cala gray

cala gray i m not a writer
I just love to write

ကျတော်ရေးတာတွေကို စာပေမသပ်မှတ်ရဲပါဘူးဗျ စာဖက်သူတို့ကိုဒီတိုင်းရင်ဖွင့်နေတယ့်သဘောပါကျတော်ရဲ့ခံစားချက်တွေကိုအချိန်ပေးပြီးဖ...
26/04/2023

ကျတော်ရေးတာတွေကို စာပေမသပ်မှတ်ရဲပါဘူးဗျ
စာဖက်သူတို့ကိုဒီတိုင်းရင်ဖွင့်နေတယ့်သဘောပါ
ကျတော်ရဲ့ခံစားချက်တွေကိုအချိန်ပေးပြီးဖက်ပေးတယ့်သူတွေကိုကျေးဇူးတင်ပါတယ်ဗျ

မြန်မာနိုင်ငံက ထွက်လာတုန်းက ဆောင်းတွင်းထင်တယ် ကျတော်အခု ထိုင်းကလေဆိတ်ကိုရောက်နေပီ အစားအသောက်အနံ့တွေကမွှေးနေတာပဲ ထိုင်းက ယဉ်ကျေးမှုတွေ အစားအသောက်တွေ နဲ့ ကျတော်အတော်လေးရင်းနှိးပါတယ်
ကျတော် ဘဝ ကမြန်မာနိုင်ငံမာမွေးပေမဲ့ထိုင်းမှာစတယ်ဆိုရင်ပိုမှန်ပါတယ်
ထိုင်းမာကျတော်နေလာတယ့်အချိန်‌ ရောပြန်ထွက်သွားတယ့်အချိန်ရောမှာကျတော်တစ်ခါမှထိုင်း
လေဆိတ်မရောက်ဘူး သေးဘူး
အစားအသောက်တွေဝယ်တန်းစီနေကြတယ့်လူ တွေများကြီးပဲ
ကျတော်ကAmericano နဲ့ ဆေးလိပ် ကလွဲရင်မယ်မယ် ရရ စားလေ့သောက်လေ့မရှိဘူး တစ်ချိန်ကတော့ ကျတော်ဘေးနားမှာ အမြဲဗိုက်စာတက်တယ့်ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ် " เครื่องบินของคุณกำลังจะออก โปรดนั่งบนเครื่องบิน " အဲ့အသံကြားမှ
ကျတော်လည်းလေယာဉ်ထွက်ခါနီးတာသတိရလိုက်တယ် အထုတ်တွေပြေးဆွဲတယ့်သူကဆွဲ ဝယ်နေတာတွေလက်စသတ်သူကသတ်နဲ့ ရှုပ်နေကြတယ် ကျတော်ကတော့ passport နဲ့ coffee တစ်ခွက်ကိုင်ပီးလေယဉ်ပေါ်အေးအေးလူလူပဲတက်လာလိုက်တယ်
Rassai ကို8 ရက်တောင်လေယဉ်ဆီးရမာလေ
အခုဆောင်းတွင်းဆိုတော့ဟိုရေခဲအမှတ်ထိကိုအေးမှာ
ဘာလို့သွားတာလည်းဒီအချိန်ကြီး လယ်လို့ပတ်လို့လည်းမရ လို့ပြောရင်တော့ ကျတော့်အတွက်အရေးပါခဲ့ဘူးတယ့်သူတစ်ယောက်ကိုသွားနှုတ်ဆက်မို့ပါ
Rassai ရောက်တော့ ဘယ်သူ့မ ဆောင်းတွင်းအချိန်မာမသွားလောက်တယ့် Moscow မြို့ရဲ့ သုဿာန် တစ်ခုကို လေဆိတိအထွက်မှာတွေ့တယ့် taxi ငှားပြီး ထွက်လာလိုက်တာ ဘယ်လောက်ကြာသွားလည်းသတိမထားမလိုက်ခင်မှာပဲရောက်သွားတယ်
Hotel မှာအိပ်ဖို့ကျတော်မှာစိတ်ကူးမရှိပါဘူး
Taxi ပေါ်ကအဆင်းမှာ မျက်နှာတစ်ခုလုံးအေးဆက်သွားအောင်တိုက်လိုက်တယ့်ဆောင်းလေအေးက မင်းအမှားတွေဘဲလို့ သရော်နေလိုလို ဘယ်သူ့မှမရှိပဲ အမှောင်နဲ့အေးစက်မှုသာကြီးဆိုးနေတယ့်သုဿာန်က အခုမှဘာလုပ်ရတော့မှာလည်းဆိုပီး နောင်တဆိုတယ့်အရာကြီးကိုသင်ပေးနေသလိုလို
