Hong Xing Real Estate Brokerage Firm

Hong Xing Real Estate Brokerage Firm “ Invest Wisely Live Beautifully “

40' x 60' နှင့် မြေတစ်ဧက🍀တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ🍀၄၃၆၀၀ စတုရန်းပေ​= ၄၀ ပေ x ၆၀ ပေ...
23/05/2025

40' x 60' နှင့် မြေတစ်ဧက
🍀တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ
☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ
🍀၄၃၆၀၀ စတုရန်းပေ​= ၄၀ ပေ x ၆၀ ပေ (၁၈ကွက်)
​ = ၂၀ ပေ x ၆၀ ပေ (၃၆ကွက်)
​= ၂၅ ပေ x ၅၀ ပေ (၃၄ကွက်)
🍀၄၀ ပေ x ၆၀ ပေ​= ၀.၀၅၅ ဧက
🍀၂၀ ပေ x ၆၀ ပေ​= ၀.၀၂၇ ဧက
☘️၂၅ ပေ x ၅၀ ပေ​= ၀.၀၂၉ ဧက

အကြမ်းတွက်
၂၀၀ ပေ x ၂၀၀ ပေ​= ၁ ဧက
၁၀၀ ပေ x ၂၀၀ ပေ​= ၁/၂ ဧက ( ၅မူး)
၁၀၀ ပေ x ၁၀၀ ပေ​= ၁/၄ ဧက (၁မတ်)
၅၀ ပေ x ၁၀၀ ပေ​= ၁/၈ ဧက ( ၁မူး)

to ဆရာကြည်စိုး IC ( အိမ်ဘုရင် )

🌧️မိုးရာသီ မှာ အိမ်ဆောက်ပါခင်ဗျာ 👏🌧️ မိုးရာသီမှာ အိမ်ဆောက်သင့်တဲ့ အကြောင်းရင်း ၃ ချက် "========================== 🏘     ...
21/05/2025

🌧️မိုးရာသီ မှာ အိမ်ဆောက်ပါခင်ဗျာ 👏
🌧️ မိုးရာသီမှာ အိမ်ဆောက်သင့်တဲ့ အကြောင်းရင်း ၃ ချက် "
==========================
🏘 ပုံမှန်အားဖြင့် မိုးရာသီမှာ အိမ်ပြင် အိမ်ဆောက် မယ်ဆိုရင် ကရိကထများပြီး ကုန်ကျစရိတ်ပိုများစေမယ်လို့ ထင်မြင်စရာကောင်းပေမယ့် မိုးရာသီမှာ အိမ်ဆောက်သင့်တဲ့ အကျိုး‌ကျေးဇူးတွေလည်း ရှိပါသေးတယ် ။
1. ဆောက်လုပ်ရေးစရိတ် သက်သာပါတယ်...
🌧 မိုးရာသီဖြစ်တာကြောင့် အိမ်ဆောက်ပစ္စည်းတွေ အိမ်သုတ်ဆေး ၊ Decorations ပစ္စည်းတွေမှအစ Contractor တွေရဲ့ ဈေးနှုန်းတွေဟာလဲ ပွင့်လင်းရာသီထက် ပိုပြီး သက်သက်သာသာနဲ့ ရနိုင်ပါတယ်....
2. Construction Timeline ကို ပိုပြီး မြန်ဆန်စေတယ်
🌧 ဆောက်လုပ်ရေး အလုပ်သမားတွေအနေနဲ့လည်း project နည်းတဲ့ ကာလ ဖြစ်တာကြောင့် ကျွမ်းကျင်လုပ်သားတွေကို ရရှိနိုင်ပြီး လုပ်ငန်းပြီးမြောက်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ် ။ ဒါ့အပြင် ရာသီဥတု မပူပြင်းတာကြောင့် လုပ်ငန်းခွင်သက်တောင့်သက်သာရှိမှု အစရှိတာတွေဟာ အလုပ်ကို ပိုပြီး ပြီးမြောက်စေနိုင်ပါတယ်...
3. Quality Check up တခါတည်း လုပ်ပြီး၊ ပြင်ဆင်ပြီးသား ဖြစ်စေတယ်.....
🌧 ဆောက်လုပ်ရေးကာလဟာ မိုးရာသီ ဖြစ်‌တာကြောင့် ဆောက်လုပ်ရေးမှာ ထည့်သွင်း အသုံးပြုမယ့် ပစ္စည်းတွေရဲ့ quality ကိုလဲ တခါတည်းစစ်ဆေးပြီးသား ဖြစ်စေမှာပါ ။
🌧 အိမ်နံရံ ရေစိမ့်ခြင်း ၊ ခေါင်မိုး ရေမလုံခြင်း ၊ အိမ်ပတ်ဝန်းကျင် ရေစီးဆင်းမှုအခြေအနေ ၊ လေဒဏ်ခံနိုင်နှုန်း ၊ လေတိုက်အားနှင့် မိုးလေ လမ်းကြောင်း စသဖြင့် နေအိမ်တလုံးရဲ့ကြံခိုင် လှပမှုအတွက် အရေးကြီးတဲ့အရာတွေကိုပါ တခါတည်း စစ်ဆေး အဖြေရှာပြီး ဖြစ်စေမှာပါ ။


