Thor.Tar.Sann Real Estate Service

Thor.Tar.Sann Real Estate Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thor.Tar.Sann Real Estate Service, Real Estate, Thanlyin.

🤝သော်တာဆန်းရဲ့ ကျွမ်းကျင်သော၀န်ဆောင်မှုနဲ့အတူ စိတ်ချ ခိုင်မာ အိမ်၊ ခြံမြေ ၀ယ်ယူလိုက်ပါ👌💥 မခိုင်မာ​သော/ အရှုပ်အရှင်းရှိသော အိမ်ခြံမြေများ အရောင်းအဝယ်မလုပ်ပါ💥"Your Partner in Property & Legal Success!" #သန်လျင်အိမ်ခြံမြေ

လယ်ယာမြေမှ အပ ကျန်မြေကွက်များနဲ့ဂရံမြေ ၊ တိုက်ခန်း၊ ကွန်ဒိုများကို အမည်ပေါက်ပြောင်းလဲ ဆောင်ရွက်လိုသူများအတွက်သိရှိစေရန် ...
20/04/2026

လယ်ယာမြေမှ အပ ကျန်မြေကွက်များနဲ့
ဂရံမြေ ၊ တိုက်ခန်း၊ ကွန်ဒိုများကို အမည်ပေါက်
ပြောင်းလဲ ဆောင်ရွက်လိုသူများအတွက်
သိရှိစေရန် ဗဟုသုတပါ။

Credit/Thein Win Oo

🏠 မြေစျေးတက်တော့မယ်ဆိုတာ ကြိုသိနိုင်မယ့် "ရှေ့ပြေးနိမိတ် (၄) ချက်" 📈​မြေကွက်သွားကြည့်တဲ့အခါ လမ်းတွေမကောင်းသေးလို့၊ တိုက်...
14/01/2026

🏠 မြေစျေးတက်တော့မယ်ဆိုတာ ကြိုသိနိုင်မယ့် "ရှေ့ပြေးနိမိတ် (၄) ချက်" 📈
​မြေကွက်သွားကြည့်တဲ့အခါ လမ်းတွေမကောင်းသေးလို့၊ တိုက်ကြီးတွေ မရှိသေးလို့ လက်တွန့်နေပါသလား? အိမ်ခြံမြေကျွမ်းကျင်သူတွေကတော့ အကွက်အကွင်းကို ကြည့်ပြီး စျေးတက်တော့မယ်ဆိုတာ ကြိုသိနေတတ်ကြပါတယ်။
​ပုံမှန်လူတွေ သတိမထားမိတတ်တဲ့၊ ဒါပေမဲ့ မြေစျေးတက်တော့မယ့် ရှေ့ပြေးနိမိတ် (၄) ချက် ကို မျှဝေပေးလိုက်ပါတယ်။ 👇
​✅ ၁။ မြို့လယ်နဲ့ ကပ်လျက်ရပ်ကွက်ကို အာရုံစိုက်ပါ
စျေးအကြီးဆုံးနေရာကို မဝယ်နိုင်လို့ စိတ်မပျက်ပါနဲ့။ ဖွံ့ဖြိုးမှုဆိုတာ ရေကန်ထဲ ကျောက်ခဲပစ်ချလိုက်သလိုပဲ ဗဟိုကနေ ဘေးပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန့်သွားတတ်တာပါ။ အချက်အချာကျတဲ့နေရာနဲ့ ကပ်လျက်ရပ်ကွက်တွေဟာ နောက်တစ်လှိုင်းမှာ စျေးအဆမတန် တက်လာမယ့်နေရာတွေပဲ ဖြစ်ပါတယ်။
​✅ ၂။ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ပြောင်းလဲမှုကို ကြည့်ပါ
ရပ်ကွက်ထဲမှာ အိမ်ဟောင်းတွေဖျက်ပြီး တိုက်သစ်ဆောက်တာ၊ ခြံစည်းရိုးအသစ်ခတ်တာ၊ ဆေးသုတ်တာတွေ များလာပြီလား? ဒါဟာ ရပ်ကွက်နေလူထုက သူတို့နေရာအပေါ် ယုံကြည်မှုရှိလာပြီး ငွေစသုံးလာကြပြီဆိုတဲ့ အချက်ပြခရာပါပဲ။
​✅ ၃။ လုပ်ငန်းသစ်တွေ ဝင်လာခြင်း
လမ်းထိပ်မှာ ခေတ်မီ Coffee Shop တွေ၊ Convenience Store (City Mart, ABC စသဖြင့်)၊ ဖုန်းဆိုင်နဲ့ ကိုယ်ပိုင်ကျောင်းတွေ စဖွင့်လာပြီဆိုရင် ဒါဟာ ငွေကြေးလည်ပတ်မှု အားကောင်းတော့မယ့် လက္ခဏာဖြစ်လို့ အပိုင်ဝယ်ထားသင့်ပါပြီ။
​✅ ၄။ အကွာအဝေးထက် ကြာမြင့်ချိန်က ပိုအရေးကြီးတယ်
"အရမ်းဝေးတယ်" ဆိုပြီး မငြင်းပါနဲ့။ ၁၀ မိုင်ဝေးပေမယ့် လမ်းဖြောင့်လို့ ၁၅ မိနစ်နဲ့ ရောက်တဲ့နေရာက ၃ မိုင်ပဲဝေးပြီး ကားပိတ်လို့ နာရီဝက်မောင်းရတဲ့နေရာထက် စျေးပိုတက်ပါတယ်။ "Travel Time" နည်းတဲ့နေရာဟာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးပါပဲ။
​💡 အနှစ်ချုပ်
လက်ရှိမှာ ပတ်ဝန်းကျင် Image သိပ်မကောင်းသေးပေမယ့် ဒီအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ စျေးတန်တုန်း အမိအရ ဖမ်းဝယ်ထားဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ ✨


