Wings - Real Estate

Wings - Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wings - Real Estate, Estate agent, Yangon.

This page is created for the purpose of carrying out knowledge sharing in means of challenging games and debates, discussions and as well as entertainment purpose, donations and charity.

📣XT Phayathai condo for rentLocated within walking distance of Bangkok's bustling area -Central World, Platinum Mall, Pr...
10/04/2024

📣XT Phayathai condo for rent

Located within walking distance of Bangkok's bustling area -Central World, Platinum Mall, Pratunum Market, and Siam Paragon.

✅ Rent price - 25,000 B (1 month)
6 months lease start & 1 month in advance
2 month security deposit.

✅ Location - Ratchathewi, Bangkok

✅ BTS - Phayathai

✅ Room size - 46.61 sqm

✅ Room type - 1 bedroom + 1 bathroom

✅ Floor - 16th floor

✅ Fully furnished and ready to move in

The following facilities are included

✅ Car parking + EV charging terminal

✅ Sky pool, Massage chair, Mini Threater

✅ Roof Garden, Gym, Meeting room

✅ Co-working space, co-kitchen room, whirlpool bath, mini cinema.

Contact :Wtapp/Viber +959793514463
Wechat- nicolas92
Email - [email protected]

——————————————————————

📣XT Phayathai 公寓出租
距离曼谷繁华地区 - Central World、Platinum Mall、Pratunum Market 和 Siam Paragon 仅徒步可漫游。

✅ 租金 - 25,000 B(1 个月)
最低6 个月租起,提前 1 个月付款
2 个月押金

✅ 位置 - Ratchathewi, Bangkok

✅ BTS - Phayathai

✅ 房宽度 - 46.61 平方米

✅ 房类型 - 1 间卧室 + 1 间浴室

✅ 楼层 - 16 楼

✅ 设施齐全,可立即入住

包括以下设施

✅ 停车场 + 电动汽车充电站

✅ 空中泳池、按摩椅、迷你游泳池

✅ 屋顶花园、健身房、会议室

✅ 共享工作空间、共享厨房、按摩浴缸、迷你影院.

联系方式:Wtapp/Viber +959793514463
垎俥 - nicolas92
邮件 - [email protected]

——————————————————————

📣XT Phayathai ကွန်ဒိုအငှါး

ဘန်ကောက်မြို့ရဲ့ စည်းကားလှတဲ့ Central world, Platinum Mall, Pratunum Market, Siam Paragon တို့ကိုလမ်းလျှောက်ပတ်သွားလို့ရတဲ့ တည်နေရမှာရှိပါတယ်။

✅ ငှါးရမ်းခ - 25,000 B(၁လ)
၁ လကြိုပေးစံနစ်ဖြင့် ၆လချုပ်
စဘော် ၂ လစာကြိုသွင်းရမည်။

✅ တည်နေရာ - Ratchathewi, Bangkok

✅ BTS - Phayathai

✅ အခန်းအကျယ်ဝန်း - 46.61 sqm

✅ အခန်းအမျိုးအစား - 1 bedroom+1 bathroom

✅ အလွှာ - 16th လွှာ

✅ ပရိဘောဂအပြည့်စုံပါဝင်ပြီး နေထိုင်ရန်အသင့်

အောက်ပါ facilities များပါဝင်ပါတယ်

✅ Car parking+EV charging terminal

✅ Sky pool, Massage chair, Mini Threater

✅ Roof Garden, Gym, Meeting room

✅ Co-working space, co-kitchen room, Jaccuzi, mini cinema.

ဆက်သွယ်ရန်

Wtapp/Viber +959793514463
Wechat - nicolas92
Email - [email protected]

 #မြေကွက်အရောင်း  #ပုသိမ်ကြီးမြို့နယ်  #မန္တလေးပုသိမ်ကြီးလမ်းမ မှ ၂ မိနစ်လမ်းလျှောက်ရုံဖြင့်ရောက်ရှိမယ့် မြေကွက်လေးနဲ့ မ...
20/03/2024

#မြေကွက်အရောင်း #ပုသိမ်ကြီးမြို့နယ် #မန္တလေး

ပုသိမ်ကြီးလမ်းမ မှ ၂ မိနစ်လမ်းလျှောက်ရုံဖြင့်
ရောက်ရှိမယ့် မြေကွက်လေးနဲ့ မိတ်ဆက်ပေးပါရစေ😌
ဂရံမြေအမျိုးစားဖြစ်လို့ ခိုင်မာမှုရှိပြီးအရှုပ်အရှင်းလည်းကင်းပါတယ်👍👍
စိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး ပတ်ပတ်လည်မှာ RC လုံးချင်းတိုက်သစ်တွေပဲများတဲ့အတွက် ဘောစိတို့ အိမ်ဆောက်ပြီးပဲနေနေ၊ မြေကွက်အတိုင်း(ဝယ်/ရောင်း)ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုပဲလုပ်လုပ် အဆင်ပြေသင့်တော်တဲ့နေရာလေးပါ💪