 #မြေအမျိုးအစား အမျိုးမျိုး အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။အိ...
16/05/2025

#မြေအမျိုးအစား အမျိုးမျိုး

အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။
အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ-

*မြေပိုင်မြေ
*ဘိုးဘွားပိုင်မြေ
*ဂရန်ရှိမြေပိုင်မြေ
*လိုင်စင်မြေ
*ပါမစ်မြေ
*မြေငှားဂရန်မြေ
*စကွာတာမြေ
*ကျူးလွန်ခြင်းမြေ
*ကျူးကျော်မြေ

#မြေပိုင်မြေ ။ ။ မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

#ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

#ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။

#လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

#ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။

#မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

#စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

#ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။

#ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

Credit~

9 - သန်လျင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည...
15/05/2025

9 - သန်လျင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သန်လျင်မြို့ ဖြစ်သည်။
သန်လျင်မြို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သည်။
ထင်ရှားသောနေရာများ
• ကျိုက်ခေါက်စေတီတော်
• မြန်မာ့အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကိမ်း
• သန်လျင် ရေနံချက်စက်ရုံ
• ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်
• မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
• နည်းပညာတက္ကသိုလ်(သန်လျင်)
• သမဝါယမတက္ကသိုလ်(သန်လျင်)

အရှေ့ဘက်တွင် - သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ တောင်ဘက်တွင် - ကျောက်တန်းမြို့နယ်၊ အနောက်ဘက်တွင် - ရန်ကုန်မြစ်၊ မြောက်ဘက်တွင် - ပဲခူးမြစ်တို့ဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။
ပင်လယ်ရေမျက်နှာပြင် အမြင့်အမှတ် (၇၈.၃၉၆) တွင်ရှိပြီး အမြင့်ဆုံးမှာ မြို့၏တောင်ဘက်ရှိ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကုန်းမြေ ဖြစ်ပါသည်။ အနိမ့်ဆုံးမှာ မြို့၏အရှေ့မြောက်ဘက် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသည့် ညောင်လေးပင်ကျေးရွာ ဖြစ်ပြီး၊ ပင်လယ်ရေမျက်နှာပြင် အမြင့်အမှတ် (၁၀)ပေတွင်ရှိပါသည်။
အထွေထွေ အချက်အလက်များ
ခေါင်းစဉ် အရေအတွက်
တက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်း ၄
အခြေခံပညာအထက်တန်းကျောင်း ၁၁
အခြေခံပညာအလယ်တန်းကျောင်း ၄
အခြေခံပညာမူလတန်းကျောင်း ၃၃
မူလတန်းကြိုကျောင်း ၁
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄
စာကြည့်တိုက်များဖွင့်လှစ်နိုင်မှု ၅၇
ဆေးရုံ ၃
ဈေး ၇
ရပ်ကွက်စာရင်း ၁၇
လူဦးရေ ၂၆၈၀၆၃
မြို့နယ်လမ်းများ
ကားလမ်းအမည် မှ ထိ အရှည်မိုင်
ပဲခူး-သနပ္ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်း ၅၆/၂ ၆၉/၂ ၁၃
သူဌေးကွင်း-ပုဂံတောင်-ဖားကူး-မောင်းမ ၀/၀ ၁၈/၄ ၁၈.၄
သန်လျင်-သီလဝါ-ဆိပ်ကမ်းလမ်း ၀/၀ ၆/၀ ၆
အလွန်းဆုတ်-သီလဝါ-ကုန်းတန်းလမ်း ၀/၀ ၃/၀ ၃
ဘုရာကုန်း-ကရပ်လမ်း ၀/၀ ၃/၃+၂၄၀ ၃.၃၅
သန်လျင်(ဘုရားကုန်း) -ကျောက်တန်းလမ်း ၀/၀ ၄/၀ ၄
ဒဂုံ-သီလဝါလမ်း ၀/၀ ၁၃/၅ ၁၃.၅
မြို့နယ်ချင်းဆက်လမ်းများ
ကားလမ်းအမည် အရှည်မိုင် အရှည်ဖာလုံ အမျိုးအစား
သန်လျင် (ဘုရားကုန်း) ကျောက်တန်းလမ်း ၄ ကတ္တရာ
ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်း ၁၃ ကတ္တရာ
ဒဂုံ - သီလဝါလမ်း ၁၃ ၅ ကတ္တရာ

