပေး လို့ရပါတယ်။
အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ပေးဖို့နဲ့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ပေးနိုင်ဖို့ အတွက်
ပိုင်ဆိုင်/ အရောင်းမြေပုံ/ မြေရာဇဝင် ကူးခိုင်းရပါမယ်။ အရှုပ်အရှင်း ကင်းရင် မြေပုံ(၂)မျိုးစလုံးနဲ့ အလွယ် ကလေးနဲ့ရတတ်ပါတယ်။
မြို့မြေစာရင်း မှာ ရှုပ်နေတာရှိရင်လည်း အမွေဆိုင် တွေပဲ ရှင်းခိုင်းပြီးသားဖြစ်သွားပါတယ်။
မြေပုံတွေ့ရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။
အဲဒီစာချုပ်တဲ့နေ့မှာပဲ အမွေ ဆက်ခံသူမောင်နှမများထံက အထွေ ထွေ ကိုယ်စားလှယ်လွှဲစာယူထားလိုက် ရင် ကျန်ငွေကို အပြီးပေးချေလို့ရပါ တယ်။
ဝယ်သူအမည်ပေါက်ရဖို့အတွက် ကတော့ အထွေထွေကိုယ်စားလှယ်လွှဲ စာ၊ အထူးကိုယ်စားလှယ်လွှဲစာရှိရင်
အရောင်းအဝယ်စာချုပ်မှတ်ပုံတင်တာ တို့ အမည် ပြောင်းတာတို့ကို ဝယ်သူ ကိုယ်တိုင် ဆက်လက်ဆောင်ရွက်လို့ ရပါပြီ စာဖတ်ပရိသတ်ကြီးရေ။

crd: ရှေ့နေကြီး တစ်ဦး
#အိမ်ခြံမြေဗဟုသုတ


#ဇေအိမ်ခြံမြေ
#တံတာဦး
09772422882
09964599580

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်“မြို့သ...
15/01/2024

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်
“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက် ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။
“ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေ တာတွေဖြစ်နေလို့ နိုင်ငံတော် အစိုးရအနေနဲ့ တင်းကြပ်တဲ့ သဘောဆောင်ရွက်ရတာ ဖြစ်ပါတယ်”
“အချို့က ပြောတော့ တရားဝင် အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင် ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”
“အခု ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာတော့ ပြစ်ဒဏ်ပိုင်းကို တင်း ကျပ်ထားတာတွေ့ရပါတယ်။ ဒါမှ လည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာ ဖြစ်တယ်”
“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိ တဲ့ လယ်မြေဆိုတာက ဘယ်လိုမြေ အမျိုးအစားလဲ”
“နားလည်အောင်ရှင်းပြရမယ် ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇ ရရှိထားဖို့လိုပါတယ်”
“ပုံစံ - ၁၀၅ ဆိုတာက ဘာကို ဆိုလိုတာလဲ”
“ပုံစံ - ၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက် ညွှန်းပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာ အကျုံးဝင် တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်”
“ပုံစံ - ၇ ဆိုတာက ဘယ်လို အထောက်အထားစာရွက်ပါလဲ”
“ပုံစံ - ၇ ဆိုတာက လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ - ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”
“ပုံစံ - ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့ သဘောပေါ့ ဟုတ်ပါသလား”
“လယ်ယာမြေ ဥပဒေပုဒ်မ - ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သည် လယ်ယာမြေအားလုံးကိုဖြစ် စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်း ကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”
“ဒါဆိုရင်တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရှိသွားပြီပေါ့”
“မှန်ပါတယ်၊ ဒါပေမယ့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြု ပါက သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခတို့ကို ပေးဆောင်၍ သက်ဆိုင် မြေစာရင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ မှာ အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် လယ်ယာ မြေလုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ် ယူရင် သက်ဆိုင်ရာ မြေစာရင်းဦးစီး ဌာနမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လုပ် ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”
“ကျွန်တော်သိတာတော့ မှတ်ပုံ တင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲ့ ဝယ်ပြီး အကွက်ရိုက် ရောင်းချနေတာ ဆရာ”
“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာ မဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အ ခက်အခဲရှိလာနိုင်ပါတယ်”
“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြု လုပ်ရင် မဖြစ်ဘူးလား ဆရာ”
“လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက် ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြု ချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုး အစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင် ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက် ထား ရယူရမှာဖြစ်တယ်”
“အခြားနည်း အသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့ သဘောပေါ့”
“ဟုတ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ -၃၀ မှာ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာ ဖြစ်တယ်”
ဆရာပြောတဲ့ ဥပဒေအရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြု ခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြု ချက်မရသေးဘဲ အခြားနည်းသုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့ သဘောဖြစ်နေပြီ”
“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်”
“ဟုတ်ကဲ့ ရှင်းပြပါဦး ဆရာ”
“လယ်ယာမြေဥပဒေပုဒ်မ -၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ - ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်”
“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ ကိစ္စမဟုတ်လား”
“မှန်ပါတယ်။ အခုဖြစ်နေတဲ့ မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်း မဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိစ်္စရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
ထီယု(ဥပဒေအတိုင်ပင်ခံ)
ကူးယူတင်ပြပါသည်။
(ဥပဒေရေးရာ)

