CS Engineering Construction & Decoration

CS Engineering Construction & Decoration Real Estate Agency

27/05/2026

၁၆ရပ်ကွက်မာလာမြိုင် ၈ လမ်း ၆လွှာ 11.5 ×47​ပေ အ​ရောင်းခန်း​လေးပါရှင့် ။ အ​ပေါ်ဆုံးအလွှာ မှာ လူ​နေရန်အဆင်​ပြေတဲ့ ထပ်ခိုး​လေးလည်း ပါပါတယ်။ တစ်အိမ်လုံး​ကြွေပြားခင်း သံဗန်းဆန်းရှိတ်လည်း တပ်ထားပါတယ် ။ BCc လည်းပါပါတယ်။ ​တိုက်သက်တမ်းက ၁၀နှစ်စွန်း​လေးပါ ။ ​ရောင်း​စျေး​လေးက​တော့ ၁၁၅၀ သိန်း​ခေါ်ထားပါတယ် ။ အ​လျော့အတင်းက​တော့ နဲနဲဘဲရပါမယ် ။ စိတ်ဝင်စားရင် ဖုံး 09448016617 ကိုဆက်သွယ်နိုင်ပါတယ် ။ အခန်းပုံကြည့်ချင်ရင်​တော့ video​လေးပြပါ့မယ်။

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းမကြီးအနောက်ဗဟိုလမ်းမအနီးကပေအကျယ်တိုက်ခန်းလေးအရောင်းပါရှင့် ။ အကျယ်အဝန်းလေးက ပေ20ပေ5...
10/04/2024

မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းမကြီးအနောက်ဗဟိုလမ်းမအနီးကပေအကျယ်တိုက်ခန်းလေးအရောင်းပါရှင့် ။ အကျယ်အဝန်းလေးက ပေ20ပေ50အလွှာက ငါးလွှာ အပေါ်မှာတစ်လွှာကျန်ပါသေးတယ်။ ရောင်းဈေးလေးကတော့သိန်း1700 ခေါ်ထားပါတယ် ။ အလျော့အတင်းလေးလည်းရှိပါ့မယ်။ BCc အပါစာရွက်စာတမ်း အစုံအလင်လေးပါ။အကျိုးတူ ညီအကိုမောင်နှမ များကိုလည်းဖိတ်ခေါ်ပါတယ် ။

04/04/2024

၂၃ ပေ ၅၄ ပေ နောက်ဖေးခြံအကျယ် ၁၅ ပေ ကွန်တို မြေညီ ထပ်ခိုးအပါ နှစ်ထပ် ၁၅၀၀၀၀၀ ကျပ် အငှါးရှိတယ် ... မေတ္တာလမ်းပေါ်မှာပါ။ ဆိုင်ခန်းဖွင့်လူနေ အစဉ်ပြေပါတယ်ရှင့် ။စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။ ပုံလေးတွေကြည့်ချင်ရင် cb ပါရှင့် ။ 09448016617။

14/08/2023

ကဲ ဒီတစ်ခါတော့ အင်းစိန် pro1ရှေ့ နံ့သာမြိုင်လမ်း ဇီးအုံ့ကုန်းရပ်ကွက်ထဲက 17*43 ပေ နှစ်ထပ်အိမ်လေးကို သိန်း1100 အဖွင့်လေးနဲ့ အရောင်းတင်ချင်ပါတယ် ။

01/01/2021

2021

နှစ်သစ်မှာ မိတ်ဆွေသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များ မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏🙏🙏
31/12/2020

နှစ်သစ်မှာ မိတ်ဆွေသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များ မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ🙏🙏🙏🙏🙏

26/12/2020

သင့်အတွက် အိမ်နှင့်မြေ သို့မဟုတ် မြေကွက် ဝယ်ယူတဲ့အခါ သတိပြုသင့်သောအချက်များ‼️

၁။ စာချုပ်ရေးသားချုပ်ဆိုခြင်း

အိမ်၊ခြံ/မြေကွက် ဝယ်ယူတဲ့အခါ သိန်းရာချီထောင်ချီ ရင်းနှီးရတဲ့ ကိစ္စဖြစ်တာကြောင့် သိကျွမ်းနားလည်တဲ့ ရှေ့နေငှားပြီး လုပ်တာကတော့ အကောင်းဆုံးပါပဲ။