ရပ်ကွက်များ
1. ၁။ မြို့ဟောင်းအနောက်ရပ်ကွက်
2. ၂။ မြို့ဟောင်းအရှေ့ရပ်ကွက်
3. ၃။ မြို့ဟောင်းအလယ်ရပ်ကွက်
4. ၄။ မြန်မာရေနံရပ်ကွက်
5. ၅။ ဒါရ်ကာရပ်ကွက်
6. ၆။ သောက်တော်တွင်ရပ်ကွက်
7. ၇။ မြို့မမြောက်ရပ်ကွက်
8. ၈။ အောင်မင်္ဂလာရပ်ကွက်
9. ၉။ အုတ်ဖိုစုရပ်ကွက်
10. ၁၀။ မြို့သစ်အလယ်ရပ်ကွက်
11. ၁၁။ မြို့မတောင်ရပ်ကွက်
12. ၁၂။ မြို့သစ်အနောက်ရပ်ကွက်
13. ၁၃။ မြို့သစ်အနောက်ရပ်ကွက်
14. ၁၄။ ထန်းပင်ကုန်းရပ်ကွက်
15. ၁၅။ ပဲခူးစုရပ်ကွက်
16. ၁၆။ အမှုထမ်းရပ်ကွက်
17. ၁၇။ အောင်ချမ်းသာရပ်ကွက်

(ဂရမ်အမည်ပေါက်) ထံမှ အိမ်ခြံမြေ ဝယ်ယူပြီးတဲ့ နောက်မှာ ဂရမ်အမည်ပြောင်းလျှောက်ဖို့အတွက် ဘာတွေလိုအပ်လဲ❓ ဘယ်လောက်ကြာနိုင်လဲ❓...
09/05/2025

(ဂရမ်အမည်ပေါက်) ထံမှ အိမ်ခြံမြေ ဝယ်ယူပြီးတဲ့ နောက်မှာ ဂရမ်အမည်ပြောင်းလျှောက်ဖို့အတွက်
ဘာတွေလိုအပ်လဲ❓ ဘယ်လောက်ကြာနိုင်လဲ❓ဆိုတဲ့ အချက်အလက်တွေကို "တက်နေဝန်း အိမ်ခြံမြေ အကျိုးဆောင်" ကနေ မျှဝေပေးလိုက်ရပါတယ်ရှင်။

ဂရမ်အမည်ပြောင်းလျှောက်( အမည်ဖောက်)တော့မယ်ဆိုရင် အဆင့်(၄)ဆင့်ကို လုပ်ဆောင်ရပါမယ်။

✅အဆင့်(၁) ; ပထမအဆင့်အနေနဲ့ ရာဖြတ်(အိမ်ခြံမြေ ကာလတန်ဖိုး စီစစ်သတ်မှတ်ရေး အဖွဲ့)ထံသို့ သက်ဆိုင်ရာ စာရွက်စာတမ်းများ တင်ပေးရပါမယ်။

ရာဖြတ်တင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဂရမ်မူရင်း၊ (up to date) အရောင်းမြေပုံ၊ (အမည်ပေါက်ရဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မူရင်း) ၊ မြေပြင်ဓာတ်ပုံ၊(အမည်ဖောက်မဲ့သူရဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မူရင်း)

ထိုအချက်အလက်အပြည့်အစုံကိုတော့ (ပြည်ထောင်စု မြန်မာနိုင်ငံတော် အခွန်ဦးစီးဌာန)ရုံးသို့ သွားရောက် တင်ပေးရမှာဖြစ်ပါတယ်။ အချိန်ကာလ ကြာမြင့်ချိန်ကတော့ (၂)ပတ် (သို့မဟုတ်) (၁လ) ကြာမြင့်မှာဖြစ်ပါတယ်။

✅အဆင့်(၂) ; ရာဖြတ်တင်ပြီးတာနဲ့ မြေပြင်ဆင်းကြည့်ပါတယ်။ ဒါတွေပြီးရင်တော့ (အခွန်ဆောင်)တဲ့ အဆင့်ကိုရောက်ရှိလာပါပြီနော်။

အခွန်ဆောင်တဲ့ နေရာမှာ မြေကွက်ရဲ့ စျေးနှုန်းပမာဏအပေါ်လိုက်ပြီး ကာလတန်ဖိုးရဲ့ သတ်မှတ်ရာခိုင်နှုန်း (%)ကို ပေးဆောင်ရမှာဖြစ်ပါတယ်။

