MYA အိမ်ခြံမြေ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • MYA အိမ်ခြံမြေ ရောင်းဝယ်ရေး

MYA အိမ်ခြံမြေ ရောင်းဝယ်ရေး Since 1989~1990

07/01/2021

ဘဏ်ချိတ်နဲ့ ပတ်သက်ပြီး Home Loan လက်ခံတဲ့ ဘဏ်
တွေရဲ့ အတိုးနှုန်းနဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ🔔

AYA - အတိုးနှုန်း
DownPayment - ၃၀% ပေးရင် ၁၀% (တစ်နှစ်လျှင်)
DownPayment - ၅၀% ပေးရင်တော့ ၈%

YOMA - အတိုးနှုန်း
DownPayment - ၃၀% ပေးရင် ၁၀% (တစ်နှစ်လျှင်)
DownPayment - ၅၀% ပေးရင်တော့ ၈%

CB - အတိုးနှုန်း
DownPayment - ၃၀% ပေးရင် ၁၀% (တစ်နှစ်လျှင်)

KBZ - အတိုးနှုန်း
DownPayment - ၃၀% ပေးရင် ၁၀% (တစ်နှစ်လျှင်)

AGD - အတိုးနှုန်း
DownPayment - ၃၀% ပေးရင် ၁၀% (တစ်နှစ်လျှင်)

🌇Service Charges အနည်းဆုံးပေးရတဲ့ ဘဏ်ကတော့
AGD,KBZ ဖြစ်ပြီး ၁% ပါ။

🌆Yoma ဘဏ်ရဲ့ သတ်မှတ်ထားသော အချက်က
ကွန်ဒိုနှင့်လုံးချင်းအိမ် ၀ယ်ရင် - ၂၅ နှစ်
တိုက်ခန်း၀ယ်ရင် - ၁၅ နှစ် အများဆုံး ချေးယူနိုင်ပါတယ်။

🏙️AGD ဘဏ်ရဲ့ သတ်မှတ်ချက်က ချေးယူမည့်သူ၏ ၀င်ငွေပမာဏမှာ အနည်းဆုံး တစ်လ ၁၀သိန်း ရှိမှ ချေးယူရရှိနိုင်မှာပါ။

အတိုးတွက်ပုံတွက်နည်းကတော့ တစ်ဘဏ်နဲ့ တစ်ဘဏ်
Method ချင်း မတူတာကြောင့် ကိုယ်ရွေးချယ်မယ့်
ဘဏ်ကိုသာ သွားရောက် တွက်ချက်လျှင် ပိုအဆင်ပြေပါတယ်။

🎆အကြံပေးချင်တာကတော့ ဘဏ်နဲ့ ချိတ်၀ယ်တော့မယ်
ဆုံးဖြတ်ထားပါက ရောင်းသူ၊ ၀ယ်သူ နှစ်ဖက်လုံး
လိုအပ်ရင် လိုအပ်သလို ဘဏ်မှ တောင်းဆိုသည့်
အချက်အလက်၊ ဘဏ်မှ လုပ်ခိုင်းသည့် လိုအပ်ချက်များကို ကိုယ်တိုင်သွားရောက် လုပ်ကိုင်ရမှာပါ။ ဘဏ်ဘက်မှလည်း ကိုယ်တိုင်သာ လာရောက်ခိုင်းတာပါ။

နောက်တစ်ချက်အနေနဲ့ ၀ယ်ယူမည့်တိုက်ခန်းမှာ ဘဏ်နဲ့
ချိတ်ဆက်၍ ရ/မရ သေချာသိထားဖို့လိုပါတယ်။

ဘဏ်မှ BCC ကျပြီးသား တိုက်ခန်းကိုသာ လက်ခံပါတယ်

🏙️ရောင်းသူဘက်မှ ပေးရမယ့် စာရွက်စာတမ်း

မြေရှင်၏ပိုင်ဆိုင်ကြောင်း စာချုပ်
၁၀၅/၁၀၆ မြေပုံ၊ မြေရာဇ၀င် ရှိခဲ့ရင်
ကန်ထရိုက်နှင့် မြေရှင် စာချုပ်
BCC (လူနေထိုင်ခွင့်)ကျပြီးကြောင်း
အိမ်ရှင်/အိမ်ငှားစာချုပ်
ရောင်းသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း
ရောင်းချမည့် တိုက်ခန်း၏ ဓာတ်ပုံ အတွင်း/အြ

ဥပမာ
AYA ဘဏ်နဲ့ ချိတ်ပြီး ၀ယ်ယူမယ်ဆိုရင်
၀ယ်ယူမည့်တိုက်ခန်းအား ဘဏ်နဲ့ချိတ်၀ယ်မယ်ဆိုတာ
ရောင်းသူသိပါစေ ၊ အချိန်တစ်ခုအား စောင့်နိုင်မည့်သူ
ဖြစ်ပါစေ။ ဘဏ် Process အရ ၁လမှ အလွန်ဆုံး ၂လ
အတွင်း ကြာနိုင်ပါတယ်။ စရံစာချုပ် ချုပ်မည့်နေ့တွင်
ရောင်းသူဘက်မှ လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူများအား တစ်ပါတည်း တောင်းလာရမှာပါ။ စာချုပ်မှာလည်း
Home Loan Format နဲ့ ရိုက်ထားတဲ့ စာချုပ်သာလျှင်
အဆင်ပြေမှာပါ။

