10/10/2024
အရည်ကျောက်
။အရည်ကျောက်ဆိုသည်နှင့်အရည်ကျောက်တို့သဘောကကျောက်စိမ်းမျိုးတန်းအားလုံးမှာပါတတ်ပါတယ်။
ခါးအောက်သား၊ခါးအပေါ်သား၊အသားဆန်း၊ကအစအကျွတ်၊ရေခဲသားအထိပါဘဲ။
ဘယ်လောက်ပင်ပါပါအရည်တို့သဘောကအသားနဲ့မျိုးတန်းကအရည်းကြီးတာမို့အဆင့်အတန်းနဲ့ဈေးတန်းကလဲကွာခြားသွားပါတယ်။
ကျောက်တို့သဘောမှာကအရည်ပါတိုင်းကျောက်မအောင်ပါဘူး။
အရည်ကျောက်မှာအောင်နိုင်တဲ့ကျောက်၊အောင်ခြေအများဆုံးရှိတဲ့ကျောက်ကတခြားအရည်ကျောက်နဲ့မတူသလိုပြချက်တွေမှာလဲအားကောင်းပြီးသားပါ။
အရည်များများပါတိုင်းကျောက်ကမအောင်သလို...
ပုံးလျှိုးကွယ်လျှိုးနဲ့နေတဲ့ကျောက်တွေကလည်းထလန်သွားတတ်ပါတယ်။ဘယ်လိုပင်ဖြစ်ပါစေအရည်ကျောက်သဘောမှာကအသားတန်းမျိုးတန်းအားကောင်းမှအရည်ကျောက်ကတန်ဖိုးရှိတာပါဘဲ။ဒါကြောင့်အသားကောင်းမျိုးတန်းအားကောင်းတဲ့အရည်ကျောကိုဘဲရွေးပြီးခေါင်းကြဖြတ်ကြတာကျောက်သမားတိုင်းပါဘဲ။
အရည်ကျောက်အောင်နိုင်တဲ့ကျောက်...
ကျောက်သမားတိုင်း၊ခဲလိုင်းသမားတိုင်းအဓိကထားကြဖြတ်ကြတဲ့အရည်ကျောက်မှာတော့.....
1/အရည်အားများအသားကောင်းကျောက်
2/မထင်မရှားမန်းအေားကောင်းကျောက်။
3/မန်းမဲနဲ့အရည်မန်းပါကျောက်။
4/မန်းဖြူကြက်ခြေးပါချထားသလိုအဖြူအကွက်ပြောက်နဲ့အရည်ပါတဲ့ဗျိုင်းခြေးမန်းကျောက်၊
5/မန်းဖြူအကြောင်းပြေးပြီးခွေနေကာအရည်မန်းနဲ့လာတဲ့ကျောက်၊
6/အရည်ြကြိုး၊ကြိုးကျစ်ပြီး
ကြိုးပေါ်မှာအရည့်ရင့်အစက်ပါတည်ဖေါက်တဲ့ကျောက်၊
7/အရည်တပိုင်းစိမ်း၊ထည်လုံးစိမ်း၊ပန်းကြားအသားကောင်းကျောက်၊
8/ယမ်းကန့်လန့်ပါယမ်းပျက်နဲ့အရည်မန်းပါ...ယမ်းပျက်မန်းပျက်ကျောက်၊
9/ခြစားကြက်ဆိတ်ပါ၊
ပန်းမန်းပါတဲ့အရည်ကျောက်။ ။။။။။
10/- ကတော့အရေးကြီးဆုံးပါ။
ပိုင်ပိုင်နိုင်နိုင်နဲ့လုပ်သင့်လုပ်ထိုက်တဲ့ကျောက်ကိုအရည်ရဲ့ဖြစ်တည်လာမှု့ကိုနောက်ဆုံးအခံထားပြီးအနိမ့်ဆုံးအသားနဲ့အရည်ကိုတွက်ပြီးခေါင်းနိုင်တဲ့ကျောက်သမားကောင်းတို့ရဲ့အရည်အချင်းကောင်းပါဘဲ။
။အထက်ပါအရည်ကျောက်တို့သည်အောင်နိုင်တဲ့အရည်အချင်းပါကေောကျကောငျးမြားဖွဈသညျကိုမှတျသားထားရမညျဖွဈပါသညျ။
Crd... စာညို/-