GOOD LUCK Real Estate and General Services

GOOD LUCK Real Estate and General Services Real Estate & General Services

ခဏခဏ မေးကြလွန်းလို့ ပြန်တင်ပေးလိုက်ပြန်ပီ ်နဲ့အိမ်ဆောက်တယ်ဆိုတာဘယ်လိုမျိုးလဲ ?====================================PAE ဖြ...
17/09/2022

ခဏခဏ မေးကြလွန်းလို့ ပြန်တင်ပေးလိုက်ပြန်ပီ

်နဲ့အိမ်ဆောက်တယ်ဆိုတာဘယ်လိုမျိုးလဲ ?

====================================
PAE ဖြင့် အိမ်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်တွေအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

PAE စနစ်ဆိုတာဟာ ကန်ထရိုက်စနစ်တွေထဲက တစ်ခုဖြစ်ပြီးတော့ အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရမယ်ဆိုရင် PAE စနစ် နဲ့အိမ်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးဆောက်လုပ်ရာမှာပါ၀င်တဲ့ ပန်းရံ၊ လက်သမား၊ မီးသမား ၊ ဆေးသုတ်သမား အစရှိတဲ့ အခန်းကဏ္ဍအသီးသီးအတွက် အသေးစားပုတ်ပြတ်စနစ်တွေကို စုပေါင်းထားတာပဲဖြစ်ပါတယ်။...
PAE ရဲ့အဓိပ္ပါယ်
--------------------
PAE ဆိုတာက "Plinth Area Estimate (PAE)" ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဆောက်အဦတစ်ခုကို ဆောက်လုပ်ရာမှာ အဆောက်အဦရဲ့ဧရိယာပေါ်မှာ အခြေပြုပြီး ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း ဖြစ်ပါတယ်။

PAE ဆိုတာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံး စကားလုံး အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တော့ PAE ဆိုတာကို စျေးတန်းသတ်မှတ်ချက် တခုအနေနဲ့ အသုံးပြုလာကြပြီး အိမ်ရှင်နဲ့ ကန်ထရိုက်၊ ကန်ထရိုက်နဲ့ အလုပ်သမားကြားမှာ သင့်တင့်မျှတအောင် စျေးညှိနှိုင်းဖို့အတွက် အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ် …. ...
PAE ကို ဘယ်နေရာမှာ စတင်အသုံးပြုခဲ့တာလဲ
--------------------------------------------------------
တကယ်တော့ PAE Rate ဆိုတာကို မူလပထမက စာသင်ကျောင်းနဲ့ ဆေးရုံလို ပုံသေတွက်ချက်လို့ရတဲ့ ဧရိယာကြီးမားပြီး ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ အစိုးရပရောဂျက်လိုအဆောက်အဦတွေကို တင်ဒါချပေးတဲ့နေရာမှာ စတင်သုံးစွဲခဲ့ရာကနေ နောက်ပိုင်းမှာ ကန်ထရိုက်ဆောက်လုပ်ရေးလောကကိုပါ ရောက်ရှိလာပြီး သာမန် ပုဂ္ဂလိကအဆောက်အဦးတစ်ခု ဆောက်တော့မယ်ဆိုရင်ပါ PAE Rate နဲ့ စျေးစကားပြောတာတွေ လုပ်လာကြပြီပဲဖြစ်ပါတယ် …. အရပ်စကားနဲ့ပြောရမယ်ဆိုရင်တော့ ပုတ်ပြတ်စနစ်တစ်မျိုးပဲဖြစ်ပါတယ်… ...
PAE က အိမ်ဆောက်ရာမှာပါ ဘာလို့အသုံးတွင်ကျယ်လာတာလဲ
------------------------------------------------------------------------
PAE ဆိုတာက အင်ဂျင်နီယာပညာရပ်ဆိုင်ရာအသုံးအနှုန်းဆိုပေမယ့် ဆောက်လုပ်ရေးလောက ကန်ထရိုက်လောကမှာ အင်ဂျင်နီယာတွေချည်းပဲ မဟုတ်တော့ဘဲ အလွှာအသီးသီးကလူတွေ ၀င်ရောက်လုပ်ကိုင်လာတဲ့အချိန်မှာ ကုန်ကျစရိတ်အသေးစိတ် Detailed Estimate ကို အင်ဂျင်နီယာတွေလို အတိအကျ တွက်ချက်ဖို့ ခက်ခဲလာပါတယ်။

