Mega World Real Estate

Mega World Real Estate Mega World

🌲မြေကွက်ကျယ်ကျယ်လေးမှလိုချင်ပါတယ်ဆိုတဲ့သူများအတွက် မြေကွက်အကျယ်အရောင်း Post လေးပါခင်ဗျာ။🌲🔰တောင်ကြီးမြို့ ၊ ရှမ်းကွင်း၊ ရ...
17/08/2025

🌲မြေကွက်ကျယ်ကျယ်လေးမှလိုချင်ပါတယ်ဆိုတဲ့သူများအတွက် မြေကွက်အကျယ်အရောင်း Post လေးပါခင်ဗျာ။🌲

🔰တောင်ကြီးမြို့ ၊ ရှမ်းကွင်း၊ ရွှေတောင်ကြားလမ်းသွယ်
🔰ရေပေါပြီး မီးရတာကြောင့် အဆင်ပြေလှတဲ့ နေရာ
🔰ပေ - ၄၀×၆၀ (၄ ကွက်တွဲ)အကွက်ကြီးမြေပြန့်
🔰နှစ် (၃၀) ဂရမ်ကြီး အမည်ပေါက်
🔰ပိုင်ရှင်ကိုယ်တိုင် MEGA WORLD Real Estate (ZNT) Office တွင် ရောင်းချပေးရန် လက်ယောက်‌ သော့အပ်နှံ‌ပေးထားသောမြေကွက်ဖြစ်သောကြောင့် မြေပိုင်ရှင်ဖြင့်တိုက်ရိုက်ဈေးညှိနှိုင်းဝယ်ယူနိုင်ရန်အကျိုးဆောင်ပေးမည်ဖြစ်သဖြင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မည်ဖြစ်ပါခင်ဗျာ။

💵💵💵စျေးနူန်း - သိန်း ---------

❗❗❗အချိန်မရွေးလာကြည့်ရှုနိုင်သလို၊ အကျိုးဆောင်များကိုလည်း ဖိတ်ခေါ်ပါတယ်။

🏬ရုံးခန်းတည်နေရာ
******************
အမှတ်(38) ၊စပ်စံထွန်းလမ်း ၊မြို့မရပ် ၊တောင်ကြီးမြို့။

☎️☎️☎️
*******************
09958144191,09428314191

🪪 အကျိုးဆောင်ပေးသည်အမျိုးအစားများမှာ
🏠ဂရမ်မြေကွက်၊🏢ကြိုပွိုင့်တိုက်ခန်း၊Condoအရစ်ကျ🏙️ Modernize Decoration ပြင်ဆင်ပြီးအသင့်တက်နေယုံတိုက်ခန်းများလဲ အဆင်သင့်ဝယ်ယူနိုင်သလို/ရောင်းချလိုသူများလဲဆက်သွယ်အပ်နှံနိုင်ပါသည်။

🪪 U Zar Ni Htun
TGI-LC
ARENA-ASEAN REAL ESTATE NETWORK ALLIANCE
MRESA-MYANMAR REAL ESTATE ASSOCIATION




#ရှမ်းကွင်း

အိမ်ခြံမြေအကျိုးဆောင်နှင့် ဝန်ဆောင်မှုရယူသူအား အကာအကွယ်ပေးခြင်းနှင့် အခွင့်အရေးများအိမ်ခြံမြေအကျိုးဆောင်နှင့် ဝန်ဆောင်မှ...
27/05/2024