📣ပိုင်ရှင်တိုက်ရိုက်ရောင်းတဲ့အတွက် ယုံကြည်စိတ်ချရပါတယ်📣

✅တည်နေရာ - ဗထူးလမ်း ၊ မြို့မရပ်ကွက်
✅မြေအကျယ်ဝန်း - 24' x 50' ( 1200 Sqft)
✅ရောင်းစျေး - သိန်း 2100 မှ 2600 ထိ အစားစား( တစ်ကွက်စျေး)

📞မြေကွက်အသေးစိတ်အချက်လက်တွေသိလိုလျှင် 09793414463 သို့ဖုန်းဆက်မေးမြန်းနိုင်ပါတယ်

#အကျိုးဆောင်များလည်းဖိတ်ခေါ်ပါတယ်

——————————————————————-

📣Land for sale, Mandalay Patheingyi Township📣

✅ Location -Ba Htoo St, Myo Ma Ward

✅ Land Area - 24' x 50' ( 1200 Sqft)

✅ Price - 2100 to 2600 Lakhs (6 plots)

📞More details please contact - 09793414463

——————————————————————-

📣出售地皮 位于 曼德勒 Patheingyi区域📣

✅位于 Ba Htoo 街内, Myo Ma Ward

✅ 售价 - 2100 to 2600 Lakhs (缅币)

✅ 地皮面积 - 24' x 50' (1200平方英尺)

📞更多信息请联系 - 09793414463

Golden city မြေညီထပ် အရောင်းရန်ကင်းမြို့နယ် ၊ရန်ကင်းလမ်းမကြီးပေါ် ၊ Golden City condominiumရောင်းစျေး             -  သိန...
03/01/2024

Golden city မြေညီထပ် အရောင်း

ရန်ကင်းမြို့နယ် ၊ရန်ကင်းလမ်းမကြီးပေါ် ၊ Golden City condominium

ရောင်းစျေး - သိန်း 17,000(ညှိနှိုင်း)

အခန်းအကျယ်ဝန်း - 1809 Sqft

Meeting room - 1 ခန်း
Pantry - 1 ခန်း
Office room - 1 ခန်း
Lounge - 1 ခန်း
Restroom - 1 ခန်း
Storeroom - 1 ခန်း ပါဝင်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် - 09793414463

——————————————————————-

Golden City Ground Floor For Sale / Rent

Yankin Township, Golden City condominium

Price - 17,000 Lakhs (Nego)

Room Area - 1809 Sqft

Below list included
1 - Meeting Room
1 - Office Room
1 - Pantry
1 - Lounge
1 - Restroom
1 - Storeroom

More details please contact - 09793414463

——————————————————————-

出售 Golden City 一楼独立店面

位于 Yankin 大道旁 Golden City Condominium

售价 - 17,000 Lakhs (缅币)

店面积 - 1809 平方英尺

包括以下房间

1 - 会议室
1 - 办公室
1 - 休息室
1 - 茶水间
1 - 洗手间
1 - 库房

更多信息请联系 - 09793414463

BCC အကြောင်းသယ်ချင်းတစ်ယောက်တိုက်ခန်းဝယ်လို့လိုက်ခဲ့ပါဆိုလို့လိုက်သွားဖစ်တယ်တိုက်ခန်းနေရာရောက်တော့စာရွက်စာတမ်းအရှုပ်အရှင...
13/10/2023

BCC အကြောင်း

သယ်ချင်းတစ်ယောက်တိုက်ခန်းဝယ်လို့လိုက်ခဲ့ပါဆိုလို့လိုက်သွားဖစ်တယ်

တိုက်ခန်းနေရာရောက်တော့
စာရွက်စာတမ်းအရှုပ်အရှင်းကင်းတယ်... ဘာမှစိတ်မပူနှင့်လို့ ရောင်းသူနှင့် အကျိုးဆောင်က ပြောပါတယ်။

ကျွန်တော်က BCC ကျပြီးသားလားလို့ မေးပါတယ်။
မကျသေးဘူးတဲ့... အဲအထိ အဆင်ပြေပါတယ်...