မြေကွက်ရဲ့ စျေးနှုန်း ပမာဏအပေါ်လိုက်ပြီး ပေးဆောင်ရမဲ့ အခွန်ပမာဏ နှုန်းထားကတော့
(1) ၁ ကျပ် မှ သိန်း ၃၀၀၀ အထိဆိုရင် ကာလတန်ဖိုးရဲ့ (7.5%)
(2) သိန်း ၃၀၀၀ မှ သိန်း ၅၀၀၀ အထိဆိုရင် ကာလတန်ဖိုးရဲ့ (9.5%)
(3) သိန်း ၅၀၀၀ မှ သိန်း ၁၀၀၀၀ အထိဆိုရင်တော့ ကာလတန်ဖိုးရဲ့ (13.5 %) ကို ပေးဆောင်ရမှာဖြစ်ပါတယ်။
**အခွန်ဆောင်တဲ့နေရာမှာ (ဝ/င) ဝင်ငွေခွန်+ တံဆိပ်ခေါင်းခွန် ဆိုပြီး ရာခိုင်နှုန်းပေါင်းပြီး ဖြတ်တောက်ပြီးသားဖြစ်ပါတယ်။

ရာဖြတ်တင်တာနဲ့ အခွန်ပေးဆောင်ခြင်းရဲ့ ကြာချိန်ကာလကတော့ အဆင့်(၂) ဆင့်ကို (၂) လ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။

✅အဆင့် (၃); အခွန်ဆောင်တဲ့အဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ (စာချုပ်ကြီး ချုပ်)ရမဲ့ အဆင့်ကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်

လိုအပ်သော စာရွက်စာတမ်းများ -
(1)ဂရမ်အမည်ပေါက်ရဲ့ မှတ်ပုံတင်
(2) ဝယ်သူရဲ့ မှတ်ပုံတင်
(3) အခွန် ချလန်
(4) တံဆိပ်ခေါင်း ချလန်

**အခွန်ဆောင်ပြီး စာချုပ်ကြီး ချုပ်တဲ့အချိန်မှာဆိုရင်တော့ အချိန် (၁) လကြာမြင့်မှာပဲ ဖြစ်ပါတယ်။

✅အဆင့်(၄); စာချုပ်ကြီး ချုပ်ပြီးသွားပြီဆိုရင်တော့ (အမည်ပြောင်း / name change) တဲ့ အဆင့်ကို ရောက်လာပါပြီ။

⚖️အမည်ပြောင်း တင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ စာချုပ်ကြီးချုပ်တဲ့အချိန်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူတူပါပဲနော်။

စာချုပ်ကြီးချုပ်၊အမည်ပြောင်း တင်ပြီးရင်တော့ အချိန်ကာလ (၁) လခွဲ ထပ်မံကြာမြင့်ပါတယ်ရှင်။ဒါကြောင့် စုစုပေါင်းကြာမြင့်ချိန်ကတော့ အကြမ်းအားဖြင့် (၅လခွဲ) (၆) လ နီးပါးလောက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်ရှင်

"ဟုန်ရှင်း အိမ်ခြံမြေ" မှာဆိုရင်တော့ စာရွက်စာတမ်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများစွာ ရှိနေတာကြောင့် လူကြီးမင်းတို့အနေနဲ့ ဒီလိုကိစ္စရပ်တွေနဲ့ ပက်သက်ရင် စိုးရိမ်ပူပန်စရာ"လုံးဝ" ရှိမှာ မဟုတ်ပါဘူးနော်

crd_to_owner
#အိမ်ခြံမြေ #စာရွက်စာတမ်း #ဂရမ်အမည်ပြောင်း #ဂရမ်အမည်ဖောက် #ဟုန်ရှင်းအိမ်ခြံမြေအကျိုးဆောင်

မေး : ရန်ကုန် အပူကိုဘယ်လိုရှောင်မလဲ 🥵Me : . . . .       #မြို့နယ်စုံအိမ်ခြံမြေ  #ဟုန်ရှင်းအိမ်ခြံမြေ
08/05/2025

မေး : ရန်ကုန် အပူကိုဘယ်လိုရှောင်မလဲ 🥵
Me : . . . .

#မြို့နယ်စုံအိမ်ခြံမြေ #ဟုန်ရှင်းအိမ်ခြံမြေ

📌 အိမ်ခြံမြေနဲ့ပတ်သတ်ပြီး သင်သိထားသင့်တဲ့ အချက် (5) ချက်(နံပတ် (၅) ကတော့ တကယ်ကို အရေးကြီး သိထားသင့်တဲ့အကြောင်းအရာပဲဖြစ်ပ...
04/05/2025

📌 အိမ်ခြံမြေနဲ့ပတ်သတ်ပြီး သင်သိထားသင့်တဲ့ အချက် (5) ချက်
(နံပတ် (၅) ကတော့ တကယ်ကို အရေးကြီး သိထားသင့်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်!)

