Shwe Myanmar House Real Estate

Shwe Myanmar House Real Estate ရောင်းသူ ဝယ်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးရန်အဆင်သင့်ရှိနေသော
Shwe Myanmar House

👉 အိမ်ခြံမြေ ပိုင်ရှင်များ
👉 တစ်ဦးတည်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ
👉 အကျိုးဆောင် Company / Agency များ သာမက
👉 အိမ် ၊ ခြံ ၊ မြေ နှင့် ဆက်နွယ်နေသော လူတိုင်းအတွက်
🛡 မရှိမဖြစ်လိုအပ်သော 🛡
💖 Online အိမ်ခြံမြေ ရောင်းဝယ်ငှား Website ဖြစ်ပါတယ်။💖

🏡သာကေတမြို့နယ်🏡10/မြောက် ရပ်ကွက်🏡ရတနာပုံ လမ်းသွယ်🏡သန်လျင်ချင်းကပ်လမ်းမအနီး🏡ရှုခင်းသာ လမ်းမကြီး ဒဲ့ပေါက်🏡တစ်ရာ့ရှစ်တောင်ဘ...
08/09/2026

🏡သာကေတမြို့နယ်
🏡10/မြောက် ရပ်ကွက်
🏡ရတနာပုံ လမ်းသွယ်
🏡သန်လျင်ချင်းကပ်လမ်းမအနီး
🏡ရှုခင်းသာ လမ်းမကြီး ဒဲ့ပေါက်
🏡တစ်ရာ့ရှစ်တောင်ဘုရားအနီး
✅ပေ 20*70
✅2/RC နှစ်ထပ်တိုက်
✅ဂရံမြေ အမွေဆက်ခံ
✅Single bedroom 3 ခန်း
✅ပြင်ဆင်ပြီး အသင့်တက်နေယုံ အိမ်လေးပါ
🌱အနီးနားမှာလည်း လုံးချင်း အိမ်ယာတွေပဲရှိလို့ ဆိတ်ငြိမ်ပြီး ရပ်ကွက်သန့် လမ်းသန့် ပတ်ဝန်းကျင်သန့်သော နေရာကောင်းလေးပါ
🌱ကားပါကင်လည်း အဆင်ပြေသော နေရာလေးပါ
💰ဈေး သိန်း 8500 ခေါ်ထားပြီး အလျော့အတင်း ရှိပါတယ်
🙏အိမ်/ခြံ/မြေ/တိုက်ခန်းများ ကြည့်လိုပါက အနည်းဆုံး ၃ နာရီလောက် ကြိုတင်ပြီးတော့ appointment လေး ယူပေးပါရှင့်
ဆက်သွယ်ရန်-
☎️ 09767778536, 09796688881, 095133905
www.shwemyanmarhouse.com.mm
#ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း #အိမ်ကြည့်လက်ခံသည် #ပိုင်ရှင်တိုက်ရိုက် #အိမ်ရောင်းမည်

“မေတ္တာနဲ့ပေးကမ်းတာ၊ လှူဒါန်းလိုက်တာပါ” ဆိုပြီး မြေကို ပေးကမ်းမယ်ဆိုရင်… နောင်တချိန်မှာ ပြန်တောင်းလို့ရပါသလား?မိသားစုအတွ...
03/09/2026

“မေတ္တာနဲ့ပေးကမ်းတာ၊ လှူဒါန်းလိုက်တာပါ” ဆိုပြီး မြေကို ပေးကမ်းမယ်ဆိုရင်… နောင်တချိန်မှာ ပြန်တောင်းလို့ရပါသလား?
မိသားစုအတွင်း၊ ဆွေမျိုးသားချင်းများအကြား၊ ဘာသာရေးအဖွဲ့အစည်းများသို့ မြေယာကို မေတ္တာဖြင့်ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်းများ မကြာခဏတွေ့ရပါတယ်။ ဒါပေမဲ့ စကားတစ်ခွန်းနဲ့ ပေးလိုက်တဲ့မြေဟာ နောက်ပိုင်းမှာ အကြီးမားဆုံး အရှုပ်အရှင်းဖြစ်လာနိုင်ပါတယ်။

