Ko Chan Real Estate and Property Advisory

Ko Chan Real Estate and Property Advisory To build trust & To buy land

အခွန်နှုန်း knowledge ပါ
23/03/2026

အခွန်နှုန်း knowledge ပါ

မေမြို့ မှာ နေမယ်ဆိုရင် ............ရပ်ကွက်ကြီး(၁) ✅-----------------------ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွ...
13/07/2025

မေမြို့ မှာ နေမယ်ဆိုရင် ............

ရပ်ကွက်ကြီး(၁) ✅
-----------------------
ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွက်။ မြို့လယ်ခေါင် မြို့ဟောင်းနေရာ။

ရပ်ကွက်ကြီး (၂)✅
-----------------------
မြမာလာ. သုမင်္ဂလာ။ မြို့ဟောင်း ... သို့ပေမယ့် မြို့သစ်နဲ့ကပ်လျက်တစ်ဆက်တည်းရှိသော ရပ်ကွက်။ စျေး၀ယ်လို့ကောင်းတဲ့ ဇရပ်ကတုံးစျေး တည်ရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၃)✅
---------------------
ဟော်ကုန်း။ မြို့ဟောင်းစစ်စစ်.. ပုလဲဖြူဆွယ်တာ၊ ရှမ်းမလိုင်တို့လို့ ပြင်ဦးလွင်ရဲ့ လူသိများသောဆိုင်များရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၄)✅
------------------------
ရပ်ကွက်ကြီး(၂) နဲ့ မျက်နှာချင်းဆိုင်.. မန်း-လားရှိုးလမ်း ဟိုဘက် သည်ဘက်။ မင်မင်ကြိုက်တဲ့ may myo coffee ဆိုင်ရှိတဲ့ ရပ်ကွက်။ မြို့လည်ခေါင် စစ်စစ်။

ရပ်ကွက်ကြီး(၅)✅
--------------------------
နာမည်ကျော် နန်းမြိုင်လမ်း၊ စန္ဒာလမ်းတို့ ရှိရာရပ်ကွက်။ နာရီစင်၊ မြို့မစျေး၊ ဆေးရုံကြီးတို့ တည်ရှိရာ ... မြို့ကို ၀င်လိုက်တာနဲ့ WE ❤️ PYIN OO LWIN (လမ်းညာဘက်ခြမ်း) မှာ မြင်ရတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး(၆)✅
-------------------------
လတ်တလော လူကြိုက်အများဆုံး ရပ်ကွက်တွေထဲက တစ်ခု။ ဂရမ်မြေ မြို့ဟောင်းဆို ရပ်ကွက်ကြီး(၆) ကို အရွေးများကြတယ်။ ပြင်ဦးလွင်ရသ အပြည့်အ၀ ရတယ်၊ ရပ်ကွက်သန့်ပြီး VIP ဆန်တယ်။ ကန်တော်ကြီး၊ ကန်တော်လေး ၊ ရုက္ခဗေဒဥယျာဥ်ရှိရာ ရပ်ကွက်ပေါ့။

ရပ်ကွက်ကြီး(၇)✅
------------------------
ရွာသစ်ကလေး။ ရပ်ကွက်ကြီး (၁) နဲ့ (၃) တို့ရဲ့ အနောက်ကပ်လျက်။

ရပ်ကွက်ကြီး (၈) နဲ့ (၁၀) ✅
-------------------------------
ပဒေသာမြို့သစ်။ မန်း-လားရှိုးလမ်းနဲ့ နီးသော ၊ ကားကြီး၀င်းနဲ့ သီရိရတနာစျေး ရှိသော ရပ်ကွက်က ရပ်ကွက်ကြီး (၁၀)... အဲ့ဒီ့ကမှ ဆက်သွားလို့ချယ်ရီလမ်းကျော်သွားရင် ရပ်ကွက်ကြီး (၈)..
မြို့သစ် .. ဂရန်၊ မြေပေးမိန့် မြေအမျိုးအစားထဲက အရောင်းအ၀ယ်အသွက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၉)✅
------------------------
နန္ဒ၀န် ။ မြို့အ၀င် .. ဌေးဌေးကြွယ်ဆီဆိုင်ရှိတဲ့ရပ်ကွက်။ စတော်ဘယ်ရီ၊ ဝိုင်နဲ့ မေမြို့လက်ဆောင်တွေ ရောင်းကြတဲ့ နေရာ။