အိမ်ခြံမြေအကျိုးဆောင်နှင့် ဝန်ဆောင်မှုရယူသူအား အကာအကွယ်ပေးခြင်းနှင့် အခွင့်အရေးများ
အိမ်ခြံမြေအကျိုးဆောင်နှင့် ဝန်ဆောင်မှုရယူသူအား အကာအကွယ်ပေးခြင်းနှင့် ဝန်ဆောင်မှုပေးသူ ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်-
( က ) အိမ်ခြံမြေဝန်ဆောင်မှုလု်ပငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ရှိသည်။
( ခ ) အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း တရပ်ရပ်အတွက် လိုအပ်ချက်များကို သက်ဆို်ငရာ အစိုးရဌာန၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များသို့ သတ်မှတ်ချက်များနှင့် အညီ မေးမြန်စုံစမ်းခွင့်ရှိသည်။
( ဂ ) အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာသင်တန်းများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ( Anti-Money Laundering & Countering the Financing of Terrorism-AML/CFT ) နှင့် ပတ်သက်သည့် သင်တန်းများ တက်ရောက်ခွင့်ရှိသည်။
( ဃ ) အိမ်ခြံမြေကို ဥပဒေနှင့်အညီ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်ဘဏ်တစ်ခုခုတွင် ချေးငွေရယူရန်
အတွက် ဝန်ဆောင်မှုရယူသူက တာဝန်ပေးလွှဲအပ်ပါက ၎င်း၏ကိုယ်စား ဆောင်ရွက်
နိုင်ခွင့်ရှိသည်။
( င ) အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအတွက် လု်ပငန်းအပ်နှံခြင်းစာချုပ်တွင် နှစ်ဦးနှစ်ဖက် သဘောတူ ထားသည့် အတိုင်း ဝန်ဆောင်ခရယူခွင့်ရှိသည်။
( စ ) လုပ်ငန်းအပ်နှံခြင်းစာချုပ်တွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များကို ပျက်ကွက်လျှင် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုအကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။
( ဆ ) ဝန်ဆောင်မှုရယူသူသည်အသင်းတွင် မှတ်ပုံတင်ထားသည့် ဝန်ဆောင်မှုပေးသူနှင့် အငြင်းပွားဖွယ် တစုံတရာ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာအသင်းမှ ဥပဒေနှင့် အညီ ဖြေရှင်းပေးရမည်။
( ဇ ) ငွေကြေးခဝါချတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ ဤညွှန်ကြားချက်တို့နှင့်အညီ သတင်းပို့ချက်များ တင်ပြခြင်း သို့မဟုတ် သတင်းအချက်အလက်များ ပေးအပ်ခြင်း ဆောင်ရွက်သည့် အိမ်ခြံမြေအကျိုးဆောင်များ သို့မဟုတ် ယင်းတို့၏ ဒါရိုက်တာများ၊ အရာရှိများနှင့် ဝန်ထမ်းများအား ပြစ်မှုကြောင်း အရလည်းကောင်း၊ တရားမကြောင်း အရလည်းကောင်း သို့မဟုတ် စီမံခန့်ခွဲမှုနည်းလမ်း အရလည်းကောင်း တရာစွဲဆိုခြင်း၊ အရေးယူခြင်းများ ပြုလုပ်ခြင်းမရှိစေရ။
Crd- MRESA

📢🔔ကနဦး  (၃၀) ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေ ကို (၆) လ အတိုးမဲ့ အရစ်ကျ ပေးသွင်းရုံ ဖြင့် အိမ်ပိုင် မြေပိုင် ဖြစ်နိုင်မ...
16/03/2024

📢🔔ကနဦး (၃၀) ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေ ကို (၆) လ အတိုးမဲ့ အရစ်ကျ ပေးသွင်းရုံ ဖြင့် အိမ်ပိုင် မြေပိုင် ဖြစ်နိုင်မည့်အခွင့်အရေးလေးလာပါပြီ။📢

💁‍♂️ဒုတိယ လန်ဒန်လို့ တင်စားနေကြတဲ့ ကလောမြို့ရဲ့ City View လေးလိုခံစားရစေမယ့် တောင်ကြီးမြို့ပေါ်မှာရှိတဲ့ မြေကွက်လေးတွေကို အတန်ဆုံးစေ◌ျးနဲ့ အမြန်ဆုံးရောင်းချပေးတော့မှာဘဲ ဖြစ်ပါသည်ခင်ဗျာ။🙆‍♂️

📌📌တည်နေရာ - ဂနိုင်ရွေးစံပြကျေးရွာ၊ တောင်ကြီးမြို့။

🏠(၁) မြေအကျယ် - ၅၀ × ၆၀ , တစ်ထပ်ခွဲအိမ်အပါ , အိမ်အကျယ် - ၂၄ × ၃၆ , Master Bedroom (2) ခန်းပါမည် , ခြံဝိုင်းပတ်ပတ်လည်အုတ်တံတိုင်းခြံစည်းရိုးကာပြီး, စေ◌ျးနှုန်း - သိန်း ၁၅၀၀ ( ညှိုနှိုင်း)

⛺️(၂) ‌မြေအကျယ် - ၄၀ × ၆၀ , စုစုပေါင်း (၅) ကွက်ရမည်။ စေ◌ျးနှုန်း - သိန်း ၅၀၀ ( ညှိုနှိုင်း)

✅ရွာမြေဖြစ်သောကြောင့် သံသယ ကင်းကင်းဝယ်ယူနိုင်ပါသည်။✅

📍မြေကွက်အားလုံး လမ်းသာနေရာကောင်းပြီး ပေ ၂၀ လမ်းမကြီးဘေးကပ်လျက်📍

🍀တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးဆေးဆေး နေလိုသူများအတွက် အဆင်ပြေသင့်တော်သော မြေနေရာကောင်းလေးဖြစ်ပါသည်ခင်ဗျာ။🙋‍♂️

