Ashin nar ya ka

Ashin nar ya ka Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ashin nar ya ka, Real Estate, yangon, Yangon.

26/11/2023
စာရေးဆရာကြီးမောင်ချစ်သူရဲသမိန်ကျောင်းရောက်တုန်းအမှတ်တရပေါ့
26/11/2023

စာရေးဆရာကြီးမောင်ချစ်သူရဲသမိန်
ကျောင်းရောက်တုန်းအမှတ်တရပေါ့

01/11/2023
23/09/2023

ကမ္ဘာ့ အကောင်းဆုံး မြေဩဇာပြုလုပ်နည်း

လိုအပ်မည့်ကုန်ကြမ်း

တိရိစ္ဆာန် ချေး= ၅ အိတ်
အရွက်အစိမ်း = ၁၅ အိတ်
ကောက်ရိုး / မြက်ခြောက် = ၅ အိတ်
ဖွဲ မနုမကြမ်း 1 အိတ်
EM = 5 ဂါလံ

ဘာချေးဖြစ်ဖြစ်ရပေမဲ့
ကြက်ချေးကအကောင်းဆုံးပါ
ဖြစ်နိုင်ရင်အခြောက် အမှုန့်ဆိုပိုကောင်းပါတယ်။
အရွက်အစိမ်း၊ အခြောက်များကို
တောက်တောက်စင်းပါ။
6×4 ပေအကျယ် မြေနေရာကို
အနက် 6 လက်မခန့်တူးဆွပြီး
ရလာတဲ့မြေကိုအမှုန့်လုပ်ပြီး
အကုန်ရောထည့်ရပါမယ်။
အရိပ်အောက်မှာလုပ်နိုင်ရင်ပိုကောင်းပါတယ်။

ပြုလုပ်နည်း

အရင်ဆုံးကုန်ကြမ်းအားလုံးကိုသမအောင်
အခြောက်အတိုင်း ရောမွေပါ
သမအောင်မွေပြီးပြီဆိုမှ
ရေအဆ 40 ရောထားတဲ့
EM 3 ဂါလံအရည်ကိုဖျန်းပေးပါ
စိုစိုရွဲ နီးပါးခန့် ဖျန်းပေးပါ

အားလုံးနှံ့အောင် မွေပြီးပြီဆိုပါက
ပလပ်စတစ်/မိုးကာ တစ်ခုခုဖြင့်
ဖုံးအုပ်ထားလိုက်ပါ
5 ရက်ပြည့်ရင် ဖုံးထားတဲ့
မိုးကာအဖုံးဖွင့်ပြီးအထက်အောက်
လှန်ပေးရပါမယ်။
လက်ထိုးသွင်းကြည့်ရင်ပူနေပါလိမ့်မယ်။

5 ရက်တစ်ကြိမ် 5/6 ကြိမ် အထက်အောက်လှန်
ချိန်မှာ EM အရည်ဖျန်းပေးပါမယ်။
5/6 ကြိမ်လှန်ပြီးချိန် လက်ထိုးသွင်းကြည့်လို့
မပူတော့ဘူးဆိုရင် သုံးစွဲလို့ရပါပြီ။

EM. ကိုချိန်ဆသုံးစွဲရပါမယ်
ထက်အောက်လှန်ချိန်မှာ
EM ပြတ်သွားခဲ့ပါက ရေကိုသာဖျန်းပေးနိုင်ပါတယ်
EM ကို ဒီထက်ပိုသော ပမာဏ သုံးစွဲနိုင်ရင်
ပိုကောင်းပါမယ်။
အာနိသင်ပြည့်၀သောEM. ဖြစ်ဖို့တော့
အရေးကြီးပါမယ်။

ကမ္ဘာ့ အကောင်းဆုံးမြေဩဇာပါ
တစ်ဧက စာကို 4 ပုံခန့်ဖေါ်စပ်
ထည့်သွင်းစိုက်ပျိုးနိုင်ရင် ဓါတုမြေဩဇာလွတ်
စိုက်ခင်းဖြစ်ပါလိမ့်မယ်။

