Shine Shine Wai Paing online shopping

Shine Shine Wai Paing online shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shine Shine Wai Paing online shopping, Real Estate, Rose Street, Taunggyi.

တောင်ကြီးသို့ !!!၀ယ်ယူအား​ပေးမှုကို​ကျေးဇူးအထူးတင်ပါတယ်ရှင့်😘😘😘
09/04/2022

တောင်ကြီးသို့ !!!

၀ယ်ယူအား​ပေးမှုကို​ကျေးဇူးအထူးတင်ပါတယ်ရှင့်😘😘😘

Woo...😯😯.​စျေးကျ​​နေပီ​နော😯😯😯❤1 ❤ပိသာ _ 7000🖤5 🖤ပိသာ_ 6500​အခါကြီးရက်မြတ်မို့ ​ကုသိုလ်လဲရ လှူဖို့အတွက်အရမ်းသင့်​တော်တဲ့​...
06/04/2022

Woo...😯😯.​စျေးကျ​​နေပီ​နော😯😯😯
❤1 ❤ပိသာ _ 7000
🖤5 🖤ပိသာ_ 6500

​အခါကြီးရက်မြတ်မို့ ​ကုသိုလ်လဲရ
လှူဖို့အတွက်အရမ်းသင့်​တော်တဲ့​အလှူမို့
5 ပိသာနှင့်အထက်ဆို tgi အိမ်​ရောက်​ငွေ​ချေ
💜💜
လက်ကား​စျေး သီးသန့်ရှိ​သေးတယ်​နော 💜💜
လိုအပ်ပါက
☎️09458384994
09692155952

🌞​နွေ​🌞ရောက်ပီဆို​တော့ ​နွေနှင့်အလိုက်ဖက်ဆုံးအ၀တ်​လေးပြန်​ရောင်းပါမယ်ရှင့်😍😍😍
13/03/2022

🌞​နွေ​🌞ရောက်ပီဆို​တော့
​နွေနှင့်အလိုက်ဖက်ဆုံးအ၀တ်​လေးပြန်​ရောင်းပါမယ်ရှင့်😍😍😍

ကလေးများနှင့် ​ေနွအပူဒဏ်🌅🌅🌄🌄---------------------ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် 😍😍😍😍😍နွေရာသီ ဝင်ခါ...
13/03/2022

ကလေးများနှင့် ​ေနွအပူဒဏ်🌅🌅🌄🌄
---------------------

ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ရှယ်ရင် လူများများသိမယ် 😍😍😍😍😍

နွေရာသီ ဝင်ခါနီးလို့ ကလေးတွေကို အပူဒဏ်က ဘယ်လိုကာကွယ်မလဲဆိုတာ ရေးပေးလိုက်ပါတယ်။

ပူပြင်းတဲ့ရာသီမှာ ကလေးတွေအတွက် အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်မဆုံးရှုံးဖို့ပါပဲ။ ကလေးတွေဟာအချိန်တိုအတွင်းရေဓာတ်လျင်မြန်စွာဆုံးရှုံးနိူင်ပါတယ်။ အဲဒီတော့ အရင်ဦးဆုံး ကလေးတွေ ရေဓာတ်လျော့ပါးပြီဆိုရင်တွေ့နိူင်တဲ့ လက်ခဏာတွေကို အရင်သိစေချင်ပါတယ် --
၁ ကလေးဟာ ပင်ပန်းနူံးနေခြင်း
၂ မျက်ကွင်းတွေ ချိုင့်နေခြင်း
၃ ပုံမှန်ထက်ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးအရောင်ရင့်နေခြင်း
၄ ကိုယ်ကပူပြီးခြောက်သွေ့နေခြင်း
၅ လျှာတွေ နှုတ်ခမ်းတွေခြောက်နေခြင်း
၆ ကိုယ်ပူချိန်တက်ခြင်း
၇ အစားကောင်းကောင်းမဝင်တော့ဘဲတချိန်လုံးပျော့ခွေအိပ်နေခြင်း
၈ အသက်ရှုမြန်နေခြင်း

စသဖြင့် အခြေအနေတွေရှိရင် ဆေးရုံဆေးခန်းပြသင့်ပါတယ်။
ဆေးခန်းမရောက်ခင်စပ်ကြား လုပ်ပေးနိူင်တာတွေကတော့---
၁ အေးတဲ့နေရာကိုရွှေ့ပြီးကိုယ်ပေါ်ကအပိုအဝတ်အစားအားလုံးကိုဖယ်ပါ
၂ သတိရှိတယ်၊သောက်နိူင်တယ်ဆို အရွယ်ပေါ် မူတည်ပြီး မိခင်နိူ့၊ နိူ့ဘူး၊ ရေ ချက်ချင်းတိုက်ပါ
၃ ရေထိုင်းထိုင်းနဲ့ ရေပတ်တိုက်ပေး၊ ကပ်ပေးပါ

#ရေဓာတ်မခန်းခြောက်အောင်ဘယ်လိုကာကွယ်မလဲ?