#သော်တာဆန်း #သန်လျင်အိမ်ခြံမြေ
​ #မြေခြံမြေဗဟုသုတ #မြေကွက်စျေး

"ပုံစံ (၁၀၅ ) ဆိုသည်မှာ" (SV)"ပုံစံ - ၁၀၅/ ၁၀၆ဆိုတာ"============== - Passport ဆိုတာ "လူပုံ၊ လူရာဇ၀င်"ကို ခေါ်တာပါ။ လူဓါတ...
04/01/2026

"ပုံစံ (၁၀၅ ) ဆိုသည်မှာ" (SV)

"ပုံစံ - ၁၀၅/ ၁၀၆ဆိုတာ"
==============
- Passport ဆိုတာ "လူပုံ၊ လူရာဇ၀င်"ကို ခေါ်တာပါ။
လူဓါတ်ပုံလေးလဲ ပါတယ် ၊ လူရာဇ၀င်
အတိုချုပ်လေးလည်း ပါပါတယ်။

- မြေပုံ မြေရာဇ၀င်ဆိုတာကလည်း မြေပုံလေးလည်း
ပါရမယ်။ မြေရာဇ၀င်လေးလည်း ပါရပါမယ်။
ပုံစံ - (၁၀၅) ဆိုတာက မြေပုံ၊
ပုံစံ - (၁၀၆) က မြေရာဇ၀င်ပါ။

"သုံးမျိုးလုံး အကျုံး၀င်"
============
- မြေစာရင်း ပုံစံ (၁၀၅) ကို
"လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုနေသော ဦးပိုင်မြေပုံ" လို့
ခေါ်ပါတယ်။ စာတိုခေါ်ရလျှင် "မြေပုံ"ပေါ့။

- အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့
"S-22" လို့ခေါ်ပါတယ်။

- ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့
ပုံစံနံပါတ် မပါရှိပါဘူး။

ဒီတော့ မြေပုံ ကလေးပါတဲ့ စာရွက်ကို
မြေပုံလို့ မှတ်လိုက်မယ် ဆိုရင် သုံးမျိုးလုံး အကျုံး ၀င်ပါတယ်။

"ကြည့်လို့ရတာတွေ"
===========
ပုံစံ - (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရတာတွေ
အများကြီးရှိပါတယ်။
အလေ့အကျင့်ဖြစ်အောင် ကြည့်သင့်/မှတ်သင့်ပါတယ်။