Ok ပါပြီ။

ချမ်းသာကြပါစေ
ခွန်တူး။

credit to KunTu

1. 9. 2023တမလွန်ဘဝပြောင်းသွားသော သားမောင်ဂူဂျွန်ဖြို့အတွက်ရည်စူ၍ ဆွမ်းဘောဇဥ်အာဟာရများနှင့် စတီးဝရန်တာအတွက် ၅ သိန်းကျပ် လ...
01/09/2023

1. 9. 2023

တမလွန်ဘဝပြောင်းသွားသော သား
မောင်ဂူဂျွန်ဖြို့အတွက်ရည်စူ၍ ဆွမ်းဘောဇဥ်အာဟာရများနှင့် စတီးဝရန်တာအတွက် ၅ သိန်းကျပ် လှူဒါန်းမှုကုသိုလ်တော်ကို မောင်ဂူဂျွန်ဖြိုး နှင့်အမဖြစ်သူ မကျက်တို့သည် ရောက်ရာဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေ ကောင်းကျိုးချမ်းသာအအမျိုးမျိုးတို့ကိုရရှိခံစားနိုင်ပါစေ

15/08/2023

💘 အိမ်တစ်လုံး လေ့လာတွက်ချက် ချင်သူများအတွက်

အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း
သစ် တွက်နည်း အနုပညာ

မြေကြီး ၁ ကျင်း=၁၀ ပေ ပတ်လည် ၁ ပေ အနက်
10 ' 10 ' 1 '= 100 ကုဗပေ = 1 ကျင်း
ကျောက်လောင်း-
10 ' 10 ' 1 ' = 100 cft = 1 sud
Slab (6 " ထုအောက်)-
10 ' 10 ' = 100 sft = 1 sud
အလျား အနံ အမြင့်= 100 = ၁ ကျင်း
၅၀ = ကျင်းဝက်
၂၅ = ကျင်းတစ်မတ်

-

၄,၅ လက်မ (၄ ခွဲ )- နံရံ အုတ်စီ ၊ ဆေးသုတ်၊ အမိုး
မိုး၊ ကြွေပြားကပ်
4,5" အုတ်ရိုး-
10' 10' = 100 sft = 1 sud
1 ကျင်း = အုတ် ၅၅၀
(1:4 =
ဘိလပ်မြေ 2,7 အိတ်: သဲ 11 အိတ် )

၉ လက်မ(ကိုး)- အုတ်ဖိနပ် ကွန်ကရစ်လောင်း၊
မြေကြီးတူး
9' နှင့်အထက် အုတ်ရိုး-
10 ' 10 '1 ' = 100 cft = 1 sud
1 ကျင်း = အုတ် ၁၃၅၀
(1:4=
ဘိလပ်မြေ 6 အိတ်: သဲ 28 အိတ် တစ်မတ်)

1:3:6= ဘိလပ်မြေ+သဲ+ ကျောက်
ဘိလပ်မြေ ၁ အိတ်ပေါ်မှုတည်တွက်။

ဘိလပ်မြေ တွက်နည်း
1 : 3 : 6 =(ဘိလပ်မြေ) ၁၃ အိတ် : သဲ ကျင်းဝက်:
ကျောက် ၁ ကျင်း
1 : 2 : 4 =(ဘိလပ်မြေ)၁၈ အိတ် : သဲ ကျင်းဝက်
ကျောက် ၁ ကျင်း
1 : 1 : 1/2 ( 1 : 1 : 5,3 ) =(ဘိလပ်မြေ) ၂၅ အိတ်
သဲ ကျင်းဝက် : ကျောက် ၁ ကျင်း

သံချောင်း size = ပေ ၄၀ ၊ ၁၂ မီတာ
၃၉ ပေ ၆ လက်မ (မှန်)