💸စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မြေဝယ်အိမ်ဆောက်ပြီး ကိုယ်တိုင် မိသားစုလေးနဲ့ အတူနေထိုင်ပြီးအေးအေးဆေးဆေးကျေးလက်သဘာဝကိုခံစားမလား ပြန်ရောင်းမယ် မလား လုံးဝ အဆင်ပြေတယ်နော်👍

🗺ကျေးရွာအတွင်းတည်ရှိသောမြေနေရာများဖြစ်ပေမယ့်
✅☘️လုံးဝလုံးဝ ကျေးရွာနှင့် မတူဘဲမြို့ပြဆန်ဆန် ခေတ်မှီသော အဆောက်အအုံ များစွာ ရှိခြင်း ,
✅☘️တောင်တန်းများရဲ့ အလှအပ များကို ခံစားနိုင်ခြင်း 🏞
✅☘️မိုးရာသီမှာဆိုရင် တောင်တန်းလေးတွေက စိမ်းစိုပြီး 🌳🌷
✅☘️ဆောင်းရာသီမှာ မြူနှင်းလေးတွေနဲ့ အရမ်း perfect ဖြစ်နေတာနော်❄️
✅☘️နွေရာသီမှာ ဆိုရင်လည်း တောင်ကြီးရာသီဥတုက အရမ်းမပူဘဲ နေထိုင်ကောင်းသော ဒေသ ဖြစ်သောကြောင့် အပူရှောင်လိုသော သူများအတွက် အဆင်ပြေစေမှာ ပါခင်ဗျာ။🏖

✅☘️Sunrise and Sunset ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် လုံးဝလုံးဝ အဆင်ပြေ အိုကေပါဘဲနော်။🌄🌅

🎉🛍အထူးသတင်းကောင်းလေးကတော့ သိန်း (၅၀) ကျပ်တန်ဖိုးတိတိကို သင်္ကြန် အထူး Promotion အနေဖြင့် ယခု မတ်လ မှစတင်၍ မြေကွက်ဝယ်ယူပြီး အိမ်ဆောက်ရန်အပ်နှံသော Customer များအား

🎁🎁မေတ္တာလက်ဆောင်အဖြစ် စတီ တဆက် ၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက် ၊ Gas မီးဖို စသည်တို့ ကို လက်ဆောင်အနေဖြင့် ပေးအပ်သွားမည်ဖြစ်ပါသည် ခင်ဗျာ။🎁

🧏‍♀️🧏‍♂️အတွေးများပြီး စဥ◌်းစားနေရင် အခွင့်အရေးကောင်းများကို လက်လွတ်ဆုံးရှုံးနိုင်တာမို့ အမြန်ဆုံးဆက်သွယ်ပြီး လက်ဦးမှုလေးတွေရယူလိုက်ပါတော့နော်။✅
👩‍💼ဝယ်ယူ ရောင်းချမှုများအားလုံးကို MEGA WORLD Real Estate မှတာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်ခင်ဗျာ။ 👩‍💻

✅ဝယ်ယူပြီးသော မြေနေရာများတွင် အဆောက်အဦးများဆောက်လုပ်လိုပါက လည်း ကျွန်တော် တို့ MEGA WORLD Company သို့ လုပ်ငန်းများအပ်နှံနိုင်ပါသည်ခင်ဗျာ။🙋‍♂️

🤝 အကျိုးတူပူးပေါင်းဆောင်ရွက်လိုသော အကျိုးဆောင်များကိုလည်း ဖိတ်ခေါ်ပါသည်ခင်ဗျာ။📢

ဆက်သွယ်ရန်လိပ်စာ -☎️Ph- 09 428314191,
📞09 958144191သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်ခင်ဗျာ။

📬ရုံးလိပ်စာ - မ/၃၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။ YMCA တိုက်မျက်နှာချင်းဆိုင်။

🧑‍🎄Happy Christmas To Everyone🎄🎉
25/12/2023

🧑‍🎄Happy Christmas To Everyone🎄🎉

Sold out!!!🌻🌻City  view လေးရယ်၊ အရှေ့ဘက်တောင်တန်းလေးရယ်၊ သဘာဝအလှရှုခင်းလေးတွေနဲ့ပြည့်စုံတဲ့အပြင် ဈေးနီး ကျောင်းနီး ပြီးလ...
14/10/2023

Sold out!!!