(post ပါ ပုံကိုကြည့်ပါ။)
- တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊
- ကွင်းအမှတ်၊ ကွင်းအမည်၊
- ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊
- ပိုင်ရှင်အမည်၊
- ပိုင်ဆိုင်မှု၊
- မြေအမျိုးအစား၊ အကျယ်အ၀န်းနှင့်
- ရေးကူးပေးသည့် အကြောင်းအရာ စသည်ဖြင့်
တိကျမှန်ကန်စွာ ရေးသားထားကြ ပါတယ်။

“သိသင့်တာလေးတွေ”
============
-ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့
"ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။

- အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊
ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ်
သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ်
အတွင်းမှာ ရှိတဲ့
မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို
ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။

- (နောက်တစ်နည်း ညွှန်းဆိုရလျှင်)
ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါ။
ပုံစံ ၁၀၅ ဆိုတာ -
တည်နေရာကို ဖော်ပြရန်၊
မြေအမျိုးအစားကို ဖော်ပြရန်၊
အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို
ညွန်းဆိုရန်၊
မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာကို
ညွန်းဆိုရန်၊ စသည်တို့အတွက်
“မြေစာရင်းဌာန” က ထုတ်ပေးတဲ့
"မြေပုံ ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။

*** ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ့
ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်လို့ "မထင်လိုက်ပါနဲ့ "။
အခု ပုံစံ (၁၀၅) အရ ဝယ်ထားတဲ့မြေက
“လယ်ယာမြေ” ဆိုရင်တော့
“လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် "ဆိုရင်"
လယ်လုပ်လို့ရမယ်ပေါ့။ ***

- အဆောက်အအုံ ဆောက်ဖို့ ၊
စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို့
ဆိုတာကတော့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ဆိုရင်
“သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ” က "ခွင့်ပြုမှသာ"
ရမှာဖြစ်ပါတယ်။

- အဲဒီလို ခွင့်ပြုလိုက်ပြီဆိုရင် “ဂရန်”ကိုပါ လျှောက်ထားပိုင်ခွင့်
ရရှိတော့တာပေါ့။

- တစ်ချိန်တုန်းက
“လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉"
(ယခုအခါ - လ/ယ ၃၀) နဲ့ လုပ်ပိုင်ခွင့် တူပါမယ်။

“ပုံစံ ၁၀၅ ပါ သင်္ကေတများ၏ဆိုလိုချက်”
=====================
မြေစာရင်းပုံစံ ၁၀၅ တွင်ပါရှိသော “မြေမျိုးနှင့်အတန်း” နေရာ၌
ရေးသားထားသောသင်္ကေတများ၏
အဓိပ္ပါယ်ဖွင့်ဆိုချက်(သို့) ဆိုလိုချက်များကတော့ -

(က) R = မိုးကောင်းလယ်မြေ
(ခ) R1 = ပထမတန်းစားမိုးကောင်းလယ်မြေ
(ဂ) R2 = ဒုတိယတန်းစား မိုးကောင်းလယ်မြေ
(ဃ) R3 = တတိယတန်းစား မိုးကောင်းလယ်မြေ
(အထွက်နှုန်းစပါး ၃၀ အောက်)
(င) R4 = စတုထ္ထတန်းစား မိုးကောင်းလယ်မြေ
(အထွက်နှုန်းစပါး ၂၀ အောက်)
(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ
(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ
(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ
(ဈ) y = ယာမြေ
(ည) D = ဓနိမြေ
(ဋ) G = ဥယျာဉ်ခြံမြေ ဆိုပြီး ခွဲခြားပြထားတာပါ ။

မြေအမျိုးအစား ခွဲခြားခြင်းမှာ ဧကအလိုက်
သီးနှံအထွက်နူန်းကို ခန့်မှန်းသတ်မှတ်ခြင်း ဖြစ်ပါတယ်။
အထက်ပါသင်္ကေတများဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သည့်
မြေမျိုးကို မြေစာရင် မြေပုံများနှင့် ပြေစာများတွင်
ဖော်ပြထားပါတယ်။