စာချုပ်မှာ ဝယ်သူကို အကာအကွယ်ပေးတဲ့ စည်းကမ်းချက်များ/သတ်မှတ်ချက်များ ပြည့်ပြည့်စုံစုံ ပါရှိရမယ့်အပြင် လွှဲပြောင်းယူရမည့်နည်းလမ်း၊ မှတ်ပုံတင်ရုံးတွင် တင်ပြရမယ့် စာချုပ်ကြီးကို ဥပဒေနှင့်အညီ ရေးသားရမှာကြောင့် နားလည်တတ်ကျွမ်းတဲ့ ရှေ့နေငှားရမ်းတာတော့ အကောင်းဆုံးဖြစ်ပါတယ်။

၂။ စာချုပ်စာတမ်းများ ပြည့်စုံမှု ရှိမရှိ

ရောင်းချသူရဲ့ လက်ဝယ်မှာ စာချုပ်စာတမ်းများ ပြည့်စုံမှုရှိမရှိ သေချာစစ်ဆေးရပါမယ်။

ရောင်းချလိုသူသည် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပါက ပိုင်ဆိုင်မှု မှတ်ပုံတင် စာချုပ်စာတမ်းများ (မူရင်း) ၊ မြေဂရန် (မူရင်း) နှင့် လွန်ခဲ့သော (၆) လအတွင်းက ရောင်းချရန် အလို့ငှာ တရားဝင်ကူးယူရရှိထားသော မြေပုံမြေရာဇဝင် (မူရင်း) တို့ကို တင်ပြနိုင်မှသာလျှင် ဝယ်သူအနေဖြင့် အရောင်းအဝယ်ကိစ္စ အလို့ငှာ ရောင်းသူနှင့် ညှိနှိုင်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

၃။ ရောင်းသူအမည်ပေါက်နှင့် လက်မှတ်ရေးထိုးမှု

လင်မယားနှစ်ဦး အမည်ပေါက်ပိုင်ဆိုင်သော အိမ်နှင့်မြေ၊ မြေကွက်ဖြစ်ပါက ရောင်းသူဘက်တွင် လင်မယား နှစ်ဦးစလုံး ပါဝင်လက်မှတ်ရေးထိုးရပါမယ်။

အကယ်၍ လင် သို့မဟုတ် မယားတစ်ဦးတည်း၏ အမည်ပေါက်ဖြစ်ပါက အမည်ပေါက်ပိုင်ဆိုင်သူက ရောင်းသူဘက်တွင် လက်မှတ်ရေးထိုး၍ ကျန်အမွေဆိုင် လင် သို့မဟုတ် မယားကို သက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးဖို့ လိုပါတယ်။

မြန်မာဓလေ့အရ (Vested Right) လင်နှင့်မယား သုံးချိုးတစ်ချိုး ပိုင်ဆိုင်ခွင့်ရှိတာကြောင့် အသိသက်သေအဖြစ် လက်မှတ်ထိုးထားမှသာ နောင်အခါ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးခဲ့တဲ့အချက်တွေက သင့်အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ပြန်ပြီးမျှဝေပေးဖို့လည်း တောင်းဆိုပါရစေ🤗

သာယာလှပတဲ့ နေ့ရက်လေးဖြစ်ပါစေခင်ဗျာ။


05/08/2020

တိုက်ခန်း တန်တန်လေးတွေ ‌မြေကွက်တန်တန်လေးတွေရောင်းမယ်ဆို အားပေးကြမလား။

လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး မရှိပါက လူ့အသက်ပေါင်းများစွာကို ထိခိုက်စေနိုင် သည် အထိ ဖြစ်စေနိုင်ပါသည်။ အန္တရာယ...
24/06/2020

လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး မရှိပါက လူ့အသက်ပေါင်းများစွာကို ထိခိုက်စေနိုင် သည် အထိ ဖြစ်စေနိုင်ပါသည်။ အန္တရာယ် ဖြစ်စေသော အကြောင်းရင်းများမှာ-