ခြေလုမ်းတေ တုံ့ဆိုင်းပီးကြောက်စိတ်ရှုက်စိတ်တွေနဲ့ မျက်နှာချင်းမဆိုင်ဝန့်သလိုလို
မျက်လုံးက Rassai ရဲ့ဆောင်းကိုလှောင်နေတယ်လို့ထင်နေရအောင်ကို ပူ‌ လောင်နေတယ့်ကသောကတွေလို မျက်‌ရည်တွေကထိန်းလို့မရဘူးဗျာ
လျှောက်နေတယ့်‌‌ ခြေလှမ်းတေကရှေ့ကိုဆက်လျှောက်ဖို့အားမရှိစွာနဲ့ ပဲ
သူမရဲ့ သေဆုံးကြောင်းကဗျည်းတိုင် လေးရှေ့ကိုရောက်လာတယ်
ကြည့်စမ်းပါဦးဗျာ သူဘယ်လောက်အထီးကျန်နေတယ်ဆိုတာကို သူ့ကဗျည်းလေးအပေါ် ဖုံးနေတယ့်နှင်းဖွေးဖွေးလေးတွေရိုသက်သေပြုပီးချွဲနွဲ့တိုင်တန်းနေလိုက်တာ
ကျတော်ကျလာတယ့်မျက်ရည်တေကိုထိန်းလို့မရဘူး
မျက်ရည်တစ်စက်ကျတိုင်း ကျတော်ရဲ့အပြစ်တွေ တာဝန်မကျေခဲ့တာတွေ ကိုပြန်ပြင်ဆင်ချင်တယ် လို့ကျတော့်ဦးနှောက်ကမဖြစ်နိုင်တာတွေတောင်းဆိုရင်းအပြစ်နဲ့နောင်တရဲ့ရိုက်ခပ်ဒဏ် တွေကိုကောင်းကောင်းကြီးခံနေရတယ်ဗျာ
အမြင်မှာလှသလောက် အေးစက်ပီး ဝမ်းနည်းဖို့ကောင်းတယ့်နှင်းလေးတွေကိုအသာဖယ်ပေးရင်း
သူကြိုက်ခဲ့ဘူးတယ့် Heather လေးတွေကိုကျတော်
သူ့ကဗျည်းတိုင်လေးရှေ့မှာချပေးလိုက်တယ်
" ငါက Heather လေးတွေကို ကြိုက်တာမဟုတ်ဘူး
နားလည်တာ မပျောက်ကွယ်ခင်မှာလည်း မရှိသလိုလေးပဲ ပျောက်ကွယ်သွားတော့လည်း ဘယ်သူ့ကိုမှမနာကျင်စေဘဲပျောက်ကွယ်သွားတယ် ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်လည်း ငါကိုယ်တိုင်လည်း
တိမ်လို လေလို Heather လေးတွေလိုတည်ရှိမှုနဲ့ပဲလူ့လောကထဲမှာတည်ရှိချင်တယ် "
သူပြောတော့လွယ်တာပေါ့ ထားသွားတယ့်သူလေ ဘယ်သူ့ကိုမှမနာကျင်စေပဲထွက်သွားပါမယ်ဆိုတယ့်ကျတော့်ရဲ့ Heather လေး အခုတော့ ကျတော့်ကိုကောင်းကောင်းကြီးနာကျင်‌စေနေပီလေ သူမသိဘူး ဘယ်သူ့မမှသတိမထားမိတယ့်တည့်ရှိမှုတယ့်ဗျာ
ရယ်ချင်လိုက်တာ သူတည်ရှိနေတာကိုကျတော်ကောင်းကောင်းကြီးသတိထားမိလို့အခုသေချင်ရင်တောင်သေလို့မရတယ့်နာကျင်မှုမျိူနဲ့နာကျင်နေရတာပေါ့ဗျာ
မှောင်နေတယ့်Rassai ရဲ့ဆောင်းနေထွက်လို့နေပြန်ဝင်တာတောင်မသိရဘူး ပိုအေးလာတယ့်လေပြေတွေကြောင့်ညရောက်လာပြီဆိုတာတော့သတိထားမိပါရဲ့
ဒါပေမဲ့ဘယ်လိုလုပ်ရမလည်းဗျာ သူ့ကိုတစ်ယောက်တည်းထားခဲ့ရဦးမယ်