1 တန် - ၁၀ မီလီ ၃ မှုး (၃/၈)-ပေ ၄၀ အရှည်-
၁၃၅ ချောင်း
၁၂ မီလီ ၅ မှုး (၁/၂) - ၈၈ ချောင်း
၁၆ မီလီ ၆ မှုး (၅/၈) - ၅၃ ချောင်း
၂၀ မီလီ ၃ မတ် (၃/၄) - ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံး (၁) - ၂၁ ချောင်း

သစ်
1 " 1 " ပတ်လည် တစ်တန် = 7200 ' ပေ
2 " 1 "= 3600 ' ပေ
2 " 2 "= 1800 ' ပေ
3 " 1 1/2 "= 1600 ' ပေ
3 " 2 " = 1200 ' ပေ
4 " 2 " =900 ' ပေ
5 " 2 " = 720 ' ပေ
6 " 2 " =600 'ပေ

Crd to the original owner

Lucky Home Construction &Decoration

05/08/2023

မဂ်လာညချမ်းမှာ
အစဥ်ထာဝရအေးချမ်းပါစေ
🙏🙏🙏အိမ်ချစ်သူတို့🙏🙏🙏

05/08/2023

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။

ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ

Credit : Phyo Pyae Kyaw BE (Civil) MDY
Lucky Home Construction &Decoration

05/08/2023

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”
=============================
💥မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

💥အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကိုသုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။

ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

💥ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

💥တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

💥လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ -
⛔️ ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
⛔️ မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
⛔️ လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

💥ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။
Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။
တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။
တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

💥သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

💥အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Credit to original writer ✍️

05/08/2023

တိုင်ထူခြင်းနှင့် မြန်မာ့အယူအဆ
*******************************
အယူတော်ဟူသည့် အတိတ်၊ နိမိတ်၊ တဘောင်စသည်တို့ကို အယူကောက်၍ ဟောကြားသော အတတ်ပညာဖြစ်သည်။ ထိုအတတ်ပညာသည် နယ်ပယ်အသီးသီးတွင် ဝင်ဆန့်သည်။

မင်္ဂလာနေအိမ်ရှိ အဓိကပင်မတိုင်ကြီး ၆ တိုင်
===========================
အခြေခံတိုင်ကြီး ၆ တိုင်မှာ-

ဥရူတိုင်၊ ကြဌာန်းတိုင်၊ ညောင်ရမ်းတိုင်၊ သပြေတိုင်၊ ရဝေတိုင်နှင့် ကုမီ္ဘးတိုင်

၁။ ဥရူတိုင် - တစ်အိမ်လုံးကို ဦးစီးရသောတိုင်ဖြစ်သည်။ ကျက်သရေအရှိဆုံးဖြစ်သည်။

၂။ ကြဌာန်းတိုင် - ဂုဏ်သရေရှိ ဧည့်ကောင်း ဆောင်ကောင်း၊ ရဟန်း သံဃာ၊ သူတော်ကောင်းဆရာသမားတို့ကျောမှီရာ တန်ခိုးကြီးနတ်ဝိဇ္ဇာဓိုရ်တို့ ကြွရောက်ကွန်းခိုရာဖြစ်သည်။

၃။ ညောင်ရမ်းတိုင် - ခေါင်းပေါင်း၊ ပဝါ၊ စိတ်ပုတီး၊ ဇာတာခြင်းနှင့် လွယ်အိတ်တို့ချိတ်ဆွဲရာ၊ ကိုယ်စောင့်နတ်၊ မိမိကို စောင့်ရှောက်သော ပရလောကမှ ဆွေမျို အမိအဘများနှင့် ဆရာသမားတို့၏ ဝိဉာဉ်များကွန်ခိုရာ၊ အိပ်မက်၊ အတိတ်နိမိတ်၊ အသိပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။

၄။ သပြေတိုင် - အန္တရာယ်တွန်းလှန်နိုင်ခြင်း၊ စီးပွားကောင်းခြင်း၊ ထိုးကွင်း မင်ကြောင်၊ အောင်သိဒ္ဓိ၊ ပီယသိဒ္ဓိအစရှိသည်တို့ ဆေးအင်းထိုးရာတွင် ဤတိုင်ကိုမှီ၍ထိုးရသည်။ ဘေးအန္တရာယ် ကာကွယ်သော နတ်တို့၏ ကွန်းခိုရာဖြစ်သည်။