အဆင်မပြေတာက BCC က ဘာအရေးကြီးလို့လဲ အားလုံးဒီလိုပဲ နေနေကြတာပဲ... ဆိုပြီးကြားက အကျိုးဆောင်က ဝင်ပြောတာကို သဘောမကျတာပါ...

BCC ဆိုတာ တိုက်ခန်းမှာအရေးအကြီးဆုံးပါပဲ... သူတို့ပြောသလို စာရွက်စာတမ်းအရှုပ်အရှင်းမရှိဘူးဆိုတာ နေထိုင်သူတွေ၊ ပိုင်ဆိုင်သူတွေနဲ့တော့ဟုတ်ပါလိမ့်မယ်... ဒါပေမယ့် အစိုးရနဲ့တော့ ပြဿနာအကြီးကြီးကို ရှိတာပါ။

အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ် ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီးတော့

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ (အဲဒါတွေက မှန်ခန်းတို့၊ ဒါဘာတို့နှင့် ဆိုင်ပါတယ်။ နောက်တင်ပေးပါဦးမယ်)

ပုဒ်မ ၆၁ (င) တွင်-မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတာလည်း ရှိတယ်...

အဲဒါကို အရေးမကြီးဘူးဆိုတော့ အဲလိုအကျိုးဆောင်မျိုးတွေကို တော်တော်ရင်နာမိပါတယ်။ စကားကိုလက်လွတ်စပယ်ပြောလိုက်တာက မသိတဲ့သူမှာ နောက်ပိုင်းတော်တော်နစ်နာ ရပါလိမ်မယ်။ BCC မကျသေးဘူး အဲဒါကြောင့် ဒီဈေးနှင့်ရတာ ညီလေး ဝယ်ရဲရင် ဝယ်သင့်တယ်။ အဲလိုအကြံပေးတာမျိုးက လက်ခံပါသေးတယ်။

ရပ်ကွက်ကကောင်းလို့ ပတ်ဝန်းကျင်ကကောင်းလို့ မတိုင်လို့သာ ဘာမှမဖြစ်သေးတာပါ။ တစ်ယောက်ယောက်ကများ စည်ပင်ကို သွားတိုင်လိုက်ရင် တကယ့်ကို သပွတ်အူပါ။

အပေါ်က စည်ပင်ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) အရဆိုရင် ဝယ်ထားသူက အငှားထားထားရင် ငှားနေရတဲ့သူပါ တိုင်ပတ်မယ့်ကိန်းရှိပါတယ်။ တနေ့ကို ၁ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်လို့ရတယ်ဆိုတော့ တိုက်သက်တမ်းနဲ့ တနေ့ချင်းတွက်ပြီးသာ မြောက်ကြည့်လိုက်ရင် ဆုံးရှုံးမှုက နည်းတဲ့ပမာဏမဟုတ်ပါဘူး။

နိုင်ငံတော်ကလည်း ဒီအတိုင်းရေရှည်မှာနေမှာမဟုတ်ပါဘူး။

အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –

ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။

ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။

မြေရှင် ဒါမှမဟုတ် ကန်ထရိုက်သမားက အစိုးရကို ဆောင်ရမယ့် ပမာဏပါ။ ရန်ကုန်မြို့မှာ တိုက်ခန်းပေါင်း ၃ သိန်းကျော်ရှိပါတယ်။ အဲအထဲမှာ BCC မကျတာတွေက အများကြီးပါ။ နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေတွေ အများကြီး ဆုံးရှုံးရပါတယ်။ အဲဒါကို အစိုးရက ရေရှည်ခွင့်ပြုထားမယ်ထင်နေပါသလား..

တနေ့နေ့တချိန်ချိန်မှာ ပြန်ပြီးတော့ ကြပ်မှတ်လာတဲ့အခါ BCC မရှိတဲ့အခန်းတွေကို လက်ဝယ်ရှိနေတဲ့သူတွေ မီးခဲကိုင်မိသလို ဖြစ်နိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။

အဲဒါကို BCC ကအရေးမကြီးပါဘူး... ဒီအတိုင်းပဲ နေနေကြတာပါပဲ ဆိုတာကြီးကို ဖြစ်နိုင်ရင် မသိတဲ့ ဝယ်သူတွေကို ပြောပြီးမရောင်းစေချင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ရောင်းစေချင်ပါတယ်။ အချို့က BCC မရှိလည်း ဝယ်တဲ့သူတွေအများကြီးပါ။

crd to original

#ရန်ကုန်တိုက်ခန်း

Time city 22လွှာ ကွန်ဒိုတိုက်ခန်းအရောင်းရောင်းစျေး             -  သိန်း 11,000အခန်းအကျယ်ဝန်း - 1,600 Sqftအသေးစိတ်သိရှိလိ...
04/10/2023

