Dollar Real Estate & General Services

Dollar Real Estate & General Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dollar Real Estate & General Services, Estate agent, 292, Dollar Street, Myat Yadanar Section-4, Aung Chan Thar, Thanlyin.

  me!
10/05/2019

me!

24/07/2018

၂၀၁၈ ခုႏွစ္၊ ၾသဂုတ္ ၁ ရက္ေန႔မွာ အသက္ဝင္မယ့္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒအရ ျပည္တြင္းရွိ မွတ္ပံုမတင္ရေသးတဲ့ စီးပြားေရးလုပ္ငန္းမ်ားသာမက မွတ္ပံုတင္ၿပီးသားကုမၸဏီမ်ားအားလံုးဟာ www.myco.dica.gov.mm ဝက္ဘ္ဆိုဒ္ မွတစ္ဆင့္ အီလက္ထေရာနစ္ ကုမၸဏီမွတ္ပံုတင္စနစ္သစ္ (Myanmar Companies Online-MyCO) ျဖင့္ ျပန္လည္မွတ္ပံုတင္ရမွာျဖစ္ပါတယ္။

မွတ္ပံုတင္ျခင္းကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၁ ရက္ေန႕မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၃၁ ရက္ေန႕အထိ သတ္မွတ္ကာလ (၆) လအတြင္း ေဆာင္ရြက္ရမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒ အေၾကာင္း သိေကာင္းရာမ်ား နဲ႔ Myanmar Companies Online-MyCO ျဖင့္ ကုမၸဏီမ်ား ျပန္လည္မွတ္ပံုတင္ျခင္းနဲ႔ ပတ္သက္ျပီး ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန (DICA) မွ တာဝန္ရွိသူမ်ားက ယေန႔ ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ အမ်ားျပည္သူသို႔ ရွင္းလင္းတင္ျပခဲ့ပါတယ္။

DICA မွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ႏိုင္ဦး နဲ႔ ကုမၸဏီေရးရာဌာနခြဲ ညႊန္ၾကားေရးမွဴး ဦးမ်ိဳးမင္းတို႔ တင္ျပခဲ့တဲ့ Presentation PDF ဖိုင္မ်ားကို ေဝမွ်လိုက္ရပါတယ္။

‘ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒ ၂၀၁၇ ႏွင့္ ပတ္သက္၌ ကုမၸဏီမ်ားႏွင့္ စီးပြားေရးအဖြဲ႕အစည္းမ်ား သိရွိလိုက္နာရန္လိုအပ္သည့္ အခ်က္အလက္မ်ား’
(ဦးေအာင္ႏိုင္ဦး)

👉 http://bit.ly/2ND5SfT

‘ကုမၸဏီမွတ္ပံုတင္စနစ္သစ္ Myanmar Companies Online-MyCO’ (ဦးမ်ိဳးမင္း)

👉 http://bit.ly/2LuTzVE

ကုန္သည္စက္မႈအသင္းခ်ဳပ္

16/03/2018

မြမြခ်္

  handmade
06/02/2018

handmade

(၁) ရိုးရာေစ်း (www.yoeyarzay.com) ဆိုတာဘာလဲ။

ရိုးရာေစ်း ဆိုသည္မွာ E-commerce platform တစ္ခုျဖစ္ျပီး ၀ယ္ယူသူႏွင့္ေရာင္းခ်သူမ်ား ကို အလြယ္တကူခ်ိတ္ဆက္ေပးႏိုင္ေသာ အြန္လိုင္းေစ်း တစ္ခုျဖစ္ပါတယ္။

(၂) ရိုးရာေစ်း (www.yoeyarzay.com) နဲ ့အျခား E-commerce website ေတြနဲ ့ဘာကြာသလဲ။

ျမန္မာျပည္ရွိ E-commerce site ေတာ္ေတာ္မ်ားမ်ားဟာ ကုန္ပစၥည္းအစံုအလင္ေရာင္းခ်ေသာ E-commerce site ေတြျဖစ္ပါတယ္။

