Taunggyi Villa

Taunggyi Villa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taunggyi Villa, Real Estate Company, Taunggyi.

01/01/2024

၁/၁/၂၀၂၄ နှစ်သစ်မှာ ကမ္ဘာပေါ်ရှိသော သတ္တဝါများနှင့် မိတ်ဟောင်းမိတ်သစ်များအားလုံးစိတ်၏ချမ်းသာ ခြင်း ကိုယ်၏ကျန်းမာ ခြင်းများနှင့် ပြည့်စုံပီး ကံကောင်းခြင်းများ ပျော်ရွှင်ခြင်းများစွာနဲ့ ပြည့်စုံကြပါစေ လို့Taunggyi Villa page မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

🙏🙏🙏သီတင်းကျွတ် အခါသမယမှာ မိသားစုများ အားလုံးဘေးရန်ကင်း၍ ကျန်းမာ ရွှင်လန်း အေးချမ်းကြပါစေစီပွားဥစ္စာ ဒီရေအလား တိုးတက်ကြပါ...
28/10/2023

🙏🙏🙏သီတင်းကျွတ် အခါသမယမှာ မိသားစုများ အားလုံး
ဘေးရန်ကင်း၍ ကျန်းမာ ရွှင်လန်း အေးချမ်းကြပါစေ
စီပွားဥစ္စာ ဒီရေအလား တိုးတက်ကြပါစေ....

❤️❤️❤️

16/10/2023

မြေဆိုတာ
-
မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။
အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ
ရောင်းရတာကိုတော့ မဆိုလိုပါဘူး။
-
လက်ထဲ ငွေ အပိုရှိရင် မြေထပ်ဝယ်
ဘယ်နေရာမှာ ဝယ်ရမလဲဆိုရင်
ရတဲ့နေရာမှာဝယ်ထား။။
ကျပ်ငွေကို လက်ထဲမှာ ဘယ်တော့မှ မထားနဲ့။
-
မြေဆိုတာ
မရောင်းဘဲ ကြာကြာထားလေ
ကောင်းလေပဲ။
-
ဘယ်အချိန် အထိ ထားရမလဲ ဆိုရင်
ထားနိုင်သလောက်ထား။
-
ရောင်းပြီးရင်လည်း
အစားပြန်ဝယ်နိုင်အောင် ဝယ်ရတယ်
မဝယ်နိုင်ရင် ရှုံးတယ်။
-
ဘာရှုံးတာလဲ ဆိုရင် နေရာရှုံးတယ်
ဒါကို သိရင်
ကိုယ်တိုင်စဥ်းစားလုပ်ကြပါလို့
အကြံ ပြု လိုက်ပါတယ်။
-
စွန်းစားခန်းတွေနဲ့ လုပ်ရတဲ့
စီးပွားရေးမှာ မြေဆိုတဲ့
တစ်ခုတည်းသော-အလုပ်က
ဘဝ တွေ ကို
ပြောင်းလဲသွားအောင်
လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ
သင် တစ်နေ့ လက်ခံ လာပါလိမ့်မယ်

ရွာမြေဆိုတာ ဘာလဲ?ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။တနည်းအားဖြင့် ...
06/10/2023

ရွာမြေဆိုတာ ဘာလဲ?

ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက်
အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။

တနည်းအားဖြင့် ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။

ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို
လုပ်ထားရမလဲ?

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀နျခံခကြျ လက်မှတ် ကို ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။

၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀နျခံ ချက် လက်မှတ် ကို 3 (A )လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒါကြောင့်..မြေပဲဝယ်စုပါ😇😇
05/10/2023

ဒါကြောင့်..မြေပဲဝယ်စုပါ😇😇

အေးချမ်းတဲ့မြို့အရမ်းလှတဲ့မြို့ရိုးရာပွဲတွေနဲ့ အမြဲစည်ကားတတ်တဲ့မြို့ကိုချစ်တဲ့ ရှမ်းပြည် တောင်ကြီးမြို့ဒီနေ့ မြို့တည်နှစ...
05/10/2023

အေးချမ်းတဲ့မြို့
အရမ်းလှတဲ့မြို့
ရိုးရာပွဲတွေနဲ့ အမြဲစည်ကားတတ်တဲ့မြို့
ကိုချစ်တဲ့ ရှမ်းပြည် တောင်ကြီးမြို့
ဒီနေ့ မြို့တည်နှစ် ၁၂၉ နှစ်ပြည့် အမှတ်တရ''''
ဒီရှမ်းတောင်တန်းကြီးပေါ်မှာ
ထာဝရ အမြဲတည်ရှ်ိ အေးချမ်းလှပပါစေကြောင်း'''
""
#တောင်ကြီးမြို့

Introducing Taunggyi Villa Digital Business Card;Dear our customers, you can contact us via our official communication c...
10/04/2023

Introducing Taunggyi Villa Digital Business Card;
Dear our customers, you can contact us via our official communication channels.

Thank you for reaching out.

Address

Taunggyi

Telephone

+959459047547

Website

Alerts

Be the first to know and let us send you an email when Taunggyi Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share