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်ဆောင်ရွက်တဲ့ နည်းလမ်းပါ။ယာမြေ/ လယ်မြေ/ ကျေးရွာမြေဘိုးဘပိုင်...
12/01/2024

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်
ဆောင်ရွက်တဲ့ နည်းလမ်းပါ။

ယာမြေ/ လယ်မြေ/ ကျေးရွာမြေ
ဘိုးဘပိုင်မြေ ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင် အမည်ပေါက် ဟုတ်/မဟုတ်
မြို့နယ် မြေစာရင်းမှာ စစ်
အရှုပ်အရှင်း ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ စီစစ် လေ့လာ

ရောင်းသူရဲ့ မိဘ မောင်နှမ
ဆွေမျိုးသားချင်းထဲက သက်သေ ခေါ်
ရပ်ရွာဥက္ကဌရုံးမှာ သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်ကျမ်းကျိန်
ရှေ့နေနဲ့ အရောင်းအဝယ် စာချုပ်ကို
တရားဝင် သေချာချုပ် တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ(👉 အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။)

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်

"မိသားစုနှင့်အတူ အိမ်လေးတစ်လုံး ပိုင်ဆိုင်ချင်တယ်"တောင့်တရာမို့ တောင့်တမိပါတယ်။လူတိုင်း ဒီလိုချင်ခြင်းတပ်မက်မှုတွေရှိကြမ...
09/01/2024

"မိသားစုနှင့်အတူ အိမ်လေးတစ်လုံး ပိုင်ဆိုင်ချင်တယ်"

တောင့်တရာမို့ တောင့်တမိပါတယ်။
လူတိုင်း ဒီလိုချင်ခြင်းတပ်မက်မှုတွေရှိကြမှာပါ။
မရှိဘူးဆိုတဲ့သူက အရူးပဲဖြစ်ပါလိမ့်မယ်။

ကျွန်တော်လည်း အိမ်ကလေးတစ်လုံးလောက်တော့
ပိုင်ဆိုင်ချင်မိတယ်။
နေထိုင်မှုအခက်အခဲရှိနေရင်
ပိုပြီးတော့တောင် တောင့်တမိပါတယ်။

မိသားစုနဲ့ဖြစ်တည်လာပြီဆိုရင် ကျွန်တော်တို့ပိုပြီး
အိမ်လေးတစ်လုံးလောက် ပိုင်ဆိုင်လိုမှုဆန္ဒတွေ
တဖွားဖွားနဲကို လိုလိုလားလား ဖြစ်လာပါတယ်။

ကိုယ့်မိသားစုနဲ့က ကိုယ်ပိုင်အိမ်လေးနဲ့မှ
နွေးနွေးထွေးထွေး အေးအေးချမ်းချမ်း
နေပျော်တဲ့ဘဝလေးကို ရရှိမှာပေါ့။

ငှားရမ်းနေထိုင်ရတယ်ဆိုတာက
ကိုယ့်အသုံးစရိတ်ထဲက နေထိုင်မှုအတွက်
လစဉ်အလီလီ ဖဲ့ထုတ်နေရတယ်။
တည်ငြိမ်ခြင်း မရှိတဲ့အခြေအနေကြောင့်
ရင်မှာပူလောင်မှုက အမြဲကပ်ပါနေတယ်။
ငှားနေရတဲ့ ဘဝက အချိန်တွေသာကုန်သွားမယ် အိမ်ပိုင်ဘဝဖြစ်လာမှာမဟုတ်ပါဘူး။