“အိမ်ဆောက်နေပါစေ”၊ “ဘုန်းကြီးကျောင်းအတွက် သုံးပါ”၊ “သားသမီးကို ပေးလိုက်တာ” ဆိုတဲ့ စကားတွေက မေတ္တာစိတ်နဲ့ ပြောလိုက်တာဖြစ်နိုင်ပေမယ့် မြေယာကိစ္စမှာ မေတ္တာထက် စာရွက်စာတမ်းက ပိုပြီး အရေးကြီးပါတယ်။
မဖြစ်ခင်ကတည်းက ဘယ်လိုကာကွယ်မလဲ?
ပထမဆုံး ပေးကမ်းတာလား၊ သုံးစွဲခွင့်ပေးတာလား၊ ယာယီနေထိုင်ခွင့်ပေးတာလား ဆိုတာကို တိတိကျကျ ခွဲခြားသတ်မှတ်ပါ။ မြေကို ပိုင်ဆိုင်ခွင့်အပြီးအပိုင် လွှဲပေးခြင်းနှင့် မြေပေါ်တွင် နေထိုင်/အသုံးပြုခွင့်သာ ပေးခြင်းတို့သည် အဓိပ္ပာယ်နှင့် ဥပဒေအကျိုးသက်ရောက်မှု မတူနိုင်ပါ။

ဒုတိယအချက်အနေဖြင့် ပေးကမ်းမည့်မြေ၏ ပိုင်ဆိုင်မှုအထောက်အထား၊ မြေအမျိုးအစား၊ အမည်ပေါက်သူ၊ အမွေဆိုင်များနှင့် ကန့်သတ်ချက်များ ကို စစ်ဆေးပါ။ မြေယာအမျိုးအစားတစ်ခုနှင့်တစ်ခု လွှဲပြောင်းနိုင်မှု၊ အသုံးပြုနိုင်မှု၊ ခွင့်ပြုချက်လိုအပ်မှုတို့ မတူနိုင်သဖြင့် “ကိုယ့်မြေဆိုပြီး ကိုယ်ကြိုက်သလိုပေးလို့ရတယ်” ဟု မယူဆသင့်ပါ။

တတိယအချက်မှာ ပေးကမ်းစာချုပ်/လှူဒါန်းစာချုပ်ကို စာဖြင့်ရှင်းလင်းစွာ ရေးသားပြီး သက်ဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းစဉ်များကို ပြီးစီးအောင် ဆောင်ရွက်ရန် ဖြစ်ပါတယ်။ မြေယာနှင့်သက်ဆိုင်သော လက်ဆောင်ပေးကမ်းစာချုပ်များကို မှတ်ပုံတင်ရန် လိုအပ်နိုင်ကြောင်း မြန်မာနိုင်ငံ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများတွင် သတ်မှတ်ထားပါတယ်။

စာချုပ်ထဲတွင် အောက်ပါအချက်များကို မရှင်းမလင်းမထားသင့်ပါ—
စာချုပ်ထဲတွင် ရှင်းလင်းသင့်သည့်အချက် ဘာကြောင့်အရေးကြီးသလဲ
မြေကွက်အမှတ်၊ အကျယ်အဝန်း၊ တည်နေရာ***ဘယ်မြေကို ပေးသည်ဆိုတာ မရှုပ်ထွေးစေရန်။
ပေးသူနှင့် လက်ခံသူ၏ အမည်၊ မှတ်ပုံတင်အမှတ်***ပါဝင်သူများကို တိကျစွာသတ်မှတ်ရန်။
အပြီးအပိုင်ပေးခြင်းလား၊ အခြေအနေပါပေးခြင်းလား***နောက်ပိုင်း ပြန်လည်ရယူနိုင်မှုနှင့် ဆက်စပ်နိုင်ရန်။
ပေးကမ်းရသည့် ရည်ရွယ်ချက်***လှူဒါန်းမှု၏ ရည်ရွယ်ချက် မပျောက်စေရန်။
ပြန်လည်ရုပ်သိမ်းနိုင်မည့် အခြေအနေရှိ/မရှိ***အငြင်းပွားမှု လျော့နည်းစေရန်။
သက်သေများနှင့် လက်မှတ်များ***စာချုပ်၏ အထောက်အထားခိုင်မာစေရန်။