ကိုယ်ကသာ taxi ထွက်ငှားနေတာ စိတ်က
သုဿာန်မှာကျန်ခဲ့လို့ လွတ်သွားတယ့် taxi တေမနဲဘူး
အေးတယ် ရာသီဉတုက အရမ်းအေးတယ်
ဒီထက်ပိုအေးလာဖို့ပဲရှိတယ့်ရာသီဉတုကို အံတုပီးလမ်းခနလောက်ဆက်လျှောက်တော့ gas station နဲ့ motel တွဲဖွင့်ထားတယ့်နေရာလေးရောက် လာတယ်
အထဲမှာမီးမှိန်မှိန်လေးနဲ့ လေနွေးနွေးလေးက မထည်ဝါပေမဲ့သပ်သပ်ရှိပါတယ်လို့နှုတ်ကမပြောပေပေါ်လွင်စေတယ့်ပြင်ဆင်မှုမျိုးနဲ့ဗျ
တစ်ယောက်ခန်းကမရှိတော့လို့ နှစ်ယောက်ခန်းပဲယူလိုက်တယ် ကျတော်တစ်ခါမှ အစားအသောက်ကိုစားချင်စိတ်ရှိလို့မစားခဲ့ဘူးဘူး
တာဝန်တစ်ခုလိုပဲပြုမူပီးစားသောက်ခဲ့တာ အခု ပထမဦးဆုံးအကြိမ် ညစာ menu ကိုကြည့်လိုက်တော့ စားချင်စိတ်ဖြစ်လာတယ်
brownies နဲ့ hot chocolateမှာပြီးအခန်းထဲကိုလာပို့ပေးပါ လို့ပြောတော့ hotel stuff ကကြောင်ကြည့်တယ်
ကျတော်လည်းကျတော့်အတွေးနဲ့ကျတော် မြန်မာလိုကြီးမှာမိသွားတာပဲ အက်တာကြောင့် ကြောင်သွားတာ
ဒီနေ့တစ်ကုန်ဖြစ်ပျက်ခဲ့တယ့်အထဲမှာ စာဖက်သူတို့အတွက်တော့မသိဘူး ကျတော်အတွက်တော့ဒါက တစ်နေကုန်ကြုံလာတယ့် စိတ်ဒုက္ခတွေကို ‌အတွက် ဟာသမြောက်နေလွန်းတယ်
ဘယ်လိုတွေဖြစ်သွားလည်းမသိဘူး hotel stuff တွေ "အဆင်ပြေရဲ့လား ရဲစခန်းနဲ့ဆက်သွယ်ပေးရမလား"
လို့ပြောရလောက်တယ့်အထိ အရူးတစ်ယောက်လိုရယ်မိနေတယ် ရပ်လို့မရဘူးဗျာ ကျတော့်ဘဝကြီးကလည်းရသမြောက်တယ့်ပြဇာတ်ကြီးတစ်ပုဒ်လိုပဲ
ကိုယ့်စိတ်ကို ကိုယ်မနဲပြန်ထိန်းပြီး" brownies and hot chocolate to my room " ပြောပီး အပေါ်ကိုတက်လာလိုက်တယ်
အခန်းထဲရောက်တော့ ကျတော့် laptop လေးဖွင့်ပီး စာဖက်သူတို့အခုဖတ်နေတယ့် ဘာဗဟုသုတမှမရ
တယ့် ကျတော်ခံစားရသမျှကိုစာစီပြီးစရေးတယ် ကျတော်ရေးရင်းနဲ့အချို့အခန်းတွေမှာရေးတယ့်အခါမျက်ရည်တွေပါကျလာတယ် ဘယ်လောက်ကြာသွားလည်းမသိ အခန်းက ပြန်အပ်ရတော့မယ်လို့ stuff တစ်ယောက်လာပြောမှပဲမိုးလင်းနေတာသတိထားမိတော့တယ် ဘယ်အချိန်ကလာပို့မှန်းမသိတယ့်ကျတော်မှာထားတယ့် brownies ရော hot chocolate ရော အေးတောင်အေးနေပီ
ပြန်ဖို့ပြင်ရဦးမယ် ဘယ်ဆိုတာထပ် green land ကိုသွားမှာပါ စာဖက်သူတို့ အကြောင်းအရင်းကတော့ အေးစပ်နေတယ့်နောက်ထပ်နေရာတစ်ခုရဲ့အထိအတွေ့ကိုခံစားချင်လို့ပါ လွမ်းနောစရာပေါ့ဗျာ

