OMO

OMO လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒို၊ ခြံ၊ မြေ ( အရောင်း၊ အဝယ်၊ အငှား )

21/12/2022

စာရင်းဟောင်းလေးတွေထွက်သွားပါပြီ
စာရင်းအသစ်လေးတွေမကြာမှီလာပါမည်

Please stay tuned

HAPPY 2021 !လူနေထိုင်ဖို့ အိမ်ခန်း၊ တိုက်ခန်း တွေကို ငှားရမ်းတာပဲဖြစ်ဖြစ်၊ ဝယ်ယူတာပဲဖြစ်ဖြစ် ရွေးချယ်ကြတဲ့အခါ ဘယ်လိုအချက...
09/01/2021

HAPPY 2021 !

လူနေထိုင်ဖို့ အိမ်ခန်း၊ တိုက်ခန်း တွေကို ငှားရမ်းတာပဲဖြစ်ဖြစ်၊ ဝယ်ယူတာပဲဖြစ်ဖြစ် ရွေးချယ်ကြတဲ့အခါ ဘယ်လိုအချက်တွေသိထားသင့်သလဲ ဆိုတာကလည်း အရေးကြီးတဲ့ကဏ္ဍတရပ် ဖြစ်ပါတယ်။

🤗အခုပြောပြပေးသွားမှာတွေကတော့ မိတ်ဆွေတို့အတွက်အသုံးဝင်မည့်အချက်လေးတွေ ဖြစ်ပါတယ်။

🔸အဲ့တာလေးတွေမပြောပြခင် နေအိမ်တလုံးက ကျွန်တော်တို့အတွက် ဘယ်လိုတွေအထောက်အပံ့ပေးနေလဲဆိုတာလေးနဲ့ စပြောချင်ပါတယ်။ လူသားနဲ့ အိမ်က ဘယ်လို ယဉ်ကျေးမှု ခေတ်ကာလ ယန္တရားတွေ ပြောင်းပြောင်း ခွဲခြားလို့မရတဲ့ ရှေးသမိုင်းအထောက်အထား အခိုင်အမာတည်ရှိနေတဲ့အပြင် နောင်လဲ အခြေခံကျကျရှိနေဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေကို ဘာတွေထောက်ပံ့ပေးလဲ? လုံခြုံမှုတွေ၊ ပြည့်စုံမှုတွေ၊ ငြိမ်းချမ်းမှုတွေ၊ ပျော်ရွှင်မှုတွေ နဲ့ ချစ်ခင်စည်းလုံးမှု တွေ ပေး‌နေပါတော့ တကယ့်ကို Home sweet home ဆိုတဲ့ စကားလေးအတိုင်းပါပဲ။

🔸ဘာလုံခြုံမှုတွေပေးလဲ - ရာသီဥတုလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ ဓနလုံခြုံမှု ဆိုတဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုတွေပေါ့။ ရာသီဥတုလုံခြုံမှုက လေတိုက်တာ အေးခဲတာ ပူတာ နေပူတာ မိုးရွာတာ တွေပေါ့၊ ကျန်းမာရေးလုံခြုံမှုအရ စိတ်ပိုင်းအရကော အကာအရံအတွင်း မိမိကိုယ်ပိုင်လွတ်လပ်စွာစိတ်ချလက်ချနေထိုင်နိုင်ခြင်း နဲ့ ကိုယ်ခန္ဓာပိုင်းအရကော လေထုညစ်ညမ်းမှု (စတေးဟုမ်းနော်☺️)၊ အေးတာပူတာ ရာသီဥတုဒဏ်အတွက်လုံခြုံရပါတယ်။ ဓနလုံခြုံမှုကတော့ မိမိပိုင်တဲ့ ဥစ္စာပစ္စည်းအသုံးအဆောင်၊ ရွှေငွေပိုက်ဆံများ၊ စာရွက်စာတမ်း နဲ့ ဘဝအမှတ်တရတွေကို သိမ်းဆည်း ‌ကာကွယ်မှုပေးထားပါသေးတယ်။

🔸ပြည့်စုံမှုတွေကတော့ နေ့စဉ်လိုအပ်တဲ့ စားဖို့ချက်ပြုတ်ရာ မီးဖိုခန်း၊ ထမင်းစားခန်း၊ ဘာသာရေးဆိုင်ရာ ပြုရာနေရာ၊ လျှပ်စစ်စနစ်အင်တာနက်ဖုန်းလိုင်းစနစ်တပ်ဆင်ရာ၊ အိပ်စက်အနားယူရာ အိပ်ယာထားရာနေရာ၊ စသည်ဖြင့် လိုသလို စီမံအသုံးပြုသမျှ အတွက်ပြည့်စုံစေပါတယ်။

🔸ဂေဟာလေးတခုဖြစ်တည်လာတာနဲ့ အလုပ်ကပဲပြန်ပြန်၊ အပြင်ကပဲပြန်ပြန်၊ ကိုယ့်အိမ်ရောက်ပြီဆိုတဲ့စိတ်နဲ့ ငြိမ်းချမ်းမှု၊ မိသားစုပျော်ရွှင်မှု၊ ချစ်ခင်စည်းလုံးမှုတွေ အများကြီးကို ပေးစွမ်းနေတာပါ။

အဲ့လောက်အရေးပါတဲ့ အိမ်ဂေဟာလေးကိုရွေးချယ်ကြမယ်ဆိုရင်..........