🌆၀ယ်သူဘက်မှလည်း လိုအပ်တဲ့စာရွက်စာတမ်းများနှင့် တကွ ပူးတွဲ၍ ဘဏ်သို့ တင်ပြလိုက်ပါ
ဘဏ်မှ Hom Loan Account အသစ် တစ်ခုအား ၅၁,၀၀၀ ကျပ်ဖြစ် ဖွင့်ရမည်ဖြစ်သည်။

🌇ဘဏ်ဘက်မှ ၄င်းစာရွက်စာတမ်းများအား စစ်ဆေးပြီး
သည်နှင့် စာရွက်စာတမ်း စုံလင်ပါက ၀ယ်ယူမည့်တိုက်ခန်းအား ရာဖြတ်နှင့်သက်ဆိုင်ရာ ဘဏ်၀န်ထမ်းမှ လာရောက် စစ်ဆေးမည်ဖြစ်သည်။ရှေ့နေမှလည်း ရောင်းသူဘက်မှ
ပေးလိုက်သည့် စာရွက်စာတမ်းများအား စစ်ဆေးမည်
ဖြစ်သည်။

🌆ထိုအဆင့်ပြီးပါ၍ ဘဏ်ဘက်မှ လက်ခံနိုင်သည့် အ
ခြေနေ တစ်ခု ရောက်ပါက ၀ယ်ယူသူမှ ကျမ်းကျိန်လွှာ၊ GP လုပ်ရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာဘဲ မီးအာမခံ Fire Insurance ဆောင်ရွက်ရမည်။ ထိုအဆင့်အား သက်
ဆိုင်ရာ ငှာနမှ တိုက်ခန်းအား သွားရောက် စစ်ဆေးမည်
ဖြစ်သည်။

🏙️နောက်ဆုံးအဆင့်အနေနဲ့ ဘဏ်မှချေးငွေချပေးမည့်နေ့ တွင် ၀ယ်ယူမည့်တိုက်ခန်း၏ မြေရှင်၊ ရောင်းချသူ၊ ၀ယ်ယူသူ နှင့် အာမခံသူတို့ ကိုယ်တိုင် ဘဏ်သို့ လာရောက်
လက်မှတ်ရေးထိုး၍၊ Down Payment နှင့် Service Charges အား ဖွင့်ထားသော Account အသစ် ထဲသို့ ငွေသွင်းရမည်။
🌌ဘဏ်မှ ရောင်းချသူအား ချေးယူသည့် ပမာဏ ပေး
မည်ဖြစ်ပြီး၊ ၀ယ်ယူသူအား လစဉ်သွင်းရမည့် Payment Schedule ပေးမည်ဖြစ်သည်။

🌇ဘဏ်နှင့်ချိတ်ဆက်ပြီး ၀ယ်ယူလို့ရတဲ့ အမျိုးအစားများမှာ
YCDC/MCDC နှင့် Housing Ministry စသည့်အစိုးရဌာနများမှဆောက်လုပ်ပြီးOwner Bookထုတ်ပေးသည့်တိုက်
ခန်းများ
ဘဏ်နဲ့ Delar (ချိတ်ဆက်ထားသည့်ဆောက်လုပ်ရေး
ကုမ္ပဏီများ)မှ ပိုင်ဆိုင်သည့်တိုက်ခန်းများ၊ ကွန်ဒိုများ၊
လက်ရှိပိုင်ရှင်များထံမှတစ်ဆင့်ပြန်ဝယ်ယူမည့်တိုက်ခန်းများ၊ ကွန်ဒိုများ
ခြံနှင့် တွဲလျှက်လုံးခြင်းအိမ်တို့ဝယ်ယူနိုင်ပါသည်။

တိုက်ခန်းနှင့် ကွန်ဒိုများသည် BCC(လူနေထိုင်ခွင့်)ရရှိထားရန်လိုအပ်ပါသည်။
ခြံနှင့် တွဲလျှက် လုံးခြင်းအိမ်များသည် ဂရမ်အမည်ပေါက်
ဖြစ်ရန်လိုအပ်ပါသည်။
🏙️အထူးသတိပြုရန် မြေချည်းသက်သက် ချေးယူ၍ မရပါ။

🌆အကြံပေးချင်တာတစ်ခုကတော့ ဝယ်ယူသူဘက်က အကျိုးဆောင် ခ ပေးစရာ မလိုတာကြောင့် မိမိရွေးချယ်သည့်
တိုက်ခန်း၊ ရွေးချယ်မည့် ဘဏ်၊ ရွေးချယ်မည့် အကျိုး
ဆောင်ကောင်းကောင်းလိုအပ်ပါတယ်။

အားလုံးဘဲ ရောင်းမှား/၀ယ်မှား ကင်းဝေး ကြပါစေ။

# cd mcs

Address

Sanchaung Road, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when MYA အိမ်ခြံမြေ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category