မြေယာကို အသုံးပြုသည့် အတွက် အခွန်အတုတ် များ
ကောက်ခံနိုင်ရန် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
(ယခု လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)
မှ ကြေးတိုင်ရိုက်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ရတယ် ။

ကြေးတိုင်ရိုက်ခြင်းမှာ
- စိုက်ပျိုးလုပ်ကိုင်သောမြေများကို ကွက်စိတ်တိုက် တိုင်းတားခြင်း
- မြို့တွင်း၌အခွန်ရပ်ကွက်များသတ်မှတ်ပေးခြင်း ၊
- လယ်ယာစိုက်ပျိုးလုပ်ကိုင်သော မြေကို
မြေအမျိုးအတန်းအစားခွဲခြားခြင်း ။
- ယင်းကဲ့သို့ မြေမျိုးအတန်းအစားခွဲခြားခြင်းမှာ
ဧကအလိုက် သီးနှံအထွက်နှုန်းကိုခန့်မှန်းသတ်မှတ်ရန်တို့
အတွက် ဖြစ်ပါတယ် ။

refer to - Kyi Soe (IC) &
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

03/01/2026

🏡 သန်လျင်မှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ဘာတွေလိုအပ်လဲ? 🤔

မြို့ပြရဲ့ ရှုပ်ထွေးပင်ပန်းမှုတွေကနေ ခဏလောက်အဝေးမှာထား🌿

ငြိမ်းချမ်းအေးဆေးတဲ့ ဘဝကို ပိုင်ဆိုင်ချင်တဲ့ သူငယ်ချင်းတို့အတွက်
သန်လျင်က အိမ်ခြံမြေ တွေက အကောင်းဆုံးအဖြေတစ်ခု ဖြစ်နိုင်ပါတယ် 💚

📍 သန်လျင်မှာ အိမ်ပိုင်ဆိုင်ခြင်းရဲ့ အားသာချက်တွေ
ရန်ကုန်မြို့နဲ့ 🚗 နီးနီးကပ်ကပ်
တိတ်ဆိတ်ငြိမ်သက်ပြီး 🌳 နေထိုင်ရအဆင်ပြေ
မိသားစုနဲ့အတူ 👨‍👩‍👧‍👦 အေးအေးဆေးဆေး နေထိုင်နိုင်

🔍 ဒါပေမဲ့ အိမ်ဝယ်မယ်ဆိုရင် သိထားသင့်တာတွေကတော့…
🏘️ ဒေသအခြေအနေ လေ့လာပါ
ဘယ်ရပ်ကွက်က မိသားစုနဲ့အဆင်ပြေလဲ?
🚦 သွားလာရေး ဘယ်နေရာက လွယ်ကူဆုံးလဲ?
ကိုယ့်ရဲ့ Lifestyle နဲ့ ကိုက်ညီတဲ့ နေရာကို ရွေးချယ်ဖို့ အရေးကြီးပါတယ် ✨
💰 ဘတ်ဂျက်ကို သေချာစီမံပါ

အိမ်တန်ဖိုးအပြင်
📄 အခွန်အခ
⚖️ ရှေ့နေစရိတ်
🛠️ အိမ်အလှဆင်စရိတ်
➡️ ကိုယ့်ဘဏ္ဍာရေးအခြေအနေနဲ့ ကိုက်ညီအောင် ကြိုတင်တွက်ချက်ထားဖို့လိုပါတယ်
📈 အိမ်ခြံမြေဈေးကွက်ကို နားလည်ထားပါ
ဈေးကွက်အပြောင်းအလဲတွေ
📊 ဈေးတက်/ကျ အခြေအနေ
အကျိုးဆောင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခြင်းက ပိုမိုစိတ်ချရပါတယ်
✍️ ဆုံးဖြတ်ပြီးပြီဆိုရင်
ရှေ့နေနဲ့တိုင်ပင်ပြီး
စာချုပ်စာတမ်းတွေကို 🔍 သေချာစစ်ဆေးပါ
နားလည်ပြီးမှ လက်မှတ်ထိုးဖို့ မမေ့ပါနဲ့ ❗

