Noble 9 Real Estate

Noble 9 Real Estate Our job is real estate,Our business is building relationships.

 #ငှားလိုပါတယ် 📣📣📣***တောင်ဥက္ကလာ စက်မှုဇုံထဲရှိ ဂိုဒေါင်အငှား တစ်လုံး ငှားချင်ပါတယ်ခင်ဗျာဈေး - တစ်လ သိန်း ၂၀ အထိ သုံးပါမ...
17/11/2023

#ငှားလိုပါတယ် 📣📣📣

***တောင်ဥက္ကလာ စက်မှုဇုံထဲရှိ ဂိုဒေါင်အငှား တစ်လုံး ငှားချင်ပါတယ်ခင်ဗျာ
ဈေး - တစ်လ သိန်း ၂၀ အထိ သုံးပါမယ်
*** အကျိုးတူရသော မိတ်ဆွေများနှင့် ပိုင်ရှင်တိုက်ရိုက်များ ဆက်သွယ်ပေးကြပါဦးခင်ဗျ 🤗

☎️ 09-420494443
09-772203225(Viber)

Noble 9 Real Estate

 #အငှားpostLocation- Downtown အဓိကပါ(တခြားအချက်အချာကျသောနေရာရရင်လည်းအဆင်ပြေပါတယ်)Price - 100lakhs ထိသုံးပါမယ်Purpose - ရ...
13/11/2023

#အငှားpost

Location- Downtown အဓိကပါ(တခြားအချက်အချာကျသောနေရာရရင်လည်းအဆင်ပြေပါတယ်)
Price - 100lakhs ထိသုံးပါမယ်
Purpose - ရုံးခန်းဖွင့်ရန် (ဝန်ထမ်းများပါတယ်)

***အကျိုးတူရသော မိတ်ဆွေများနှင့် အိမ်ရှင် တိုက်ရိုက်များ page messenger (or) Viber ph no 09-772203225 သို့ ဆက်သွယ်လို့ရပါတယ် ခင်ဗျာ

Noble 9 Real Estate
in

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် B...
09/11/2023

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် Bankချိတ်(Home loan )

1. Bankချိတ်(Home loan)ဆိုတာ ဘာလဲ?

Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင်BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရံအမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်

Credit to original uploader

Noble 9 Real Estate

 #ဂရန်ဆိုတာဘာလဲ?  #ဂရန်အတုအစစ်ဘယ်လိုခွဲခြားမလဲ?အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အရေးပါသော အချက်များထဲက တခုဖြစ်တဲ့ ဂရံ...
06/11/2023

#ဂရန်ဆိုတာဘာလဲ? #ဂရန်အတုအစစ်ဘယ်လိုခွဲခြားမလဲ?

အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အရေးပါသော အချက်များထဲက တခုဖြစ်တဲ့ ဂရံ နှင့် ပတ်သက်ပြီး ဂရံဆိုတာ ဘာလဲ ? ဂရံ အတု အစစ် ဘယ်လို ခွဲရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးပါမယ်

ဂရန် ဆိုတာဘာလဲ ?
ဂရန် ဆိုတာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တိုနှစ်ရှည် ကာလသတ်မှတ်၍ အငှားချထားသည့် စာချုပ် ( မြေငှားစာချုပ် ) ကိုဆိုသည်။ ဂရန် မြေကို ၁၈၅၃ ခုနှစ်မှ စသည် ။ LEASE LAND ဟုခေါ််သည် ။

ဂရံ အတု အစစ် ဘယ်လို ခွဲရမလဲ ?