🌻🌻City view လေးရယ်၊ အရှေ့ဘက်တောင်တန်းလေးရယ်၊ သဘာဝအလှရှုခင်းလေးတွေနဲ့ပြည့်စုံတဲ့အပြင် ဈေးနီး ကျောင်းနီး ပြီးလမ်းသာ ဈေးတန်တဲ့ Pen House အငှားလေးလာပါပြီဗျာ။💁💁

🧑‍💻🧑‍💻ရုံးခန်းဖွင့်ချင်သော မိတ်ဆွေများ(သို့) သင်တန်းဖွင့်ချင်သော မိတ်ဆွေများအတွက် အဆင်ပြေပြီး နေရာအကျယ်အဝန်းအနေဖြင့်လည်းအသင့်တင့် ရှိသောကြောင့် အရမ်းအဆင်ပြေပါတယ်ခင်ဗျာ။🙆🙆

✅✅ဈေးနှုန်း - ၁၅သိန်း (တလ)
✅✅ငှားရတဲ့ဈေးလေးနဲ့အရမ်းတန်တဲ့ အခန်းဖွဲ့စည်းပုံလေးကတော့👇👇
✅✅အခန်းအကျယ် - ၂၅ပေ * ၅၀ ပေ
✅✅အိပ်ခန်း (၆)ခန်း
✅✅Master bedroom (၃) ခန်း
✅✅Full decoration လုပ်ပြီး
✅✅အဆင်သင့်နေရုံ
✅✅Pen House ဆိုပေမယ့် နှစ်ထပ်ပါနော် ထပ်ခိုးလည်းပါ ပါတယ်။

✅✅ပိုင်ရှင်နှင့်ဈေးတိုက်ရိုက်ညှိုနှိုင်းနိုင်သည်။

✅✅အခန်းငှားရန်အတွက် အကျိုးဆောင်များကိုလည်းနွေးထွေးစွာ ကြိုဆိုပါသည်ခင်ဗျာ။

အသေးစိတ်များကိုသိရှိလိုပါက ဖုန်း ☎️09428314191📞
( viber) 09958144191သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါသည်ခင်ဗျာ။
ရုံးလိပ်စာ - မ/ ၃၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၊တောင်ကြီးမြို့။ YMCA တိုက်မျက်နှာချင်းဆိုင်။

🙏မင်္ဂလာရှိသောနေ့ရက်လေးမှာ မင်္ဂလာသတင်းလေးဖြစ်တဲ့ Sold out post လေးတင်ပါရစေခင်ဗျာ။🙏☘️☘️ယခုဆိုရင်ကျွန်တော်တို့ Mega World...
13/10/2023

🙏မင်္ဂလာရှိသောနေ့ရက်လေးမှာ မင်္ဂလာသတင်းလေးဖြစ်တဲ့ Sold out post လေးတင်ပါရစေခင်ဗျာ။🙏

☘️☘️ယခုဆိုရင်ကျွန်တော်တို့ Mega World Real Estate မှ တာဝန်ယူရောင်းချ‌ေပးသော မြကန်သာ၊ မိဘရိပ်မွန် Condo ရှိ Pen House သည် ပိုင်ရှင်အသစ်လက်ထဲသို့ (11.10.2023) ရက်နေ့တွင် ရောင်းချအပ်နှံလိုက်ပြီဖြစ်ပါသည်ခင်ဗျာ။📝📝

⏰⏰လူကြီးမင်းတို့ရောင်းလိုဝယ်လိုသည့် အိမ်ခြံမြေတိုက်ခန်းများကို အချိန်ကြန့်ကြာမှုမရှိစေဘဲဈေးနှုန်းမှန်ကန်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချဝယ်ယူနိုင်ဖို့ Mega World Real Estate သို့ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းပြီး လုပ်ငန်းများအပ်နှံနိုင်ပါသည်ခင်ဗျာ။👌👌

လုပ်ငန်းများအပ်နှံလိုပါက ဆက်သွယ်ရန် ဖုန်း☎️ 09428314194📞
(Viber). 09958144191သို့အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ခင်ဗျာ။🙆🙆

🏞️🏞️အေးချမ်းသာယာပြီး သန့်ရှင်းလှပလှတဲ့ ကျွန်တော်တို့ တောင်ကြီးမြို့လေး မှာ စီးပွားရေးအလုပ်အကိုင်အခွင့် အလမ်းများစွာရှိသေ...
25/09/2023