📍အိမ်ခြံမြေနဲ့ပတ်သတ်ပြီး သင့်အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် ဆုံးဖြတ်ရာမှာအထောက်အကူဖြစ်နိုင်မယ့် ကောင်းကျိုး တွေကို "ဟုန်ရှင်း" မှ တင်ပြပေးလိုက်ပါတယ်နော်...

✅ (၁)
မြေကွက်တစ်ကွက်ဝယ်တာက မိမိသားသမီးတွေအတွက် အနာဂတ်မှာ အမွေဆက်လက်ပေးအပ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

✅ (၂)
မြေကွက်တန်ဖိုးတက်မှုဟာ သာမန်လူတစ်ယောက်တောင် စီးပွားရေးလုပ်ငန်းရှင်အနေအထားထိ ဖြစ်လာနိုင်စေတယ်။ အထူးသဖြင့် မြို့ပြ area တွေမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုရင်ပေါ့ !

✅ (၃)
မြေဝယ်တယ်ဆိုတာက ငွေသိမ်းထားဖို့ အကောင်းဆုံးနည်းထဲက တစ်ခု!
ဘဏ်မှာထည့်ထားတာထက် မြေဝယ်ပြီးရင်းနှီးမြှုပ်နှံထားခြင်းက ရာခိုင်နှုန်းမြင့်တဲ့ return of money ကို ရရှိနိုင်ပါတယ်။

✅ (၄)
အိမ်ခြံမြေငှားရမ်းထားခြင်းကလည်း💤 "အိပ်နေချိန်မှာတောင် ငွေဝင်လာစေတဲ့(Passive income) အကောင်းဆုံးစနစ် တစ်ခုဖြစ်ပါတယ်။

✅ အချက် (၅)
ဟုန်ရှင်း မှာ လူကြီးမင်း အသုံးပြုမယ့် budget,လိုချင်တဲ့ location နဲ့ အကိုက်ညီဆုံး listing ၁၀၀၀ ကျော်ရှိ ရန်ကုန်မြို့ မြို့နယ်စုံ အိမ်ခြံမြေ အရောင်းဒေတာများစွာကို ကျွမ်းကျင်ဝန်ထမ်းများရဲ့ အကြံပေးမှုနဲ့ ကိုယ်တိုင် စိတ်ကျေနပ်သည်အထိ လိုက်လံပြပေးနေပြီဖြစ်လို့ page messenger (သို့)
HotLine ( 09795678927 / 09795678936 / 09795678937 ) ကိုအခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ နော် 😍😍

👉 သင်ရော?? အိမ်ခြမြေနဲ့ပတ်သတ်ပြီး ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုမျိုးကောင်းကျိုးတွေ တွေ့ကြုံခံစားခဲ့ရဖူးလည်းဆိုတာကို commentထဲမှာ ဝင်ရောက် မျှဝေပေးခဲ့ပါအုန်းနော်!!!

#မြေသီးသန့်အရောင်း #သန်လျင်အိမ်ခြံမြေ

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် B...
02/05/2025

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် Bankချိတ်(Home loan )လေးအကြောင်းကို "ဟုန်ရှင်း" မှ မျှဝေပေးလိုက်ရပါတယ်ရှင်

1. Bankချိတ်(Home loan)ဆိုတာ ဘာလဲ?

💰 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဥ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

💰 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

💰 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင်BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရံအမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဥ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~~~~
2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဥ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဥ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~
3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
📌 စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

💰ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်ရှင့်***

ဘဏ်ချိတ်လုံးချင်းနဲ့ တိုက်ခန်းအရောင်းများစွာကိုရှာဖွေနေတယ်ဆိုရင်တော့ "ဟုန်ရှင်း" ကိုသာ သတိရလိုက်ပါရှင့်

#မြောက်ဒဂုံအိမ်ခြံမြေ
#မြောက်ဒဂုံလုံးချင်းအိမ်
#ဘဏ်ချိတ်

အိမ်ခြံမြေ အရောင်း၊အဝယ်ပြုလုပ်ကြမိ လုပ်ငန်းရှင်မိတ်ဆွေများ အရောင်းမှား၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်းများ မဖ...
29/04/2025

အိမ်ခြံမြေ အရောင်း၊အဝယ်ပြုလုပ်ကြမိ လုပ်ငန်းရှင်မိတ်ဆွေများ အရောင်းမှား၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်းများ မဖြစ်စေရန် နှင့်