🔸ဈေးနှုန်းလေးကစရမယ်.....ရန်ကုန်မြို့ထဲမှာ အစိုးရရုံးတွေ၊ ဌာနဆိုင်ရာတွေနဲ့ စီးပွားရေးအချက်အချာကျတဲ့ Downtown လို မြို့နယ် နဲ့ အနီးတဝိုက် မြို့နယ်တွေဟာ များသောအားဖြင့် မြေဈေး ဈေးနှုန်းမြင့်မားကြလေ့ရှိတယ်။ မြေဈေးပေါ်လိုက်ပြီး အိမ်ဈေးပါလိုက်မြင့်လာတယ်။ တဦးချင်းအလိုက် မိမိလိုအပ်ချက်နဲ့ မိမိသုံးမယ့်ငွေကိုက်ညီမယ့် အိမ်ခန်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။

🔸ကိုယ်ဝယ်ယူတဲ့အခါ အခန်းရှင်ရဲ့ ပိုင်ဆိုင်မှု အခိုင်အမာပြ စာချုပ်စာတမ်း၊ ‌အရှုပ်အရှင်း၊ အငှားဆို စာချုပ်ထဲမှာဘာတွေပါလဲ သေချာကြည့်နော်။

🔸ရပ်ကွက်၊ ပတ်ဝန်းကျင်၊ လူနေမှုက လဲ ထည့်စဉ်းစားရမယ့်အချက်လဲ ဖြစ်နေပါသေးတယ်။ ကိုယ်ကလုပ်ငန်းပါလုပ်မယ့်သူဆိုရင်တော့ လူစည်ကားရာရပ်ကွက်ကသင့်တော်သလို အေးအေးဆေးဆေးနေချင်တဲ့ ရုံးသမား၊ ကျောင်းသမား၊ လူကြီးပိုင်းတွေ ဆိုရင်တော့ တိတ်ဆိတ်တဲ့ရပ်ကွက်နေရာကသင့်တော်ပါတယ်

🔸ဈေးနီးဆိိုင်နီး၊ ကားမှတ်တိုင်နီး၊ ဘဏ်နီး၊ ကျောင်းနီး ဆိုတာကလဲ လိုအပ်ချက်ထဲပါနေပြန်ရော.....

🔸လမ်းသိပ်ကျယ်ဖို့ မလိုအပ်ပေမယ့် လမ်းသိပ်ကျဉ်းပြန်တော့ လဲ မီးသတ်ကား၊ ဆေးရုံကား ဝင်မရ၊ ပစ္စည်းရွှေ့ပြောင်းဖို့ ဘောက်စ်ကား ဝင်မရ ဒါလဲအဆင်မပြေပြန်ဘူးနော်.....

🔸လုံးချင်းအိမ်‌ဆိုပြဿနာမရှိပေမယ့် တိုက်ခန်း လှေကားခွင်အကျယ်ကလဲ လိုပြန်ရော ကိုယ်သယ်ရွှေ့လာမယ့် ပရိဘောဂတွေ ‌မဆံတာ တစ်နေတာတွေလဲ ကြုံတွေ့ရတတ်သေးတာ။

🔸အဝင်ဝ တံခါး ခိုင်မာမှုရှိရဲ့လား ပြတင်းပေါက်တွေခိုင်ရဲ့လား နောက်ဖေးပေါက်ကအစ ခိုင်မာ လုံခြုံမှုကရှိအုံးမှ လုံခြုံမှာနော်

🔸မျက်နှာကျက်ကစလို့ ပြတင်းပေါက် အိမ်ရှေ့မျက်နှာစာ မိုးတွင်း မိုးရေဝင်မဝင်၊ မြေညီဆို ရေဝင်မဝင် ကြိုစုံစမ်းထားရသေး။

🔸အကုန်လုံနေပြန်တော့လဲ အသက်ရှုကကြပ် လေဝင်လေထွက်ကောင်းမှ အစိုဓါတ်မအောင်းနိုင်မှာ၊ အစိုဓါတ်မအောင်းမှ ပိုးမွှားနဲ့ မှို ကင်းရှင်းမှာ။ မဟုတ်ရင် ဟင်းဟင်း အိမ်ထဲက စက္ကူတွေ သစ်သားဟောင်းတွေဆို ချ ကအရမ်းကြိုက်၊ မှိုရှိရင် လဲ ကျန်းမာရေးအတွက် လုံးဝလုံးဝ မကောင်းဘူး။ ပြတင်းပေါက်များများပါ ဖို့လဲကြည့်ပါ