“သားသမီးဆိုတော့ စာချုပ်မလိုပါဘူး”၊ “ဘုန်းကြီးကျောင်းကိုဆိုတော့ အထောက်အထားမလိုပါဘူး” ဆိုတာတွေက နောင်တစ်ချိန်မှာ အမွေဆက်ခံသူများ၊ မိသားစုဝင်များ၊ အဖွဲ့အစည်းတာဝန်ရှိသူများကြား ပြဿနာဖြစ်စေနိုင်ပါတယ်။ မေတ္တာရှိလို့ စာချုပ်မလိုတာ မဟုတ်ပါဘူး။ မေတ္တာကို ရေရှည်ကာကွယ်ပေးနိုင်ဖို့ စာချုပ်လိုတာပါ။

ပေးပြီးသားမြေကို ပြန်ရယူချင်ရင် အမြဲတမ်း ပြန်ရနိုင်သလား?
အဖြေက “အခြေအနေတိုင်း မတူပါ” ဖြစ်ပါတယ်။ ပေးကမ်းမှုသည် အပြီးအပိုင် လွှဲပြောင်းပြီး လက်ခံသူကလည်း လက်ခံထားကာ သက်ဆိုင်ရာ စာချုပ်မှတ်ပုံတင်မှုများ ပြီးစီးနေပါက ပေးသူက စိတ်ပြောင်းသွားရုံဖြင့် အလိုအလျောက် ပြန်ရယူနိုင်သည်ဟု မဆိုနိုင်ပါ။

သို့သော် စာချုပ်ထဲတွင် သတ်မှတ်ထားသော အခြေအနေမပြည့်မီခြင်း၊ သဘောတူညီထားသည့် အချက်ကို ချိုးဖောက်ခြင်း၊ အတင်းအကျပ်ပြုမှု၊ လိမ်လည်မှု၊ မမှန်ကန်သော ကိုယ်စားပြုမှု စသည့် အခြေအနေများ ရှိပါက စာချုပ်ကို ပယ်ဖျက်/ရုပ်သိမ်းနိုင်မှု ရှိ၊ မရှိကို ဥပဒေအရ သီးခြားစိစစ်ရပါမယ်။ Transfer of Property Act တွင် လက်ဆောင်ပေးကမ်းမှုကို သတ်မှတ်ထားသော အခြေအနေများအပေါ် မူတည်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ပါရှိပါတယ်။

ထို့ကြောင့် “လှူပြီးပြီ၊ စိတ်ပြောင်းလို့ ပြန်ယူမယ်” ဆိုတာနဲ့လည်း မရနိုင်သလို “စာချုပ်ရှိပြီ၊ ဘာအခြေအနေမျိုးမှာမှ မပြန်နိုင်တော့ဘူး” လို့လည်း အမှုအခင်းအခြေအနေ မစစ်ဆေးဘဲ အတည်မပြုသင့်ပါ။ စာချုပ်ပါ စကားလုံးများ၊ မှတ်ပုံတင်အခြေအနေ၊ လက်ခံမှုရှိ/မရှိ၊ မြေပေါ်တွင် အဆောက်အအုံဆောက်ထားမှု၊ တတိယပုဂ္ဂိုလ်ထံ လွှဲပြောင်းထားမှုတို့က အရေးကြီးပါတယ်။

အရှုပ်အရှင်းဖြစ်ပြီးသားဆိုရင် ဘာလုပ်မလဲ?
အရင်ဆုံး နှုတ်ဖြင့် ရန်ဖြစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မြေပေါ်တက်ရောက်ဖျက်ဆီးခြင်း သို့မဟုတ် ကိုယ်တိုင်အင်အားသုံး ပြန်သိမ်းခြင်း မလုပ်ပါနှင့်။ ထိုသို့လုပ်ခြင်းက မူလမြေယာအငြင်းပွားမှုအပြင် ရာဇဝတ်မှု သို့မဟုတ် အခြားတရားရေးပြဿနာများ ထပ်မံဖြစ်စေနိုင်ပါတယ်။
ထို့နောက် အောက်ပါအထောက်အထားများကို စုစည်းပါ—