🚩 ရပ်ကွက်ကြီး (၁) ကနေ (၁၀) အထိက ပြင်ဦးလွင်ရဲ့ စည်ပင်နယ်နိမိတ်ထဲပါတာဖြစ်လို့ ဂရန်မြေ၊ မြေပေးမိန့် တို့ အများဆုံးရှိသော ရပ်ကွက်များ ( ချွင်းချက်တစ်ချို့ရှိပါသည် )

ရပ်ကွက်ကြီး ( ၁၁ )✅
---------------------------
ရေငယ်။ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား ) တည်ရှိရာရပ်ကွက်။ လမ်းကျယ်တယ်၊ ရပ်ကွက်သန့်တယ်လို့ လူသိများတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၂ )✅
----------------------------
ရေချမ်းအိုး။ ပဒေသာမြို့သစ်နဲ့ ကပ်နေသော ရပ်ကွက်။ လူစည်တယ်- အိမ်ခြေစိပ်တယ်_မြို့ရှောင်လမ်း နဲ့ မန်း- လားရှိုးလမ်းကို တိုးလျှိုပေါက်သွားနိုင်သော ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၃ )✅
----------------------------
ဆင်ခေါင်းလေး။ မန္တလေးဘက်ကလာရင် မြို့ထဲကို မ၀င်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားရင် လမ်းညာဘက်မှာ တည်ရှိတဲ့ ရပ်ကွက်။ သီးသန့် အေးဆေး တောရိပ်တောင်ရိပ်နဲ့ စိမ်းစိမ်းလမ်းလမ်း ကျယ်ကျယ်၀န်း၀န်း နေချင်သူများ သဘောကျတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး (၁၄) ✅
----------------------------
ညောင်နီ။ VIP ရပ်ကွက်။ ရပ်ကွက်သန့်၊ အိမ်ကြီးအိမ်ကောင်းများရှိပြီး မြို့ထဲ ကန်တော်ကြီး ဘက်နှင့် မြို့ရှောင်လမ်းဘက် နှစ်ဘက်စလုံးနှင့် နီးသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၅) ✅
----------------------------
ဖောင်းတော။ မြို့ရှောင်လမ်း နှင့် ကျောက်ဆည်လမ်း နှစ်ခုပေါ်မေးတင်ထားသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၆) (၁၇) (၁၈)✅
----------------------------------
စည်သာ၊ ကံကြီးကုန်း၊ အနီးစခန်း၊ နွယ်နှင်း၊ စျေးကုန်း၊ ဆင်ခေါင်းကြီး၊ ဒိုးကွင် ။ အနီးစခန်းလေယာဥ်ကွင်း အနီးတစ်ဝိုက်မှ ပြင်ဦးလွင်မြို့အ၀င် ဒိုးကွင်ဆည်အထိ ရပ်ကွက်များ။ ပြင်ဦးလွင်နဲ့ မန္တလေးကြား မန်း- လားရှိုး လမ်းဘေး ရပ်ကွက်များဖြစ်တာကြောင်း မန္တလေးမြို့ခံများ အကြိုက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၁၉) (၂၀)✅
-------------------------------
ငါးရံ့ချောင်း၊ နောင်ခမ်းကြီး။ လမ်းသာပြီး မြေကွက်စျေးသင့်၊ နေထိုင်ရန် သင့်လျော်တာကြောင့် စိတ်၀င်စားခံလာရသော ရပ်ကွက်များ။

ရပ်ကွက်ကြီး (၂၁)✅
---------------------------
မိုးကြိုး၊ သဲဖြူချောင်း။ မိုးကုတ်လမ်းကို မေးတင်ထားပြီး၊ မန်းလားရှိုးလမ်းနှင့်သော်လည်းကောင်း၊ မြို့ထဲနှင့်လည်းကောင်း နီးသော ရပ်ကွက်။ စျေးနီး၊ ကျောင်းနီး၊ လမ်းခရီးသာတာကြောင့် နှစ်အနည်းငယ်အတွင်း လူနေထူထပ်လာသော ရပ်ကွက်။