၁။ မိမိပေါ့လျော့မူကြောင့် ဖြစ်ပေါ်ခြင်း

၂။ သူတစ်ပါးပေါ့လျော့မူကြောင့် ဖြစ်ပေါ်ခြင်း

၃။ စက်ကိရိယာများ မှန်ကန်စွာ ကိုင်တွယ်မူ မရှိခြင်း

၄။ လျှပ်စစ်ပစ္စည်းများ မှန်ကန်စွာ ကိုင်တွယ်မူ မရှိခြင်း

၅။ လုပ်ငန်းခွင် သန့်ရှင်းမူ မရှိခြင်း

၆။ လုပ်ကိုင်ပုံ နည်းစနစ်များ မမှန်ကန်ခြင်း

၇။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပစ္စည်းများ အသုံးမပြုခြင်း

၈။ အန္တရာယ်ဖြစ်စေသော အချက်အလက်များ ကြိုတင်ကာကွယ်မူ မရှိခြင်း

၉။ မလိုအပ်ဘဲ စွန့်စားလွန်းခြင်း

၁၀။ လုပ်ငန်းခွင်အတွင်း မူးယစ်သေစာ သုံးစွဲခြင်း စသည့်အချက်များ ဖြစ်သည်။

‌ယင်းအချက်များကို သိရှိနားလည်ကာ သတိပြု ရှောင်ကြဥ်ကြပါက လုပ်ငန်းခွင်ဘအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်နိုင်မည် ဖြစ်သည်။




အိမ်(သို့) ရုံးခန်းဆိုတာက သင်အမြဲတမ်းနီးပါး ရှိနေမယ့်နေရာဖြစ်တဲ့အတွက် အဲ့ဒီနေရာက သင့်ကို ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေက...
23/05/2020

အိမ်(သို့) ရုံးခန်းဆိုတာက သင်အမြဲတမ်းနီးပါး ရှိနေမယ့်နေရာဖြစ်တဲ့အတွက် အဲ့ဒီနေရာက သင့်ကို ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ပေးနိုင်ဖို့ အရေးကြီးပါတယ်။

သင့်အိမ်ခန်းဟာ ရှုပ်ပွနေမယ်၊ သပ်သပ်ရပ်ရပ်မရှိဘူး၊ အလင်းအမှောင်က အဆင်မပြေဘူးဆိုရင် သင်ဟာ အိမ်မှာ အနားယူနေပေမယ့် စိတ်သက်သောင့်သက်သာမရှိဖြစ်နေမှာပေါ့။
အလုပ်ခန်းတွေကလည်း သင့်ကို စိတ်အာရုံမလန်းဆန်းစေဘူး၊ စိတ်ကူးအကြံသစ်တွေ မကွန့်မြူးစေဘူး၊ စိတ်ရှုပ်စေမယ်ဆိုရင် သင့် ထိခိုက်မှုတွေ များလာနိုင်ပါတယ်။
ဒါကြောင့်မို့ အိမ်ခန်း၊ ရုံးခန်းတွေကို အလှဆင်မွမ်းမံခြင်းက အမြင်လှရုံတစ်ခုတည်းမဟုတ်ဘဲ သင့်ရဲ့ တစ်နေ့တာ အချိန်တွေမှာ အကျိုးရှိစေပါတယ်။
ဒါ့အပြင် သင့်အိမ်နဲ့ ရုံးခန်း ဒီဇိုင်းအပြင်အဆင်ပေါ်မူတည်ပြီး တန်ဖိုးဟာလည်း ပြောင်းလဲနေပါတယ်။ ဒါကြောင့်မို့ အခန်းအလှဆင်ခြင်းက သင့်ပိုင်ဆိုင်မှုကို တိုးတက်စေဖို့ ရင်းနှီးမြှုပ်နှံမှုဆိုလည်း မမှားဘူးပေါ့။

ဒီအတွက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ CS Engineering and Construction and Decorationက သင့်အခန်းအလှဆင်ဖြင်းကို ခေတ်မီဆုံး၊ အကောင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်စေဖို့ တာဝန်ယူပါတယ်။

Address

Marlarmyaing 3th
Yangon
11051

Website

Alerts

Be the first to know and let us send you an email when CS Engineering Construction & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category