ဒါကြောင့် အင်ဂျင်နီယာတစ်ယောက်ဆောက်ထားတဲ့ အိမ်တလုံးရဲ့ ပုံစံ၊ သုံးထားတဲ့ PAE Rate၊ အပြီးသတ်ကုန်ကျစရိတ်စတာတွေကို နမူနာယူပြီး ကန်ထရိုက်တွေက ကိုယ် ၀န်ဆောင်မှုပေးနိုင်တဲ့စျေးနဲ့ အလျှော့အတင်းပြုလုပ်ကာ အလုပ်လက်ခံလာကြ၊ စျေးစကားပြောလာကြတဲ့အတွက် အခုနောက်ပိုင်းမှာ အရမ်းတွင်ကျယ် လာတာဖြစ်ပါတယ်။...
PAE Rate ဆိုတာကရောဘာလဲ?
----------------------------------------
အများနားလည်အောင်ပြောရမယ်ဆိုရင်တော့ PAE Rate ဆိုတာကတော့ အဆောက်အဦတစ်ခုရဲ့ တစ်ပေပတ်လည် ဧရိယာမှာ ကျသင့်မယ့် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။ အဲဒီ PAE Rate ကိုပဲ ကန်ထရိုက် တစ်ဦးနဲ့တစ်ဦးသတ်မှတ်ထားတဲ့ပမာဏတော့ မတူညီကြပါဘူး။

ဥပမာ PAE Rate တပေပတ်လည် ကျပ်နှစ်သောင်းနဲ့ အလျား ပေ ၂၀ × အနံ ပေ ၃၀ အကျယ်အ၀န်းရှိတဲ့အိမ်ကိုဆောက်မယ်ဆိုရင် အဲ့ဒီအိမ်ရဲ့တန်ဖိုးက ကျပ် သိန်း (၁၂၀) ကျသင့်မှာ ဖြစ်ပါတယ်။ PAE Rate နှစ်သောင်းခွဲနဲ့ဆောက်မယ်ဆိုရင် တော့ သိန်း (၃၀) လောက်ထပ်ဆောင်းကုန်ကျသွားမှာ ဖြစ်ပါတယ်။

PAE Rate လို့ဆိုရာမှာလည်း အိမ်တလုံးရဲ့အကြမ်းထည်သီးသန့် PAE Rate နဲ့ အိမ်သုတ်ဆေး၊ ရေပိုက်သွယ်တန်းမှုစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုစနစ်၊ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေပါ ပါ၀င်တဲ့ အချောထည်အထိ အပြီးအစီး PAE Rate ဆိုပြီးလည်း ကွဲပြားပါတယ်။ ဒါ့အပြင် ဆောက်လုပ်သူက ပစ္စည်း၀ယ်ပေးပြီး လက်ခကိုပဲ ရှင်းပေးတဲ့ Labour PAE နဲ့ ကန်ထရိုက်ဖြစ်သူက ပစ္စည်းရောလက်ခပါအပြီးအစီးတာ၀န်ယူရတဲ့ PAE ဆိုပြီးလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း မြင်တွေ့ရပါတယ်….....
PAE စနစ်ရဲ့ အားသာချက်
--------------------------
အရင်က အိမ်တစ်လုံးဆောက်မယ်ဆိုရင် ပေစားကျင်းစားနဲ့အလုပ်လုပ်ရတာဖြစ်ပါတယ်။ အုတ်စီတဲ့လူက တစ်ကျင်းကို ဘယ်လောက်နှုန်း၊ ပုံဆင်ပုံရိုက်လက်သမားအဖွဲ့က တစ်ကျင်းကို ဘယ်လောက်နှုန်းစသဖြင့် အလုပ်အပ်ရတဲ့အခါမှာ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး… အိမ်မဆောက်ခင်လုပ်ရမယ့်အခြေခံအဆင့်တွေက များပြားသလို လိုက်လံချိတ်ဆက်ရမယ့် အဖွဲ့တွေကလည်း ပန်းရံ၊ လက်သမား၊ ဆေးသုတ်သမား စသဖြင့် များပြားလှပါတယ်။