ရိုးရာေစ်း (www.yoeyarzay.com) ကေတာ့ ျမန္မာ့ရိုးရာလက္မွဳပစၥည္းမ်ားႏွင့္ျမန္မာ့ရိုးရာထုတ္ကုန္မ်ားကို သာ ေရာင္းခ်ေပးေသာ E-commerce site ျဖစ္ပါတယ္။

(၃) ရိုးရာေစ်း (www.yoeyarzay.com) မွာ ဆိုင္ခန္းဖြင့္ေရာင္းခ်လိုလွ်င္ အခေၾကးေငြေပးရမလား။

ဆိုင္ခန္းဖြင့္ေရာင္းခ်ဖို ့အတြက္ အခေၾကးေငြ ေပးစရာမလိုပါ။ ရိုးရာေစ်း website ေပၚကေန သင့္ကုန္ပစၥည္း ေရာင္းခ်ရမွသာလွ်င္ ၀န္ေဆာင္ခအေနနဲ ့ရာခိုင္ႏွုန္း (10%) ယူမွာျဖစ္ပါတယ္။

(၄) ပစၥည္းအမွာစာတတ္လွ်င္ ဘယ္လို လုပ္ရမလဲ။

Website ေပၚမွ အမွာစာတတ္လွ်င္ သင့္ထံ email ေရာက္ရွိပါမည္။ page ေပၚမွ အမွာစာ တတ္လွ်င္ ရိုးရာေစ်းတာ၀န္ရွိသူမ်ားက သင့္ထံဆက္သြယ္ျပီး အသိေပးပါမည္။

အမွာစာတတ္သည့္ ကုန္ပစၥည္းကို ဆိုင္မွာ ထုပ္ပိုးျပင္ဆင္ထားရပါမည္။

ရိုးရာေစ်းတာ၀န္ရွိသူမ်ားက သင့္ဆိုင္မွ ကုန္ပစၥည္းမ်ားကို လာေရာက္ယူေဆာင္ျပီး မွာယူသူထံပို ့ေဆာင္က ပစၥည္းဖိုးကို ေကာက္ခံေပးပါမည္။

(၅) ရိုးရာေစ်း (www.yoeyarzay.com) မွာဆိုင္ခန္းဖြင့္ဖို ့ဘာေတြလိုမလဲ။

ကိုယ္တိုင္ ဆိုင္ခန္းဖြင့္ဖို့အတြက္ computer မွေသာ္လည္းေကာင္း၊ ဖုန္းကေသာ္လည္းေကာင္း စီမံႏိုင္ပါတယ္။ (ကြန္ျပဴတာအသံုးျပဳလွ်င္ပို ျပီးအဆင္ေျပပါတယ္) ဆိုင္ခန္းဖြင့္ရာတြင္အခက္အခဲရွိပါက ရိုးရာေစ်းမွ တာ၀န္ရွိသူမ်ားကိုယ္တိုင္ျပသ သင္ၾကားေပးပါမည္။

ကိုယ္တိုင္ မဖြင့္လိုပါက ကြ်န္ေတာ္တို ့ရိုးရာေစ်းဖက္မွ သင့္ဆိုင္နာမည္ျဖင့္ ဆိုင္ခန္းဖန္တီးေပးကာ စီမံခန္ ့ခြဲေပးပါမည္။

ဆိုင္ခန္းမွာတင္ဖို ့အတြက္ products ပံုမ်ား၊ ေဖာ္ျပခ်က္မ်ား၊ ေစ်းႏွုန္းမ်ားကို ဆိုင္ခန္းဖြင့္လိုသူဖက္မွ ေထာက္ပံ့ေပးရပါမည္။