📞 သန်လျင်မှာ အိမ်ဝယ်ဖို့/အိမ်ငှားဖို့ စိတ်ကူးရှိလား?
👉 𝑻𝑯𝑶𝑹𝑻𝑨𝑹𝑺𝑨𝑵 𝑹𝑬𝑨𝑳 𝑬𝑺𝑻𝑨𝑻𝑬 မှာ စုံစမ်းလေ့လာနိုင်ပါတယ်
သင့်အတွက် အကောင်းဆုံးအိမ်ကို ရှာဖွေရာမှာ 🤝 အမြဲကူညီပေးဖို့ အသင့်ရှိပါတယ် 💯


#သန်လျင်အိမ်ခြံမြေ
#အိမ်ဝယ်နည်း
#အိမ်ခြံမြေ

 #သန်လျင်မြို့နယ်  #လူကြိုက်အများဆုံး ရပ်ကွက်ကြီး တစ်ခုဖြစ်တဲ့📍  #အောင်ချမ်းသာ(၂)၊  #ဘုရင့်နောင်လမ်းမကြီး ၊  #တပင်ရွှေထီ...
02/01/2026

#သန်လျင်မြို့နယ် #လူကြိုက်အများဆုံး ရပ်ကွက်ကြီး တစ်ခုဖြစ်တဲ့

📍 #အောင်ချမ်းသာ(၂)၊ #ဘုရင့်နောင်လမ်းမကြီး ၊ #တပင်ရွှေထီးလမ်းမကြီး၊ #မီးသတ်ကန်လမ်း(ဂုတ်ကွက်)

📐 ၃၂’ × ၅၉’ (မြေပိုပါ)

💡 ရေမီးစုံပြီး / လမ်းကျယ် / ပတ်၀န်းကျင်သန့်

🌟 အုပ်တံတိုင်းခတ်ပြီး၊ သံပန်းသံတခါး တပ်ဆင်ပြီး၊ စိတ်ကြိုက်အိမ်ဆောက်နေရုံအသင့်

🌟 ပုဂ္ဂလိကဆေးရုံနီး – စျေးနီး – ကျောင်းနီး-စားသောက်ဆိုင်- Golf ကွင်းအနီး
Orange / Supermarket (၅) မိနစ်

💰 သိန်း ၃,၂၀၀ (ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်း)

📑 မှတ်ပုံတင် စာချုပ်ကြီး (အမည်ပေါက်)

အကျိုးတူ ၁း၁ 👌

# သိလိုသမျှ အသေးစိတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📱09 407 345 407 📱09 663 663 667

🤝သော်တာဆန်းရဲ့ ကျွမ်းကျင်သော၀န်ဆောင်မှုနဲ့အတူ စိတ်ချ ခိုင်မာ အိမ်၊ ခြံမြေ ၀ယ်ယူလိုက်ပါ👌

🗣၀ယ်ချင်လား? ရောင်းချင်လား? သတိရပေးပါ*
# Your Partner in Property & Legal Success!

#သန်လျင်အိမ်ခြံမြေအကျိုးဆောင်
#သော်တာဆန်း
#သန်လျင်အိမ်ခြံမြေ #အကျိုးဆောင်

ပွဲလေးတပွဲတည့်တော့ပွဲခတောင်းမိတာပေါ့ နည်းနည်းတော့ကြာပါပြီလေရော့ငါ့မောင် ပွဲခတကျပ်တဲ့သိန်း ၁၀၀၀ တည့်တော့ ပုံမှန် နှစ်ကျပ်...
24/12/2025

ပွဲလေးတပွဲတည့်တော့
ပွဲခတောင်းမိတာပေါ့
နည်းနည်းတော့ကြာပါပြီလေ
ရော့ငါ့မောင် ပွဲခတကျပ်တဲ့
သိန်း ၁၀၀၀ တည့်တော့ ပုံမှန် နှစ်ကျပ်ပေးရမှာလေဆိုတော့

မဟုတ်ဘူး ငါ့မောင်ရဲ့
ငါ့မောင် မအပ်ခင်ကတည်းက တယောက်ကိုအပ်ပြီးသားမို့ သူ့တကျပ်ပေးရမှာလေတဲ့