Time city 22လွှာ ကွန်ဒိုတိုက်ခန်းအရောင်း

ရောင်းစျေး - သိန်း 11,000

အခန်းအကျယ်ဝန်း - 1,600 Sqft

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် - 09793414463

——————————————————————-

Time City 22 Floor For Sale

Price - 11,000 Lakhs (MMK)

Room Area - 1,600 Sqft

More details please contact - 09793414463

——————————————————————-

出售 Time City 一 楼房

售价 - 11,000 Lakhs (缅币)

面积 - 1,600 平方英尺

有意者请联系 - 09793414463

✅လိုအပ်တဲ့အချိန် အချိန်မရွေးကြည့်နိုင်အောင် share ထားလို့ရပါတယ်  - ဂရံ- ပုံစံ ၁၀၅- ပုံစံ ၁၀၆- စလစ်မြေ- ပုံစံ ၇ ( လယ်ယာမြ...
21/09/2023

✅လိုအပ်တဲ့အချိန် အချိန်မရွေးကြည့်နိုင်အောင် share ထားလို့ရပါတယ်

- ဂရံ
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
နမူနာပုံတွေပါ

Credit Photo

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ...
11/09/2023

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..
အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

Crd: yuzanarland

ပါမစ်မြေဝယ်ယူလျှင်❣❣❣❣❣💕💕ပါမစ်မြေကွက်ကို ဝယ် လျှင် တရားဝင်ဝယ်ယူပိုင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ...
05/07/2023

ပါမစ်မြေဝယ်ယူလျှင်
❣❣❣❣❣💕💕

ပါမစ်မြေကွက်ကို ဝယ် လျှင် တရားဝင်ဝယ်ယူပိုင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ပါသလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ် ထားသော မြေအမျိုးအစားများကို သိထား ရန် လိုအပ်ပါသည်။

"မြေအမျိုးအစား"
=======
ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများမှာ-

၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။

"ပါမစ်မြေဆိုသည်မှာ"
===========
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် ''အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်''ချပေး ထားသော မြေအမျိုးအစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေအမျိုးအစား ဖြစ်သည်။

"လွှဲပြောင်း ရောင်းချခြင်း"
===========
❖ မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်း ချ၊ ပေါင်နှံ၊ ပေး ကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
❖ သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြား သွား သဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲ ပြောင်း ရယူထားကြပေသည်။

ထို့အပြင် အရပ်ထဲတွင်
ပါမစ် မြေအား အရောင်း အဝယ် ကတိ စာချုပ် ဖြင့် အရောင်းအဝယ် ပြုလုပ်လုပ်လျက်ရှိပြီး

❖ ထို့ နောက် မှ မြေငှားဂရန်ကို လျှောက် ထားရယူလေ့ ရှိကြသည်။

YCDC တွင်လည်းအရပ်ကတိ စာချုပ် အဆက်စပ်ဖြင့် သတ်မှတ်ပုံစံ အတိုင်း အဆင့်ဆင့် စီစစ် ပြီး မြေငှားဂရံ ထုတ်ပေးလေ့ ရှိပေသည်။

ဒေါ်ဝေဝေ နှင့် ဒေါ်ခင်ငြိမ်း
၁၉၉၁. တရားရုံးချုပ်. တရားမ အယူခံမှုအမှတ်၁၂ ထွက်ပြီးသည့်နောက်
ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်းခွင့်ရှိကြောင်း သိရှိရသည်။

"မြေငှားဂရန် အသစ်ထုတ်ပေးခြင်း"
================
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည်။

မြေငှားဂရန်ထုတ်ပေး သော မြေအမျိုးအစားများမှာ
လိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အ တွက် အောက်ပါအချက်များကို ပူး တွဲတင်ပြလျှောက်ထားရပေသည်။

၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။ (နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)

၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)

၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ ဆက်ခံ သူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ

၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်း များ)

၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင် ဆိုင်ခွင့်နှင့် ပတ်သက်သည့် တရား ရုံး၏ အမိန့်ဒီကရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများ ပါရှိရပေသည်။

ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များဖြင့် အရောင်းအဝယ် လွှဲပြောင်းခြင်းပြုနိုင်ကြောင်း ကို တွေ့ရှိရမည် ဖြစ်ပေသည်။