ကျတော်ကစာရေးဆရာလည်းမဟုတ်ပါဘူး ကျတော်ရေးနေတာတေကိုအနုပညာလို့လည်းခေါင်းစဉ်မတက်ရဲဘူး ဒီတိုင်းစာလို့ပဲတွေးပေးပါ ဘာစာလည်းလို့လ...
04/04/2023

ကျတော်ကစာရေးဆရာလည်းမဟုတ်ပါဘူး ကျတော်ရေးနေတာတေကိုအနုပညာလို့လည်းခေါင်းစဉ်မတက်ရဲဘူး ဒီတိုင်းစာလို့ပဲတွေးပေးပါ ဘာစာလည်းလို့လာမေးရင်တော့ကျတော်ထွက်သမျှခရီးတွေအကြောင်းအသေးစိတ်ကအစရေးထားတာပေါ့
ဒါဒေသံဒရဗဟုသုတလားဆိုတော့ မဟုတ်ဘူး
ကျတော်လွတ်ချပစ်ချင်တယ့်စိတ်ခံစားချက်အချို့ကြောင့် ခရီးတေအများကြီးထွက်ပီး ခံစားရသမျှစာအဖြစ်ပြောင်းပီးမျှဝေတယ့်သဘောပါပဲ........................................................

မြန်မာနိုင်ငံ တစ်နည်းအားဖြင့်ပြောရရင်ကျတော့်ရယ့်မွေးရပ်မြေ‌ပါ လေဆိတ်ကိုခြေချလိုက်တည်းက
အော် ဒီစကားမျိုးတောင်မကြားရတာအတော်ကြာသွားပါပီလား "မင်္ဂလာပါရှင့် skytraxကိုဆီးနှင်ပေးတယ့်အတွက်ကျေးဇူးအထူးတင်ပါတယ်"
ကျတော်ဒီလေဆိတ်ကိုလာခဲ့‌တယ့်နောက်ဆုံးအချိန်ကိုမှတ်တောင်မမှတ်မိတော့ဘူး
အတိတ် အတိတ်ဆိုတာထားခဲ့ပီးအနာဂါတ်ကိုဆက်လှမ်းမာပဲလေဆိုတယ့်စကားကိုကျတော်ခနခန ကြားဘူးတယ် childhood အဲ့စကားလုံးလေးကိုသိပ်ကြိုက်တယ် ကျတော်အတွက်အရမ်းတန်ဖိုးကြီးပီးကျတော်လက်လှမ်းမမှီနိုင်တယ့်အရာလိုပဲ
ကျတော့်ကလေးဘဝကိုပြန်တွေးကြည့်ရင်းနဲ့ပဲ လေဆိတ်အပြင်ကိုကားငှားဖို့ထွက်လာလိုက်တယ်
"အကို taxi လား" "အကိုဘယ်သွားမို့လည်း"
ကားသမား အက်လိုခေါ်တာလား ရီချင်စရာကောင်းလွန်းတယ် ကျတော်လစ်လျှူရှုတာနဲ့ကျင့်သားရနေပါပီ
လေဆိတ်ဝန်းကြီးကိုကျောခိုင်းပီးအပြင်ကိုတောင်လျှောက်ထွက်ခဲ့တယ် 'အနီးဆုံးကားမှတ်တိုင်ကိုလာရှာတာပါလို့ ' အဒေါ်ကြီးတစ်ယောက်ကိုမေးလိုက်တယ်သူက ကျတော်ကိုဘာကားဆီးမာလည်းတယ် ကျတော်မစဉ်းစားရသေးဘူးလို့ပြောလိုက်ရင်အဲ့အဒေါ်ကြီးကျတော်ကိုသေချာပေါက်ရူးနေတယ်လို့ထင်သွားမာ ကျတော်မြန်မာနိုင်ငံ နဲ့ ပတ်တယ့်အကြောင်းတေကို ကျတော်အနည်းကျင်းလောက်ပဲမှတ်မိတော့တယ်
ကျတော်မြို့ထဲ ‌သွားမာလို့ပဲပတ်စပ်ထည်းရှိရာပြောလိုက်တယ် သူက သူစီးမယ့်ကားနဲ့အတူတူပဲတယ့် ကျတော်သူစီးတယ့်ကားပေါ်တက်ပီးသူဆင်းတယ့်မှတ်တိုင်မာပဲလိုက်ဆင်းခဲ့တယ်
