GBI Property

GBI Property Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GBI Property, Real Estate Company, Thanlyin.

Adminတို့ ငွေဆောင်ကမ်းခြေတောင်ဘက် ဆင်မတံငါရွာလေး Sinma Village ကိုသွားရောက်လည်ပတ် ခဲ့လို့ ငွေဆောင်အနီးမှာရှိတဲ့ဆင်မရွာလေ...
11/11/2024

Adminတို့ ငွေဆောင်ကမ်းခြေတောင်ဘက် ဆင်မတံငါရွာလေး Sinma Village ကိုသွားရောက်လည်ပတ် ခဲ့လို့ ငွေဆောင်အနီးမှာရှိတဲ့ဆင်မရွာလေးကို အလည်ရောက်ဖူးအောင်သွားဖို့အကြံပေးလိုပါတယ်။

ငွေဆောင်မြို့ကမ်းခြေကနေဆို ၅ မိုင်အကွာမှာရှိပြီး ဆိုက်ကယ်နဲ့သွားမယ် ဆို ရင်၂၀မိနစ်လောက်ပဲ ကြာမှာဖြစ်ပါတယ်။ ကားလမ်းကတော့နွေရာသီဆိုပိုအဆင်ပြေပြီး ကားလေးတွေနဲ့ပါသွားလို့ရပါတယ်။ကွန်ကရစ်လမ်းကတော့ ငွေဆောင် ကနေ ဆင်မလမ်းတစ်ဝက်လောက်ထိခင်းထားပြီး ကားနဲ့ဆိုရင်တော့လမ်းအနေထားအရ ၂၅မိနစ်ခန့်သွားရပါတယ် ဖြေးဖြေးမောင်းရင်းလမ်းတလျောက်ရှုခင်းတွေကြည့်နိုင်ပါတယ်။

ကမ်းခြေ ရွာလေးပါ... ရွာလို့ဆိုပေမယ့် လူနေမှုအဆင့်အတန်းကတော့ သာပါတယ်..ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။

ငွေဆောင်ရောက်ရင် နိုင်ငံခြားသားဧည့်သည်တွေကြား နာမည်ကြီးပြီးစိတ်ဝင်တစားသွားရောက်လည်ပတ်တဲ့ရွာလည်းဖြစ်ပါတယ်။

ဆင်မ ရွာကိုသွားရာလမ်းတစ်လျောက် ဆိုက်ကယ်နဲ့ ရေကျချိန်သွားရင် ကမ်းခြေသောင်ပြင်ပေါ်ဆိုက်ကယ်မောင်းပြီးသွားရတဲ့ခံစားမှုမျိုးကပျော်ရွှင်ဖွယ်ကောင်းပြီး လမ်းတလျောက်ရှုခင်းတွေက အလွန်စိတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။

ကမ်းခြေလမ်းတလျောက် ဟိုတယ်ဇုန်များကျော်လျင် ကမ်းစွဲပိုက် ငါး ဖမ်းခြင်းကို ပွင့်လင်းရာသီများတွင် ရွာဓလေ့တိုင်းလုပ်ကိုင်နေတာကိုချစ်စဖွယ်မြင်တွေ့နိုင်ပါတယ်။

ရေတက်ချိန်သွားမယ်ဆိုရင်တော့ ငွေဆောင် ဆင်မလမ်းတလျောက်ရွာများကို သဘာဝအတိုင်း ချစ်စဖွယ် မြင်တွေ့နိုင်ပါတယ်။

ဆင်မရွာ ရောက်ပြီဆိုတာနှင့် ရွာအဝင် တောင်ကုန်းကုန်းလေးပေါ်ကဘုရားကို ဝင် ရောက်နိုင်ပါတယ်။ ဘုရားတောင်ပေါ်မှာ ရှုခင်း များအလွန်တရာလှပပြီး ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံဝါသနာရှင်များ ဆယ်ဖီသမားတွေအကြိုက်တွေ့နိုင်ပါတယ်။

ဆင်မကမ်းခြေတလျောက် အလွန်သာယာလှပပြီး တကယ် ကို virgin Beach ပါ။ ဆင်မကျွန်းကိုလည်း စက်လှေနှင့်သွားရောက်နိုင်ပါတယ်။

ဆင်မရွာရောက်ပြီး ဆင်မချောင်းလေးကို လှေလေးနဲ့ကူပြီးဆက်သွာမယ် ဆိုရင်တော့ ကျွန်းဘုံဒို ခေါ် လိပ်ကျွန်းကို သဘာဝတိုင်မြင်တွေ့နိုင်ပါတယ်။ ရေကျချိန်ဆိုရင်တော့ ကျွန်းကိုလမ်းလျောက်သွားနိုင်ပြီး ရေတက်ရင်တော့ ခါးလယ်လောက်ရှိပါတယ်။

အနီးနားပတ်ဝန်းကျင် ကမ်းခြေမှာအလွန်လှပပြီး ကျောက်လှည်းဘီးရာများကို ကျောက်ဆောင်တွေနဲ့အတူ မြင်တွေ့နိုင်ပါတယ်။တကယ့်သဘာဝအလှတွေကိုခံစားရမှာပါ။