ခုခေတ်အနေအထားအရ အင်ဂျင်နီယာသို့မဟုတ် တခြား ပညာရှင်တယောက်က အိမ်တစ်လုံးဆောက်ရာမှာပါ၀င်မယ့် အဖွဲ့တွေကို စုစည်းပြီး ကန်ထရိုက်တာ အနေနဲ့ ရပ်တည်လာတဲ့အခါ အိမ်ရှင်အနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်ပုံစံနဲ့ဒီဇိုင်းကို နမူနာပြလိုက်ရုံနဲ့ အိမ်ရဲ့တန်ဖိုးကုန်ကျစရိတ်အပြီးအစီးကို PAE နဲ့ အနီးစပ်ဆုံးတွက်ချက်လာနိုင်ပါတယ်။

ဒါ့အပြင် PAE နဲ့တွက်ချက်မှုစနစ်က တွက်ရချက်ရလွယ်ကူတဲ့အပြင် PAE Rate နဲ့စကားပြောတဲ့အခါမှာ လူတိုင်းသဘောပေါက်လွယ်တဲ့အတွက် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား၊ ကန်ထရိုက်နဲ့ လေဘာကန်ထရိုက် ကြားထဲမှာပါ သုံးရတာ အဆင်ပြေစေတဲ့ အတိုင်းအတာစနစ်တခု ဖြစ်လာပါတယ်။

အိမ်ဆောက်လုပ်မယ့်သူ အနေနဲ့လည်း ကိုယ်သုံးနိုင်တဲ့ငွေနဲ့ အပြီးအစီးကျသင့်မယ့် တန်ဖိုးကို အလွယ်တကူ ချိန်ထိုးလို့ရနိုင်ပြီး ကန်ထရိုက်တယောက်နဲ့တယောက်ရဲ့ မတူညီတဲ့ PAE Rate တွေထဲကမှ ကိုယ်မှန်းထားတဲ့ငွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံကို အနီးစပ်ဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်မယ့် အဖွဲ့ကို ရွေးချယ်ငှားရမ်းပြီး မိမိစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်လာနိုင်ပါတယ်။...
PAE နဲ့ အိမ်ဆောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ
------------------------------------------------------------------
PAE နဲ့ တွက်ချက်ပြီး စျေးနှုန်းသတ်မှတ်ပြောဆိုတဲ့စနစ်ဟာ ပုံမှန်အတိုင်းဆိုရင်တော့ အိမ်တစ်လုံးရဲ့အကျယ်အ၀န်းဧရိယာကို သတ်မှတ်ထားတဲ့ PAE Rate နဲ့မြှောက်လိုက်ရုံနဲ့ အိမ်တန်ဖိုးထွက်လာတယ်ဆိုပေမယ့် အဲဒီအိမ်မှာ ဘယ်လိုအတန်းအစားရှိတဲ့ ပစ္စည်းတွေကို ထည့်သုံးမယ်ဆိုတာကလည်း သတိထားစရာအချက်တစ်ချက်ဖြစ်လာပါတယ်။
ကန်ထရိုက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းခွဲ (၁၅၀၀၀)၊ နောက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းရှစ်ထောင် (၁၈၀၀၀) ဆိုတာမျိုး နှိုင်းယှဉ်စရာဖြစ်လာခဲ့ရင် တစ်သောင်းခွဲကန်ထရိုက်က စျေးသက်သာပေမယ့် အိမ်ဆောက်ရာမှာ သူ ထည့်သုံးပေးမယ့်ပစ္စည်းနဲ့ တစ်သောင်းရှစ်ထောင်ကန်ထရိုက် သုံးပေးမယ့်ပစ္စည်းက အတူတူပဲလား၊ ဘာတွေကွာခြားသလဲဆိုတဲ့အချက်က အိမ်ဆောက်သူသေချာဂရုစိုက်သင့်တဲ့အချက်ပဲဖြစ်ပါတယ်

PAE တွက်ချက်မှုစနစ်ကို အသုံးပြုမယ်ဆိုရင် သတိထားရမယ့်အချက်များ
------------------------------------------------------------------
ကိုယ်တိုင်က PAE Rate နဲ့တွက်ချက်ယူပြီး အိမ်ဆောက်ပေးတာမျိုးကို သဘောကျနှစ်ခြိုက်လို့ အိမ်ဆောက်တော့မယ်ဆိုရင် အထက်မှာပြောပြသွားခဲ့သလိုပဲ PAE Rate အနည်းအများကိုပဲ ကြည့်ပြီး ရွေးချယ်ဖို့မသင့်တော်ပါဘူး။ အိမ်တစ်အိမ်ဆောက်တော့မယ်ဆိုရင် နာမည်ရှိတဲ့ ခိုင်မာတဲ့ ကန်ထရိုက်တွေကို အရင်စုံစမ်းဖို့လိုပါမယ်။

