Peace Real Estate Agency

Peace Real Estate Agency Condo , Apartment and Housing Buy and Sell service

17/03/2022

ဗိုလ်တစ်ထောင် မြို့နယ်ရှိ မြေညီ တိုက်ခန်း အရောင်းပါ။

✅ 1400 sqft ၊ (မြေညီထပ်)

✅ 1 Master bedroom, 2 bedroom
(ထပ်ခိုးပါ ၂ ခန်း)

✅ မီးဖိုခန်း၊ ဧည့်ခန်း၊ ဝရန်တာနှင့် အိမ်အကူထားရန် (သို့) ပစ္စည်း သိမ်းရန် အသုံးပြုနိုင်‌သော အခန်းကျဉ်းတစ်ခန်း၊

✅ ကြမ်းခင်း ရှာထိုးခင်း၊ နံရံကြွေပြား၊ အဲကွန်း၊ ရေပူ/ ရေအေး (ဂျိုးဖြူရေ)

✅ အိုးအိမ် ပိုင်ရှင် အမည်ပေါက် (First Owner)

✅ ကျယ်ဝန်းသော ကားပါကင်

✅ (၂၄) နာရီ လုံခြုံရေး

✅ အောက်ပုဇွန်တောင်လမ်းနှင့် ရာဇာဓိရာဇ်လမ်းထောင့်၊ ရာဇာဓိရာဇ်အိမ်ယာ၊ Ocean East Point အနီး၊

💰 သိန်း (၁၈၅၀) (ညှိနှိုင်း)

# # # လူမျိုးခြားများလည်း လက်ခံ ရောင်းချပေးပါတယ်။

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

26/02/2022

#မြောက်ဒဂုံ​မြေကွက်အဝယ်

- လမ်းမကျယ်ပေါ်
- လူစည်ကားရာနေရာ (ဈေးဆိုင်ဖွင့်လို့ကောင်းတဲ့ နေရာ)
- ရပ်ကွက်မရွေးပါ
- ၄၀ x ၆၀ မြေကွက်/ အိမ်ပါလဲရ
- စာရွက်စာတမ်းအရှုပ်အရှင်းကင်း
- သိန်း ၁၈၀၀ ဝန်းကျင် သုံးပါမယ်

# အိမ်ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ရှင့်

# အကျိုးဆောင်များလဲ အကျိုးတူ လက်ခံပါတယ်ရှင်

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

 #၂၈ ရပ်ကွက် မြေကွက်အရောင်း🏠 မြောက်ဒဂုံမြို့နယ်, ၂၈ ရပ်ကွက်🏠 မန္တလေးလမ်းမကြီး တဆစ်ချိုး ဂုတ်ကွက်      🏠 မြေအကျယ် - ပေ ၄၀...
23/02/2022

#၂၈ ရပ်ကွက် မြေကွက်အရောင်း

🏠 မြောက်ဒဂုံမြို့နယ်, ၂၈ ရပ်ကွက်

🏠 မန္တလေးလမ်းမကြီး တဆစ်ချိုး ဂုတ်ကွက်


🏠 မြေအကျယ် - ပေ ၄၀ ပေ ၆၀ (ဂရန်ပါ)
မြေပြင် (ပေ ၄၉, ပေ ၆၅)

🏠 သစ်သားအိမ်ပါ ( အိမ်မကောင်းပါ)

🏠 ဂရန်အမည်ပေါက်

💵 သိန်း ၁၈၅၀ ညှိနှိုင်း

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

 #အရောင်း🏠 ညရပ်ကွက် , မြောက်ဥက္ကလာ🏠 မြေအကျယ် - ပေ ၄၀ ပေ ၆၀🏠 အိမ်  - ပေ ၂၀ ပေ ၅၀ ပေ🏠 မျက်နှာချင်းဆိုင် အိမ်မရှိ🏠 ဂရန်အမည်...
08/01/2022