၁။ မြေစာချုပ်၊ လှူဒါန်းစာချုပ်၊ ပေးကမ်းစာချုပ်နှင့် မှတ်ပုံတင်စာရွက်စာတမ်းများ။
၂။ မြေပုံ၊ မြေကွက်အမှတ်၊ အခွန်ပြေစာ၊ ပိုင်ဆိုင်မှုအထောက်အထားများ။
၃။ ပေးကမ်းစဉ်က ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များကို ဖော်ပြထားသော စာများ၊ အသံဖိုင်များ၊ မက်ဆေ့ချ်များ၊ ဓာတ်ပုံ/ဗီဒီယိုများ။
၄။ လွှဲပြောင်းပေးချေမှု၊ ဆောက်လုပ်စရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် မြေကို အမှန်တကယ် လက်ခံအသုံးပြုခဲ့ကြောင်း ပြသနိုင်သည့် အထောက်အထားများ။
၅။ ထိုအချိန်က ပါဝင်ခဲ့သော သက်သေများ၏ အမည်နှင့် ဆက်သွယ်ရန်အချက်အလက်များ။

စာရွက်စာတမ်းများကို စုစည်းပြီးနောက် မြေယာနှင့် စာချုပ်အမှုများကို နားလည်သော ရှေ့နေထံ အမြန်ဆုံး တိုင်ပင်ပါ။ အခြေအနေအလိုက် ဥပဒေကြောင်းအရ အကြောင်းကြားစာပေးပို့ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ စာချုပ်ပယ်ဖျက်/ရုပ်သိမ်းပေးရန် တရားစွဲဆိုခြင်း၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် လက်ဝယ်ထားရှိခွင့်နှင့် ပတ်သက်သည့် တရားရုံးအမိန့်တောင်းခံခြင်းတို့ကို စဉ်းစားရနိုင်ပါတယ်။ သို့သော် မည်သည့်နည်းလမ်းကို ရွေးချယ်ရမည်ဆိုသည်မှာ စာရွက်စာတမ်းနှင့် ဖြစ်ရပ်မှန်များပေါ် မူတည်ပါတယ်။

အတိုချုပ်မှတ်ထားရန်
မြေကို မေတ္တာနဲ့ပေးမယ်ဆိုရင် စိတ်နဲ့ပေးပါ—စာရွက်စာတမ်းနဲ့လည်း သက်သေပြပါ။
ပြန်ယူချင်ရင် စိတ်ပြောင်းရုံနဲ့ မလုံလောက်ပါ—စာချုပ်ပါအချက်နှင့် ဥပဒေအခြေအနေကို စစ်ဆေးရပါမယ်။

အမှုဖြစ်လာရင် ကိုယ်တိုင်အင်အားသုံးမဖြေရှင်းဘဲ အထောက်အထားစုစည်းပြီး ဥပဒေလမ်းကြောင်းကို အသုံးပြုပါ။
ဒီနေ့ပေးလိုက်တဲ့ မြေက မနက်ဖြန်မှာ မိသားစုဆက်ဆံရေးကို မပျက်စီးစေဖို့ ပေးကမ်းမည့်နေ့မှာပင် ရည်ရွယ်ချက်၊ အခြေအနေ၊ အထောက်အထားနဲ့ မှတ်ပုံတင်ရေးကို ပြည့်စုံအောင်လုပ်ထားပါ။
---------
Shwe Myanmar House Real Estate

#မြေယာအရှုပ်အရှင်း #လှူဒါန်းမြေ #ပေးကမ်းစာချုပ် #မြေယာဥပဒေ #ဥပဒေအကြံပြုချက် #စာချုပ်မှတ်ပုံတင်ခြင်း

References
[1]: The Transfer of Property Act — Myanmar Law Information System — လက်ဆောင်ပေးကမ်းခြင်းနှင့် ရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သည့် ဥပဒေစာတမ်း။

[2]: The Registration of Deeds Law, Pyidaungsu Hluttaw Law No. 9/2018 — Myanmar Law Information System — စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေစာတမ်း။

🔥 ပေကျယ် + စတုတ္ထထပ် + ပြင်ဆင်ပြီး + AYA Bank ချိတ်ရ 🏠✨📍သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ သိဂီ (၄) လမ်းမြင်တော်သာလမ်းမကြီး၊ ရုပ်...
03/09/2026