🤗 ပြင်ဦးလွင်_မေမြို့ ကို စိတ်၀င်စားကြသူများအတွက် _ မြို့လေး၏ ရပ်ကွက်များကို ယေဘုယျသဘော သိရှိစေရန် ရည်ရွယ်ရေးသားထားသော post လေး ဖြစ်တာကြောင့် အသေးစိတ်လိုအပ်များရှိပါက နားလည်ပေးကြပါရန် 🙏

ထပ်ခိုးလည်းထည့်လို့ရတဲ့ ၁ ထပ်အိမ် design များ 🤩
27/12/2024

ထပ်ခိုးလည်းထည့်လို့ရတဲ့ ၁ ထပ်အိမ် design များ 🤩

My future home 🤩.....(ထီပေါက်ရင် 😁)
05/12/2024

My future home 🤩.....(ထီပေါက်ရင် 😁)

အိမ်ဆောက်မယ်လို့ စဉ်းစားထားရင် အိမ်ရှင်တွေအနေနဲ့ ကြိုတင် ပြင်ဆင်ပြီး လေ့လာထားသင့်ပါတယ်နော်1-- ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချ...
12/10/2024

အိမ်ဆောက်မယ်လို့ စဉ်းစားထားရင် အိမ်ရှင်တွေအနေနဲ့
ကြိုတင် ပြင်ဆင်ပြီး လေ့လာထားသင့်ပါတယ်နော်

1-- ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
2--အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
3 --အပူအအေး အတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
4--အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။
5--နောက်ဆုံးတစ်ခုအနေနဲ့ အိမ်ဆောက်နည်းအခြေခံသဘောတရားတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။

ဒီလိုလေ့လာထားခြင်းက တခြားသော အကြောင်းအရာများထက်၊ အိမ်ရှင်တွေအနေနဲ့ မအ,ရရုံသာ ဖြစ်ပါတယ်။

အခု ဒီမှာလည်း အကြမ်းဖျဉ်း ဖော်ပြပေးပါမယ်။

မြေကြီးပုံတဲ့အခါ တူးတဲ့ကျင်းရဲ့ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့တဲ့အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်း၊ ဒင်ဆောင့်ပြီး လိုအပ်တဲ့ သိပ်သည်းမှု အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦအတွက် ပတ်တန်းရိုက်တဲ့အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ ဝင်အောင်ရိုက်ထားသင့်ပါသည်။ အဆောက်အဦ ကျင်တွယ်ဖမ်းတဲ့အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။ သုံးသောရေတိုင်းသည် သန့်ရှင်းကြည်လင်သောရေ ဖြစ်စေရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်၊ (၇)ရက်အထိ ရေဖြန်းပေးရပါသည်။

အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပြတ် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

သံချောင်းဆက်ရာတွင် အချင်း၏ လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊ အမဲဆီများ၊ မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့ (12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပSlab်းဆကSlabအခါအနည်းSlab ခြောက်လက်မထပ်သင့်ပါသည်
အခု​ခေတ်ကမသိနားမလည်သူလဲလိုင်ပေါ်အပုံတင်ပီလုပ်လိုရတဲဒါပင်မဲအိမ်ရှင်တွေမှာနှစ်နာတယ်လေ မနှစ်နာရအောင်သိထားသင်တဲအရာတွေပါ

Crd...

U$ သန်း 30 ခန့်တဲ့၊ ဝယ်ဖို့တော့ မမှန်းတော့ပါဘူးအဲ့လိုကွက်ကြီး အကျိုးဆောင်ဖြစ်ဖို့ပဲ မှန်းတော့တယ် 😅*Pwint Lan Real Estate...
09/10/2024

U$ သန်း 30 ခန့်တဲ့၊ ဝယ်ဖို့တော့ မမှန်းတော့ပါဘူး
အဲ့လိုကွက်ကြီး အကျိုးဆောင်ဖြစ်ဖို့ပဲ မှန်းတော့တယ် 😅