သတိထားသင့်သော အချက်များ
===============

ပါမစ်မြေ ဝယ်မည် ဆိုပါက သက်ဆိုင်ရာ ဌာန အသီးသီး ကို အမည်ပေါက် မှန်/မမှန်။ မြေယာ ကန့်ကွက် ချက် ရှိမရှိ ကို သေချာ စီစစ် ရမည် ဖြစ်ပါသည်။

ပိုင်ဆိုင်မှု နှင့် မြေယာ
အရှုပ်အရှင်း ရှိမရှိ ကို သေချာ စီစစ် ရမည်ဖြစ်သည်။

စာချုပ်ကို သေချာ ခိုင်မာစွာချုပ်ဆိုသင့်ပါသည်။

သတင်းစာ တွင် ကန့်ကွက်ချက် ရှိမရှိ ကြေညာပါ။

မြေကို လက်ရောက် ရယူခြင်းဖြင့် အရောင်းအဝယ် အထမြောက်ပါစေ။

ဥပဒေ ဗဟုသုတ တိုးပွားကြပါစေ ။

crd to ဒေါ်မေသဥ္ဇာသိန်း

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ...
14/06/2023

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..

အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

Crd to。original

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများအိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်း...
07/06/2023

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

#ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

#ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

#လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

#လန ၃၉ မြေ(လယ ၃၀/ခ)

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

#တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

#ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

ကူးယူ မျှဝေခြင်း ဖြစ်ပါသည်။

စလစ်မြေစလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွ...
03/06/2023

စလစ်မြေ

စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

Credit to: ‌ဈေးကွက်ဂျာနယ်
Photo.crd

🟢အမွေခွဲဝေခြင်း၏အရေးကြီးပုံ🟢🔴(မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးကျန်ရစ်သော အမွေပုံပစ္စည်းအား တရားရုံးတော်မှ စီမံခန့်ခွဲပေးစေလိုမှု)...
24/04/2023

🟢အမွေခွဲဝေခြင်း၏အရေးကြီးပုံ🟢

🔴(မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးကျန်ရစ်သော
အမွေပုံပစ္စည်းအား တရားရုံးတော်မှ စီမံခန့်ခွဲပေးစေလိုမှု)🔴
******************

♦️ #အမွေဆက်ခံရေးသဘောတရားများ ♦️

🟩မြန်မာဓလေ့ထုံးတမ်း ဥပေဒ၌
လူတစ်ယောက်သေဆုံးလျှင်
မည်သူအမွေခံဖြစ်သည်၊
မည်သည့်အစီအစဥ်နှင့် မည်မျှဝေစုရမည်
စသည်ဖြင့် အတိအကျ သတ်မှတ်ခြင်းဖြစ်သည်။🟩
*******************

♦️ #စွဲဆိုရမည့်အမှုအမျိုးအစားများ ♦️

🟩 မြန်မာဗုဒ္ဓဘာသာတို့ အမွေစားအမွေခံတို့ကြား
ပစ္စည်းခွဲဝေ၍ လက်ရောက်ပေးအပ်စေလိုမှု မစွဲဆိုနိုင်။
အမွေဆိုင်တစ်ဦးသည် ကျန်အမွေဆိုင်များထံမှ
မိမိအစုကို ရလိုပါက အမွေပုံပစ္စည်းကို
တရားရုံးမှ စီမံခန့်ခွဲပေးစေလိုမှုဖြင့်
တရားစွဲဆိုရမည်။🟩

🟩တနည်းအားဖြင့်ဆိုရသော်
အမွေဆိုင်တစ်ဦးသည် အမွေဆိုင်ပစ္စည်းကို
အခြားအမွေဆိုင်တစ်ဦးထံမှ
လက်ရောက်စွဲဆိုပိုင်ခွင့်မရှိ၊ အမွေပုံကို
စီမံခန့်ခွဲပေးစေလိုမှုသာ စွဲဆိုနိုင်သည်။🟩

🟩မြန်မာဗုဒ္ဓဘာသာ အမွေခံတစ်ဦးသည်
ခွဲဝေပေးစေလိုမှုဖြင့် တရားမစွဲဆိုနိုင်၊
အမွေခွဲဝေပေးစေလိုမှု (ဆိုလိုသည်မှာ
အမွေပုံကို စီမံခန့်ခွဲပေးစေလိုမှု) စွဲဆိုရမည်။🟩

🟩မိဘများက ကျန်ရစ်သည့်အမွေပစ္စည်းများမှာ
မောင်နှမပိုင်များဖြစ်ကြောင်း
မြွက်ဟကြေငြာပေးရန် စွဲဆိုခွင့်မရှိ၊
တရားရုံးက အမွေခွဲ၍ စီမံခန့်ခွဲပေးရန်
အမှုမျိုးသာ စွဲဆိုခွင့်ရှိသည်။🟩
*******************