၅။ ရဝေတိုင် - ဇနီးနှင့် သမီးတို့၏ အဝတ်အစား၊ လက်ဝတ်တန်ဆာ သိမ်းဆည်းရာ၊ ငွေကြေးရတနာများ စီးပွားစောင့်ကြပ်သူ ကွန်းခိုရာဖြစ်သည်။

၆။ ကုမီ ္ဘးတိုင် - အမင်္ဂလာတိုင်ဖြစ်သည်။ ရှေးခေတ်က မသဒ္ဓါသူ၊ ခိုးစားသူတို့ကို ဂုတ်ဖီးစာဟု ဆဲရေးတိုင်းထွာလေ့ရှိသည်။ ဤတိုင်တွင် ဆံပင်ဖားလျား၊ အပူသယ်လိုထမင်းမစားကောင်းပါ။ ပယောဂကုခြင်း၊ တန်ပြန်ဆေးတိုက်ကျွေးခြင်း၊ ပယောဂစက်ဖြတ်ခြင်းတို့ကို ဤတိုင်တွင်ပြုလုပ်ကြသည်။ နတ်စိမ်း၊ နတ်ဆိုးတို့ကွန်းခိုရာဖြစ်သည်။

ကျွန်တော်ကတော့ ဦးရင်တိုင်ဟာ ဥရူတိုင်ဆိုတာ သိလိုက်ရတာနဲ့တင် share ရတာ တန်သွားပီ။ဒါတောင်လှေကားတေမှ သတ်မှတ်ထားတဲ့ လာဘ၊ဘင်ဂ၊မရဏဆိုတာလဲ သိချင်လို့ရှာနေတာမတွေ့လို့ တွေ့မှ ထပ်shareပါ့မယ်ဗျ။

မူရင်း Yangon Builder Guide စာအုပ်မှ လိုအပ်သလောက်ကူးယူဖော်ပြပါသည်။Crdပေးပါတယ်ဗျ။

[Zawgyi]တိုင်ထူခြင်းနှင့် မြန်မာ့အယူအဆ

အယူတော်ဟူသည့် အတိတ်၊ နိမိတ်၊ တဘောင်စသည်တို့ကို အယူကောက်၍ ဟောကြားသော အတတ်ပညာဖြစ်သည်။ ထိုအတတ်ပညာသည် နယ်ပယ်အသီးသီးတွင် ဝင်ဆန့်သည်။

မင်္ဂလာနေအိမ်ရှိ အဓိကပင်မတိုင်ကြီး ၆ တိုင်
===========================
အခြေခံတိုင်ကြီး ၆ တိုင်မှာ-

ဥရူတိုင်၊ ကြဌာန်းတိုင်၊ ညောင်ရမ်းတိုင်၊ သပြေတိုင်၊ ရဝေတိုင်နှင့် ကုမီ ္ဘးတိုင်

၁။ ဥရူတိုင် - တစ်အိမ်လုံးကို ဦးစီးရသောတိုင်ဖြစ်သည်။ ကျက်သရေအရှိဆုံးဖြစ်သည်။

၂။ ကြဌာန်းတိုင် - ဂုဏ်သရေရှိ ဧည့်ကောင်း ဆောင်ကောင်း၊ ရဟန်း သံဃာ၊ သူတော်ကောင်းဆရာသမားတို့ကျောမှီရာ တန်ခိုးကြီးနတ်ဝိဇ္ဇာဓိုရ်တို့ ကြွရောက်ကွန်းခိုရာဖြစ်သည်။

၃။ ညောင်ရမ်းတိုင် - ခေါင်းပေါင်း၊ ပဝါ၊ စိတ်ပုတီး၊ ဇာတာခြင်းနှင့် လွယ်အိတ်တို့ချိတ်ဆွဲရာ၊ ကိုယ်စောင့်နတ်၊ မိမိကို စောင့်ရှောက်သော ပရလောကမှ ဆွေမျို အမိအဘများနှင့် ဆရာသမားတို့၏ ဝိဉာဉ်များကွန်ခိုရာ၊ အိပ်မက်၊ အတိတ်နိမိတ်၊ အသိပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။