🔸အစိုဓါတ်မရှိဖို့က လေဝင်လေထွက်၊ မိုးလုံနေတာနဲ့မပြီးပြန်ဘူး နေရောင်ကောင်းကောင်း ရအုံးမှ။ ကျွန်တော်အပါအဝင် လူတော်တော်များများက နေရောင်များများကျတာ ပူတာ မကြိုက်ကြဘူးဗျ။ အမှန်က နေက အလကားရတဲ့ စွမ်းအင်ဗျ။ အသုံးချတတ်ဖို့ပဲ😊။ အခန်းထဲပဲ အဝတ်ရေစိုတွေလှမ်းမနေနဲ့။ မိုးတွင်းကျရင်အဝတ်တွေမခြောက်ဘူး။ အရှေ့လှည့်က မျက်နှာစာနေ ကြာကြာမရဘူးဗျ။ ဘယ်ဘက်ပဲလှည့်လှည့် နေကောင်းကောင်းရနေဖို့ပဲ ‌ နေအလင်းရောင် လုံလုံလောက်လောက်ရမှ တချို့ပစ္စည်းတွေကကြာရှည်ခံတာ။ ကိုယ့်အကြိုက်သူ့အကြိုက်ဆိုတော့လဲ တိုက်အလှည့်ကို ရွေးကြပေါ့ဗျာ

🔸 လျှပ်စစ်မီးမှန်တဲ့ရပ်ကွက်ပေါ့ အရင့်အရင်တုန်းကပေါ့ ၊ ခုတော့ မီးအားမကျမမြင့် မီးအားမှန်ဖို့ပဲ လိုတာ

🔸အခန်းရဲ့အမြင့်ကလဲ အရေးကြီးတယ် ကြမ်းခင်းရင်း မျက်နှာကျက် ပြင်ဆင်ရင်း လူမတ်တပ်ရပ်ဖို့မလွတ်ပဲ နေမယ် မင်မင်အရပ်က 6ပေ 😝 (နောက်တာပါ) ဆိုတော့ ပရိဘောဂ ဗီဒို တို့ ဘာတို့ မတဲ့အခါ အပေါက်ဝ အမြင့် အတွင်းခန်းအမြင့်လဲလိုတယ်

🔸အခန်းအကျယ် ဒါကတော့ ကိုယ်ထားမယ့်ပစ္စည်းဆံဖို့နဲ့ လူနေဖို့ဖြစ်တဲ့အတွက် အဆင်ပြေမယ့်ဟာလေးရွေးပါ ပစ္စည်းကများအခန်းကကျဉ်း နေရင် ဂိုထောင်ဖြစ်ပြီ ပဲ လူတွေမတ်တပ်ကြီးအိပ် နေရမှာ တချို့က ပစ္စည်းအရမ်းကိုများကြတာလေ

🔸မီးဖိုခန်း ရေဆင်းပေါက်၊ ရေချိုးခန်းရေဆင်းပေါက်၊ အိမ်သာအခင်းရေဆင်းပေါက်တွေ ကောင်းဖို့ ရေဆင်းကောင်း ဖို့လိုတယ်

🔸ရေကအရေးကြီးတယ်နော်.....ရေကောင်းဖို့လိုတယ် ကိုယ်နေ‌တော့ မှ ရေတွေမကောင်းရင် ကွိုင်ပြီပဲ

🔸အိမ်ဘေး၊ အိမ်အောက်၊ လုပ်ငန်းဆိုင်ခန်း၊ မီးအန္တရာယ်ရှိမရှိ၊ မီးခိုးနံ့ ညှော်နံ့၊ ဆူညံတာ၊ ကိုယ့်အချိန်အဆနဲ့ကိုယ်ဆိုတော့ ‌‌ထည့်တွေးလို့ရအောင်ပါ

🔸နောက်ဆုံးအချက်ကတော့ တိုက်သား တောင့်မတောင့် ဆောက်လုပ်ရေး ကောင်းမကောင်း တုန်ခါမှု ရှိမရှိ ဘေးနား တံတား ကားလမ်း ရထားလမ်း စတာတွေထည့်စဉ်းစားလို့‌ရအောင် ရေးသားလိုက်တာပါ

နောက်လဲ လိုတာလေးတွေထပ်ဖြည့်ပါ့မယ် မိတ်ဆွေတို့အကြံပြုချင်တာလေးတွေရှိလဲ ‌comment မှာထပ် ထည့်ပေးပါအုံးဗျာ.....

OMO

လုံးချင်း၊ တိုက်ခန်း၊ ခြံ၊ မြေ ( ရောင်း၊ ဝယ်၊ အငှား အကျိုးဆောင်လုပ်ငန်း )

📞 09799681123

Address

Yangon
11121

Website

Alerts

Be the first to know and let us send you an email when OMO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share