ဟောဗျာ အရောင်းထဲဖြင့်တော့ ကျွန်တော်တယောက်ထဲလေ
တပွဲလုံး ဘယ်နေရာမှလည်းမမြင်မိပါဘူး

ဒီလို ငါ့မောင်ရဲ့
ငါ့မောင်ကို ဒီအိမ်နဲ့ခြံ မအပ်ခင်ကတည်းက
တို့ရွာက နတ်ကတော်ပင့်ပြီး ကိုကြီးကျော်ဆီ
အရင်အပ်တာကွဲ့

သူကနေ နတ်ဝင်ပူး ဖုန်းပွတ်ပြီး ဒီကောင်လေးကို ငါခိုင်းမယ်ဆိုလို့
ငါ့မောင်ဆီအပ်တာလေ
ငါ့မောင် ကျေးဇူးမကန်းရဘူးလေ

ဟောဗျာ ဒုက္ခပါပဲဗျာ

ပွဲစားသက်တမ်းတလျောက် ဘယ်တုန်းကမှ
(၃၇)မင်းနဲ့ ပွဲခွဲရလိမ့်မယ်လို့ မျှော်လင့်မထားဘူးဗျာ

ရှိစေတော့ဗျာ
ကျုပ်လည်းဂုဏ်တခုတော့ တိုးတာပေါ့
နတ်တွေနဲ့တောင် ပွဲဖြစ်ရပြီဆိုတော့

U Myo Min Thant (မုံရွာအိမ်ခြံမြေ)

ဒီကာလ ဒီစျေး ဒီနေရာ ဒီကွာလတီ ဒီတိုက်ခန်း တန်နေပြီနော် အထုတ်ဆွဲတက်နေဖို့ ➡️ အသင့်နေထိုင်နိုင်မည့် အခန်းအလှလေး!🏡 🔥  #အင်းစ...
14/12/2025

ဒီကာလ ဒီစျေး ဒီနေရာ ဒီကွာလတီ ဒီတိုက်ခန်း တန်နေပြီနော်
အထုတ်ဆွဲတက်နေဖို့
➡️ အသင့်နေထိုင်နိုင်မည့် အခန်းအလှလေး!
🏡 🔥 #အင်းစိန်မြို့နယ် – က-၂ လမ်း အရောင်းခန်းလေး 🔥
🔶 ဒီအခန်းလေးက ကိုယ်တိုင်နေဖို့ ကွာလတီမြင့်ပစ္စည်းများသာအသုံးပြုပြီး ပြင်ဆင်ထားသော နေရာကောင်း ပတ်၀န်းကျင်သန့် တိုက်ခန်းအရောင်း
ဒီဈေးနှင့် ဒီလိုကွာလတီမြင့်နဲ့ နေထိုင်ဖို့ တန်နေပြီနော်
----------------
🔶 Property Details
🧱 BCC ကျပြီး • ဂရမ်မြေပေါ် တည်ဆောက်ထားတဲ့
📍 အင်းစိန်မြို့နယ် • က-2 လမ်း
📐 အကျယ်အဝန်း – 17 x 54 ပေ
🏢 အပေါ်ဆုံးထပ် + ထပ်ခိုးပါ
🏠 တိုက်သစ်
🛏 အိပ်ခန်း 2 ခန်း
🚗 ပေ 40 လမ်းကျယ် • ကွန်ကရစ်လမ်းခင်းပြီး
🏠 လမ်းထိပ် MAB / AYA / KBZ Bank ရှိခြင်း
🏡🪜ပစ္စည်းအတင်အချ လွယ်ကူအဆင်ပြေပြီး
ပြေပြစ်သပ်ရပ်သော လှေကား😊
----------------
🔶 Facilities & Interior
🔌 ကိုယ်ပိုင်မီတာ / ကိုယ်ပိုင်ရေစက်
🚿 ဘိုထိုင်အိမ်သာတပ်ဆင်ပြီး
🪵 ပါကေးခင်းပြီး
🔔 လူခေါ်ဘဲလ် + Breaker အသစ်များ
🔧 မီးလိုင်း/မီးခလုတ်များ အပြီးအစီးပြင်ဆင်ပြီး
🪟 သံဗန်းများ၊ ပြူတင်းပေါက်သံဗန်းများ တပ်ဆင်ပြီး
🚰 Pressure Pump + ရေတိုင်ကီ 2 လုံး
💧 ဘေစင် & ရေပိုက်လိုင်းများ ပြည့်စုံစွာတပ်ဆင်ပြီး
----------------
🔶 Document Supported
📄 မြေဂရံ Copy
✍️ မြေပိုင်ရှင် လက်မှတ်
📝 မြေရှင် Contract
💡 လစဉ် မီတာဘေလ်
📜 အရောင်းအဝယ်စာချုပ်
----------------
💰 💵 စျေးနှုန်း – 1500 သိန်း (ညှိနှိုင်း) စျေးနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင့်
ဈေးနှုန်းအလွန်တန်ပြီး၊ Quality ပြည့်မီတဲ့ Unit ဖြစ်ပါတယ်!
----------------
📌 အိမ်ကြည့်လိုပါက