စျေးစုံစမ်းရာမှာလည်း ကိုယ်ဆောက်ချင်တဲ့အိမ်ဒီဇိုင်း၊ ကိုယ်ဆောက်မယ့် မြေအကျယ်အ၀န်းကို ကန်ထရိုက်ကို ပြောပြပြီး အဲဒီ့အိမ်ထဲမှာ အခန်းဘယ်နှစ်ခန်းဖွဲ့ချင်တယ်၊ ဘယ်လိုဆေးမျိုး သုတ်ချင်တယ်၊ ဘယ်လိုကြွေပြားမျိုးသုံးချင်တယ်၊ အိမ်သာဘိုထိုင်တပ်မယ်ဆိုရင်လည်း ဘယ်နိုင်ငံထုတ်ကို အသုံးပြုချင်တယ်ဆိုတာကအစ အသေးစိတ်ပြောပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီအချက်အလက်တွေအတိုင်းပါ၀င်တဲ့အိမ်ကို ကန်ထရိုက်အနေနဲ့ PAE Rate ဘယ်လောက်နဲ့ ဆောက်ပေးနိုင်မလဲဆိုပြီး စျေးနှုန်းအရင်တွက်ခိုင်းသင့်ပါတယ်။

ကန်ထရိုက်ကဆောက်ပေးနိုင်တဲ့ PAE Rate က ကိုယ်သတ်မှတ်ထားတာထက် များနေရင် ဘယ်နေရာမှာ လျှော့လို့ရလဲဆိုပြီး အသေအချာပြန်ပြီး ညှိနှိုင်းတိုင်ပင်တာမျိုး လုပ်ရပါမယ်။

ဒါမှမဟုတ် ကိုယ်မှန်းထားတဲ့ နှုန်းထားနဲ့ ထပ်တူညီတဲ့ကန်ထရိုက်ဆီမှာပဲ အလုပ်အပ်မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ဆောက်လုပ်မယ့်အိမ်အတွက် အသုံးပြုမယ့် ကုန်ပစ္စည်းအမျိုးအစားအသေးစိတ်ကို ထည့်သွင်းချုပ်ဆိုနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ် …. ...
PAE တွက်ချက်မှုစနစ်ရဲ့အားနည်းချက်
------------------------------------------
PAE နဲ့အိမ်ဆောက်တဲ့အခါမှာ အိမ်တစ်အိမ်လုံးရဲ့အပြီးသတ်ကုန်ကျစရိတ်ကို ကြိုတင်တွက်ချက်ထားပြီးသားဖြစ်တဲ့အတွက် တာ၀န်ယူဆောက်လုပ်ပေးမယ့် ကန်ထရိုက်ကိုငွေကြိုပေးရတတ်ပါတယ်။ အဲဒီအခါမှာ ကန်ထရိုက်တချို့က အကြောင်းအမျိုးမျိုးကြောင့် ငွေယူပြီး ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါကလည်း အိမ်ဆောက်လုပ်တဲ့သူတွေ သတိထားသင့်တဲ့ နောက်ထပ်အချက်တချက်ဖြစ်ပါတယ်။

ဒါ့အပြင် ကန်ထရိုက်တွေဘက်မှာလည်း သတ်မှတ်ထားတဲ့ PAE Rate နဲ့ဆောက်ဖို့ အလုပ်လက်ခံပြီး စာချုပ်ချုပ်ပြီးကာမှ ပစ္စည်းစျေးနှုန်းအတက်အကျကြောင့် တခါတလေ အရှုံးခံတည်ဆောက်ပေးရတာမျိုးလည်း ရှိတတ်တာကြောင့် ဒါကိုလည်း PAE နဲ့တွက်ချက်တည်ဆောက်ခြင်းစနစ်ရဲ့အားနည်းချက်လို့ သတ်မှတ်ရမယ်ထင်ပါတယ်။

PAE တွက်ချက်မှုစနစ်နဲ့အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အားသာချက် အားနည်းချက်ကို တခါတည်း သိရှိနားလည်ထားခြင်းဟာ စိတ်တိုင်းကျနေအိမ်တလုံးကို အမှားအယွင်းမရှိ လိုအပ်ချက်မရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်နိုင်ကြမှာပဲဖြစ်ပါတယ် ….