ရန်ကုန်မြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်၊ မန္တလေးမြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက အညိုရောင်ဖြစ်ပါတယ် တွန့်ကြေခြင်းမရှိပါ။
ဌာနတံဆိပ်မှာ ရွှေရောင်ဖြစ်ပြီး လက်နှင့်ပွတ်ကြည့်လျှင် ကြမ်း၍ဖောင်းကြွ ဖြစ်ပါတယ်။
အိုးအိမ်ဂရန် မှာ အပြာရောင်ဖြစ်ပါတယ်
( အတုမှာ နက်ပြာရောင် (သို့မဟုတ်) အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ။)
ဌာနတံဆိပ်ရေစာမှာအပြာနုဖြစ်၍ထင်ရှားပြီး မှုံဝါးမနေ၊အရောင်မှာအရမ်းတောက်ပမနေပါ။
စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ။
(အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်)
စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ပြီးပြတ်သားစွာမြင်ရပါတယ်။
(အတုသည် ရေစာအား Color printerဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွက်သားမှာ မထူပါ။စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်။)
မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများထွက်မနေပါ။
လိုင်းများညီညာလွန်းပါတယ် စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်
(အတုမှာ ဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအား မှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။)
ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်။
ဒီအချက်တွေနဲ့တိုက်စစ်ခြင်းဖြင့်အတု/အစစ်ခွဲခြားနိုင်ပါတယ်။
Credit original uploader

အနော်ရထာလမ်း (လမ်း ၅၀ ပေါ် ရှိ ပြင်ဆင်‌ပြီး တိုက်ခန်း ရောင်းမည်Project Information💥အကျယ်အဝန်း _  ၁၈×၆၀  sqft (1080)💥အလွှ...
24/02/2023

အနော်ရထာလမ်း (လမ်း ၅၀ ပေါ် ရှိ ပြင်ဆင်‌ပြီး တိုက်ခန်း ရောင်းမည်

Project Information
💥အကျယ်အဝန်း _ ၁၈×၆၀ sqft (1080)
💥အလွှာ _ ၇လွှာ
💥Master (1) , တစ်ခန်းလုံးကြွေပြားခင်းအပြီး, ရေပူရေအေးစက်အပါဝင် ,
💥Price _ 950Lakhs အလျော့တင်းပါးပါးရှိ

အကျိုးဆောင်များလည်း အကျိုးတူလက်ခံပါတယ်။

အိမ်ခြံမြေနှင့်ပတ်သက်သောကိစ္စအဝဝကို အသေးစိတ်သိလိုပါက⬇️
Hot Line :🔻🔻🔻🔻
09 420494443
09 789232401
ဆက်သွယ်မေးမြန်းနိင်သည့်အပြင် Page Chat Box ကနေဖြင့်လည်း ဆက်သွယ်မေးမြန်းနိင်ပါတယ်ခင်ဗျာ🙏

💫Created Your Own Dream...

Welcome from Noble 9 ❤
16/02/2023

Welcome from Noble 9 ❤

🎀🌟 Noble 9 မှာပဲ ရ ရှိမဲ့ Special Bonus နဲ့ မိတ်ဆက်ပေးရပါစေခင်ဗျာ 🌟🎀

💁 မိတ်ဆွေ တို့ အနေ နဲ့
အိမ်ဝယ်လိုက်တယ်. တိုက်ခန်းဝယ်လိုက်တယ်.
အခန်း ဘယ်လို ပြန် ဖွဲ့ရင်ကောင်းမလဲ. ကိုယ့် ပစ္စည်းတွေကို ဘယ်လို နေရာပြန်ချ ရင်ကောင်းမလဲ. တဆက်တည်း စဥ်းစားဖို့ လိုမှာ ဖြစ်ပါတယ်.

💁 ဒါအတွက် Noble 9 မှ အိမ်ငှား/ ဝယ်. ရုံးခန်း ငှား/ ဝယ် သော မိတ်ဆွေ များအတွက်
လူကြီးမင်းတို့ စိတ်တိုင်းကျ Room Layout Plan, Furniture layout plan Drawing ဆွဲပေးခြင်းကို Special Bonus ပေးသွားမည်. ဖြစ်ပါသည်.

💁 ဤ Special Bonus ကို Sqft 1000 နှင့် အောက် အထိရှိသော အဆောက်အဦးများ Free Service အနေ နဲ့ ဆောင်ရွက်ပေးပါမည် ခင်ဗျာ.