အရောင်းမှန်၊ အဝယ်မှန်ပြီး ခိုင်မာအားကောင်းသော စာချုပ်စာတမ်း ဖြစ်စေရန် ---
ငွေမလွန်ခင် ကြိုတင်သိရှိပြင်ဆင်ထားရမည့် အရေးကြီး အချက်အလက်များ---

၁။ မိမိဝယ်ယူမိ အိမ်ခြံမြေ၏ မြေရာဇဝင်ကို မြို့နယ်မြေစာရင်းရုံးတွင်
မြေရာဇဝင်နှင့် မြေအမျိုးအစားကို
တရားဝင်မေးမြန်နိုင်ပါသည်

-( မြို့မြေ၊ဂရမ်မြေ ဟုတ်၊မဟုတ်)
-(ရောင်းသူအမည်ပေါက် ဟုတ်၊မဟုတ်)
-(ကိုယ်စားလှယ်လွှဲထားခြင်း ရှိ၊မရှိ)
-ဝရမ်းကပ်ထားခြင်းရှိ၊မရှိ
-ကန့်ကွက်လွှာတင်ထားခြင်း ရှိ၊မရှိ
စသည့် အရူပ်အရှင်း ရှိမရှိ နှင့် လက်ရှိရောင်းမည့်သူ ရောင်းပိုင်ခွင့် ရှိ၊မရှိကို
ကနဦး အနေဖြင့် ငွေမလွန်ခင် အရင်စစ်ဆေးကြပါ။

၂။ မြေရာဇဝင်၏ အရူပ်အရှင်း နှင့် ပိုင်ရေးဆိုင်ခွင့်အရ မည်သို့ ရောင်းဝယ်လျင် ဥပဒေအရ အကျုံးဝင်မည်----

မလွဲသာ၊မရှောင်သာ တစ်ဖက်ဖက်မှ ဖောက်ပြန်ခဲ့သည်ရှိသော နစ်နာသူမှ နစ်နာသည့် အခကြေးငွေ ကို ပြန်လည်ရရှိရန် နှင့် အမူအခင်းဖြစ်လာပါက
သက်သေခံစာရွက်စာတမ်းတစ်ခုအနေဖြင့် ရုံးတော်သို့ တင်ပြခွင့်၊ တင်သွင်းခွင့် ရရှိစေရန်-
အသက်ရှိသည့် ပျက်ပြယ်မူမရှိသည့် ခိုင်မာအားကောင်းသည့် စာချုပ်စာတမ်းတစ်ခု ဖြစ်စေရန် - ရေးသားနိုင်သူများမှာ ဥပဒေအကျိုးဆောင်ရှေ့နေများသာ စွမ်းနိုင်သည့် ကိစ္စ ဖြစ်သည်ကို နားလည်းထားရပါမည်။
( "အတွေ့အကြုံရှိသော"
မိမိချုပ်ဆိုပေးသည့် စာချုပ်ပါ စကားရပ်များကို အဘယ်ကြောင့်ထိုသို့ရေးသားချုပ်ဆိုပေးရသည်ကို ၊ အသေးစိတ်ရှင်းလင်း‌ပြောပြ‌ ပေးနိုင်သော သူ)

၃။ မိမိအရောင်းအဝယ်ပြုလုပ်မိမြေအမျိုးအစားပေါ်မူတည်၍
ရပ်ကျေးအုပ်လက်မှတ် ပါရန်လို နှင့် ပါရန် မလို ကို
ကနဦ သိထားသင့်ပေသည်။

(အမည်မပေါက်သေး သည့် မြို့မြေ ဖြစ်ပါက ရပ်ကျေးအုပ်များ နှင့် ချုပ်ပါ)

ဂရမ်အမည်ပေါက်ထားသည့် မြေဖြစ်ပါက
မလိုအပ်ပါ။

တစ်ခုသိထားရမည်မှာ
မြေနှင့်ပတ်သက်လာလျှင်
မြေစာရင်းဦးစီးဌာန သည်သာ 100%
အဓိက ခရာဖြစ်သည်ကို
သဘောပေါက်ထာကြရပါမည်။
မည်သည့်မြေ အမျိုးအစားပင်ဖြစ်‌နေစေကာမူ
မြေစာရင်းဦးစီးဌာန မှ ကန့်ကွက်ထားပါက ရောင်းဝယ်ခွင့် မရှိပါ။
(တည်ဆဲဥပဒေများအရအရေးယူခြင်း ခံရမည်)

ထို့အတွက်ကြောင့်
ရပ်ကျေးရုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူများ၏ လက်မှတ်ထိုးခြင်း၊
လက်မှတ်မထိုးခြင်း မှာ
မြေယာ အရောင်း၊အဝယ်ပိုင်ဆိုင်မူ အတွက် 100% အထောင့်အပံ့
မဖြစ်နိုင်ပါ။