🏞️🏞️အေးချမ်းသာယာပြီး သန့်ရှင်းလှပလှတဲ့ ကျွန်တော်တို့ တောင်ကြီးမြို့လေး မှာ စီးပွားရေးအလုပ်အကိုင်အခွင့် အလမ်းများစွာရှိသောကြောင့် ရပ်ဝေးဒေသမှ လာရောက်အခြေချနေထိုင်ရန် (သို့) စီးပွားရေးလုပ်ငန်းများ စတင်တည်ထောင်ရန် အလွန်ကောင်းမွန်သောမြို့လေးဖြစ်ပါတယ်ခင်ဗျာ။🌻🌻

🙋🙋မိမိအရပ်ဒေသမဟုတ်သော မြို့တွင် နေထိုင်၍ စီးပွားရေးပြုလုပ်ရန်အတွက် လိုအပ်သော နေအိမ်၊ အဆောက် အအုံ ၊ တိုက်ခန်း နှင့် ဆိုင်ခန်းများ လွယ်ကူစွာ ဝယ်ယူ ငှားရမ်းနိုင်ရန် အတွက် ကျွန်တော်တို့ MEGA WORLD Real Estate တာဝန်ယူ၍ အကျိုးဆောင်ပေးနေပြီးဖြစ်ပါတယ်ခင်ဗျာ။✅✅

✔️💸လူကြီးမင်းတို့ အသုံးပြုနိုင်သော ငွေပမာဏ အပေါ်မူတည်၍ နေအိမ်၊အဆောက်အအုံ၊ တိုက်ခန်း များကို အကောင်းဆုံးရွေးချယ်ပြီး လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။💁💁

📝🧾အဆောက်အအုံ၊ တိုက်ခန်းများကို ဝယ်ယူသည် ဖြစ်စေ ငှားရမ်းသည် ဖြစ်စေ ယုံကြည် စိတ်ချနိုင်စေရန် အတွက် လိုအပ်သည့် စာရွက်စာတန်းများ ပြည့်စုံစွာဖြင့် လူကြီးမင်းတို့၏ လက်ထဲသို့ သေချာစွာ အပ်နှံပေးသွားမည် ဖြစ်ပါသည် ခင်ဗျာ။👌👌

⏰⏰လူကြီးမင်းတို့အတွက် လိုအပ်သော အရောင်းအဝယ်နှင့် ငှားရမ်းခြင်းကိစ္စများကို အချိန်ကြန့်ကြာမှုမရှိစေဘဲ လူကြီးမင်းတို့စိတ်တိုင်းကျဖြစ်ရန် MEGA WORLD Real Estate မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။ ✅✅

အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက 👇👇
ဆက်သွယ်ရန်လိပ်စာ - Ph:09428314191☎️
09958144191 (viber)

လူကိုယ်တိုင်လာရောက်ဆွေးနွေးတိုင်ပင်လိုပါက 🚶🚶
ရုံးလိပ်စာ - မ/၃၅ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့။
YMCA တိုက်မျက်နှာချင်းဆိုင်သို့ လာရောက်၍ ဆွေးနွေးတိုင်ပင်နိုင်ပါသည်ခင်ဗျာ။🙏🙏


#အိမ်ခြံမြေ
#တိုက်ခန်းအရောင်း

 #ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.    အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတ...
30/04/2023

#ဂရန်အမည်ပေါက်ပိုင်ရှင်လုံးဝရှာမတွေ့တော့လျှင်.

အရပ်အခေါ် ဂရန်ကတုံး (သို့တည်းမဟုတ် ) ဂရန်အမည်ပေါက်သေဆုံး./အဆက်သွယ်မရတော့သည့်ကိစွရပ်

တွေမှာ မိမိအမည်ပေါက်ဘယ်လိုဆက်ဖောက်ရမလဲဆိုရင် တစ်ဖက်သတ်တရားစွဲရမည်လို့သာ အလွယ်သိထား/အလွယ်ပြောကြပါတယ် ။

ဘာ့ကြောင့်တရားစွဲရသည် ဆိုခြင်းကို သိထားဖို့လိုပါသည်။

အတုအပွားမရှိသော မြေဌားဂရန် နှင့်တကွ မြေကွက်တစ်ကွက် ကိုဝယ်ယူပိုင်ဆိုင်ထားပြီး ဂရန်အမည်ပြောင်းရန်
ပိုင်ရှင်ကို လုံးဝရှာမတွေ့တော့လျှင်" မှတ်ပုံတင်စာချုပ် ချုပ်

ပေးစေလိုမှု" နှင့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်းစာချုပ် ချုပ်ဆိုခြင်းသည်သာ နည်းလမ်းအမှန်ဖြစ်ပါသည်။
(ပစွည်းလွှဲပြောင်ခြင်းဥပဒေပုဒ်မ -၅၅(ဃ)

မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု "နှင့်တရားစွဲ၍ အနိုင်ဒီဂရီရပြီးလျှင် အရေးကြီးဆုံးအချက်မှာ ထိုအနိုင်ဒီကရီကို( ၄) လအတွင်း စာချုပ် စာတမ်းရုံးတွင် မှတ်ပုံတင်

ရမည့်ကိစွပင်ဖြစ်သည်။ ထိုသို့မှတ်ပုံမတင်မိပါက အနိုင်ရပြီးသားကိစွ ပြန်၍ ပျက်ပြယ်နိုင်ပါသည်။
(စာချုပ်စာတမ်းမှတ်ပုံတင်ရေးဥပဒေပုဒ်မ- ၂၃ ဒုအပိုဒ်)

ဇာရီ မှုဖွင့်တယ် ဆိုသည်မှာ အနိုင်ဒီကရီရထားသော အမိန့် စာရွက်အား လိုက်ပါဆောင်ရွက်ပေး

မည့် လူခန့်ထားတာဝန်ပေး၍ ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု နားလည်သဘောပေါက်ထားလျှင်လုံလောကိပါသည်။

ဇာရီမှုမှ ခန့်ထားသော ဘိလစ် က အနိုင်ဒီကရီ ရထားသည့်အတိုင်း မြေပုံမြေရာဇဝင် ထုတ်ယူခြင်း၊ ရာဖြတ်တင်ခြင်း၊ စာချုပ်မှတ်ပုံတင်ရုံးတွငိလက်မှတ်ရေးထိုးပေးခြင်းမှ

စ၍ အားလုံးအစစအရာရာလိုက်ပါဆောင်ရွက်ပေးခြင်းဖြင့် မိမိအမည်ပေါက် ဂရန်ရရှိမှာဖြစ်ပါတယ်။

#မူရင်းရေးသားသူအားCreditပေးပါသည်။

❤️ခိုင်မာမှုရှိသော အရှုတ်အရှင်းကင်းသော အိမ်၊ခြံ၊မြေ များကိုသာ အရောင်းအဝယ်ပြုလုပ်ပေးပါတယ်ခင်ဗျာ။

🙏မိတ်ဆွေတို့ပိုင်ဆိုင်သော အိမ်/ ခြံ /မြေ များကို ယုံကြည်စွာ အရောင်းအပ်နှံနိုင်ပါတယ်ခင်ဗျာ။

17/04/2023

မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အခါသမယမှာ စီးပွားလာဘ်လာဘများတိုးတက်ပြီး အေးချမ်းပျော်ရွှင်ပါစေကြောင်း MEGA WORLD Company Limited Co.,Ltd. မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ..🙏🙏🙏

 #အိမ်ခြံမြေဗဟုသုတ #လယ်ယာမြေအားဂရန်အဖြစ်လျှောက်တော့မယ်ဆိုရင်လယ်ယာမြေကနေ ဂရန်ကိုတော့ တိုက်ရိုက်လျှောက်ထားလို့တော့မရပါ။ ပထ...
11/04/2023

#အိမ်ခြံမြေဗဟုသုတ
#လယ်ယာမြေအားဂရန်အဖြစ်လျှောက်တော့မယ်ဆိုရင်

လယ်ယာမြေကနေ ဂရန်ကိုတော့
တိုက်ရိုက်လျှောက်ထားလို့တော့မရပါ။
ပထမဦးစွာ လယ်ယာမြေကို
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ(၇)လျှောက်ထားရန်အတွက်
မြေပုံ/မြေရာဇဝင်ဟုခေါ်သည့်
မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။

မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရရှိပါက
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)
လျှောက်ထားလို့ရပါပြီ။

ပုံစံ(၇) စီစစ်ရာတွင် အမှန်တကယ်
လယ်ယာမြေလုပ်ကိုင်ခြင်း ရှိ/မရှိကို
စီစစ်ပါသည်။ လယ်ယာမြေလုပ်ကိုင်သည်ဆိုလျှင်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ(၇)ထုတ်ပေးပါသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊
လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊
ပေါင်နှံခြင်း၊ ငှားရမ်းခြင်းများကို
တရားဝင်လို့ရသွားပါတယ်။
ထိုမှတဆင့် လယ်ယာမြေအား
အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ကို
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းဦးစီးဌာနတွင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင်
သုံးစွဲလိုသည့် အကြောင်းအရင်းကို
ဖော်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်ထားခြင်းအမှုတွဲအား
ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့်
နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့
အဆင့်ဆင့်တင်ပြပြီးနောက်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့
ဆက်လက်တင်ပြပြီးနောက် လယ်ယာမြေတွင်
အခြားနည်းသုံးစွဲခွင့်နှင့် စပ်လျဥ်း၍ ခွင့်ပြုပါက
အသုံးပြုခွင့်အမိန့်ပုံစံ (၁၅)ထုတ်ပေးပါတယ်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့်
လ/ယ (၃၀) ရရှိပြီးပါက ခွင့်ပြုသည်နည်းလမ်းအတိုင်း
(၆)လအတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