အသေးစိတ်သိရှိလိုပါက
Hot Line :🔻🔻🔻🔻
09 420494443
09 789232401
09 252965952
သို့ ....ဆက်သွယ်မေးမြန်းနိုင် သည့်အပြင်
Page Chat Box ကနေဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ🙏
Head Office🔴
👉Thingangyun Township Pyitharyar Rd 13A
💫 Created Your Own Dream...

📢 Downtown အရောင်းလေးလာပါပီဗျို့✅City Mart (47th st), Yay Kyaw City Mart, One Stop Mart, ABC mart, City Express ပါတ်ပါတ်...
16/02/2023

📢 Downtown အရောင်းလေးလာပါပီဗျို့

✅City Mart (47th st), Yay Kyaw City Mart, One Stop Mart, ABC mart, City Express ပါတ်ပါတ်လည် အကုန်နီးနီးလေး😉

✅ဈေးက မနက်ပိုင်းဆို ချမ်းမြေ့ဈေး, ရေကျော်ဈေး ညနေပိုင်းဆို ၃၈လမ်း ညဈေးရှိတယ်
ပုစွန်တောင်ဈေးဆို ဆိုက်ကား‌ လေးနဲ့သွားခနလေးနော်😉

👉သားသားမီးမီးတို့အတွက် ကျောင်းတေနဲ့ရောနီးရဲ့လား?
✅ပတ်ပတ်လည် မှာကိုကျောင်းတေကြီးပဲ😁
Bo(5), Bo(4), Bo(6) ပြီးရင် ပုစွန်တောင် (၃), (၄) ကျောင်းနဲ့လည်း နီး‌ သေးတယ်နော်😍

✅AYA, CB, KBZ, MAB, UAB
ပါတ်ပါတ်လည်အကုန်ရှိ😎

💯ကဲကဲ အဲ့တာဆို အပေါ်က ပြောတာတေအကုန်လုံးအဆင်ပြေတဲ့ တိုက်ခန်း Detail လေးရှင်းပြပေးပါရစေခင်ဗျ🤗

👉အိမ်အလှည့်‌ လေးကအနောက်ဘက်လှည့်
👉 တိုက်ရှေ့မှာ တိုက်အမြင့်မရှိတော့ view အရမ်းကောင်းမယ်
👉ဒေါင့်ခန်းဖြစ်လို့ ဘေးပြတင်းပေါက်တွေ ပါတယ် ခြင်ဇကာ လေးပါတပ်ထား‌ ပေးပြီးသား မို့ အလင်းရောင်လည်း‌ရ
👉ဆန်းရှိတ်လည်း ဝရန်တာ, နောက်ဖေး, ဘေးပြတင်းပေါက်တွေမှာပါ တပ်ထားတယ်
👉အိပ်ခန်းက နှစ်ခန်းဖွဲ့ထားပီးသား
👉ခုနှစ်လွှာတိုက်ခန်းလေး(အပေါ်မှာ တစ်ထပ်ရှိသေးတယ်နော်)
👉ကြမ်းခင်းက လျှာထိုးခင်းထားတယ်
👉မီးဖိုချောင်, ရေချိုးခန်း, အိမ်သာ ကြွေပြား အပြည့်ကပ်ထားပြီး
👉ကိုယ်ပိုင်ရေမော်တာ ခွဲထားလို့ ရေကအချိန်မရွေးတင်လို့ရမယ်

💰 Price *** သိန်း 650 (nego)🤩
👉 Payment - Cash down
👉ပေအကျယ် - 12.5'×60'
👉 Location -45လမ်း အပေါ်ဘလောက်
အနော်ရထာလမ်းဘက်နဲ့ပိုနီးပါတယ်ခင်ဗျာ🤗

☝️အဆိုပါတိုက်ခန်းလေးကိုဝယ်ယူမယ်ဆိုရင်တော့
☎️09-420494443
📱09-772203225(Viber) သို့
ဆက်သွယ်မေးမြန်းနိုင်ပါပီခင်ဗျာ

#ပုံလေးတေကြည့်မယ်ဆိုရင်viberကနေပို့ပေးပါ့မယ်ခင်ဗျာ🤗

💫Created Your Own Dream...

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959420494443

Website

Alerts

Be the first to know and let us send you an email when Noble 9 Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category