လမ်းတေအကြာကြီးလျောက်‌နေမိတယ်ဘယ်သွားမယ်ဆိုပီးစဉ်းစားထားတာလည်းမရှိဘူး ခြေဦးဝာယ့်ရာသွားနေလိုက်တာ မိုးချုပ်တယ့်အထိပဲ
ကျတော် ညဘက်တေကို မအိပ်လည်း နေသားကျနေပါပီ
ဒါပေမယ့် ကျတော်စိတ်က ဆက်လျှောက်နိုင်သေးရင်တော် ဘုရားပေးတယ့်ဒီခန္ဓာကိုယ်ကြီးက မနားရင် နောက်နေ့အတွက်ခံနိုင်‌ရည်ဆိုတယ့် အရာကို ဆက်ပေးမယ် မထင်တော့ဘူး
အနီးနာမာရှိတယ့် တည်းခိုခန်းကိုလိုက်ရှာရတော့တယ်
လမ်းအများကြီးထပ်လျှောက်ဖြစ်လိုက်ပါတယ် ဘယ်ရောက်နေမှန်းတော့မသိဘူး သိရိမွန်တည်းခိုခန်းတယ့်
ကျတော်ဝင်သွားလိုက်တယ်
အခန်းတစ်ခုလိုက်ပြတယ် ဝန်ထန်းကောင်လေးနှစ်ယောက်က အခန်းလေက အရမ်းကြီးထည်ထည်ဝါဝါကြီးတော့မဟုတ်ပေမဲ့ သတ်သတ်ရပ်ရပ်ကလေးပါ
မျက်လုံးတေကမအိပ်ချင်ဘူး အိပ်ဖို့ကြိုးစားတာနဲ့ အတွေးတွေ အများကြီးပဲရုန်းမ ထွက်နိုင်ဘူး
ဘဝ မှားလို့ မှားလို့ ကျတော့်ဘဝ က မူးရစ်ဆေးသုံးနေရသလိုပဲ အက်အရာမကောင်းမှန်းသိရက်နက်မဖျက်ပစ်ချင်ဘူး ဖျက်ပစ်လိုက်ရင်ခံစားရမယ့်နာကျင်မှုကို မခံစားရဲသလိုမျိုး ပင်ပန်းတယ်
ပင်ပန်းတယ် အက်လောက်ပါပဲ ကိုခံစားရတယ့်ဒုက္ခကို သူများတေသနားအောင်အများကြီးညီးညူမပြချင်ဘူး ပင်ပန်းတယ်ဆိုတာ ကျတော့်တစ်ဘလုံးခံစားလာရသမျှ အတွက်အက်စကားလုံးကလုံလောက်ပါတယ်
တွေးရင်းနဲ့ပဲ မိုးလင်းလို့
လေဆိတ်ပြန်သွားရဦးမယ် ညနေတည်းကဘယ်ကိုရောက်နေမုန်းမသိတာအခုထိပဲ လမ်းလျှောက်ပီးပြန်သွားချင်ပါတယ်ဆိုရင်တောင်လမ်းမမှတ်မိတော့ပါဘူး တည်းခိုခန်းအပြင်ထွက်ပီး taxi ငှားပီးပဲလေဆိတ်သွားလိုက်တော့တယ်
မနေ့နက်ဒီနေ့ပေါင်းရင်ကျတော်ဆေးလိပ် ငါးဘူးလောက်ရှိမယ်ထင်တယ် သောက်ဖြစ်တယ်ဗျ
ကောက်ဖီ ကတော့မ မှတ်မိတော့ဘူး တည်းခိုခန်းမှာမသောက်ဖြစ်ဘူးဆိုတော့ လေးငါးခွက်ရှိမယ်ထင်တယ်
လေဆိတ်ရောက်ပါပီအကို တယ့် ကျတော်သွားခဲ့တယ့်နိုင်ငံတေထက်မာ ပြန်လာရဲလောက်တယ့်သတ္တိမရှိတယ့်နိုင်ငံ ကျတော်ရယ့်မွေးရပ်မြေ မြန်မာနိုင်ငံလည်း ပါတယ် ဘာကြောင့် ဆိုတာထက် အတိတ်တွေ ကတွေးကြည့်ဖို့ပင်ပန်းလွန်းပါတယ်ဗျာ

Address

Thilawa
Thanlyin

Website

Alerts

Be the first to know and let us send you an email when cala gray posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to cala gray:

Share

Category