🔥 ပေကျယ် + စတုတ္ထထပ် + ပြင်ဆင်ပြီး + AYA Bank ချိတ်ရ 🏠✨
📍သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ သိဂီ (၄) လမ်း
မြင်တော်သာလမ်းမကြီး၊ ရုပ်ရှင်ရုံမှတ်တိုင်အနီး
ရှုခင်းသာလမ်းမကြီး ကျောကပ်လမ်းသွယ်။
💰💰 အရောင်းဈေး – 1,650 သိန်း~Negotiable💰💰
🏡 အခန်းအချက်အလက်
- 📐 **18' × 54' | ပေကျယ်**
- 🏢 **စတုတ္ထထပ် (၅ လွှာ)**
- ☀️ တမိုးအောက်၊ မှန်ခန်းမပါ
- 🛏️ **အခန်း ၁ ခန်း**
- 🧱 ကြွေပြားအပြည့်ခင်း
- 🪟 ဝရန်တာ သံပန်း/Sunshade + ပြတင်းပေါက် သံပန်းပတ်လည်
- 📺 Modern TV Cabinet
- 🚽 ဘိုထိုင်အိမ်သာ
- ⚡ မီးလိုင်းသစ်၊ ဆေးလိုင်းသစ်
- 📑 **BCC + ကိုယ်ပိုင်မီတာ ကျပြီး**
- 🏠 **တိုက်သက်တမ်း 7–8 နှစ်ဝန်းကျင်**
- 🚗 တိုက်ရှေ့ **ကားပါကင်ရ**
- 📄 ဂရန်မြေပေါ်ဆောက်လုပ်ထားပြီး စာရွက်စာတမ်းစုံ၊ အသင့်နေထိုင်နိုင်။
❤️ **နေရာကောင်း + ပေကျယ် + ပြင်ဆင်ပြီး + ကားပါကင်ရ + ဘဏ်ချိတ်နိုင်** ဆိုတဲ့ အားသာချက်တွေကြောင့် ကိုယ်တိုင်နေထိုင်ရန်၊ ရင်းနှီးမြှုပ်နှံရန် နှစ်မျိုးစလုံးအတွက် သင့်တော်ပါတယ်။

👉 အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ဆက်သွယ်ရန်-
☎️ 09767778536, 09796688881, 095133905
#သာကေတ #၅ရပ်ကွက် #သိဂီ4လမ်း #ပေကျယ်တိုက်ခန်း #စတုတ္ထထပ် #ဘဏ်ချိတ်ရ #တိုက်ခန်းအရောင်း #ပြင်ဆင်ပြီး #ကားပါကင် # ShweMyanmarRealEstate #ရန်ကုန်အိမ်ခြံမြေ

"သန်လျင်မြို့ ဗိုလ်ချုပ်ရွာမြေပေ(၂၀x၆၀)နှစ်ထပ်အိမ်ကို သိန်း၁၅၀၀ညှိနိူင်းနဲ့ရမယ် နော် မြို့မစျေးနဲ့နီး၊ကျောင်းနီး၊ကားဂိတ်...
03/09/2026

"သန်လျင်မြို့ ဗိုလ်ချုပ်ရွာမြေပေ(၂၀x၆၀)နှစ်ထပ်အိမ်ကို သိန်း၁၅၀၀ညှိနိူင်းနဲ့ရမယ် နော် မြို့မစျေးနဲ့နီး၊ကျောင်းနီး၊ကားဂိတ်နီးသောနေရာလေးပါ"
🏘️ပေအကျယ်(၂၀x၆၀)အိမ်ရှေ့ထိ ကွန်ကရစ်လမ်းပါနော်
🏘️စျေးနူန်း သိန်း(၁၅၀၀)ညှိနိူင်း
🏘️မြေအမျိုးအစား ရွာမြေ
🏘️နေရာ ရေတပ်မိန်းလမ်းမကြီးမှ ဂုတ်ကွက်
လူကြီးမင်းများ စိတ်ဝင်စားမှုရှိပါက
👉 အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ဆက်သွယ်ရန်-
☎️ 09767778536, 09796688881, 095133905
www.shwemyanmarhouse.com.mm
#ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း #အိမ်ကြည့်လက်ခံသည် #ပိုင်ရှင်တိုက်ရိုက် #အိမ်ရောင်းမည်