၁ နိူ့တိုက်ကလေးဆို တတ်နိူင်သမျှ စို့နိူင်သမျှ ခဏခဏတိုက်ပေးပါ၊ မိခင်ကိုယ်တိုင်လည်း ရေများများသောက်၊ နိူ့တိုက်ပြီးတိုင်းအရည်တခုခုသောက်ပါ။ နိူ့တိုက်ချိန်မှာအမေအသားနဲ့တိုက်ရိုက်ကြီးပူးကပ်မနေအောင် မျက်နှာသုတ်ပုဝါ သို့မဟုတ် အနှီးလေးခံထားရင် အသားချင်းထိပြီးအပူချိန်တက်တာကို ကာကွယ်နိူင်ပါတယ်။
၂ နိူ့ဘူးတိုက်ကလေးတွေကို နိူ့ဘူးဖျော်ပြီးသေချာအေးမှတိုက်ပါ။
၃ ကလေးကြီးတွေကတော့ တနေ့လုံးရေပုံမှန်သောက်နေအောင်တိုက်တွန်းပါ။ အရည်ရွှမ်းတဲ့ လိမ္မော်သီး ဖရဲသီး စသဖြင့်ဖြည့်စွက်စားနိူင်ပါတယ်။ အဓိကကတော့ ရေပါပဲ။

#အပူဒဏ်ကိုဘယ်လိုကာကွယ်မလဲ?

၁ ပေါ့ပေါ့ပါးပါးအဝတ်အစားပဲဆင်ပါ
၂ နေပူထဲထွက်ရင် လုံခြုံတဲ့ဦးထုပ်ဆောင်းပေးပါ
၃ တတ်နိူင်သမျှ နေရိပ်မှာထားပါ
၄ နေရောင်ကာ sunscreen ကို တစ်နှစ်အထက်ကလေးဆို လူးပေးနိူင်ပါပြီ ( မထွက်ခင်မိနစ် ၂၀ လောက်ကြိုလူးပြီး ၂ နာရီကြားတခါ ထပ်ထပ်လူးပေးနိူင်ရင်ပိုကောင်းပါတယ်) - ပထမဆုံးစသုံးတာဆို နေရာကွက်အသေးလေးမှာလူးပြီး တည့်မတည့်အရင်စမ်းကြည့်ပါ
၅ ကလေးတွေကို ကားထဲမှာမထားခဲ့ပါနှင့်
(လှောင်နေတဲ့ကားထဲကအပူချိန်ဟာ အရမ်းအန္တရာယ်ကြီးပါတယ် - ကလေးသေဆုံးတဲ့အထိဖြစ်နိူင်ပါတယ်- မှန်လေးနည်းနည်းချပေးရုံနဲ့ အဲဒီအပူကို မကူနိူင်ပါ)
၆ ကားမှန်တွေမှာ sunshade အပြားလေးတွေနဲ့ ကာပါ
၇ အိမ်မှာအအေးဆုံးနေရာကိုရှာထားပြီးကလေးတွေကို တတ်နိူင်ရင်အဲ့ဒီနေရာမှာသိပ်ပါ
၈ ပုခက်ထဲမှာ မလိုအပ်ဘဲစောင်တွေကာထားတာမျိုးရှောင်ပါ လေဝင်လေထွက်ကောင်းပါစေ
၉ ကလေးတွေကို ပူပြင်းတဲ့ရာသီမှာ လက်တွန်းလှည်းထဲ တတ်နိူင်ရင်မအိပ်ပါစေနဲ့။ အရမ်းပူလာတတ်ပါတယ်။
၁၀ ပန်ကာသုံးပါ ဒါပေမယ့်ကလေးကို တည့်တည့်ချိန်ပြီးမဖွင့်ပါနဲ့
၁၁ ကလေးအိပ်ရာမှာ ကော်တွန်အခင်းများသာသုံးပါ
၁၂ ကလေးအိပ်လိုက်ရင် ခေါင်းတွေ ကိုယ်တွေနစ်ဝင်သွားတဲ့သိပ်ပျော့လွန်းတဲ့အခင်း၊ခေါင်းအုံးတို့ကိုရှောင်ပါ။
၁၃ မျက်နှာသုတ်ပုဝါအချို့ကို ရေစွတ်ပြီး ကလေးပုခက်တန်းမှာ အိပ်နေတုန်းတင်ပေးထားခြင်းက သူ့ပတ်ဝန်းကျင်ကအပူဓာတ်ကိုထိန်းပေးနိူင်ပါတယ်
၁၄ နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီဟာ အပူဆုံးမို့ တတ်နိူင်ရင် အဲ့ဒီအချိန်ကလေးတွေကို အပြင်မထုတ်ပါနှင့်။