လ/ယ ပုဒ်မ ၃၁အရ ခွင့်ပြုချက်ရရှိသည့်နေမှ
(၆)လအတွင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း
သတ်မှတ်ကာလအတွင်း
လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးသည်
ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်ဟု
ပြဌာန်းထားပါသည်။ ဌာနမှစီစစ်၍ တွေ့ရှိပါက
လ/ယ (၃၀)ခွင့်ပြုမိန့် ပယ်ဖျက်ပြီး
စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ
အရေးယူနိုင်သည့်အတွက် သတိပြုရန်လိုအပ်ပါသည်။

ထိုသို့အသုံးပြုပြီးနောက်
ဂရန်လျှောက်ထားရန်အတွက်
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်ထားသည့်မြေဧရိယာသည်
(၁)ဧကအထိဖြစ်ပါက
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်မြေခွန်ပေးသွင်းစေပြီး
ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက်
(၅)ဧကအထိဖြစ်ပါက နေပြည်တော်၊
တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ
သတ်မှတ်မြေခွန်ပေးသွင်းစေပြီး
ဂရန်ထုတ်ပေးပါသည်။

#မူရင်းရေးသားသူအား_Credit_ပေပါသည်။

အမည်ပေါက်ကွယ်လွန်သွားသည့်အိမ်ခြံမြေကို အမွေဆက်ခံသူများက ပေါင်နှံ၊ ရောင်းချ၊ ငှားရမ်းလိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်းမ...
10/04/2023

အမည်ပေါက်ကွယ်လွန်သွားသည့်အိမ်ခြံမြေကို
အမွေဆက်ခံသူများက ပေါင်နှံ၊ ရောင်းချ၊ ငှားရမ်းလိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ

🧑‍⚖️အမွေဆက်ခံပိုင်ဆိုင်သူ သားသမီးများ
(သို့မဟုတ်) ညီအစ်ကို မောင်နှမများက
အမွေဆက်ခံပိုင်ဆိုင်ကြောင်း
မြွက်ဟကြေငြာစာတမ်း
လျှောက်ထားရပြီးလျှင် ဖြစ်စေ၊
ကွယ်လွန်သူပိုင် အိမ်၊ မြေ (သို့မဟုတ်)
မြေကွက်ကို လွှဲပြောင်းရောင်းချခြင်း
(သို့မဟုတ်) ငှားရမ်းခြင်းတို့ကို
ဥပဒေနှင့်အညီ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။

🧑‍🏫 ပထမဦးစွာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ
မြေယာဌာနတွင် အမွေဆက်ခံပိုင်ဆိုင်သူ
အားလုံးမှ ပိုင်ဆိုင်ကြောင်း
မြေပုံကူးယူခြင်း ပြုလုပ်ကာ ကနဦး
မြေပုံ/မြေရာဇဝင်ကူးယူရမည်။

🧑‍⚖️အမည်ပေါက်သူ၏ အမှန်တကယ်
သေဆုံးကြောင်း သေစာရင်းမူရင်း တင်ပြရမည်။

🧑‍⚖️မြေပုံနှင့်မြေရာဇဝင်ကူးယူရာတွင်
တရားရုံးတော်တွင်
အမွေဆက်ခံသူအားလုံးမှ တခြားသော
အမွေဆိုင်များ မရှိတော့ကြောင်း၊
ကွယ်လွန်သူ၏ အမွေဆိုင်များ
မှန်ကန်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ကာ
မြို့တော်စည်ပင်သာယာရေးကော်မတီ
မြေပုံနှင့်မြေရာဇဝင်ဌာနသို့
လျှောက်ထားကာ ကျသင့်သော
ကူးခများ ပေးသွင်းခြင်းများ ပြုလုပ်ရပါမည်။

🧑‍🏫မြို့တော်စည်ပင်သာယာရေးကော်မတီ
မြေပုံနှင့်မြေရာဇဝင်ဌာနမှ
သတင်းစာကြော်ငြာထည့်သွင်းပေးပြီး
သတ်မှတ်ရက်အတွင်း
ကန့်ကွက်သူမရှိသည့်အခါတွင်
အမည်ပြောင်းရန်နှင့်
ရောင်းချနိုင်ရန်အတွက်
မြေပုံနှင့်မြေရာဇဝင်
ထုတ်ပေးမည်ဖြစ်သည်။