 🌎 မြောက်ဒဂုံမြို့နယ် ၃၆ ရပ်ကွက်💧 3RC Roof Slab တိုက်သစ်အရောင်း💧 မြေအကျယ် 22*60 ပေ ​ (တရားဝင်)💧 ဂရံအမည်ပေါက်  #အရှေ့လှည်...
03/09/2026


🌎 မြောက်ဒဂုံမြို့နယ် ၃၆ ရပ်ကွက်
💧 3RC Roof Slab တိုက်သစ်အရောင်း
💧 မြေအကျယ် 22*60 ပေ ​ (တရားဝင်)
💧 ဂရံအမည်ပေါက် #အရှေ့လှည့်
💧 4 Master Bedrooms
💧 ကျွန်းပါကေး ကျွန်းတံခါးများ ၊ သံပန်းများ ၊ AC-5လုံး
Inverter တပ်ဆင်ပေးမည်
#စျေးနှုန်း 1️⃣3️⃣0️⃣0️⃣0️⃣ သိန်း (ညှိနှိုင်း)
#ပိုင်ရှင်နှင့်တိုက်ရိုက်စျေးညှိနှိုင်းနိုင်ပါသည်

ဆက်သွယ်ရန်-
☎️09796688881, 09796688882, 095133905
www.shwemyanmarhouse.com.mm
#ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း #အိမ်ကြည့်လက်ခံသည် #ပိုင်ရှင်တိုက်ရိုက် #အိမ်ရောင်းမည်

သိန်း{3,150} #13ရပ်ကွက်_ဗိုလ်မင်း​ခေါင်းလမ်းမတည့်ပေါက် မြေသီးသန့်အရောင်းအရှေ့ဒဂုံမြို့နယ်၊ ( ၁၃ ) ရပ်ကွက်ဗိုလ်မင်း​ခေါင်...
31/08/2026

သိန်း{3,150} #13ရပ်ကွက်_ဗိုလ်မင်း​ခေါင်းလမ်းမတည့်ပေါက် မြေသီးသန့်အရောင်း
အရှေ့ဒဂုံမြို့နယ်၊ ( ၁၃ ) ရပ်ကွက်
ဗိုလ်မင်း​ခေါင်းလမ်းမတည့်ပေါက်
ဆည်မြောင်းလမ်းသွယ်
ပါမစ်မူရင်း
ပေ-၂၀၊၆၀
✅သိန်း-3,150(ညှိနှိုင်း)
ဆက်သွယ်ရန်-
☎️ 09767778536, 09796688881, 095133905
www.shwemyanmarhouse.com.mm
#ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း #အိမ်ကြည့်လက်ခံသည် #ပိုင်ရှင်တိုက်ရိုက် #အိမ်ရောင်းမည်

🤩ပေ၂၇၊၆၀ ပေ မြေမှာ  #ဆောက်လုပ်ထားတဲ့3RCလုံးချင်းတိုက်အသစ်လေးကိုအရောင်းမိတ်ဆက်ပေးပါရစေ 👇📍 #နေဖို့ဆိုရင်ဝယ်သင့်တဲ့လုံးချင်...
24/08/2026

🤩ပေ၂၇၊၆၀ ပေ မြေမှာ #ဆောက်လုပ်ထားတဲ့3RC
လုံးချင်းတိုက်အသစ်လေးကိုအရောင်းမိတ်ဆက်ပေးပါရစေ 👇
📍 #နေဖို့ဆိုရင်ဝယ်သင့်တဲ့လုံးချင်းအသစ်ထဲကတစ်လုံး အိ
မ်နဲ့စျေးကသင့်နေလို့အရောင်းဝယ်မြန်မဲ့လုံးချင်းလေး👇
🤝 #ဘုရင့်နှောင်လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းမကြီး
၂ခုလုံးတည့်ပေါက်လမ်း
🤝 #ရပ်ကွက်လမ်းကျယ်ပေါ်အိမ်နှင့်လမ်းကြားပေ၃၀ကျော်
ခြားတဲ့အကျယ်ဝန်းမို့အားသာချက်တစ်ခုအပါ
📍မြောက်ဒဂုံမြို့နယ်
🤝ပေ2️⃣7️⃣၊6️⃣0️⃣
🤝မြောက်ဘက်အရပ်အလှည့်
🤝ဂရန်မြေအမည်ပေါက်
🤝4Masterroom/1singleroom
🤝3Rcအမိုးစလပ်
🤝ခြံထဲကား၂စီးရပ်နားရန်နေရာပါရှိပြီး
🤝အိမ်ကို အပြည့်မဆောက်ထားပဲ ဘေးမြေပို ၈ပေလောက်လျှောက်လမ်းထားထားပေးပါတယ်ဗျ
🤝ရောင်းချမည့်စျေး သိန်း1️⃣4️⃣5️⃣0️⃣0️⃣ ညှိနိူင်းရှိ
🤝 #ပိုင်ရှင်နှင့်တိုက်ရိုက်ညှိနိူင်းစျေးရှိပါသည်ခင်ဗျ
🤍 လူကြီးမင်းများ စိတ်ဝင်စားမှုရှိပါက
👉 အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ဆက်သွယ်ရန်-
☎️ 09767778536, 09796688881, 095133905
www.shwemyanmarhouse.com.mm
#ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း #အိမ်ကြည့်လက်ခံသည် #ပိုင်ရှင်တိုက်ရိုက် #အိမ်ရောင်းမည်