#အရောင်း

🏠 ညရပ်ကွက် , မြောက်ဥက္ကလာ

🏠 မြေအကျယ် - ပေ ၄၀ ပေ ၆၀

🏠 အိမ် - ပေ ၂၀ ပေ ၅၀ ပေ

🏠 မျက်နှာချင်းဆိုင် အိမ်မရှိ

🏠 ဂရန်အမည်ပေါက်

💵 သိန်း ၂၉၀၀

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

08/01/2022
 #အိမ်အငှားသာကေတမြို့နယ် မြင်တော်သာလမ်း🏢 မြင်တော်သာအိမ်ရာ🏢 3 rd floor..🏢 1200 sq/ ft..🏢 1. Master room🏢 2 bed room.🏢 3 a...
07/11/2021

#အိမ်အငှား

သာကေတမြို့နယ် မြင်တော်သာလမ်း

🏢 မြင်တော်သာအိမ်ရာ
🏢 3 rd floor..
🏢 1200 sq/ ft..
🏢 1. Master room
🏢 2 bed room.
🏢 3 aircon
🏢 washing machine
🏢 refrigerator
🏢 cloth cupboard
🏢 Double bed + double matress, Single matress
🏢 tv+ dvd, fan
🏢 Sofa sets , water pressure pump
🏢 ပရိဘောဂပစ္စည်းအစုံအလင်ပါရှိ

Price(ငှားရမ်းခ) - 4.5 lacks(ညှိနှိုင်း)
Foreigners o.k

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ်/အငှား လုပ်ချင်တယ်ဆိုရင်တော့ ိုသတိရလိုက်ပါ


09 555 8945

GPနှင့် SPအကြောင်းသိကောင်းစရာGP ( General Power )အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိ...
05/10/2021

GPနှင့် SPအကြောင်းသိကောင်းစရာ
GP ( General Power )
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။
- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။
- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး..စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။
- လယ်မြေ နှင့် ဥယျာဉ်ခံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။
- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။
- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

GP ၊ SP ဘာကွာလဲ. . ?
General Power ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲအပ်စာ၊
Special Power ဆိုတာ အထူးကိုယ်စားလှယ်လွှဲအပ်စာ စာကို ခေါ်ကြတာပါ။
(၁) တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။
(၂) တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ သူ့ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၃) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၄) ရုံးလုပ်ငန်းကိစ္စဆောင်ရွက်စရာရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်ကိုင်ရမဲ့နေရာမှာ အဆင်သင့်မရှိ တဲ့အချိန် ဥပမာ....
- ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ရုံးကိစ္စလုပ်စရာပေါ်လာတာ
- နိူင်ငံခြားရောက်နေတာ၊ကျောင်းသွားတက်နေတာ၊အလုပ်သွားလုပ်နေတာ၊တစ်ခြားအရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ
- ကံမကောင်းစွာနဲ့ အချုပ်ကျနေတာ၊ ထောင်ကျနေတာ၊ထောင်ထဲရောက်နေတုံး ကျန်ခဲ့တဲ့မြေကွက်လေးငွေလိုလို့ရောင်းချင်တာ
- တရားစခန်းဝင်နေတာ၊ သီလရှင်ဝတ်နေတာ၊ဘုန်းကြီးခဏဝတ်နေတာ....စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လို့အဆင်မပြေတဲ့အခါမျိုးတွေမှာ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၅) ရုံးအမျိုးမျိုးမှာ၊ အကြောင်းအရာအမျိုးမျိုးနဲ့ လိုအပ်ရင်လိုအပ်သလို အသုံးပြုလို့ရအောင်လည်း အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၆) (S.P)လည်းဒီလိုပဲ လွှဲအပ်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးအပေါ်မှာ မဟုတ်ပဲ လွဲအပ်သူလွဲအပ်တဲ့ အကြောင်းအရာ ၊အထူးပြုတဲ့ အကြောင်းအရာအပေါ်ပဲကိုယ်စားဆောင်ရွက်စေလိုတဲ့အခါ အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။ဥပမာ...
- ကျနော် အမည်နဲ့သုံးစွဲခွင့်ရတဲ့တယ်လီဖုန်းနံပါတ် ၀၉။။။။။။။။ အတွက်ရုံးသွားထုတ်ဖို့လိုတဲ့အခါ(ဒီကိစ္စရပ်တစ်ခုတည်းအတွက်)
- ကျနော့အမည်ပေါက်ကားလေး 5M ။။။။ သက်တမ်းကိစ္စ အတွက်ပဲ ရုံးသွားဖို့ လိုလာတဲ့အခါ(ဒီ ကားအတွက်ပဲ)
- ကျနော်ပိုင်တဲ့ မြေကွက် ၃ ကွက်အနက် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(-)၊ အကွက်(-)၊ဦးပိုင်(-)၊ မြေဧရိယာ (-) ကျယ်တဲ့ မြေကွက်အတွက်ပဲရုံးကိစ္စဆောင်ရွက်ဘို့ လိုလာတဲ့အခါမှာ၊အဲဒီမြေကွက်ကို အခြားသူကိုရောင်းချတဲ့အခါ(ဒီမြေကွက်အတွက်ပဲ) အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။
(၇) ကျန်တာတွေကတော့ အထက်အပိုဒ်(၁)၊(၂)၊(၃)၊(၄)ထဲကအတိုင်း အခြေအနေတွေမှာလည်း အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။
(၈) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....
- အသက် ၁၈ နှစ်ပြည့်ပီးသူတွေဖြစ်ရပါမယ်။
- ရူးနေတဲ့သူ၊စိတ်ပေါ့သွပ်တဲ့သူ မဖြစ်ရပါဘူး။
- တစ်ယောက်ထဲကနေ အများကို လွှဲအပ်နိုင်သလို၊အများကလည်း တစ်ယောက်ထဲကို လွှဲအပ်နိူင်ပါတယ်။
- G.P လွှဲမယ်ဆိုရင်တော့လူနဲ့၊မှတ်ပုံတင်၊ပဲလိုပီး S.Pလွှဲမယ်ဆိုရင်တော့ လူနဲ့ မှတ်ပုံတင်အပြင် မိမိ အထူးပြုလွှဲမဲ့ကိစ္စရပ်အတွက် မိမိပိုင်ကြောင်း ပိုင်ဆိုင်မှု အထောက်အထား(နာမည်ပေါက်) စာရွက်စာတမ်းတွေလိုပါမယ်။
- G.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၁၀၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
- S.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၃၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
လက်ခံသူ ၅ ယောက်အောက်ပေါ့
(၉) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....
- လွှဲတဲ့သူဖြစ်စေ၊လက်ခံတဲ့သူဖြစ်စေ သေသွားရင် ၊ ရူးသွားရင်ဖြစ်စေ ၊လွှဲတဲ့သူက ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊လက်ခံတဲ့သူက ငြင်းပယ်ရင်ဖြစ်စေ အဲ့ ကိုယ်စားလှယ်စာဟာ ရပ်ဆဲသွားပါတယ်။
- လွှဲအပ်တဲ့အကြောင်းအရာ ပီးသွားရင်/လွှဲအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပီး ဆက်လုပ်စရာမရှိတော့ရင်လည်း အဲဒီပါဝါက ရပ်ဆဲသွားပါတယ်။
- ဒါကြောင့် G.P, S.P ပဲမူလက ရယူထားပီး ငွေကြေးအဆင်ပြေတဲ့အချိန်မှ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုဖို့ ပြင်ဆင်တဲ့အချိန်မှာ G.P, S.P ရယူထားသူအား လွှဲအပ်ထားတာမှန်ကြောင်း၊လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း၊ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်ချက် ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။
(၁၀) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ -
- ဝယ်တဲ့သူဟာနာမည်ပေါက်လုပ်ချင်ရင် ထမ်းဆောင်ရတဲ့အခွန်ဟာ လက်ရှိအချိန်မှာ များတာကြောင့် အများအားဖြင့် မိမိကို ရောင်းတဲ့သူဟာ နာမည်ပေါက်ပိုင်ရှင်ဆိုရင် (S.P)၊လွှဲယူကြပါတယ်၊
- မိမိကိုရောင်းတဲ့သူဟာနာမည်မပေါက်သေးဘူး သူကိုယ်တိုင်ကို ရုံးကိစ္စဆက်လုပ်စရာကျန်သေးတဲ့အခြေအနေဆိုရင် (G.P) လွှဲယူကြတာများပါတယ်။
- ကိုယ်လုပ်တဲ့အကြောင်းအရာပေါ်မူတည်ပီးလည်း သင့်တော်သလို G.P သို့မဟုတ် S.P လွှဲယူကြပါတယ်။
- အိမ်ခြံမြေ နာမည်ပေါက်လုပ်ဖို့ကိစ္စရပ်တွေဆိုရင် အပြင်အခေါ် ရုံးကြီး(စာချုပ်စာတမ်းမှတ်ပုံတင်ရုံး)၊နယ်အခေါ် မြေစာရင်းရုံးမှာလွှဲယူကြပါတယ်။
- အဲလိုလွှဲတဲ့အခါ လွှဲချင်တဲ့သူက နယ်မြို့မှာရောက်နေရင် အဲဒီ နယ်မြို့မှာရှိတဲ့ ရုံးက လွှဲပေးလိုက်ရုံပါပဲ
- လွှဲမယ့်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊သတိကောင်းကြောင်း အထောက်အထားများရယူပီး သက်ဆိုင်ရာ ရုံး ကို ပြင်ပသို့လိုက်ပါမှတ်ပုံတင်ပေးရန်(visit) လျှောက်ထားပီး လွှဲအပ်ရယူလို့ရပါတယ်။ရုံးကိုထမ်းစင်ကြီးနဲ့ခေါ်လာစရာမလိုပါဘူး
- လွှဲအပ်မယ့်သူက နိူင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိူင်ငံမှာ မြန်မာနိူင်ငံဆိုင်ရာ သံရုံး တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်၊သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်၊သံရုံးရော၊ကောင်စစ်ဝန်ရုံးရောမရှိတဲ့ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရပါတယ်
- လွှဲတဲ့သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူး ရှေ့မှာ လွှဲရပါတယ်၊ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်မှူးရှေ့မှာ လွှဲအပ်ရယူနိူင်ကြပါတယ်။
(၁၁) လက်ရှိအပြင်မှာတော့ နာမည်ကိုယ်တိုင်မပေါက်တဲ့မြေတို့၊သူကိုယ်တိုင်လည်း ပါဝါပဲယူထားတဲ့မြေတို့၊ရွေ့ပြောင်း နိူင်သောပစ္စည်းနဲ့ပတ်သက်လို့ ရုံးကိစ္စလုပ်စရာရှိရင်တော့ ၊လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုလို့ရနိူင်ရန် အရပ်အခေါ်နိုတြီ( Notary Public ) G.P,S.P များ လွှဲအပ်ရယူကြပါတယ်။
တရားရုံးတရားသူကြီးရှေ့မှောက်မှာလဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်ရယူကြပါတယ်။ အပြင်မှာ၊အိမ်ခြံမြေလောကမှာ အများဆုံးတွေ့ရတဲ့ဟာတွေပေါ့။အဆိုပါ ပါဝါတွေနဲ့ နာမည်ပေါက်လုပ်တဲ့အချိန် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်လို့မရပေမယ့်ကျန်တဲ့နေရာတွေမှာသုံးလို့ရနေတာကြောင့် ပါဝါလေးတော့ လွှဲယူထားမှ အဆင်ပြေကြပါတယ်လို့ အိမ်ခြံမြေလောကမှာတွေ့ကြုံနေရပါတယ်။
G.P,S.P နဲ့ ပတ်သက်လို့ အခြားအကြောင်းအရာတွေလည်း အများကြီးကျန်ပါသေးတယ်၊ဒါက မပြည့်စုံသေးပါဘူး။အခြေခံလေးတွေပဲရှိပါသေးတယ်။
တစ်ချို့ကရှိတယ် S.Pပဲလွှဲပေးနိူင်မယ်၊G.P တော့မပေးနိူင်ဘူးတို့ရှိတက်ပါတယ်
G.P နဲ့ S.P ဘာလွှဲပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိ ကိုယ့်ဆီမှာရှိတဲ့စာရွက်စာတမ်း အနေအထားအခြေအနေနဲ့ အသုံးပြုချင်တဲ့အကြောင်းအရာပေါ်ပဲမူတည်ပါလိမ့်မယ်။



06/09/2021

#မြောက်ဒဂုံမြေကွက်အဝယ်

Edit : ရသွားပါပြီရှင် 😊
Comment ပေးတဲ့ အကို/အမ တွေအကုန်လုံးကို
ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏

(၄၀ x ၆၀)
လမ်းကျယ်
လမ်းမကြီးဒဲ့ပေါက်
ဈေးနီး
ထောင့်ကွက်ပိုကြိုက်ပါတယ်
၁၅၀၀-၂၅၀၀ သုံးပါမည်

အိမ်ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ်န်ုင်ပါတယ်ရှင့်
အကျိုးဆောင်များလဲ
1% - 1% အကျိုးတူ လက်ခံပါတယ်


095558945

ဒါလည်း Sold Out ပါရှင် ☺️
04/09/2021

ဒါလည်း Sold Out ပါရှင် ☺️

လူစည်ကားပြီး လုပ်ငန်းလုပ်ရန်အကောင်းဆုံး နေရာ ​
#မြောက်ဒဂုံ_အရောင်း

🏠 မြောက်ဒဂုံရှိ အကြီးဆုံးစျေးတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေးစျေးနဲ့လည်းနီး

🏠 လမ်းထိပ်မှာ ဘတ်စ်ကားဂိတ်လည်းရှိ (စက္ကန့်ပိုင်းလမ်းလျှောက်)

🏠 ၁ထပ်လုံးချင်းအိမ်ပါ

🏠 ၃၆ရပ်ကွက် ၊ မန္တလေးလမ်းမကြီးပေါ်မှာရှိ

🏠 ပင်လုံမှဂုတ်ကွက်

🏠 ၄၃ပေ ၊ ပေ ၆၀

🏠 ဂရန်အမည်ပေါက်

💵 Price - သိန်း ၄၂၀၀ /- (ညှိနှိုင်း)

#ပိုင်ရှင်ဖြင့်တိုက်ရိုက်စျေးညှိနိုင်ပါတယ်ရှင်

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

ရောင်းတဲ့သူရှိမှ ဝယ်လို့ရတဲ့ အကွက်လှလေး 🥰  edition  လေးနော်​Update Price :  သိန်း၄၀၀၀ ( ပါးပါးညှိ)095558945  Real Estate...
01/09/2021

ရောင်းတဲ့သူရှိမှ ဝယ်လို့ရတဲ့ အကွက်လှလေး 🥰
edition လေးနော်

Update Price : သိန်း၄၀၀၀ ( ပါးပါးညှိ)

095558945
Real Estate Agency

လူစည်ကားပြီး လုပ်ငန်းလုပ်ရန်အကောင်းဆုံး နေရာ ​
#မြောက်ဒဂုံ_အရောင်း

🏠 မြောက်ဒဂုံရှိ အကြီးဆုံးစျေးတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေးစျေးနဲ့လည်းနီး

🏠 လမ်းထိပ်မှာ ဘတ်စ်ကားဂိတ်လည်းရှိ (စက္ကန့်ပိုင်းလမ်းလျှောက်)

🏠 ၁ထပ်လုံးချင်းအိမ်ပါ

🏠 ၃၆ရပ်ကွက် ၊ မန္တလေးလမ်းမကြီးပေါ်မှာရှိ

🏠 ပင်လုံမှဂုတ်ကွက်

🏠 ၄၃ပေ ၊ ပေ ၆၀

🏠 ဂရန်အမည်ပေါက်

💵 Price - သိန်း ၄၂၀၀ /- (ညှိနှိုင်း)

#ပိုင်ရှင်ဖြင့်တိုက်ရိုက်စျေးညှိနိုင်ပါတယ်ရှင်

#လူကြီးမင်းတို့ပိုင်ဆိုင်တဲ့အိမ်များကိုစိတ်အေးချမ်းသာယာစွာဖြင့် အရောင်း/အ၀ယ် လုပ်ချင်တယ်ဆိုရင်တော့ ကိုသတိရလိုက်ပါ


09 555 8945

Address

Build(1) , Room(306) , Aung Zaya Yeik Mon , Ahlone Township
Yangon

Website

Alerts

Be the first to know and let us send you an email when Peace Real Estate Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category