Credit- original uploader

https://www.facebook.com/589373987831285/posts/5049741871794452/
09/09/2022

https://www.facebook.com/589373987831285/posts/5049741871794452/

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ?

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ x ၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄%ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလို့လို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

Credit : Myanmar Builders Guide
ပြန်လည်ကူးယူဖော်ပြပါသည်။°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အသေးစိတ်သိရှိလိုပါက 🤩

01450877

01450944

09 5051785

09 5403148

09 262222526

09 899902997

09 73236717

09 73243982

09 409612022

09 266461291

Viber 📲 09 456963999
ကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်။

ယခုကြော်ငြာများအပြင်
အခြား ရောင်း/ငှါးရန် နေရာများလည်းရှိပါသဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။🤩

အောက်ဖော်ပြပါ Link တွင်

အခြား အိမ်၊ခြံ၊မြေ၊ကွန်ဒို၊တိုက်ခန်း၊

စက်မှုဇုန်-ဂိုဒေါင်ကြော်ငြာများစွာကိုလည်း

၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/Great-Pyi-Taw-Thit-Real-Estate-589373987831285/

Pyi Taw Thit Face Book Page ကို

Like & Share လုပ်ပေးထားခြင်းဖြင့် အိမ် ၊ခြံ၊မြေ အချက်အလက်များအား ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။🤩

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏

Edited sold outတောင်ဥက္ကလာ ၁၁ရပ်ကွက်နေရာသန့် လမ်းသန့် (22×54) 1188sqftအခန်း ၂ခန်း RCခင်းရေမီးစုံတတိယထပ်***အဝယ်*** တိုက်ရ...
18/04/2022

Edited sold out

တောင်ဥက္ကလာ ၁၁ရပ်ကွက်
နေရာသန့် လမ်းသန့်

(22×54) 1188sqft
အခန်း ၂ခန်း RCခင်း
ရေမီးစုံ
တတိယထပ်

***အဝယ်*** တိုက်ရိုက်သာ ဆက်သွယ်စေလိုပါသည်၊၊

ဆက်သွယ်ရန် 09445757515

Edit စျေး 730သိန်း±

https://www.facebook.com/101098344818979/posts/430157708579706/
19/02/2022

https://www.facebook.com/101098344818979/posts/430157708579706/

တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ

💢 တိုက်ခန်းဝယ်တော့မယ်ဆိုရင်_ _ _

တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။

🛑🛑 ဒါတွေရှိမှ
ပြန်လည်ရောင်းချတဲ့အခါ လွယ်ကူလျှင်မြန်မှာပါ

အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။

ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။

- စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။
- ဝယ်ယူသူတွေအနေနဲ့
တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။

🛑 ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။
ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်ပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။

တစ်ခါတစ်ရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး
ပြီးစလွယ်လုပ်တတ်ကြပါတယ်။

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။

ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း

- ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့
အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ) ခေါ်
"(မြေရှင်ကန်ထရိုက်စာချုပ်)"

- ရောင်းသူနဲ့ ကန်ထရိုက်တာနှစ်ဦးနှစ်ဖက် အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊
- BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
- ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။

- မြေရှင်လက်မှတ်ယူပါ။

တိုက်ခန်းအရောင်းအဝယ် စာချုပ် ချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းရဲ့မြေရှင်လက်မှတ်ယူသင့်ပါတယ်။

အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ်။ (ရောင်းသူထံမှ ပေးချေရတာပါ)

မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာထပ်မံ ပြုလုပ်နိုင်ပါတယ်။

firm အတွက် လိုတယ်ဆိုပါကလည်း
အိမ်ခြံမြေ၌ လုပ်သက်ကြာပြီဖြစ်တဲ့ စာချုပ်စာတမ်း နားလည်တတ်ကျွမ်းသည့်
အိမ်ခြံမြေရှေ့နေတို့ဖြင့် ချုပ်ဆိုပေးပါတယ်။