ဝန်ထမ်းအလိုရှိသည်(ကုမ္ပဏီတိုက်ရိုက်)Griphic DesignerMale/Femaleလုပ်ငန်းအတွေ့အကြုံ (၃)နှစ်နှင့်အထက်။လစာ (လုပ်ငန်းအတွေ့အကြ...
21/08/2026

ဝန်ထမ်းအလိုရှိသည်(ကုမ္ပဏီတိုက်ရိုက်)
Griphic Designer
Male/Female
လုပ်ငန်းအတွေ့အကြုံ (၃)နှစ်နှင့်အထက်။
လစာ (လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး ညှိနှိုုင်းနိုင်)။
CV Form , ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ၊
ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ တို့
နှင့်အတူ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
Shwe Myanmar House Co.,Ltd
ဖုန်း- 09796688880, 09796688881
နေရာ၊ MGW Center, အမှတ်(၁၇၀)၊ အခန်းနံပါတ်(၅၀၉)၊
(၅)လွှာ၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်။

 #ဘဏ်ချိတ်ရ #ပထမထပ်အရောင်း #တိုက်အသစ်စက်စက်အရောင်း #တောင်ဥက္ကလာ ၁၂ ရပ်ကွက်  #ဘရဏီလမ်းသွယ်18x54 ပေပထမထပ်အရှေ့တောင်လှည့်BC...
20/08/2026

#ဘဏ်ချိတ်ရ
#ပထမထပ်အရောင်း
#တိုက်အသစ်စက်စက်အရောင်း
#တောင်ဥက္ကလာ ၁၂ ရပ်ကွက် #ဘရဏီလမ်းသွယ်
18x54 ပေ
ပထမထပ်
အရှေ့တောင်လှည့်
BCC 2026
တိုက်သစ် လူမနေရသေး
Master ၁ ခန်း, Single ၁ ခန်း
AC 3 လုံး (1.5 hp ၁ လုံး၊ 1 hp ၂ လုံး- Samsung, Midea)
ဘုရားကျောင်းဆောင်
TV စင်
ဆိုဖာ
အိပ်ခန်း ၂ ခန်းလုံး ဘီရို မှန်တင်ခုံ ပါ
မီးဖို cabinet အပေါ်အောက် ပါပြီး
Premium SPC ပါကေး (ရေရှည်ခံအောင် floor leveling သေချာ ပြန်လုပ်ပြီး ခင်းထား)
တစ်အိမ်လုံး မီးကြိုး မီးလိုင်းများ အသစ် ပြန်ဆွဲပြီး
ရေပူစက်ပါပြီး
ရေတိုင်ကီ ၂ လုံး (ခေါင်မိုးစလပ်ပေါ် ၁ လုံး၊ common toilet ထဲ ၁ လုံး)
Kitchen နဲ့ ရေချိုးခန်း အိမ်သာ အားလုံး နံရံကြွေပြားအပြည့်ကပ်၊ ခင်း
လှေကားခွင် နဲ့ ဝရန်တာ ကြမ်းခင်း ကြွေပြားကပ်ပြီး
လုံခြုံရေးနှင့် privacy အတွက် ပြတင်းပေါက်များအားလုံးတွင် သံပန်း လိုက်ကာ ပတ်လည်
ဝရန်တာ နဲ့ နောက်ဖေးပြတင်း စတီးသံပန်း box နဲ့ sunshade ထုတ်ထား
အိမ်အဝင် စတီးဘာဂျာ ၁ထပ် သစ်သားတံခါး ၁ ထပ်
နောက်ဖေး ထွက်ပေါက်တွင် သံပန်းတံခါး ၁ ထပ် သစ်သားတံခါး ၁ ထပ်
လူခေါ်ဘဲလ်၊ ညအိပ်မီး
ပဒေသာ စျေးနီး၊ မှတ်တိုင်နီး၊ အချက်အချာကျတဲ့ နေရာလေးမှာ တည်ရှိပြီး
တိုက်အသစ်စက်စက်၊ နာမည်ရ ကန်ထရိုက်-တိုက်သားကောင်း၊ ပစ္စည်းကောင်းများနဲ့ ပြင်ဆင်ထားတဲ့ ပထမထပ် အလွှာနိမ့် ရှားပါးအခန်းလေးမို့ ဝယ်ထားရင် သေချာပေါက် တန်ပြီး တန်ဖိုးတက်မယ့်အခန်းလေးပါ
💰3850 သိန်း (ညှိနှိုင်း)
💰ဘဏ်ချိတ် 3900သိန်း