*Pwint Lan Real Estate and Property Advisory*

https://www.facebook.com/share/p/1yaL7dck6dax5K9s/

နှင်းတောင်ကြီးတွေ ချစ်စရာ 😁*Pwint Lan Real Estate*
07/10/2024

နှင်းတောင်ကြီးတွေ ချစ်စရာ 😁

*Pwint Lan Real Estate*

 #သစ်သားကြမ်းခင်းသစ်သားတံခါတွေပေါလစ်ဆေးသုတ်မယ်ဆိုဘာတွေလိုအပ်မလဲ(၁)/သစ်သားတံခါး ကြမ်းခင်း ပရိဘောဂပစ္စည်းတွေ ပေါလစ်ဆေးသုတ်...
06/10/2024

#သစ်သားကြမ်းခင်းသစ်သားတံခါတွေပေါလစ်ဆေးသုတ်မယ်ဆိုဘာတွေလိုအပ်မလဲ

(၁)/သစ်သားတံခါး ကြမ်းခင်း ပရိဘောဂပစ္စည်းတွေ
ပေါလစ်ဆေးသုတ်မယ်ဆိုရင် အရင်ဆုံးကော်ပတ်အကြမ်း AA60နဲ့တစ်ကြိမ်တိုက်ရပါမယ်

(၂)/AA60တိုက်ပြီးပြီဆိုရင် သစ်မှာရှိတက်တဲ့ အနာလေးတွေကို သစ်သားပတ်တီး ဖာပေးရပါမယ်

(၃)/သစ်ပတ်တီးဖာပြီးခြောက်တဲ့အခါ AA80ကော်ပတ်တစ်ကြိမ် ပြန်တိုက်ပေးရပါမယ်

(၄)/AA80ကော်ပတ်နဲ့အကုန်တိုက်ပြီးပြီဆိုရင် AA150နဲ့တစ်ကြိမ်ထက်တိုက်ရပါမယ်

(၅)/AA150ကော်ပတ်နဲ့ တိုက်ပြီးပြီဆိုရင် အီးဇီးသုတ်လို့ရပါပြီ အီးဇီးခြောက်သွေ့ချိန် ၂၄နာရီထားပေးရပါမယ်

(၆)/အီးဇီးခြောက်သွေ့ပြီးရင် ကော်ပတ်အနု320ccနဲ့တိုက်ပြီး ဖီလာသုတ်လို့ရပါပြီ ဖီလာကို စုတ်တံနဲအရင်သုတ်ပြီး အ၀တ်စနဲ့လိုက်သုတ်ရပါမယ် ဖီလာခြောက်သွေ့ချိန် ၁၆နာရီထားပေးရပါမယ်

(၇)/ဖီလာခြောက်ပြီဆိုရင် ဆီလာသုတ်လို့ရပါပြီ ဆီလာ သုတ်ပြီးရင် ဆီလာခြောက်သွေ့ချိန် အနည်းဆုံး ၄ နာရီထာပေးရပါမယ် ခြောက်သွေ့ပြီးရင် ကော်ပတ်320ccအနုနဲ့ပြန်တိုက်ရပါမယ် ကော်ပတ်
တိုက်ပြီးရင် ကော်ပတ်အမှုန်ခါ သန့်ရှင်းရေးလုပ်ပေး
ရပါမယ်

(၈) /အမှုန်တွေသန့်ရှင်းရေးလုပ်ပြီးရင် ဆီလာ
နောက်တစ်ကုတ် ထပ်သုတ်ရပါမယ် ဆီလာနှစ်ကုတ်နဲ့ အသားမ​ပြည်သေးရင်နောက်တစ်ကုတ်သုတ်လို့ရ
ပါတယ်

(၉) /ဆီလာသုတ်လို့ခြောက်သွေ့ချိန်ပြီးသွားရင် ကော်
ပတ်တိုက် အမှုံခါ သန့်ရှင်းရေးလုပ်ပြီး လိုက်ကာတစ်ကုတ်သုတ်လို့ရပါပြီ လိုက်ကာခြောက်သွေ့ချိန်
အနည်းဆုံး ၄နာရီထားရပါမယ်

(၁၀) /လိုက်ကာခြောက်သွေ့ချိန်ပြီးသွားရင် ကော်ပတ်တိုက် အမှုံခါသန့်ရှင်းရေးလုပ်ပြီး လိုက်ကာတူးကုတ် ဖိုင်နယ်သုတ်ပြီးရင် ​သန့်ရှင်းလှပတဲ့ ပေါလစ်ရရှိပါပြီ ခင်ဗျာ