ကလေးများအားလုံးအပူဒဏ်ကြောင့်ဖြစ်တဲ့ပြဿနာများမှ သက်သာပါစေကြောင်း ...

Crd.
သိမ့်သိမ့်ဇော် ( Child Health Myanmar)
: raising children network, betterhealth channel

ကလေးနဲ့ ဒုံးကျည်ကလေးတွေဖျားရင် ဆေးတိုက်ရခက်တာ ဆေးတိုက်လို့မရတာ ခနခနဖြစ်မှာပေါ့နော်...ဖျားရင် paracetamol ကို သူ့ရဲ ခန္ဓာ...
11/03/2022

ကလေးနဲ့ ဒုံးကျည်

ကလေးတွေဖျားရင် ဆေးတိုက်ရခက်တာ ဆေးတိုက်လို့မရတာ ခနခနဖြစ်မှာပေါ့နော်...

ဖျားရင် paracetamol ကို သူ့ရဲ ခန္ဓာကိုယ်အလေးချိန်အလိုက် ၆ နာရီခြားတစ်ခါ သေချာဝင်အောင်တိုက်ပေးဖို့ အရေးကြီးပါတယ်။

ဒီတော့ ဆေးလုံးဝတိုက်လို့မရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်ကြမလဲ???

Para suppo လို့ခေါ်တဲ့ ဒုံးကျည်ထည့်ပေးလို့ရပါတယ်..

အရင်က ဆေးခန်းလာပြတဲ့ကလေးလေးတစ်ယောက်ကတော့ ဒုံးကျည်ထည့်လိုက်ရင် သူပါ မိုးပေါ်ပျံသွားမှာလားလို့ မေးဖူးတယ်။ ချစ်စရာလေးနော် 😍

Para suppo ကလဲ ကလေးရဲ့ အလေးချိန်နဲ့လိုက်ပြီး ထည့်ပေးနိုင်ရင် အကောင်းဆုံးပေါ့..

125 နဲ့ 250 ဆိုပြီး ရှိတဲ့ ထဲမှာ ကလေး ၃ နှစ်အောက်ဆို 125
၃ နှစ် အထက်ဆို 250
ဆိုပြီး အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။

Para suppo ဘယ်လိုထည့်မလဲ??

Suppo ကို ရေခဲသေတ္တာလို အေးတဲ့နေရာမှာထားပါ။ ဒါမှ ခဲနေပြီး ထည့်လို့အဆင်ပြေမှာပါ။
ပြီးရင် ဖွင့်ပြီး ထည့်မဲ့သူရဲ့ လက်ညှိုးထိပ်မှာ အိမ်မှာရှိတဲ့ ဆီ( အုန်းဆီ/သံလွင်ဆီ) သုတ်ပြီး para suppo ကို ကိုင်ပြီး ကလေးရဲ့ စအိုထဲကို ထည့်ပေးပါနော်..

ဒါပါပဲ သိပ်လွယ်ပါတယ်။

Para suppo သေချာထည့်နိုင်ရင် para အရည်/အခဲ တိုက်စရာမလိုပါဘူးနော်..

ကလေး ရဲ့ ခန္ဓာကိုယ် အလေးချိန်များနေပြီး ထည့်တဲ့ para suppo က 125 ဆိုရင်တော့ paracetamol dose လိုအပ်နေသေးတာမို့ ပါးစပ်က ထပ်တိုက်ဖို့လိုပါလိမ့်မယ်..