⏰ ၃ နာရီ ကြိုတင်ချိန်းပေးပါရန်
🚫 လမ်းကြုံကြည့်ခြင်း သည်းခံပါရှင့် 🔥

👀 Seriously Buyer Only – ကိုယ်တိုင်လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်
📌 ကျွန်မမိတ်ဆွေ partner ရှေ့နေဆရာမရဲ့ စိတ်ချခိုင်မာတဲ့ အရောင်းခန်းလေးမို့ စိတ်ချလက်ချ နေထိုင်ဖို့ တိုက်ရိုက် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်

📞 ပိုင်ရှင်တိုက်ရိုက် – 09 8866554455
ချစ်ခင်စွာဖြင့်
ThorTarSann


👇 #သန်လျင်အိမ်ခြံမြေအတွက်
📱09 407 345 407 📱09 663 663 667
🤝သော်တာဆန်းရဲ့ ကျွမ်းကျင်သော၀န်ဆောင်မှုနဲ့အတူ စိတ်ချ ခိုင်မာ အိမ်၊ ခြံမြေ ၀ယ်ယူလိုက်ပါ👌
🗣၀ယ်ချင်လား? ရောင်းချင်လား? သတိရပေးပါ*
# Your Partner in Property & Legal Success!
#သန်လျင်အိမ်ခြံမြေ

 #သန်လျင်မြို့ 🏡 အောင်ချမ်းသာ (၂)၊ ဘုရင့်နောင်လမ်းမကြီး (ကျောကပ်)၊ အောင်ချမ်းသာ (၂) ဈေးကပ်လျက်  📐  ၂၀’ x ၆၀’💡 အိမ်ပါ/ ရေ...
23/11/2025

#သန်လျင်မြို့
🏡 အောင်ချမ်းသာ (၂)၊ ဘုရင့်နောင်လမ်းမကြီး (ကျောကပ်)၊ အောင်ချမ်းသာ (၂) ဈေးကပ်လျက်
📐 ၂၀’ x ၆၀’
💡 အိမ်ပါ/ ရေမီးစုံပြီး / လမ်းကျယ် /
🌟 ပုဂ္ဂလိက ဆေးရုံနီး – စျေးနီး – ကျောင်းနီး
💰 စျေးနှုန်း – သိန်း ၂၅၀၀ (ညှိနှိုင်း)

အကျိုးတူ ၁း၁ 👌

# သိလိုသမျှ အသေးစိတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Follow us for more updates
👇 Link is in the first comment.
အသေးစိတ်သိချင်လိုပါက
📱09 407 345 407 📱09 663 663 667
🤝သော်တာဆန်းရဲ့ ကျွမ်းကျင်သော၀န်ဆောင်မှုနဲ့အတူ စိတ်ချ ခိုင်မာ အိမ်၊ ခြံမြေ ၀ယ်ယူလိုက်ပါ👌
🗣၀ယ်ချင်လား? ရောင်းချင်လား? သတိရပေးပါ*
# Your Partner in Property & Legal Success!
#သန်လျင်အိမ်ခြံမြေ

Address

Thanlyin
11291

Website

Alerts

Be the first to know and let us send you an email when Thor.Tar.Sann Real Estate Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category