♦️ #မိသားစုစီမံမှု ♦️
🟩အမွေရှင်များ မသေဆုံးမီ အမွေစားအမွေခံများအား
ခေါ်ယူ၍ အချင်းချင်းသဘောတူညီမှုဖြင့်
အမွေခွဲကြခြင်းဖြစ်သည်။ နှုတ်ဖြင့်ခွဲဝေနိုင်သည်။
ခွဲဝေမှုကို စာဖြင့်ရေးသားပြီး
မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက
မှတ်ပုံတင်ရန်လိုအပ်ပေသည်။🟩
********************

♦️ #သေတမ်းစာ ♦️

🟩ပစ္စည်းရှင်သေဆုံးသည့်အခါ ၎င်း၏ပစ္စည်းများကို
မည်သို့မည်ပုံ စီမံခန့်ခွဲလိုကြောင်း
တရားဝင်ကြေငြာချက် ဖြစ်သည်။
မြန်မာဗုဒ္ဓဘာသာများသည်
သေတမ်းစာရေးခွင့်မရှိပါ။🟩
********************

♦️ #ရုံးခွန်နှင့်အမှုတန်ဖိုး ♦️

🟩တရားလိုအမှုတန်ဖိုးကို
မိမိသဘောအတိုင်း ကြိုက်နှစ်သင်သလို
သတ်မှတ်နိုင်သည်။ အမှုတန်ဖိုးမှာ
တရားလို၏ ဝေစုတန်ဖိုးဖြစ်ရမည်။
ရုံးခွန်ကိုလဲ မိမိတောင်းခံသော
အမွေဝေစုအပေါ် ထမ်းဆောင်ရမည်။🟩
********************

♦️ #ရုံးခွန် ♦️

🟩တရားလိုတောင်းဆိုသော
အစုတန်ဖိုးပေါ်တွင်
ရုံးခွန်ထမ်းဆောင်ရမည်။
အမွေပုံပစ္စည်း၏ တန်ဖိုးအပေါ်
ရုံးခွန်ထမ်းဆောင်ရန်မဟုတ်ပါ။🟩

🟩 တရားလိုသည် မိမိတောင်းဆိုသော
သက်သာခွင့်အပေါ် မိမိကြိုက်နှစ်သက်သလို
တန်ဖိုးသတ်မှတ်ခွင့်ရှိသည်။
ရုံးခွန်ကို လျှော့ပေါ့၍ ထမ်းဆောင်ထားကြောင်း
တွေ့ရှိရပါက တရားရုံးက လိုအပ်နေသော
အခွန်ကို ရုံးခွန်အက်ဥပဒေပုဒ်မ (၁၁)အရ
တောင်းခံရန်ဖြစ်သည်။ အကယ်၍ တရားလိုသည်
တရားပြိုင်ရရှိမည့် အခွင့်အ‌ရေးကို
ဆုံးရှုံးစေရန် အကြံဖြင့်ဖြစ်စေ၊
တရားဥပဒေယန္တရားကို အလွဲသုံးခြင်းဖြင့်
မလျော်သော အခွင့်အရေးရရှိစေရန်ဖြစ်စေ၊
အမှုကို တရားရုံးတစ်ရုံးတွင် စွဲဆိုထားပါက
နစ်နာသောအမှုသည်သည်
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂၄အရ
ရုံးပြောင်းလျှောက်ထားခွင့် ရှိသည်။🟩
*******************

♦️ #အမှုတန်ဖိုး ♦️

🟩အမှုတန်ဖိုးသည် ရုံးခွန်အလို့ငှာ
သတ်မှတ်ထားသည့် တန်ဘိုးနှင့်
အတူတူပင် ဖြစ်သည်။🟩
******************

♦️ #အမွေခွဲဝေပုံအခြေခံဥပဒေမူအရပ်ရပ် ♦️

🟩 ၏အမွေသည် အောက်သို့စုန်နိုင်လျှင်
အထက်သို့ မဆန်ရ။ ဆွေမျိုးနီးစပ်သူက
ဝေပေးသူအား အမွေခွဲဝေပေးခြင်းမှ
ထုတ်ပယ်နိုင်သည်။🟩
*******************