ဆက်သွယ်ရန် ဖုန်းနံပါတ် -
☎️ 09767778536, 09796688881, 095133905

🏡  #သိန်း3980ညှိနှိုင်း_ဂရန်အမည်ပေါက်_အိမ်နှင့်ခြံအရောင်း📍 တောင်ဒဂုံမြို့နယ် (18) ရပ်ကွက် 📍 မောင်းမကန်လမ်းမကြီး ကျောကပ် ...
05/08/2026

🏡 #သိန်း3980ညှိနှိုင်း_ဂရန်အမည်ပေါက်_အိမ်နှင့်ခြံအရောင်း
📍 တောင်ဒဂုံမြို့နယ် (18) ရပ်ကွက်
📍 မောင်းမကန်လမ်းမကြီး ကျောကပ်
📍 မြင့်မိုရ်လမ်း
📍 လမ်းမကြီးအနီး • နေရာကောင်း
✨ ကိုယ်တိုင်နေထိုင်ရန်
✨ ရင်းနှီးမြှုပ်နှံရန်
✨ ဂိုဒေါင်၊ ရုံးခန်းနှင့် စီးပွားရေးလုပ်ကိုင်ရန် အထူးသင့်တော်
📐 မြေအကျယ် – 20' × 60'
🧭 အရှေ့လှည့်
🏠 အိမ်အချက်အလက်
✅ ကျယ်ဝန်းသော Hall Type
✅ အိပ်ခန်း (လိုအပ်သလို ထပ်မံဖွဲ့နိုင်)
✅ မီးဖိုချောင်
✅ ရေချိုးခန်း / အိမ်သာ
✅ ခြံဝင်းကျယ်၍ ကား (၂) စီးအထိ ရပ်နားနိုင်
✅ လေဝင်လေထွက်ကောင်းပြီး အေးချမ်းသော ပတ်ဝန်းကျင်
📝 ပိုင်ဆိုင်မှု
✅ ဂရန်အမည်ပေါက်
✅ အရောင်းမြေပုံ ထုတ်ပေးမည် ✅ မိမိတို့၏ ရှေ့နေဖြင့် စိတ်ကြိုက်စစ်ဆေး၍ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါသည်။
💰 အရောင်းဈေး – သိန်း 3,980 (ညှိနှိုင်းနိုင်)

ဆက်သွယ်ရန် ဖုန်းနံပါတ် -
☎️ 09767778536, 09796688881, 095133905
www.shwemyanmarhouse.com.mm
#လုံးချင်း #အိမ်ခြံမြေ

Address

MGW Center, No. 170, Room 509, 5th Floor, Bo Aung Kyaw Street, Botahtaung Tsp
Yangon
11182

Alerts

Be the first to know and let us send you an email when Shwe Myanmar House Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myanmar House Real Estate:

Shortcuts

Share

Category