သို့သော်
ရပ်ကျေးအုပ် ‌အနေဖြင့်
"မောင်ဖြူ"- မှ - "မောင်မဲ" သို့
ကျွန်ုပ်၏ ရှေ့မှောက်တွင်
အောက်ပါအသိသက်သေများ ရှေ့၌
အမှန်တကယ် ငွေပေး၊ငွေယူ၍ အရောင်းအဝယ် ပြုလုပ်သွားသည်မှာ မှန်ကန်ကြောင်းသာ ---- သက်သေထွက်ဆိုပေးနိုင်ရန် - သက်သေတစ်ဦးအနေဖြင့်တော့ အားကိုးနိုင်သည်။

***အရေးကြီးသည် မှာ
အမှန်တကယ် ရောင်းဝယ်၍ ရ၊မရ ကို မြို့နယ်မြေစာရင်းရုံးတွင် အတည်ပြုပြီး-

ခိုင်မာအားကောင်းသည့်၊ အသက်ရှိနေသည့် စာချုပ်၊ စာတမ်း တစ်စောင် ဖြစ်ဖို့ရန် မှာ ပို၍ အရေးကြီးလှပါသည်။

ခိုင်မာအားကောင်းသည့်
စာချုပ်စာတမ်းမဖြစ်ဘဲ၊
ပျက်ပြယ်ပြီးတာ စာချုပ်စာတမ်းဖြစ်နေပါက

ရပ်ကျေးအုပ် သည်လည်း
ကယ်နိုင်မည်မဟုတ်ပါ။
#ဥပဒေရေးရာ
#တဆင့်ပြန်လည်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ-စလစ်မြေ         စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း...
27/04/2025

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ-

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါလို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

Credit to: org writter

📌သန်လျင်မြို့နယ်မှာ တန်ဖိုးသင့်ပြီး ဒီလိုနေရာကောင်းတွေရဖို့ဆိုရင် Hong Xing မှာ ရှာဖွေသင့်ပါတယ်✔ သန်လျင်မြို့နယ်၊ အောင်ခ...
26/04/2025

📌သန်လျင်မြို့နယ်မှာ တန်ဖိုးသင့်ပြီး ဒီလိုနေရာကောင်းတွေရဖို့ဆိုရင် Hong Xing မှာ ရှာဖွေသင့်ပါတယ်

✔ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ - (1) ရပ်ကွက်
✔ 40 × 60 ft - စျေးသင့်တဲ့ မြေအကျယ်
✔ မှတ်ပုံတင်စာချုပ်ကြီး - အမည်ပေါက်
✔ဦးဘချိုလမ်း
✔ စျေး - သိန်း ၂၄၀၀ (ညှိနှိုင်း)
✔ မြေသီးသန့် - အုတ်တံတိုင်းခတ်ပြီးသား

🤔 ဘာကြောင့် ဒီနေရာကို လက်မလွှတ်သင့်တာလဲ?

✅ သန်လျင်ရဲ့ တည်နေရာကောင်းတစ်ခု – လမ်းမကြီးနီးပြီး အနာဂတ်တန်ဖိုးတိုးနိုင်

✅ ပတ်ဝန်းကျင်ကောင်းပြီး အနီးနားဝန်းကျင် develop ဖြစ်ကာ – တန်ဖိုးတိုးမြှင့်နိုင်မှု အလားအလာရှိတယ်

✅ မြေသီးသန့်ဖြစ်တဲ့အတွက် –မိမိစိတ်တိုင်းကျ အထပ်မြင့်တိုက်ခန်း/အိမ်အသစ် ဆောက်လို့ရနိုင်တယ်

🔥 တန်ဖိုးတိုးမယ့် အချိန်ကာလနဲ့ အတူ အခုဘဲ ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ!

📈 Market Appreciation 15%-20% Growth (3-Year Projection)
📌 လက်ရှိ ဈေးနှုန်းနဲ့ ဝယ်မယ်ဆို ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းပြီး
📢 သန်လျင်မှာ အိမ်ရှာနေသူတွေအတွက် Rare Opportunity

📞 Contact Now!
📲 CALL NOW: 09795678927 / 09795678936 / 09795678937

📩 "Interested" လို့ Comment ချန်ထားလိုက်ပါ!
📬 page check-box မှာ Message ပို့ပြီးလည်း ဆက်သွယ်လို့ရပါတယ်!