♦️ #အမွေဆက်ခံရမည့်အစီအစဥ် ♦️

(၁) သားသမီးများ
(၂) မြေးများ
(၃) မြစ်များ
(၄) ညီအစ်ကိုမောင်နှမများ
(၅) မိဘများ
(၆) ဘိုးဘွားများ
(၇) တူ/တူမများ
(၈) ဦးကြီး/ဦးလေးနှင့် မိထွေးများ
(၉) တူ/တူမများ၏ သားသမီးများ
(၁၀) တစ်ဝမ်းကွဲ ညီအစ်ကို မောင်နှမများ
(၁၁) တူ/တူမများ၏ မြေးများ
(၁၂) တစ်ဝမ်းကွဲညီအစ်ကို မောင်နှများ၏ သားသမီးများ
(၁၃) တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ၏ မြေးများ
*******************

♦️ #အမွေဆက်ခံခွင့်မရှိသူများ ♦️
🟩 တရားမဝင်သော သားသမီးသည်
အမွေဆက်ခံခွင့်မရှိပါ။
လင်မယားကွာရှင်းပြီး‌နောက်
ဖခင်နှင့်အတူလိုက်နေသော သားသမီးသည်
မိခင်အမွေကို ဆက်ခံခွင့်မရှိပါ။
ထိုအတူ မိခင်နှင့် အတူလိုက်နေသော
သားသမီးသည် ဖခင်၏ အမွေကိုလည်း
ဆက်ခံပိုင်ခွင့်မရှိပါ။ သို့ရာတွင် မိဘအပေါ်
တာဝန်ကျေပွန်လျှင် မိဘအမွေကို ဆက်ခံနိုင်သည်။🟩

🟩 မိဘအပေါ် ဝတ္တရားမကျေပွန်ပဲ
မဖွယ်မရာလုပ်သော သားသမီး
(သွာနုတ္တ)သားသမီးသည် မိဘအမွေကို
ဆက်ခံပိုင်ခွင့်မရှိပါ။
ရဟန်းတော်များသည် အမွေဆက်ခံပိုင်ခွင့်မရှိပါ။ 🟩
**********************

♦️ #အမွေမှုတွင်ပါဝင်ရမည့်သူများ ♦️

🟩 ကွယ်လွန်သူထံမှ ကြွေးမြှီများရစရာရှိသောသူ၊
ကွယ်လွန်သူ အမွေစားအမွေခံ၊
အမွေထိန်း (သို့မဟုတ်) အမွေပစ္စည်း
စီမံခန့်ခွဲသူ၊ အမှုသည်များ၊
သေဆုံးသူ အမွေရှင်၏ သားချင်းအားလုံးတို့အား
အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရမည်။
သားချင်းဆိုသည်မှာ အမွေစားအမွေခံများကို
ဆိုလိုခြင်းဖြစ်သည်။
အမွေစား အမွေခံမဟုတ်သူများကို
အမှုသည်အဖြစ် ထည့်သွင်း၍ မရနိုင်ပါ။ 🟩

🟩 အမွေပုံပစ္စည်းသည် အမွေစားအမွေခံမဟုတ်သူ
လက်ဝယ် ရောက်ရှိနေစကာမူ
၎င်းအား အမှုသည်အဖြစ် မထည့်ရပါ။
ပစ္စည်းလက်ရောက်ရလိုမှုဖြင့်
သီးခြားစွဲဆိုရန် ဖြစ်သည်။
သူစိမ်းပုဂ္ဂိုလ်ကို အမှုတွင်စွဲဆိုထားကြောင်း
တွေ့ရှိရပါက ၎င်းအား အမှုမှ
ပယ်ဖျက်ရန် ဖြစ်သည်။ 🟩

🟩 သို့သော် အမွေပစ္စည်းအားလုံးမှာ
သူစိမ်းလက်ထဲ ရောက်ရှိနေပါက
၎င်းအားအမှုသည်အဖြစ် ထည့်သွင်းစွဲဆိုနိုင်သည်။
အမှုတွင် အမွေပုံနှင့်
အကျိုးသက်ဆိုင်သူအားလုံး ပါဝင်ရမည်။
အမွေစားအမွေခံ စုံလင်အောင်
ပါဝင်ခြင်းမရှိသည့် အမှုမျိုးတွင်
အမွေပစ္စည်းကို ရုံးမှ စီမံခန့်ခွဲရန်
ဒီကရီမချမှတ်နိုင်ပေ။ 🟩

🟩 သို့ဖြစ်ရာ အမွေစားအမွေခံ
အစုံအလင်ပါဝင်ခြင်းမရှိသည့်
အမှုကိုပလပ်ရန်သာ ဖြစ်သည်။ 🟩