မှာတော့ ရောင်းသူဝယ်သူအဆင်ပြေအောင် အရောင်းအဝယ်ပြီးစီးတဲ့အထိတာဝန်ယူပေးပါတယ်။

လုပ်ငန်းနှင့်ပက်သက်သည်များကို
page messanger မေးမြန်းစုံစမ်းနိုင်ပါတယ်။

12'ခွဲ 58'တာမွေမြို့နယ် ကားဂိတ်နီး ပလာဇာစျေးအနီး330L (nego)09250325175
16/02/2022

12'ခွဲ 58'
တာမွေမြို့နယ်
ကားဂိတ်နီး ပလာဇာစျေးအနီး
330L (nego)
09250325175

7th Floor Ready to move in after 30% down payment1120 sqft2300 L NegoPh.09250325175 အဝယ်တိုက်ရိုက်သာဆက်သွယ်ပေးပါရန်
03/02/2022

7th Floor Ready to move in after 30% down payment
1120 sqft
2300 L Nego
Ph.09250325175 အဝယ်တိုက်ရိုက်သာဆက်သွယ်ပေးပါရန်

🏠အိမ်တစ်အိမ် ဆိုတာ နွေးထွေးမှု၊ 😇လုံခြုံမှု၊ 🥰ကြင်နာမှုနဲ့ 😊သက်တောင့်သက်သာဖြစ်တဲ့ခံစားချက်တွေ နဲ့ ပြည့်စုံစေပါတယ်။ 🤩ဒီလိ...
03/02/2022

🏠အိမ်တစ်အိမ် ဆိုတာ နွေးထွေးမှု၊ 😇လုံခြုံမှု၊ 🥰ကြင်နာမှုနဲ့ 😊သက်တောင့်သက်သာဖြစ်တဲ့ခံစားချက်တွေ နဲ့ ပြည့်စုံစေပါတယ်။ 🤩ဒီလို ခံစားချက်တွေ နဲ့ ပြည့်စုံနေတဲ့ Royal Takhon Semi Condo ရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်

🏢Royal Takhon Semi Condo ရဲ့ 🌟အားသာချက်များ👌👌

✅ အချက်အချာကျတဲ့နေရာ ဖြစ်တဲ့ သစ္စာလမ်းမကြီးပေါ်တွင် တည်ရြှိခင်း

✅ တည်ဆောက်မှုပိုင်းမှာ စိတ်ချရမှုရြှိခင်း

✅ မိသားစုဝင်တိုင်းအတွက် ခေတ်မှီတဲ့အိမ်ခန်းအပြင်အဆင်ပါဝင်ခြင်း

✅ အချိန်ပြည့်စိတ်ချရတဲ့ (၂၄) နာရီ လုံခြုံရေးပါရြှိခင်း

✅ အလွှာတိုင်းတွင် CCTV တပ်ဆင်ပေးထားခြင်း

✅ အခန်းတိုင်းတွင် Video Intercom တပ်ဆင်ပေးထားခြင်း

✅ Main Gate နှင့် Lift တွင် smart card system ထည့်သွင်းတပ်ဆင်ပေးထားခြင်း

✅ မီးပျက်သွားရင်တောင် စိတ်မညစ်စေရန် ကိုယ်ပိုင် မီးစက် ထည့်သွင်းပေးထားခြင်း

✅ တစ်လွှာတွင် တစ်ခန်းသာ ရြှိခင်းကြောင့် ကိုယ်ပိုင် လုံးခြင်းအိမ်ကဲ့သို့ ခံစားရခြင်း

✅ ရေတင်တဲ့ အချိန်မှာ ရေလျှံမှု ၊ ရေမတင်မိတဲ့ အချိန် ရေပြတ်လတ် မှုများ မဖြစ်စေရန် Automatic Motor Machine တပ်ဆင်ပေးထားခြင်း

✅ အလွှာတိုင်းတွင် မီးသတ်စနစ် တပ်ဆင်ပေးထားခြင်း

✅ မီးဘေး အန္တရာယ်မှ ကင်းဝေးစေရန်အတွက် Earth Leakage Breaker တပ်ဆင်ပေးထားခြင်း

✅ အဆောက်အဦးတွင် မိုးကြိုးလွှဲ တပ်ဆင်ပေးထားခြင်း

✅လုံလောက်သော ကားပါကင် ပါဝင်ခြင်း

✅ BCC ကျပြီး အသင့်နေထိုင်နိုင်ခြင်း
BCC ကျပြီး အသင့်နေထိုင်ရုံ

♦နှစ် 50 အာမခံပေးတဲ့ အဆောက်အဉီး

✔ အခန်းအကျယ်အဝန်း (20’ x 56’)