(၆) ပစၥည္းေရာင္းခ်ရျပီးလွ်င္ ပိုက္ဆံခ်က္ခ်င္းရမွာလား

ခ်က္ခ်င္းေတာ့မရႏိုင္ပါ။ တစ္လတစ္ၾကိမ္ (သို ့မဟုတ္) ၂ ပတ္တစ္ၾကိမ္ ျပန္လည္ရွင္းလင္းေပးမည္ျဖစ္ပါသည္။

(၇) ဘာလို ့ရိုးရာေစ်းမွာ ဆိုင္ခန္းဖြင့္ျပီး ပစၥည္းေရာင္းသင့္တာလဲ။ ဘာအက်ိဳးေက်းဇူးေတြရမလဲ

(၁) သင့္ကုန္ပစၥည္းမ်ားကို အြန္လိုင္းေစ်းကြက္ေပၚခ်ဲ ့ထြင္ႏိုင္မည္ျဖစ္လို ့customers အသစ္မ်ားရရွိလာမည္
(၂) ကုန္က်စရိတ္မရွိပဲ Online ဆိုင္ခန္း တစ္ခုရရွိပါမည္။
(၃) website မွာတင္ထားေသာ သင့္ကုန္ပစၥည္းမ်ားကို ရိုးရာေစ်းမွတာ၀န္ယူေၾကာ္ျငာေပးမွာျဖစ္လို ့ေၾကာ္ျငာစရိတ္မကုန္က်ျခင္း
(၄) အမွာစာရပါက ပစၥည္းကို ျပင္ဆင္ေပးထားရံုသာ လိုအပ္ျပီး က်န္ရွိသည့္အပိုင္းမ်ားကို ရိုးရာေစ်းမွ တာ၀န္ယူေပးျခင္း

(၈) ဆိုင္ခန္းဖြင့္ဖို ့ဘယ္လိုဆက္သြယ္ရမလဲ။

ရိုးရာေစ်းဖုန္း 0979668438 ကို ဆက္သြယ္ႏိုင္ပါတယ္။

Email: [email protected] ကို ဆက္သြယ္ႏိုင္ပါတယ္။

ရိုးရာေစ်း page: yoeyarzay.com ကို ဆက္သြယ္ႏိုင္ပါတယ္။
ရိုးရာေစ်းရံုးခန္း : အမွတ္ (၅၉) ပထမထပ္ ကြ်န္းေတာလမ္း စမ္းေခ်ာင္းကို လူကိုယ္တိုင္လာေရာက္ ေမးျမန္းႏိုင္ပါတယ္။

24/07/2017

ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) 2009)
ျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ တုံ႔ျပန္ေဆာင္ရြက္ျခင္းလုပ္ငန္းမ်ား အားျဖည့္ေဆာင္ရြက္လ်က္ရွိ

ေနျပည္ေတာ္၊ ဇူလိုင္လ (၂၄)ရက္

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ ကူးစက္ေရာဂါမ်ား၊ ကူးစက္ျမန္ေရာဂါမ်ား ေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ ထိေရာက္စြာတုံ႔ျပန္ ေဆာင္ရြက္ျခင္းလုပ္ငန္းမ်ားကို ဦးစားေပးေဆာင္ရြက္လ်က္ရွိရာ အထူးသျဖင့္ တစ္ကမၻာလုံး အတိုင္းအတာျဖင့္ ကပ္အသြင္ျဖစ္ပြားနိုင္ေသာ ကူးစက္ေရာဂါမ်ား ေစာင့္ၾကပ္ ၾကည့္ရႈျခင္း လုပ္ငန္းမ်ားကို အျပည္ျပည္ဆိုင္ရာက်န္းမာေရးစည္းမ်ဥ္းမ်ား (၂၀၀၅)ႏွင့္အညီ ကမၻာ့က်န္းမာေရးအဖြဲ႕၊ ေဒသတြင္းအဖြဲ႕အစည္းမ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါသည္။

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လအတြင္း ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕တြင္ ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) 2009) ဓာတ္ခြဲ အတည္ျပဳ လူနာ(၁၀)ဦး၊ ေသဆုံးလူနာ(၁)ဦး ရွိခဲ့ပါသည္။ ထို႔အျပင္ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ ေဆး႐ုံႀကီးတြင္ လူနာ(၂)ဦး၊ ရန္ကုန္ၿမိဳ႕၊ အေထြေထြေရာဂါကုေဆး႐ုံသစ္ႀကီးတြင္ လူနာ(၁)ဦးတို႔သည္ ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) 2009) ျဖင့္ ဇူလိုင္လအတြင္း တက္ေရာက္ကုသခဲ့ၿပီး လိုအပ္ေသာက်န္းမာေရးေစာင့္ေရွာက္မႈမ်ား ခံယူလ်က္ရွိပါသည္။

ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) 2009) ေစာင့္ၾကပ္ ၾကည့္ရႈျခင္း၊ ႀကိဳတင္ကာကြယ္ျခင္းႏွင့္ ထိေရာက္စြာ တုံ႔ျပန္ေဆာင္ရြက္ျခင္းလုပ္ငန္းမ်ားကို အားျဖည့္ေဆာင္ရြက္နိုင္ေရးအတြက္ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးကို ဇူလိုင္လ (၂၄)ရက္ေန႔၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ဦးေဆာင္၍ က်င္းပျပဳလုပ္ခဲ့ပါသည္။

အစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီးက အမွာစကားေျပာၾကားရာတြင္ -“၀န္ႀကီး ဌာနအေနျဖင့္ လက္တေလာရာသီတုပ္ေကြးျဖစ္ပြားေနမႈမ်ားႏွင့္ ပတ္သက္၍ တုပ္ေကြး ဆန္ေသာေရာဂါလကၡဏာမ်ား(Influenza Like Illness – ILI) ျဖစ္ပြားမႈ ၊ ျပင္းထန္ အဆုတ္ေရာင္ (Severe Acute Respiratory Infection – SARI) ျဖစ္ပြားမႈ စသည္တို႔အားေစာင့္ၾကပ္ၾကည့္ရႈျခင္းႏွင့္ ေရာဂါျဖစ္ပြားကူးစက္မႈမွကာကြယ္နိုင္ေရးအတြက္ က်န္းမာေရးပညာေပးလုပ္ငန္းမ်ားအား ေဆး႐ုံႀကီးမ်ား၊ ၿမိဳ႕နယ္အဆင့္ႏွင့္ ျပည္သူ လူထုအတြင္း ယခုထက္ ပိုမိုတိုးျမႇင့္ေဆာင္ရြက္လၽွက္ရွိပါေၾကာင္း၊ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပည္သူလူထုအတြင္း သတင္းအမွန္ရရွိေရးႏွင့္ ေၾကာက္လန္႔မႈမရွိေစေရးအတြက္ မိမိတို႔ ဝန္ႀကီးဌာနအေနျဖင့္ေဆာင္ရြက္ထားရွိမႈမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ သတင္းထုတ္ျပန္ သြားမည္ျဖစ္ပါေၾကာင္း၊ ေရာဂါကုသမႈ၊ တုံ႔ျပန္ေဆာင္ရြက္မႈ၊ ႀကိဳတင္ကာကြယ္မႈတို႔ႏွင့္ ပတ္သက္၍ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ လမ္းညႊန္ခ်က္မ်ားအားလည္းထုတ္ျပန္ၿပီး ျဖစ္ပါေၾကာင္း၊ အျပည္ျပည္ဆိုင္ရာ က်န္းမာေရးစည္းမ်ဥ္းမ်ားႏွင့္အညီ ကမၻာ့က်န္းမာေရး အဖြဲ႕သို႔လည္း သတင္းေပးပို႔ၿပီးျဖစ္ေၾကာင္း၊ လိုအပ္မည့္ေဆးဝါးမ်ား၊ ေရာဂါကာကြယ္ေရး ပစၥည္းမ်ားလည္းအရန္သင့္ရွိပါေၾကာင္း” ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ကုသေရးဦးစီးဌာန၊ ညႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာ ျမင့္ဟန္၊ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္(ဓါတ္ခြဲ) ပါေမာကၡေဒါက္တာေဌးေဌးတင္ႏွင့္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္တို႔က ေဆာင္ရြက္ထားရွိမႈမ်ား၊ ဆက္လက္ေဆာင္ရြက္သြားမည့္ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ အေသးစိတ္တင္ျပေဆြးေႏြးခဲ့ပါသည္။ အစည္းအေဝးသို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ ကုသေရးဦးစီးဌာနမ်ားမွ ညႊန္ၾကားေရးမႉးခ်ဳပ္၊ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ညႊန္ၾကားေရးမႉးမ်ား၊ ေနျပည္ေတာ္ခုတင္(၁၀၀၀) အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ အေထြေထြေရာဂါကုသမားေတာ္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ ေဆြးေႏြးခဲ့ပါ သည္။

တုပ္ေကြးေရာဂါပိုး (Seasonal Influenza A(H1N1) 2009) အပါအဝင္ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားမႈသည္ တစ္ကမၻာလုံးလူဦးေရ၏ (၅) ရာခိုင္ႏႈန္းမွ (၃၀) ရာခိုင္ႏႈန္းအထိ ႏွစ္စဥ္ျဖစ္ပြားလ်က္ရွိၿပီး ေရာဂါျဖစ္ပြားသူမ်ား၏ (၁)ရာခိုင္ႏႈန္းေအာက္သာ ေသဆုံးမႈရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားပါသည္။

ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) 2009) ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေသာ ေရာဂါႀကိဳတင္ကာကြယ္ေရးႏွိုးေဆာ္ခ်က္မ်ားကို လိုက္နာေဆာင္ရြက္သြားၾကရန္ႏွင့္ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ား ျဖစ္ပြားလာပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ သတင္းေပးပို႔ ကုသမႈခံယူရန္လိုအပ္ေၾကာင္းႏွင့္ ရာသီတုပ္ေကြးျဖစ္ပြားမႈသည္ ႏွစ္စဥ္ ျဖစ္ပြားေလ့ရွိေသာ ေရာဂါတစ္ခုျဖစ္ပါ၍ ဝန္ႀကီးဌာနကထုတ္ျပန္ေသာ ေရာဂါႀကိဳတင္ ကာကြယ္ေရးႏွိုးေဆာ္ခ်က္မ်ားကို ျပည္သူမ်ားအေနျဖင့္ လိုက္နာေဆာင္ရြက္ျခင္းအားျဖင့္ ေရာဂါျဖစ္ပြားမႈအား ႀကိဳတင္ကာကြယ္ကုသမႈနိုင္မည္ျဖစ္ၿပီး အထူးစိုးရိမ္ေၾကာင့္ၾကစရာ မလိုအပ္ပါေၾကာင္း သတင္းရရွိပါသည္။

ဝန္ႀကီးဌာနအေနျဖင့္ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ဝန္ႀကီးဌာန၏ အင္တာနက္စာမ်က္ႏွာျဖစ္ေသာ www.mohs.gov.mm ႏွင့္ Myanmar CDC ၏ facebook စာမ်က္ႏွာမ်ားမွ သတင္းထုတ္ျပန္ေပးသြားမည္ ျဖစ္ၿပီးH1N1ေရာဂါျဖစ္ပြားသည္ဟု သံသယရွိပါက ႏွာေခါင္းတို႔ဖတ္ (nasopharyngeal swab) အား အမ်ိဳးသား က်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာန၊ အမွတ္(၃၅)၊ ေမာ္ကြန္းတိုက္လမ္း၊ ရန္ကုန္ၿမိဳ႕သို႔ေပးပို႔ စစ္ေဆးအတည္ျပဳခ်က္ရယူနိုင္ပါေၾကာင္း သတင္းရရွိပါသည္။

----------------------------
(Unicode)

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009)
ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇူလိုင်လ (၂၄)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်းများ (၂၀၀၅)နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဓာတ်ခွဲ အတည်ပြု လူနာ(၁၀)ဦး၊ သေဆုံးလူနာ(၁)ဦး ရှိခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် လူနာ(၂)ဦး၊ ရန်ကုန်မြို့၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် လူနာ(၁)ဦးတို့သည် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဖြင့် ဇူလိုင်လအတွင်း တက်ရောက်ကုသခဲ့ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိပါသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -“၀န်ကြီး ဌာနအနေဖြင့် လက်တလောရာသီတုပ်ကွေးဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တုပ်ကွေး ဆန်သောရောဂါလက္ခဏာများ(Influenza Like Illness – ILI) ဖြစ်ပွားမှု ၊ ပြင်းထန် အဆုတ်ရောင် (Severe Acute Respiratory Infection – SARI) ဖြစ်ပွားမှု စသည်တို့အားစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါဖြစ်ပွားကူးစက်မှုမှကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများအား ဆေးရုံကြီးများ၊ မြို့နယ်အဆင့်နှင့် ပြည်သူ လူထုအတွင်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း သတင်းအမှန်ရရှိရေးနှင့် ကြောက်လန့်မှုမရှိစေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်ထားရှိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း၊ ရောဂါကုသမှု၊ တုံ့ပြန်ဆောင်ရွက်မှု၊ ကြိုတင်ကာကွယ်မှုတို့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်ချက်များအားလည်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သို့လည်း သတင်းပေးပို့ပြီးဖြစ်ကြောင်း၊ လိုအပ်မည့်ဆေးဝါးများ၊ ရောဂါကာကွယ်ရေး ပစ္စည်းများလည်းအရန်သင့်ရှိပါကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ မြင့်ဟန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့က ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ခုတင်(၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ပါ သည်။

တုပ်ကွေးရောဂါပိုး (Seasonal Influenza A(H1N1) 2009) အပါအဝင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးလူဦးရေ၏ (၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး ရောဂါဖြစ်ပွားသူများ၏ (၁)ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ ကုသမှုခံယူရန်လိုအပ်ကြောင်းနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုသည် နှစ်စဉ် ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါ၍ ဝန်ကြီးဌာနကထုတ်ပြန်သော ရောဂါကြိုတင် ကာကွယ်ရေးနှိုးဆော်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ကုသမှုနိုင်မည်ဖြစ်ပြီး အထူးစိုးရိမ်ကြောင့်ကြစရာ မလိုအပ်ပါကြောင်း သတင်းရရှိပါသည်။

ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.mohs.gov.mm နှင့် Myanmar CDC ၏ facebook စာမျက်နှာများမှ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပြီးH1N1ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နှာခေါင်းတို့ဖတ် (nasopharyngeal swab) အား အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ အမှတ်(၃၅)၊ မော်ကွန်းတိုက်လမ်း၊ ရန်ကုန်မြို့သို့ပေးပို့ စစ်ဆေးအတည်ပြုချက်ရယူနိုင်ပါကြောင်း သတင်းရရှိပါသည်။

27/05/2017
27/05/2017

မိတၱဴမွန္ကူးယူခြင့္ဆိုင္ရာ ညႊန္ႀကားခ်က္(ေထြ/အုပ္)
-----------------------------------------------------------

Address

292, Dollar Street, Myat Yadanar Section-4, Aung Chan Thar
Thanlyin

Telephone

+9595092705

Website

Alerts

Be the first to know and let us send you an email when Dollar Real Estate & General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category