Zin July

Call Directions

Zin July သည်းခံနိုင်သမျှသည်းခံပါ။
အရာအားလုံးအပေါ်ခွင့်လွတ်နိုင်အောင်ကြိုးစားပါ။နောက်ဆုံးအရာအားလုံးစွန့်လွတ်နိုင်ပါစေ

09/10/2026

မေမေဆုံးတာ၆နှစ်တိတိပြည့်ပါပြီ

08/10/2026

မေမေ့အတွက်ရည်စူး၍
🙏🙏🙏

မေမေ🙏🙏🙏
08/10/2026

မေမေ🙏🙏🙏

ပုသိမ် ၊ မြက်တို သဲအင်းဂူကျောင်း ရေစွမ်းဆရာတော်ဘုရားကြီး ဦးသီဟ ( သက်တော် ၈၆ နှစ် )မိန့်ကြားသော အတိတ်ဝဋ်ကြွေး နှင့် ဖြစ်ရ...
04/10/2026

ပုသိမ် ၊ မြက်တို သဲအင်းဂူကျောင်း
ရေစွမ်းဆရာတော်ဘုရားကြီး ဦးသီဟ
( သက်တော် ၈၆ နှစ် )မိန့်ကြားသော
အတိတ်ဝဋ်ကြွေး နှင့် ဖြစ်ရပ်ဆန်းများ--
- လူ့ဘဝက နာမည်က ဦးသောင်းရွှေ ၊
သိမ်ကြီးစျေးမှာ ဝါတာဘလူး ကော်ဇောရောင်းတဲ့ဆိုင်ဖွင့်တယ် ၊ တကယ်ချမ်းသာတယ် ဝဝဖိုင့်ဖိုင့် ဆံပင်အရှည်နဲ့ ၊ အသက် ၂၁ နှစ်မှာ ကိုယ်ပိုင်ကားဝယ်စီးနိုင်တယ် ