Condo/Mini-Condo/Apartment _ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ရောင်း၀ယ်ငှား

  • Home
  • Myanmar
  • Yangon
  • Condo/Mini-Condo/Apartment _ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ရောင်း၀ယ်ငှား

Condo/Mini-Condo/Apartment _ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ရောင်း၀ယ်ငှား အငှား

KBZ က ဦးအောင်ကို၀င်းရဲ့ သမီး မင်္ဂလာဦးအလှူမင်္ဂလာဆောင်လို့ ကုန်ကျမယ့် မယ့်အစား တကယ် လိုအပ်တဲ့နေရာတွေကို …လှူဒါန်းထားတာသိ...
28/11/2023

KBZ က ဦးအောင်ကို၀င်းရဲ့ သမီး မင်္ဂလာဦးအလှူ

မင်္ဂလာဆောင်လို့ ကုန်ကျမယ့် မယ့်အစား တကယ် လိုအပ်တဲ့နေရာတွေကို …လှူဒါန်းထားတာ

သိန်းပေါင်း(၉)သောင်း .. (2.7 million $)

သာဓုခေါ်ပါတယ်

''ဂျက်မား '' ကပြောတယ်…============ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။အကြွေးတင်ရင် အသက်...
03/08/2023

''ဂျက်မား '' ကပြောတယ်…
============
ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။

ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။

အကြွေးတင်ရင် အသက်ကိုရင်းပြီး ပြန်ဆပ်ရမယ်။
ပြန်မဆပ်နိုင်သေးရင် ဖုန်းဆက်ပြီးပြော။သင် မမေ့ဘူးဆိုတာကို သူများသိအောင်ပြ။

ရိုးရိုး သားသားနဲ့ လူလုပ်။
ဘယ်တော့မှ သူများ သင့်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို မပျက်စေနဲ့။

သူများ သင့် ကိုယုံကြည်တာဟာ သင် သူများရဲ့ရင်ထဲမှာ တည်ရှိနေတဲ့တန်ဖိုးပါ။

ဘဝခရီးကရှည်တယ်။
လမ်းကျဉ်းအောင်တော့မလုပ်နဲ့။

လူကောင်းအောင်သာ အရင်လုပ်။
ဘာမဆိုရှိလာနိုင်တယ် ဖြစ်လာနိုင်တယ်။

ဘယ်တော့မှ သင့်ပတ်ဝန်းကျင်ကလူတွေကို ယုံကြည်မှုမပျက်သွားစေနဲ့။

ယုံကြည်မှုပျက် = တစ်သက်ပြိုလဲ

credit to original uploader
photo.crd
ပြန်ည်မျှဝေပါသည်။

15/10/2022

လျှောက်ရန်အောက်ပါလိုအပ်ချက်များ
**********************************************
💥 မှတ်ပုံတင်ရှိ အမည်။
💥 မွေးသက္ကရာဇ်
💥 မွေးဖွားရာမြို့
💥 *2"x2" ပတ်လည် ၆လအတွင်းရိုက်ထားသော မျက်မှန်မတပ်သည့် နောက်ခံဖြူ-ကာလာဓါတ်ပုံ *
#မှတ်ချက် ။
*ဓါတ်ပုံဆိုင်မှာ ရိုက်ပြီး ပုံမထုတ်ဘဲ ဖုန်းထဲကို တိုက်ရိုက်ထည့်ခိုင်းပြီး ပို့ပေးရမှာဖြစ်ပါတယ်
*ရိုက်ပြီးသားဓါတ်ပုံစက္ကူကို ဖုန်းကင်မရာနှင့်ပြန်ရိုက့်ခြင်း* နှင့်
*selfie ရိုက်ထာသောပုံများ (မျက်နှာကဘက်ပြောင်းသွားလို့) လက်မခံပါဘူး*
💥 ပညာအရည်အချင်း (အမြင့်ဆုံးပညာရေး)
💥 ဆက်သွယ်ရန်အိမ်လိပ်စာ
💥 ဖုန်းနံပါတ်
💥 emailလိပ်စာ (မရှိလို့ရပါသည်)
💥 လူပျို - အပျို / အိမ်ထောင်သည် / အိမ်ထောင်ကွဲ / US Green Card or Citizen နှင့် အိမ်ထောင်ပြုထားသူ / မုဆိုးဖို(မ)
💥 လက်ရှိနေထိုင်နေသော နိုင်ငံ
💫💫💫💫💫💫💫💫💫💫
💥 *အိမ်ထောင်သည်ဖြစ်ပါက အိမ်ထောင်ဖက်နှင့် လက်မထပ်ရသေးသော ၂၁နှစ်အောက်ကလေးများ* - ရှိပါက မဖြစ်မနေ ၎င်းတို့၏-
✍အမည်
✍မွေးနေ့
✍မွေးဖွားရာဇာတိမြို့
📷ဓါတ်ပုံ (၆လအတွင်းရိုက်ထားသည့်ပုံကို တစ်ယောက်ခြင်းစီ ရိုက်ပို့ရပါမည်)
#မိသားစုတွဲရိုက်ထားသော ပုံမဖြစ်ရပါ #
တို့ဖြင့်လျှောက်ထားရပါမည်။

***************************
🗣လျှောက်ထားနိုင်သူများအတွက်သတ်မှတ်ချက် - 📩📝
#အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး
#ပညာအရည်အချင်းအနိမ့်ဆုံး အထက်တန်းအဆင့်အောင်မြင်ရပါမည်။ (၁၀တန်း၊ တက္ကသိုလ်တတ်ရောက်နိုင်မည့်အဆင့်။)
#အထက်တန်အဆင့် မအောင်မြင်သူများ လျှောက်ထားလိုပါသက်မှတ်ထားသောကျွမ်းကျင်မှု အရည်အချင်း ပြည့်မှီခြင်းရှိ/မရှိ အောက်ပါ -
website link - https://www.onetonline.org/
တွင် ကိုယ်တိုင်လေ့လာပြီ; သတ်မှတ်ချက် SVP 7.0 အထက်ရှိပါက (မိမိသဘောဆန္ဒအရ‌) လျှောက်ထားနိုင်ပါတယ်။ ...
********************************************************
*လျှောက်ထားလိုသူများ*
ှသာ၀န်ဆောင်မူများ ဆောင်ရွက်ပေးမှာဖြစ်သောကြောင့် message box https://m.me/forwarddv သို့မဟုတ် Viber +959 4000 222 20 မှဆက်သွယ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်...
#မြန်မာနိုင်ငံသားများအားလုံး ကံထူးနိုင်ကြပါစေ🙏🙏🙏

27/09/2022

လှေရယ်... မြင်းရယ်... လူရယ်...

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊

'ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''

စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''
မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊

အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''

စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''

မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊

''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့
လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။ ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊
မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"

ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

# crd to owner

23/09/2022

EV...................................
Battery EV..အခွန်မရှိပါဘူး..ကညနမှတ်ပုံတင်ခမရှိပါဘူးတဲ့

Hybrid EV..အခွန် ၅% ..ကညနမှတ်ပုံတင်ခလျှော့ဖို့လုပ်နေတုန်းတဲ့(zero ဖြစ်ဖို့များတယ်)

Plug in Hybrid EV..အခွန် ၅%..,ကညနမှတ်ပုံတင်ခလျှော့ဖို့လုပ်နေတုန်းတဲ့(zero ဖြစ်ဖို့များတယ်)

ဆီကား....EV အတွက်ကင်းလွတ်ခွင့်ပေးခဲ့သမျှ မရတဲ့အခွန်တွေကိုပေါင်းထည့်တိုးမြှင့်ကောက်ပါမယ်တဲ့....

# #
ကြားမိသမျှလေး

20/09/2022

sim မှတ်ပုံတင် စစ်ဆေးရန်
MPT - *601 #
Ooredoo - *666 #
Telenor - *979*3*3 #
Mytel - *966 # , 6 , 2
#ဖုန်းအားလုံးစစ်ဆေးပြီးပါပြီ
မိတ်ဆွေများ လည်းစစ်ကြည့်လိုက်ပါ
original uploader

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိ...
19/09/2022

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ
+/- ဆိုတာ အော်တိုမှ မန်ညူရယ် ချိန်းပြီး ကိုယ်တိုင်အတင်အချလုပ်ဂီယာပါ။
================================================
(ပြန်လည်မျှဝေခြင်းသာ)
#ကား-Car အကြောင်းစုံ

Credit : Original Writer
Credit : photo

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ
+/- ဆိုတာ အော်တိုမှ မန်ညူရယ် ချိန်းပြီး ကိုယ်တိုင်အတင်အချလုပ်ဂီယာပါ။
================================================
(ပြန်လည်မျှဝေခြင်းသာ)
#ကား-Car အကြောင်းစုံ

Credit : Original Writer
Credit : photo

14/09/2022

ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊
လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင်
သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်

ဘယ်သူ့ကိုမှ မကြောက်ရဘူး။
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
ရင်ဆိုင်ရဲရမယ်။

ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
မလောရဘူး။

ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံး
ချင်းဆိုင်ရမယ်။

ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။
မယုတ်မာနဲ့။

ပြတ်သားရမယ်
အားမနာသင့်တဲ့အခါ အားနာ
မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ
သည်းခံရမယ်။

ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။

လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။

ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
နေတာမျိုးတွေကို ရှောင်ရမယ်။

ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်
နိုင်ရမယ်။

ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။

လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု
ကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။

လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်
ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။

မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။

လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
အဝေအဖန် မစောစေနဲ့။

အလိုက်သိတတ်ရမယ်။

ဘယ်အရာမှ အလကား မလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။

မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။

ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
မရင့်ကျက်ခြင်းအမှီအခိုကင်းရမယ်။
တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။

ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။

ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို
ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

Credit to on online
Chi Lay
#ခွန်နန္ဒ
#မေတ္တာဖြင့်ကူးယူဖော်ပြသည်
#ဗဟုသုတစာပေများကို
#ဖတ်ရှုလိုတယ်ဆိုရင်တော့
Aung Kyaw Moe
#အမြဲတမ်းဖိတ်ခေါ်နေပါတယ်
_______________________________________
မူရင်းရေးသူအား
ေးပါသည်
__________________

12/09/2022

တစ်ယောက်တည်းနေတတ်အောင်နေ

ချမ်းတယ်ထင်ရင် အနွေးထည်ဝတ်လိုက်

ဗိုက်ဆာတယ်ထင်ရင် မုန့်ဝယ်စားလိုက်

ကိုယ့်နွေးထွေးမှုဟာ သူ့ကြောင့်တော့မဖြစ်
စေသလို

ကိုယ့်ဆာလောင်မှုဟာ သူကြောင့်တော့
မဖြစ်စေနဲ့။

ဘယ်သူ့ကိုမှ စိတ်မစွဲနဲ့။

ဘယ်အရာကိုမှ ပုံသေမှတ်မယူနဲ့။

သိပ်နီးကပ်ပါတဲ့ အရိပ်ဆိုတာတောင်
အမှောင်​မြင်ရင်အဝေးကိုပြေးသွားတတ်
တဲ့ ဘဝမှာကိုယ်က

ဘယ်အရာ​​ပဲ​​ဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်
တစ်ခဏပိုင်ဆိုင် သာယာမိတာကို
ထာဝရပိုင်မယ်ဆိုပြီး စိတ်စွဲနေရင်

တစ်စုံတစ်ရာရှိမှ ရှင်သန်နိုင်မယ်ထင်ရင်

ကိုယ့်ရှင်သန်ခြင်းဟာ မောပန်းလာသလို

ကိုယ့်ပျော်ရွှင်ခြင်းဟာလည်း ဝေးသထက်
ဝေးကာ မပျော်ရွှင်တဲ့ဘဝကို​ရစေနိုင်လို့ပါ။

ဦးချေ(6.9.22)

မြန်မြန်ကျပါစေ
01/09/2022

မြန်မြန်ကျပါစေ

ဗဟိုဘဏ်ရဲ့ထုတ်ပြန်ကြေငြာချက်
30/08/2022

ဗဟိုဘဏ်ရဲ့ထုတ်ပြန်ကြေငြာချက်

Address

Yangon
11211

Alerts

Be the first to know and let us send you an email when Condo/Mini-Condo/Apartment _ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ရောင်း၀ယ်ငှား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Condo/Mini-Condo/Apartment _ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ရောင်း၀ယ်ငှား:

Share

Category