✔ 𝑴𝒂𝒔𝒕𝒆𝒓 𝑩𝒆𝒅𝒓𝒐𝒐𝒎 (𝒊𝒏𝒄𝒍𝒖𝒅𝒊𝒏𝒈 𝑩𝒂𝒕𝒉 𝑻𝒖𝒃 )
✔ 𝑺𝒊𝒏𝒈𝒍𝒆 𝑩𝒆𝒅𝒓𝒐𝒐𝒎
✔ 𝑺𝒉𝒓𝒊𝒏𝒆
✔ 𝑫𝒊𝒏𝒊𝒏𝒈
✔ 𝑲𝒊𝒕𝒄𝒉𝒆𝒏
✔ 𝑴𝒂𝒊𝒅 𝑹𝒐𝒐𝒎
✔ 𝑳𝒊𝒗𝒊𝒏𝒈 𝑹𝒐𝒐𝒎
✔ 𝑪𝒐𝒎𝒎𝒐𝒏 𝑾𝑪
✔ 𝑩𝒂𝒍𝒄𝒐𝒏𝒚 (𝑷𝒓𝒊𝒗𝒂𝒕𝒆 𝑮𝒂𝒓𝒅𝒆𝒏)
✔ 𝑽𝒊𝒔𝒊𝒕𝒐𝒓 𝑾𝒂𝒊𝒕𝒊𝒏𝒈 𝑨𝒓𝒆𝒂
✔𝑭𝒊𝒓𝒆 𝑬𝒙𝒊𝒕 𝑾𝒂𝒚
✔𝑨𝒊𝒓𝒄𝒐𝒏 𝒇𝒐𝒓 𝒂𝒍𝒍 𝒓𝒐𝒐𝒎𝒔
ဒါ့ပြင်🏢 Building Structure နှစ် 👉(၅၀)👈 ခိုင်ခံမှုအာမခံချက်ပေးထားခြင်း

🏙 Pile Foundation
Lift (8 ယောက်စီး ) Card system
🚘 Reserve Carparking
♥ Fully Furnished
🕐 24 Hour Backupgenerator
✔ Automatic Motor Manchine
✔ Earth Leakage Breaker
✔ Door Lock System(Fingerprint ,Key, Password)
✔ 24 Hour Security
✔ 24 Hours CCTV
✔ မီးသတ်စနစ်
✔မိုးကြိုးလွှဲ အစရှိတဲ့ Facilities များလည်းပါဝင်ပါတယ် ။
💁🏼‍♀️ဒီလို အရာတွေ တစ်နေရာတည်းမှာ တည်ရှိနေတဲ့ Royal Takhon Semi Condo ကို အမြန်ဆုံး လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်🙏

အသေးစိတ်လေး စုံစမ်းမေးမြန်းချင်တယ်ဆိုရင်
📱📲 09250325175/09969045013
📍အမှတ် - ၃၃၄/က ၊ မြေညီ ၊ သစ္စာလမ်းမကြီး ၊ တောင်ဥက္ကလာပမြို့နယ်

👨‍👩‍👧‍👦 We can build: you dream👍

IN stock Cylinder 40L 330000ကျပ်Flow meter 55000ကျပ်Concentrator 10L Home use16သိန်းကျပ်concentrator 5LMedical grade 900...
13/08/2021

IN stock

Cylinder 40L 330000ကျပ်

Flow meter 55000ကျပ်

Concentrator 10L
Home use

16သိန်းကျပ်

concentrator 5L

Medical grade
900000ကျပ်

concentrator 10L
စင်္ကာပူလုံး

Medical grade
1950000ကျပ်

Concentrator 10L
Medical grade
1900000ကျပ်

ပစ္စည်းထုပ်ယူရန်

ထောက်ကြန့်နွယ်ခွေဂိုလ်ဒေါင်

09405555373
ဆက်သွယ်မှာယူနိုင်ပါတယ် ခင်ဗျာ

Address

Yangon
11131

Alerts

Be the first to know and let us send you an email when GOOD LUCK Real Estate and General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GOOD LUCK Real Estate and General Services:

Share

Category