23/11/2024
မြေတစ်ခြမ်း ဝယ်သူများ သတိထားစရာ။
စလစ် မြေ-ပါမစ်မြေ-ဂရန်မြေ. ဆိုတဲ့
မြေကွက်များပိုင်ရှင်များသည် ငွေကြေးလိုအပ်ချက်အရ
တစ်ခြမ်း ခြမ်းပြီး ရောင်းကြသည်...။
ခြံကို တစ်ခြမ်း ၏ မိတ္တူပေး- ခွဲစိတ်ရောင်းပြီးသော ပိုင်ဆိုင်မှု အများစုသည်
အမည်ပေါက် ခွဲစိတ်ခွင့်မရနိုင်ကြပေ။ခွဲစိတ်ဖို့အတွက်လည်း ခက်ခဲ ကြပါတယ်...။
-
ထိုအဖြစ်မျိုးသည်. အချိန်ကာလ ကြာမြင့်လာလျှင်
မူလပိုင်ရှင်နှင့် စကားပြောကြရမည်ဖြစ်သည်...။
-
မူလပိုင်ရှင်များ ကွယ်လွန်သော်...
ရှေ့ဆက်လုပ်ရန် ပိုမိုးဆိုးရွားနိုင်ပါသည်...။
-
ဝယ်သူ အနေ နှင့် အဲဒီလို အိမ်ခြံမြေ တွေကို
ဝယ်ယူကြတဲ့အခါမှာ.....
-
၁-စလစ်မြေဆိုရင်- ပါမစ် လျှောက် ပြီး ထွက်လာမှငွေချေသင့်တယ်...
ထိုအပြင်- ပါမစ် မူရင်း ကိုင်ခွင့်ရအောင် တောင်းဆိုသင့်ပါတယ်...
တချို့ကတော့ မပေးဘဲ ထားကြတယ်..။
တချို့ကတော့ မူရင်းပေးပြီးရောင်းကြတာတွေ့ဖူးပါတယ်...။
ပါမစ်ဖြစ်လာရင်- စလစ်မြေထက် လုပ်ရ ကိုင်ရတာပိုမို လွယ်ကူပါတယ်...။
ဒါကြောင့် အရောင်းအဝယ်လုပ်ကြတဲ့ အခါမှာ
ငွေမချေခင် - အထက်ပါအချက်တွေကို တောင်းဆိုသင့်ပါတယ်....။
မှတ်ပုံတင်- သန်းခေါင်စာရင်း ...ပါကိုပါမှ ရပါမယ်..။
-
ဂရန်မြေ တွေမှာလည်း
တစ်ခြမ်းဝယ်ပြီး....မူလပိုင်ရှင် မရှိတော့မှ
သား-သမီးတွေ -မြေးတွေလက်ထက်ရောက်မှ
လုပ်ရကိုင်ရခက်ခဲလာတွေ ဖြစ်နေကြတာ
ရန်ကုန် မြို့မှာ အများကြီးပါ...။
-
တချို့မြေတွေက
ပေ ၂၀-၆၀ အောက်ကိုလျော့နေကြတာရှိပါတယ်...
၂၀-၆၀ အောက်ဖြစ်သွားရင် ဂရန် စာအုပ် မထွက်နိုင်ပါဘူး...။
-
ရန်ကုန် မှာ ပေ ၂၀-၆၀-သည်... အနည်းဆုံး အကျယ်ဖြစ်ပြီး
နေပြည်တော်၏ အနည်းဆုံး သတ်မှတ်ချက် မြေအကျယ်သည်
ပေ-၄၀-၆၀ ဖြစ်ပါတယ်...။
-
ဘယ်လောက်ပဲ ကျယ်ကျယ် သတ်မှတ်ထားတဲ့ ပေးအကျယ်ပြည့်မှ
စာအုပ် ထွက်နိုင်ပါတယ်...။
-
သို့သော်... သတ်မှတ်ချက်ရှိပြီးသားမြေ တိုင်းအမှတ်အကွက်ကိုတော့
ခွဲစိတ် မရနိုင်ပါဘူးဆိုတာ သိထားသင့်ပါတယ်....။
-
ဒါကြောင့်
မြေတစ်ခြမ်း ဝယ်ယူသူများအတွက်ကတော့
မြေကိုတစ်ခြမ်းဝယ်ယူပြီဆိုရင် တော့
အထက်ကပြော ခဲ့တာတွေကို သတိထားလုပ်ကိုင်ဝယ်ယူကြပါလို့
တိုက်တွန်းလိုက်ပါတယ်...။
-
အချိန်ကြာလာရင် တန်ဖိုးတက်လာတဲ့အခါ
လောဘ တွေ တက်လာတတ်ကြပါတယ်....
သတိထား လုပ်ကိုင်နိုင်ကြပါစေ..။
- CRD -
MKK Business Group.
ကူးယူလိုပါက- အကုန်ကူးယူစေလိုပါတယ်...။
ချန်လှပ် ကူးယူခြင်း ခွင့်မပြုပါ..။
အိမ် ခြံ မြေ ရောင်းဝယ်ငှား လိုပါက
☎️ ဆက်သွယ်ရန် ☎
၀၉ - ၈၈၀ ၉၉၀ ၀၁၆ (Viber)
#အကျိုးတူရ #အကျိုးဆောင်
#အိမ်ခြံမြေ #ဒဂုံမြို့သစ်မြောက်ပိုင်း
#မြောက်ဒဂုံ #ရန်ကုန်
#ရောင်း