Kandawgyi Office & Residential

Kandawgyi Office & Residential Office & Residential Building (Sales & Lease)

Happy New Year.......May this 2022 New Year all your dreams turn into reality and all your efforts into great achievemen...
31/12/2021

Happy New Year.......

May this 2022 New Year all your dreams turn into reality and all your efforts into great achievements

2022 နှစ်သစ်မှာ အိပ်မက်တွေ လက်တွေ့ဖြစ်လာပြီး ကြိုးစားအားထုတ်မှုတွေအားလုံး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေဖြစ်လာပါစေ။


#2022

ကျွန်တော့်မှာ အိပ်မက် တစ်ခုရှိတယ်ဗျ။ 🥰မွန်းကြပ်တဲ့ မြို့ပြမှာ 🌆 နေထိုင်အလုပ်လုပ်ကိုင်နေပြီဆိုရင် ကိုယ့်စိတ်ရော ကိုယ်ရော ...
15/07/2021

ကျွန်တော့်မှာ အိပ်မက် တစ်ခုရှိတယ်ဗျ။ 🥰

မွန်းကြပ်တဲ့ မြို့ပြမှာ 🌆 နေထိုင်အလုပ်လုပ်ကိုင်နေပြီဆိုရင် ကိုယ့်စိတ်ရော ကိုယ်ရော အမြဲလန်းလန်းဆန်းဆန်း ရှိဖို့အတွက် Penthouse လေး တစ်လုံးလောက်တော့ အပိုင်လိုချင်မိတဲ့ ဆန္ဒလေးပေါ့။
ဘာဖြစ်လို့ Penthouse တစ်လုံးကိုမှ နေချင်ရတာလဲ❔❔❔
အဖြေတော့ရှိတယ်ဗျ❕❕❕

- လေဝင်လေထွက်ကောင်းတယ် Fresh Air 🌈 ကို တ၀ကြီးရတယ်
- နေရောင်ချည် ☀️ လုံလောက်စွာရတဲ့အတွက် တော်တန်ရုံ ရောဂါပိုးမွှားလောက်က 🦠 ကြောက်စရာမလိုဘူး Vitamin D လဲလုံလောက်စွာရတယ်
- Balcony လှလှလေးပြင်ပြီး 👨‍👩‍👧‍👦 မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ညဘက်အပန်းပြေ BBQ 🍢 လေးလုပ် ညစာလေးစားပြီး စကားလေး ပြောလို့ရတယ်
- အပေါ်ဆုံးထပ်ဖြစ်လို့ 🦟 ခြင်နဲ့ ပိုးမွှားတွေလဲ မလာနိုင်ဘူး၊ ပတ်ဝန်းကျင် ဆူညံသံတွေလဲကင်းတယ်
- မိုးရွာတဲ့နေ့လေးဆိုလဲ 🌧 မိုးသံလေးတွေနဲ့ 📖 စာဖတ်လို့ကောင်းတယ်
- တိုက်ခန်းတွေလိုမျိုး ပိတ်လှောင်နေတဲ့ ခံစားချက်မျိုးတွေ မေ့လိုက်လို့ရတယ်
- ဝါသနာအတွက် 🎍 အပင်လေးတွေ ပတ်ပတ်လည်စိုက်ပြီး Mini ပန်းခြံလေး လုပ်ထားချင်လဲရတယ်
- ခွေးကြောင် 🐕🐈 တိချစ်သူတွေအတွက် သူတို့အတွက် Outdoor ကစားကွင်းပုံစံလေးလုပ်ထားပေးလို့လဲ အဆင်ပြေတယ်
- အပေါ်ဆုံးထပ် ဖြစ်နေတဲ့အတွက် 🏞 ရှုခင်းကတော့ ပြောစရာကို မလိုအောင်ကောင်းတယ်

စတဲ့ Facilities မျိုးကို Penthouse မှာပဲရနိုင်တယ်ဗျ။
Penthouse ဆိုတာကလဲ တစ်တိုက်လုံးမှာမှ တစ်ခန်းသာရနိုင်တဲ့ အခွင့်အရေးဖြစ်နေတော့ ကျတော်နဲ့ စိတ်ကူးတူတဲ့ သူမျိုးတွေကတော့ မြန်မြန်ရှာဝယ်ထားကြတယ်ဗျ။

အထပ်မြင့်မြင့်နဲ့ ကျတော်ပြောတဲ့ Facilities မျိုးကိုစိတ်ဝင်စားတယ်၊ အရမ်းကို Romantic ❤️ ဆန်တဲ့ အိမ်မျိုးလေးကို ပြင်ဆင် နေထိုင်ချင်တယ်ဆိုရင်တော့ ကျတော်တို့ Kandawgyi Office & Residential မှာ Penthouse အတွက် ရောင်းရန်၊ ငှားရန်ရှိပါသေးတယ်ဗျ 👍။

အော် ပြောဖို့ကျန်ခဲ့တော့မလို့ Penthouse တွေက အထပ်တွေမြင့်တော့ ၂၄နာရီ ဓါတ်လှေကား ရှိနေဖို့တော့ အသေအချာလိုတယ်နော်။