အိမ်ပိုင်ဘဝဖြစ်မှ
ကိုယ်လိုချင်တဲ့ပုံစံလေးကို
တဖြည်းဖြည်းပြောင်းယူလို့ရမှာပေါ့။
ကိုယ့်အိမ်ကိုယ့်ရာနဲ့ဆိုတဲ့
အားအင်က
နဲနဲနောနောအားအင်မှ မဟုတ်ဘဲ။
အလွန်အားကြီးပါတယ်။
အိမ်ကလေးတစ်လုံးပိုင်ဆိုင်လာပြီဆိုရင်
ဒီအိမ်ကိုကာကွယ်ရမယ်။
စောင့်ရှောက်ရမယ်။
လှပအောင် ပြင်ဆင်ရမယ်။
အေးချမ်းမှုတွေရအောင်လုပ်ရမယ်။
နွေးထွေးချစ်ခင်မှုတွေ
ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ မိသားစုလေးဖြစ်အောင်
ဖန်တီးမယ်ဆိုတဲ့
အနာဂတ်အတွေးလေးတွေနဲ့ သိပ်ကိုလှပပြီး
ပျော်စရာကောင်းလှ ပါတယ်။

ကိုယ်မှာအိမ်လေးတစ်လုံး ပိုင်ဆိုင်မှုရှိလာပြီဆိုရင်
ဘုရားစင်ကို ဘယ်နေရာထားမယ်။
အခန်းနံရံတွေကို ဘယ်လိုဆေးတွေရေးခြယ်မယ်။
အိပ်ခန်းကို ဘယ်လိုထားပြီး
ဧည့်ခန်းကို ဘယ်လိုထားမယ်။
စိတ်ထဲမှာ ဖန်တီးပြင်ဆင်မှုတွေဟာ
တစ်သီတစ်တန်းကြီး ဖြစ်လာပါတယ်။
နှစ်ထပ်အိမ်လေးဆိုရင်
ကလေးတွေအတွက် ဆော့ကစားဖို့နေရာ
အကျယ်အဝန်းလေးလိုအပ်မယ်။
ကိုယ့်အတွက် စာကြည့်ခန်းလေး
ဖွဲ့နိုင်ရင်ဖွဲ့ထားမယ်ပေါ့။
အိမ်အပြင်
မြေလွတ်ကျယ်ကျယ်ပါ
ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုရင်
ပိုပြီးကောင်းတာပေါ့။
ပန်းအလှတွေ အရိပ်ရသီးနှံပင် တွေလည်း
စိုက်မယ်ပေါ့။
မြေပြင်မှာကလေးတွေ လွတ်လွတ်လပ်လပ်
ပျော်ပျော်ပါးပါး
ဆော့ကစားခွင့်တွေ ရမယ်။
ကိုယ့်မြေပေါ်မှာ ဝံ့ဝံ့စားစားခြေချခွင့်ဆိုတဲ့
အရသာကို ကိုယ်ရော ကိုယ်ရဲ့ရင်သွေးတွေကိုရော ခံစားနိုင်စေရမယ်။
ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေးက
ကိုယ့်ရဲ့အနာဂတ်အတွေးလေးတွေကို
လှနေစေပါလား။
အင်း..ခုလိုအတွေးလေးက
လောဘတွေများ ကြီးသွားပြီလား။
လိုအပ်တာထက် မပိုလောက်ပါဘူး။
ကျွန်တော်တို့သေရင်
အကုန်ထားခဲ့ကြခဲ့ရမှာပါ။
ဘာတွေဘယ်လောက်ကြီး ပိုင်ဆိုင်နေပါစေ
အသက်ရှူရပ်သွားပြီဆိုတာနဲ့
ကိုယ်ပိုင်ဆိုင်ခဲ့တာတွေက
ထားခဲ့ကြရမှာပါပဲ။
ဖက်တွယ်ဆုပ်ကိုင် သိမ်းပိုက်ထားလို့မှ မရတာပဲ။
သူတစ်ပါးပိုင်ဆိုင်မှုတွေကိုပါ
သိမ်းပိုက်ရယူချင်တဲ့ စိတ်မဖြစ်ဖို့ကိုဘဲ
အတွေးတို့ကိုရပ်တန့်ရပါတယ်။
ဒီလိုမတွေးဘဲ သိပ်ကို သ်ိမ်းပိုက်ရယူလိုတဲ့ အတ္တကြီးလွန်းတဲ့ အတွေးတွေကို ဆက်တွေးဖြစ်ရင် ကျွန်တော်ဟာ ဘယ်လိုလူဖြစ်သွားမလဲ။

-------------

#ဇေအိမ်ခြံမြေ
09772422882
09964599580

Address

Tada-U

Telephone

+959772442882

Website

Alerts

Be the first to know and let us send you an email when Zay Real Estate ဇေအိမ်ခြံမြေ တံတားဦးမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category