#မြေသီးသန့်အရောင်း #သန်လျင်အိမ်ခြံမြေ

♨️🌡️အခုရက်ပိုင်းတွေမှာ အပူချိန် အရမ်းမြင့်တက်နေတာကြောင့် အပြင်သိပ်မထွက်ကြပါနဲ့နော်  အလုပ်လုပ်နေရလို့ သင်တန်းတွေ၊ ကျောင်း...
26/04/2025

♨️🌡️အခုရက်ပိုင်းတွေမှာ အပူချိန် အရမ်းမြင့်တက်နေတာကြောင့် အပြင်သိပ်မထွက်ကြပါနဲ့နော် အလုပ်လုပ်နေရလို့ သင်တန်းတွေ၊ ကျောင်းတွေ တက်နေရလို့ မဖြစ်မနေ အပြင်ထွက်ရမဲ့သူတွေက အပူဒဏ်ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များကို
လိုက်နာသင့်ပါတယ်။

#အပူဒဏ်ကြိုတင်ကာကွယ်ရေးလိုက်နာသင့်သည့်အချက်များ

၁။ အရိပ်ရ၍ အေးမြ သည့်နေရာတွင်နေပါ။
၂။ မိမိအသားကိုနေရောင်ခြည်နှင့်တိုက်ရိုက် မထိတွေ့စေရန် လက် ၊ လည်ပင်းနှင့်ပခုံးတို့ကို
လုံခြုံသော ချောင်လည်သည့် ချွေးစုပ်သော ချည်ထည်များကိုဝတ်ဆင်ပါ။
၃။ နေ့ခင်းဖက်အပြင်သွားပါက ထီး ၊ ဦးထုပ်ဆောင်းပါ ၊ နေကာမျက်မှန် တပ်ဆင်ပါ။
၄။ ရေ များများ သောက်ပါ။

#ရှောင်ကြဉ်ရန်အချက်များ
၁။ နံနက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း
နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို
တတ်နိုင်သမျှ ရှောင်ပါ။
၂။ ပူပြင်းသည့်နေရောင်ခြည်အောက်တွင်
အလုပ်လုပ်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှု
ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကျဥ်ပါ။
၃။ နေပူမှပြန်လာပြီးချက်ချင်းရေချိုးခြင်းကို
ရှောင်ကျဥ်ပါ။
၄။ ပူပြင်းသည့်နေရောင်ခြည်အောက်မှ
အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့
ချက်ချင်း ဝင်ရောက်ခြင်း ၊ အလွန်အေးသော
အခန်း နှင့် ကားအတွင်းမှ ပူပြင်းသော
နေရောင်ထဲသို့ချက်ချင်း ထွက်ခြင်းကို
ရှောင်ကျဥ်ပါ။

#အပူလျှပ်ခြင်းလက္ခဏာများ
၁။ ခေါင်းကိုက် ၊ မူးဝေခြင်းနှင့် စိတ်ရှုတ်ထွေးခြင်း
၂။ အစာစားချင်စိတ် ဆုံးရှုံးခြင်း ၊ဖျားနာခြင်း
နေထိုင်မကောင်းခြင်း
၃။ ချွေးအလွန်ထွက်၍ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
၄။ ဝမ်းဗိုက်အောင့်ခြင်း လက် ၊ ခြေထောက်
ကြွက်တက်ခြင်း
၅။ ခန္တာကိုယ် အပူချိန်ကြီးခြင်း ၊ ရေအလွန်ငတ်ခြင်း
၆။ ကလေးများရုတ်တရက်မှိန်း၍
ငြိမ်ကျသွားတတ်ခြင်း

#အရေးပေါ်ရှေးဦးပြုစုခြင်း
၁။ လူနာကိုအရိပ်ရသောအေးမြသည့်နေရာသို့
ရွှေ့ပါ။
၂။ လေပန်ကာ လေအေးပေးစက် ဖွင့်ထားပေးပါ
မရှိက ယပ်ခတ်ပေးပါ။
၃။ လူနာ၏ခြေရင်းဘက်ကိုမြှင့်ထား၍ ပက်လက်
အနေအထား ထားပါ။
၄။ လူနာ၏ အဝတ်အစားကို ချွတ်ပါ။
၅။ လူနာ၏ ဂျိုင်း ၊ ပေါင်ခြံတို့ကို ရေပတ်တိုက်ပါ
၆။ လူနာ ကောင်းစွာသတိရလာပါက ရေအေးအေး
(သို့မဟုတ် )ဓာတ်ဆားရည်တိုက်ပါ။
#အပူဒဏ်ကြောင့်သတိလစ်ခြင်းလက္ခဏာများပေါ်ပေါက်လာပါကနီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းပို့ပါ ။

Crd from MRCS

Address

No. 62 Kyaik Khauk Pagoda Road
Thanlyin
11291

Telephone

+959795678927

Website

Alerts

Be the first to know and let us send you an email when Hong Xing Real Estate Brokerage Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category