🧑‍⚖️အကယ်၍ ကန့်ကွက်သူတစ်စုံတစ်ရာ
ပေါ်ပေါက်ပါက ကန့်ကွက်သူဘက်မှ
အထောက်အထားခိုင်ခိုင်လုံလုံ
မတင်ပြနိုင်ပါက ထိုသို့ ကန့်ကွက်ချက်ကို
မြေပုံနှင့်မြေရာဇဝင်ဌာနက
စဥ်းစားပေးမည် မဟုတ်ပါ။

🧑‍💻(အမည်ပေါက်သူကိုယ်တိုင်မှ
မြေပုံနှင့်မြေရာဇဝင်ကူးယူပါက
သတင်းစာတွင် ကြေငြာရန်
မလိုအပ်ဟုလည်း သိရှိရပါသည်)

🧑‍⚖️အမွေဆက်ခံပိုင်ဆိုင်ကြောင်း
မြွက်ဟကြေငြာစာတမ်းတွင်
အရောင်းစာချုပ်ကို တစ်ကြိမ်တည်း
မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိပါသည်။
အဓိကအချက်များမှာ စာချုပ်စာတမ်းများ
မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို
ပြည့်ပြည့်စုံစုံတင်ပြနိုင်ရပါမည်

🧑‍⚖️အကယ်၍ အမွေဆက်ခံပိုင်ဆိုင်သူ
ခရီးလွန်နေပါက အထူးကိုယ်စားလှယ်စာ
(SP) ပေးအပ်ကာ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်

❗️(အမွေဆိုင်သူတစ်ဦးတစ်ယောက်ကို
ထိန်ချန်ထားပါက မှတ်ပုံတင်စာချုပ်တွင်
တရားမည်မဟုတ်ပါ။
သေဆုံးသွားသော အမွေဆိုင်၏
ဇနီး (သို့မဟုတ်) သားသမီးများကိုပါ
ထည့်သွင်းဆောင်ရွက်ပါမှ
စာချုပ်တွင် တရားဝင်မည် ဖြစ်သည်)

⚠️အထူးသတိပြုသင့်သောအချက်မှာ
အမွေဆိုင်များကို ချန်လှပ်၍
မှတ်ပုံတင်အရောင်းအဝယ်
စာချုပ်စာတမ်းပြုလုပ်ပါက
ဥပဒေနှင့် ဆန့်ကျင်သဖြင့်
ယင်းစာချုပ်မှာ ကနဦးထဲကပင်
ပျက်ပြယ်နေပီ ဖြစ်သည်⚠️

🧑‍⚖️အမွေထိန်းစာဖြင့် ရောင်းချခွင့်ပြုရန်
တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည်

🧑‍🏫ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြေယာဌာနမှ အမွေဆက်ခံပိုင်ဆိုင်ကြောင်း
မြေပုံထွက်လာပါက ရန်ကုန်မြို့တော်စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း
မြွက်ဟကြေငြာကာ မှတ်ပုံတင်စာချုပ်
ချုပ်ဆိုနိုင်ပြီ ဖြစ်ပါသည်

#မရွှေ့ပြောင်းနိုင်သည့်အိမ်ခြံမြေတိုက်ခန်းစသည်များရောင်းချခြင်း_ဝယ်ယူခြင်း_ငှားရမ်းခြင်းဆိုင်ရာဥပဒေသိမှတ်ဖွယ်ရာများမှကောက်နုတ်တင်ပြအပ်ပါသည်။

#မူရင်းရေးသားသူအား_Credit_ပေးပါသည်။

ဂရန်မြေအမျိုးအစား သင်္ကေတ မှတ်သားစရာများဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်၊ဘိုးဘပိုင်မြေဆိုရင်...
09/04/2023

ဂရန်မြေအမျိုးအစား သင်္ကေတ မှတ်သားစရာများ

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်၊
ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်၊
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်၊
ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ် ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရပါတယ်

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။
မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီးမိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။
အသေးစိတ်သိရှိလိုပါက ရုံးခန်းတွင်လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကိုသိရှိပြီလျှင် အခြားသူများကိုလဲမျှဝေပေးပါ။
Please - Like, Share & Follow

#ဂရံမြေအမျိုးအစား
#ဂရံမြေသင်္ကေတ

#အိမ်ခြံမြေသိကောင်းစရာ

Address

No, 35 Bogyoke Aung San Street, Myo Ma Quater
Taunggyi
06011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Mega World Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share