ကလေးတွေဖျားရင် မှိန်းတတ်တာလဲ သဘာဝပါ။

ဒါပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ရင်လဲ မှိန်းတတ်လို့ ရိုးရိုးနေမကောင်းတာလား သွေးလွန်တုပ်ကွေးကြောင့်လားဆိုတာတော့ ခွဲပြီးသိဖို့လဲ လိုပါတယ်နော်...

ဒီတော့ ကလေးဖျားရင် para ဝင်အောင်တိုက်ပါ။
တိုက်လို့မရရင် ဒုံးကျည်ထည့်။
ချွေးထွက်လာရင် အကျီလဲ ချွေးသုတ်ပေး။
ရေပတ်တိုက်ပါ။
ဓာတ်ဆားရည်တိုက်ပါ။
အားရှိတဲ့အရည် များများဝင်အောင်တိုက်ပါ။
ဆန်ပြုတ် ထမင်းပျော့ပျော့ကျွေးနိုင်ပါတယ်။

ကလေးတွေဖျားတာဟာ ၃ ရက်ညကနေ ၅ ရက် လောက်ထိ ကြာတတ်လို့ အမြန်သက်သာအောင်ဆိုပြီး ဆေးမထိုးပါနဲ့...

ရိုးရိုးတုပ်ကွေးမိပြီး ဖျားတာအတွက်ကတော့
ဆေးထိုးဖို့ (လုံးဝ) မလိုအပ်ပါဘူး လို့ နော်..

Crd.



17/02/2022
  ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ "ကလေးငယ်ကို...
25/01/2022

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ "ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။ နောက်တစ်ခါ ဆေးပြန်တိုက် လိုက်ရင် ကလေးက အဖျားပြန်ကျသွား ပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အ မျိုးအစားပေါ်မူတည်ပြီး(ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျား မှာလား) အဖျား ကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေး နိုင်သလဲဆိုတာက ပိုအရေးကြီး ပါတယ်။

• ပိုးဝင်ခြင်း

ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ် တရက် တက်တတ်ပါတယ်။ အဲဒါမျိုး တွေဖြစ်ရင် အမေတွေက ပိုပြီးတော့ တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ် ပူပြီး တက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုး ထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိ တတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက် တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိ ပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက် တယ်ဆိုတာ သိပ်မရှိတော့ဘူး။

• ကိုယ်ပူကြီးပြီး တက်လျှင်

အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာ လည်းပြန်ကျ သွားပါတယ်၊ သတိကောင်း တယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား တယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေ မယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင် လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျား ကြီးလို့ တက်တာမျိုးက ဘာမှ ကြောက် လန့်စရာအကြောင်းမရှိပါဘူး။ ဆေးတစ် မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အ ခန်း (Air-condition)ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျ အောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာ ရင် အစာစားလား၊ မစားဘူးလား၊ အရည် ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်း ဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေ က ပိုပြီး အရေးကြီးပါတယ်။

• ရေပတ်တိုက်သင့်၊ မသင့်

တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါ တယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်း နည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေ အနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင် အောင် တိုက်ရပါမယ်။

• အစားအစာ ကျွေးသင့်၊ မသင့်

မိဘအတော်များများက ကလေး တွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက် တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာ မျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေး လို့ ရပါတယ်။ အဲဒီအခါမှာပထမအစော ပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အ သက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အ ရည် တစ်ခုခုဝင်အောင် တိုက်လို့ရပါ မယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျား တိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆို တာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့် တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မ သောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါ တယ်။

• မက်ကလောင်ဖောက်ခြင်း

မှားယွင်း လုပ်ဆောင် တတ်တာတွေ ကတော့ မြန်မာနိုင်ငံမှာ တွေ့ရများ တာက မက်ကလောင် ဖောက်တယ်ဆို တဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်က လောင် ဖောက်ရတယ် ဆိုပြီး လက်ထိပ် တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ် တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာက တော့ စအိုနားကိုပါ ဖောက်တတ်ကြပါ တယ်။ အဲဒီလိုဖောက်တဲ့ အခါ တချို့က ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အ ကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများ ကြီးပဲ။ သူ့ဘာသာသူ အပြင်မှာ နေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာ ကိုယ်ထဲ ပိုးတွေဝင် သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆို တော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွား တတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ။ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။

ပါမောက္ခဒေါက်တာကျော်ဇင်ဝေ မှကူးယူးသည်

Address

Rose Street
Taunggyi

Telephone

+959458384994

Website

Alerts

Be the first to know and let us send you an email when Shine Shine Wai Paing online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category