အပြန်မှာတော့ လက်ဆောင် ဒေသထွက် ပုဇွန်ခြောက်၊ငါးနီတူခြောက်နှင့် ဟိုတယ်အပြန်ချက်ခိုင်းဖို့ ငါးဒိုင်တွေမှာ ပင်လယ်ထွက် ငါး၊ပုဇွန်၊ပင်လယ်စာတို့ ကိုဝယ်ယူနိုင်ပါတယ်။

စားဖို့သောက်ဖို့ကတော့ ထမင်းဆိုင်၊စားသောက်ဆိုင်၊လဘ္ဘက်ရည်ဆိုင်၊ကုန်စုံဆိုင်၊မုန့်ဆိုင်လေးတွေတော့ရှိပါတယ်။

ဆင်မရွာ ကဒေသထွက်ပင်လယ်စာ အကောင်းဆုံးပါ ငွေဆောင်ဟိုတယ်များ၊စားသောက်ဆိုင်များ၊၊ရန်ကုန်တို့အထိတင်ပို့ကြတယ်လို့သိရပါတယ်။ချစ်စရွာဆင်မတံငါရွာလေးသို့ သွားရောက်လည်ပတ်ဖို့တိုက်တွန်းပရစေ။

23/06/2023
13/06/2023

26/01/2021

ဂွချောင်းတံတားစီမံကိန်းကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန်လျာထား ယခုတံတားပြီးပါက ဂေါ်ရန်ဂျီဒေသတစ်ဝ....

06/01/2021
09/12/2020

အမေရိကန်ဒေါ်လာ ၆၆၃ သန်းတန်ကြေးရှိ ရထားခေါင်းတွဲ ၂၄၆ တွဲအတွက် မြန်မာ့မီးရထားနှင့် Mitsubishi Corp. တို့ လက်မှတ်ရေးထိုး

မြန်မာ့မီးရထားနှင့် ဂျပန်ကုန်သွယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Mitsubishi Corporation တို့သည် အာဆီယံဒေသ၏ ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံ၏ ရထားလမ်းပိုင်းနှစ်ခုတွင် ပြေးဆွဲမည့် ရထားခေါင်းတွဲ ၂၄၆ တွဲအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် တန်ကြေးရှိ ကန်ထရိုက်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း Nikkei သတင်းဌာနက ဒီဇင်ဘာ ၉ ရက်တွင် ဖော်ပြသည်။

စာချုပ်အရ Mitsubishi သည် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းတို့တွင် အသုံးပြုမည့် ရထားခေါင်းတွဲသစ် ၂၄၆ တွဲအား ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါ ရထားတွဲများကို စပိန်ထိပ်တန်း ရထားတွဲကုမ္ပဏီ Construcciones y Auxiliar de Ferrocarriles(CAF) က တည်ဆောက်ပေးသွားမည် ဖြစ်သည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအတွက် ၆၆ တွဲ၊ ရန်ကုန်-မန္တလေးလမ်းအတွက် အတွဲ ၁၈၀ ပြေးဆွဲပေးမည်ဖြစ်ပြီး ရထားတွဲများအတွက် စုစုပေါင်းကုန်ကျငွေ ယန်း ၆၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၆၆၃ သန်း)ရှိပြီး ဂျပန်နှင့် မြန်မာအစိုးရကြား ချုပ်ဆိုထားသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ချေးငွေမှ ကျခံသုံးစွဲသွားမည်ဖြစ်သည်။

၄၆ ကီလိုမီတာရှည်လျားသည့် ရန်ကုန်မြို့ပတ်လမ်း၏ တစ်ပတ်ပြည့်ရန် ကြာမြင့်ချိန်သည် လက်ရှိတွင် မိနစ် ၁၇၀ ရှိပြီး ရထားတွဲခေါင်းအသစ်များဖြင့် ပြေးဆွဲပါက မိနစ် ၁၁၀ အထိ လျှော့ချနိုင်မည်ဖြစ်သလို ကီလိုမီတာ ၆၂၀ ရှည်သည့် ရန်ကုန်-မန္တလေးလမ်း ကြာမြင့်ချိန်ကလည်း ၁၅ နာရီမှ ရှစ်နာရီဝန်းကျင်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ပြီးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာသော မြန်မာနိုင်ငံကို ဂျပန်အစိုးရက စီးပွားရေးအကူအညီ၊ လူမှုရေးအကူအညီများ ပေးအပ်လျက်ရှိပြီး ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ်မှ စတင်လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် မြန်မာအစိုးရသည် စီးပွားရေးမြို့တော် ရန်ကုန်နှင့် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့မန္တလေးတို့အကြား ပြေးဆွဲနေသည့် နှစ် ခြောက်ဆယ်သက်တမ်းရှိ ရထားလမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။

ရထားတွဲသစ်များဖြင့် စတင်ပြေးဆွဲမည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များ အဓိကထုတ်လုပ်ရာ မန္တလေးမြောက်ပိုင်းဒေသကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး အဆိုပါ ရထားလမ်းကြောင်းသည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ဘာသာပြန်-ခွန်ဝဏ္ဏ

Ref:Nikkei

ဝမ်းသာစရာ မြန်မာ့မီးရထား။
08/12/2020

ဝမ်းသာစရာ မြန်မာ့မီးရထား။

Japanese trading house will deliver 246 cars for two rail projects

Address

Thanlyin
11291

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595400343

Website

Alerts

Be the first to know and let us send you an email when GBI Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GBI Property:

Share