လေ့လာ လုပ်ကိုင်ခဲ့တဲ့ သိသလောက်လေး မျှဝေပေးလိုက်ပါတယ်

ပါ၀င်မဲ့ဆေးအမျိုးစားက( ၄ )မျိုးပါ
အီးဇီး
ဖီလာ
စီလာ
လိုက်ကာ

ဆေးအချိုးစားဆက်ရန် လေ့လာရန် လိုအပ်ပါတယ်

*Pwint Lan Real Estate*

ဆေးသုတ်နည်းစနစ် ************************************************အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်း...
06/10/2024

ဆေးသုတ်နည်းစနစ်
************************************************
အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

**အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
၂. Local ( မြန်မာ ) မှာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

**အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

3- Putty ပတ်တီးရိုက်တယ်

4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ်တီး နှစ်ခါရိုက်တယ်။

5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

6- ဆေးသား Paint ကို သုတ်တယ်။

7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

2 - Putty ပတ်တီးရိုက်တယ်

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ်တီး နှစ်ခါရိုက်တယ်။

4 - Sealer အောက်ခံဆေး သုတ်တယ်။

5 - ဆေးသား Paint ကို သုတ်တယ်။

6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ်တီး တစ်ခါတည်း ရိုက်တာပါ။
ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ်တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

2- Putty ပတ်တီးရိုက်တယ်
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ်တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ်တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ ပတ်တီးကတော့ ပတ်တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

*Pwint Lan Real Estate*

အသက်ကြီးလာရင် အဲ့လိုလေးပဲ အေးအေးဆေးဆေး နေချင်တော့တာ😁*Pwint Lan Real Estate*
28/09/2024

အသက်ကြီးလာရင် အဲ့လိုလေးပဲ အေးအေးဆေးဆေး နေချင်တော့တာ😁
*Pwint Lan Real Estate*

စီးပွားတက်မည့်အိမ် 🏡💰မိမိအိမ်မှာလာဘ်ပွင့် ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ။ တဖြည်းဖြည်း စီးပွားတက်ပြီး ကြီးပွား...
18/09/2024

စီးပွားတက်မည့်အိမ် 🏡💰

မိမိအိမ်မှာလာဘ်ပွင့် ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ။

တဖြည်းဖြည်း စီးပွားတက်ပြီး ကြီးပွားသွားမယ့် အိမ် တစ်အိမ် ရဲ့ ကောင်းခြင်း လက္ခဏာ (၇) ချက် ဆိုတာဒါတွေပါပဲ။

👉နံပါတ် (၁)။ ။ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။

ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။

သောက်တော်ရေကိုသတိရတိုင်းကပ်ပါ

👉နံပါတ် (၂)။ ။ဘုရားရှိခိုးလျင်အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ်မမြင်အပ်သတ္တဝါများအားလုံးကို မေတ္တာပို့အမျှဝေပါ

👉နံပါတ် (၃)။ ။အလွန်ကံညံ့လာဘ်ပိတ်နေလျင် ညသန်းခေါင်ပရိတ်ရွတ်ပါ။

ည12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်

👉နံပါတ် (၄)။ ။အိမ်မှာအဟောင်းအစုတ်တွေမထားပါနဲ့။

အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးပေါက်တွေအဝတ်အစားစုတ်တွေဘယ်လိုမှသုံးမရတာတွေလွှတ်ပစ်လိုက်ပါ။

အိမ်မှာလိုအပ်တာတွေသာအဓိကထားပါ

👉နံပါတ် (၅)။ ။အိမ်ကိုတံမြက်စည်းလှည်းလျင်နံနက်လှည်းလျင် အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။

ညနေနှင့်ညဘက်လှည်းလျင်အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။

👉နံပါတ် (၆)။ ။မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။

မကုန်မီ ကြိုတင်၍ဝယ်ပါ

👉နံပါတ် (၇)။ ။အိမ်ရှိလှေကားများကျိူးပျက်နေသည်ကိုပြုပြင်ပါ။

လှေကားများကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလိုမကောင်းသောအန္တရာယ်များကိုဖိတ်ခေါ်စေပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

*Pwint Lan Real Estate*

Address

ပင်လုံ ၁ လမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံ။
Yangon

Telephone

+959940962680

Website

Alerts

Be the first to know and let us send you an email when Ko Chan Real Estate and Property Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category