၄။ သပြေတိုင် - အန္တရာယ်တွန်းလှန်နိုင်ခြင်း၊ စီးပွားကောင်းခြင်း၊ ထိုးကွင်း မင်ကြောင်၊ အောင်သိဒ္ဓိ၊ ပီယသိဒ္ဓိအစရှိသည်တို့ ဆေးအင်းထိုးရာတွင် ဤတိုင်ကိုမှီ၍ထိုးရသည်။ ဘေးအန္တရာယ် ကာကွယ်သော နတ်တို့၏ ကွန်းခိုရာဖြစ်သည်။

၅။ ရဝေတိုင် - ဇနီးနှင့် သမီးတို့၏ အဝတ်အစား၊ လက်ဝတ်တန်ဆာ သိမ်းဆည်းရာ၊ ငွေကြေးရတနာများ စီးပွားစောင့်ကြပ်သူ ကွန်းခိုရာဖြစ်သည်။

၆။ ကုမီ ္ဘးတိုင် - အမင်္ဂလာတိုင်ဖြစ်သည်။ ရှေးခေတ်က မသဒ္ဓါသူ၊ ခိုးစားသူတို့ကို ဂုတ်ဖီးစာဟု ဆဲရေးတိုင်းထွာလေ့ရှိသည်။ ဤတိုင်တွင် ဆံပင်ဖားလျား၊ အပူသယ်လိုထမင်းမစားကောင်းပါ။ ပယောဂကုခြင်း၊ တန်ပြန်ဆေးတိုက်ကျွေးခြင်း၊ ပယောဂစက်ဖြတ်ခြင်းတို့ကို ဤတိုင်တွင်ပြုလုပ်ကြသည်။ နတ်စိမ်း၊ နတ်ဆိုးတို့ကွန်းခိုရာဖြစ်သည်။

ကျွန်တော်ကတော့ ဦးရင်တိုင်ဟာ ဥရူတိုင်ဆိုတာ သိလိုက်ရတာနဲ့တင် share ရတာ တန်သွားပီ။

မူရင်း Yangon Builder Guide စာအုပ်မှ လိုအပ်သလောက်ကူးယူဖော်ပြပါသည်။Crdပေးပါတယ်ဗျ။

05/08/2023

အိမ်ဆောက်လရွေးနည်း
***********************
တန်းခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြည့်ကြွယ်ဝ။
ကဆုန်လကား ဆန်စပါး ပေါများကြွယ်တတ်လှ။
ဝါခေါင်လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။
နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။
ပြာသိုလ်လမှာ လူတကာ များစွာချီးမွမ်းရ။
တပေါင်းလဝယ် ချမ်းသာကြွယ် ဆောင်ဖွယ်ဤခြောက်လ။
အဓိပ်ပာယျကား
_________
တန်းခူးလမှာ အိမ်ဆောက်လျှင် ချမ်းသားကြွယ်ဝမည်။လိုရာပြည့်ဝနိုင်၏။

ကဆုန်လမှာ အိမ်ဆောက်ပါက ဆန်များ,စပါးများ ပေါများမည်။

ဝါခေါင်လမှာ အိမ်ဆောက်ပါက စီးပွားဥစ္စာတိုးပွားမည်။

နတ်တော်လမှာ အိမ်ဆောက်ပါက လူများအလယ်၌ ဂုဏ်သတင်းမွှေးပြန့်ကာ ထင်ပေါ်ကျော်ဇောမည်။

ပြာသိုလ်လမှာ အိမ်ဆောက်ပါက လူအများ၏ ချီးမွမ်းခြင်းကို ခံရမည်။

တပေါင်းလမှာ အိမ်ဆောက်ပါက ချမ်းသာခြင်းရှိမည်။

Credit to original
-----------------------------


Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Ashin nar ya ka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category