🟩 တရားလိုနှင့် တရားပြိုင်တို့သည်
အမွေဆိုင်များဖြစ်ကြောင်း
အငြင်းပွားမှုမရှိသည့် အမှုတွင်
တခြားသူတစ်ဦးက သေဆုံးသူ၏
တစ်ဦးတည်းသော အမွေစားအမွေခံဖြစ်သည်ဟုဆိုကာ
အမှုတွင် တရားပြိုင်အဖြစ်
ထည့်သွင်းပေးရန် လျှောက်ထားသည်။
အကယ်၍ ထိုသူအဆိုရှိသည့်အတိုင်း
ထင်ရှားခဲ့လျှင် အမှုကို ပလပ်ရန်ဖြစ်သည်။
တရားလွှတ်တော်က အမှုသစ်ဖြစ်ပွားခြင်းကို
ကာကွယ်ရန်အတွက် ထိုသူအား
တရားပြိုင်အဖြစ် ထည့်သွင်းနိုင်ကြောင်း
ထို့အပြင် ထိုသူ၏ အခွင့်အရေးကို
အခိုင်အမာဆိုပြရန်အတွက် သူ့အား
သီးခြားတစ်ရားတစ်ထုံးဆွဲဆိုရန်
မလိုကြောင်း ဆုံးဖြတ်သည်။ 🟩
*********************

♦️ #ကျန်ရစ်သူမိဘတစ်ပါးပါးနှင့်သားသမီးများအမွေခွဲဝေခြင်း ♦️

🟩 ဖခင်ဖြစ်သူကွယ်လွန်လျှင်
ဩရသသားသည်၎င်း၊
မိခင်ဖြစ်သူကွယ်လွန်လျှင်
ဩရသသမီးသည်၎င်း၊
အမွေကို (၄)ပုံ (၁)ပုံ ရပိုင်ခွင့်ရှိသည်။
မိဘတစ်ပါးပါးကွယ်လွန်သောအခါ
သားသမီးသည် မိမိဆန္ဒအရ
မတောင်းခံပါက ကျန်ရစ်သူမိဘ
နောက်အိမ်ထောင်ပြုသည့်အခါတွင်
မိဘ၏ အမွေ(၄)ပုံ (၁)ပုံကို ရပိုင်ခွင့်ရှိသည်။ 🟩

🟩 မိဘနှစ်ပါးအနက် တစ်ဦးဦးသေသောအခါ
အမွေရထိုက်သည့် သားသမီးမှအပ
ကျန်သားသမီးများသည် ကျန်ရစ်သူမိဘထံမှ
အမွေရခွင့်မရှိပါ။ သို့သော် ကျန်မိဘ
နောက်အိမ်ထောင်ပြုသည့်အချိန်တွင်
အမွေခွဲဝေပေးခြင်းမရှိပါက
အမွေခွဲပေးရန် တောင်းဆိုနိုင်သည်။ 🟩
*********************

♦️ #အမွေပစ္စည်းနှင့်ကာလစည်းကမ်းသတ်မှတ်ချက် ♦️

🟩 အမွေပုံပစ္စည်းသည် မပြောင်း‌ရွှေ့နိုင်သော
အမွေပစ္စည်းဖြစ်လျှင် (၁၂)အတွင်း တရားစွဲရမည်။
အမွေပုံပစ္စည်းသည် ရွှေ့ပြောင်းနိုင်သော
ပစ္စည်းဖြစ်ပါက (၆)နှစ်အတွင်း တရားစွဲဆိုရမည်။ 🟩

🟩 ဖခင်ကွယ်လွန်သောအခါ
ဩရသသားသည် မိမိအစုကို
ကာလစည်းကမ်းသတ်အက်ဥပဒေတွင်
သတ်မှတ်ထားသည့် ကာလအတွင်း
တောင်းဆိုနိုင်သည်ဟု ဖော်ပြထားပါသည်။
ထိုနည်းအတူ ကျန်ရစ်သူမိဘ
နောက်ထပ်အိမ်ထောင်ပြုသည့်အခါ
သားသမီးများရပိုင်ခွင့်တို့သည်
၁၂နှစ်ကုန်တွင် (ဆိုင်ရာမိဘသေဆုံးချိန်နှင့်
ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့်အချိန်မှစ၍
အသီးသီးရေတွက်ရန်ဖြစ်သည်။ 🟩

#မူရင်းရေးသားသူအား_Credit_ပေးပါသည်

#အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း #အိမ်ခြံမြေဗဟုသုတ

Address

Yangon

Telephone

+959793414463

Website

Alerts

Be the first to know and let us send you an email when Wings - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wings - Real Estate:

Share

Category