ကဲ အခုပဲ စုံစမ်းပြီးတော့ လာရောက်လေ့လာနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါရစေ ခင်ဗျ ☺️🥰❤️။

ဆက်သွယ်ရန် ☎️ : +959 78220 8942


သင့်ရဲ့ အောင်မြင်တဲ့ လုပ်ငန်းအတွက် 📈 အဆင့်မြင့်ရုံးခန်းနေရာ 🏢 တစ်နေရာရှိခြင်းကလဲ မိမိရဲ့ လုပ်ငန်းအပေါ် Customer 👍 များရဲ...
09/07/2021

သင့်ရဲ့ အောင်မြင်တဲ့ လုပ်ငန်းအတွက် 📈 အဆင့်မြင့်ရုံးခန်းနေရာ 🏢 တစ်နေရာရှိခြင်းကလဲ မိမိရဲ့ လုပ်ငန်းအပေါ် Customer 👍 များရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ရုံးဝန်ထမ်းတွေ အတွက်လဲ မိမိတို့ရဲ့ အလုပ်ကို Smart 👨‍💻 ကျကျလုပ်နိုင်ပြီး ပိုမို Confidence 👨‍💼 ရှိစေနိုင်ပါတယ်ဗျ။

ရုံးခန်းတစ်ခုအတွက် မိမိစိတ်ကြိုက် Decoration ဆင်မယ် အခန်းဖွဲ့တော့မယ်ဆိုရင် လုံလောက်တဲ့ Floor Area ရှိနေဖို့တော့လိုပါတယ်ဗျ။

သင့်စိတ်ကူးထဲက သင်ရွေးချယ်ထားတဲ့ Theme 🎨 ပုံစံ ခန့်ခန့်ထည်ထည် ရုံးခန်း 🏢 နေရာတစ်ခုအတွက် စဉ်းစားနေပြီဆိုရင်တော့ ကျတော်တို့ Kandawgyi Office & Residential ရဲ့ ရုံးခန်းနေရာနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။

Kandawgyi Office & Residential မှာ သင့်စိတ်ကြိုက် Director Room, Admin Room, Meeting Room အစရှိတဲ့ သီးသန့် Privacy ရှိတဲ့ အခန်းတွေနဲ့ ပတ်လည်ဖွဲ့စည်းနိုင်အောင် Square ကျကျ Floor area ရှိပီးတော့ လေးဘက်လေးလံမှာလဲ လေဝင်လေထွက်ကောင်းတဲ့ ပြူတင်းပေါက်တွေနဲ့ ဖွဲ့စည်းထားပြီး 🏞 ရှုခင်းကောင်းကောင်းကို တ၀ကြီး ခံစားရမှာပါ။

နောက်ပီး Floor Area ကလဲ sq-ft 2800 ကျော်ရှိတဲ့အတွက် လုံလောက်တဲ့ Area ကိုရရှိမှာ ဖြစ်ပြီး Rest Room 🚻 ကိုလဲ နှစ်ခန်း ထားပေး ထားတာမို့လို့ ရုံးခန်းတစ်ခုရဲ့ လိုအပ်ချက်ကို ပြည့်စုံစေမှာပါခင်ဗျ။

အထပ်မြင့် Tower 🏢 ပုံစံဖြစ်တဲ့အတွက် ဓါတ်လှေကားနဲ့ လုံခြုံရေး ၂၄နာရီ ရှိခြင်းကလဲ သင့်ရဲ့ရုံးခန်းကို ပြည့်စုံစေမှာပါ။

ဒါဆိုရင် သင့်စိတ်ကူးထဲက Office 🏢 ကို အကောင်အထည်ဖော်ဖို့ အတွက်ဖြစ်ဖြစ် ရှိပြီးသားလုပ်ငန်းအတွက် Office 📈 တိုးချဲ့ချင်တာဖြစ်ဖြစ် အဆင့်မြင့်တဲ့ ရုံးခန်းနေရာအတွက် Kandawgyi Office & Residential ❤️ ဟာရွေးချယ်စရာ တစ်ခုဖြစ်တယ်လို့ပဲ အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်ပါတယ်ဗျ။

အသေးစိတ်ကို လာရောက်စုံစမ်းဖို့လဲ ဖိတ်ခေါ်လိုက်ပါတယ်ဗျ ☺️။

ဆက်သွယ်ရန် ☎️ : +959 78220 8942


Kandawgyi Office & Residential 🏢 ဟာ ရန်ကုန်မြို့၏ အချက်အချာနေရာ သွားလာရလွယ်ကူသည့် နေရာတွင်တည်ရှိပြီး မင်္ဂလာစျေး၊ ယုဇနပလ...
11/06/2021

Kandawgyi Office & Residential 🏢 ဟာ ရန်ကုန်မြို့၏ အချက်အချာနေရာ သွားလာရလွယ်ကူသည့် နေရာတွင်တည်ရှိပြီး မင်္ဂလာစျေး၊ ယုဇနပလာဇာ၊ တော်ဝင်ပလာဇာများနှင့် ကားမှတ်တိုင် ၂ခု အကွာအဝေးတွင်သာ တည်ရှိတဲ့အတွက်
စီးပွားရေး လုပ်ကိုင်ရန်အထူး သင့်‌လျော်ပါတယ် ခင်ဗျ 👍။

ကန်ရိပ်သာလမ်း၊ သိမ်ဖြူလမ်း နှင့် ဒေါ်သိန်းတင်လမ်ကဲ့သို့ အချက်အချာကျတဲ့ လမ်းမကြီးတွေနဲ့ဆက်သွယ်ထားတဲ့ လမ်းသွယ်ဖြစ်တဲ့ ဒိုဘီလမ်းတွင် တည်ဆောက်ထားတာဖြစ်တဲ့အတွက် သွားလာရလွယ်ကူပြီး မြို့တွင်းဝန်းကျင်ဖြစ်တဲ့အတွက် သင့်ရဲ့ 🏢 ရုံးခန်းကိုလည်း သင့် Client များသို့ အလွယ်တကူ 🛣 လမ်းညွှန်နိုင်တာ အသေအချာပါပဲ ခင်ဗျ။

ဒါ့အပြင် KBZ နဲ့ AYA ဘဏ် များမှာလည်း အနီးပတ်ဝန်းကျင်မှာ ရှိတဲ့အတွက် ရုံးလုပ်ငန်းအတွက် 💳💵 ငွေထုတ် ငွေလွှဲများအတွက်လဲ အလွန်အဆင်ပြေချောမွေ့ပါတယ်။

ကန်တော်ကြီးပတ်လမ်း(ကန်ရိပ်သာလမ်း) အနီးမှာရှိတဲ့အတွက် 🏞 ရှုခင်းကောင်းကောင်းနဲ့ 🌈 သဘာ၀လေကောင်းလေသန့်ကိုလည်းခံစားနိုင်ပြီး ☀️မနက်ခင်း သို့ 🌅ညနေခင်း လမ်းလျောက်ထွက်ဖို့အတွက်လည်းအထူးသင့်လျော်တဲ့အတွက် 👨‍👩‍👧‍👦 မိသားစု နေအိမ်ခန်းများရှာဖွေ နေတဲ့သူတွေအတွက်လဲ အထူးသင့်လျော်တဲ့ ပတ်ဝန်းကျင်မှာရှိပါတယ်။

ဒါကြောင့် သွားလာရလွယ်ကူပြီး စျေးနီး၊ ကျောင်းနီး၊ စည်ကားတဲ့ 🌇 မြို့ပြ နေရာမှာရှိနေတာမို့လို့ 🏢 ရုံးခန်းဖွင့်လှစ်နိုင်ရန်နှင့် 👨‍👩‍👧‍👦 မိသားစုနေထိုင်ရန် ရှာဖွေနေသူများအတွက် အထူးသင့်လျော်ကောင်းမွန်သော နေရာဖြစ်လို့ လာရောက်ကြည့်ရှုကြဖို့ အကြံပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန် ☎️ : +959 78220 8942


Kandawgyi Office & Residential 🏢 ရုံးခန်း နှင့် နေအိမ်တိုက်ခန်းများ ရောင်းရန်/ငှားရန်ရှိသည်။အဆင့်မြင့် ရုံးခန်း၊ သို့မဟု...
09/06/2021

Kandawgyi Office & Residential 🏢 ရုံးခန်း နှင့် နေအိမ်တိုက်ခန်းများ ရောင်းရန်/ငှားရန်ရှိသည်။

အဆင့်မြင့် ရုံးခန်း၊ သို့မဟုတ် နေအိမ်တိုက်ခန်းများကို အချက်အချာကျတဲ့ နေရာမှာ ဝယ်ဖို့/ငှားဖို့ ရှာဖွေနေပါသလား❔❔❔
Kandawgyi Office & Residential သို့ ဆက်သွယ်ပြီး လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျ။ 😊

ကျယ်ဝန်းတဲ့တိုက်ခန်း 🏢၊ ကျေနပ်စရာရှုခင်း 🏞 တွေနဲ့ လူနေထိုင်ဖို့အတွက်ကော အလုပ်လုပ်ကိုင်ဖို့အတွက်ကော Smart 👨‍💼 ကျကျနဲ့ Relax 🥰 ဖြစ်ချင်တယ်ဆိုရင်တော့ နေရာကောင်းတစ်ခု ဖြစ်တယ်လို့ပဲ Recommand ပေးပါရစေခင်ဗျ။

သွားလာရတာလဲ လွယ်ကူတဲ့ ကန်တော်ကြီးပတ်လမ်း (ကန်ရိပ်သာလမ်း)၊ သိမ်ဖြူလမ်း အနီး ဒိုဘီလမ်းမှာ ရှိနေတာမို့လို့ အခုပဲ ဆက်သွယ်ပြီး လာရောက် လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန် : +959 78220 8942



Address

MS. 3, Kandawgyi Yeik Mon Housing
Yangon
130206

Website

Alerts

Be the first to know and let us send you an email when Kandawgyi Office & Residential posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share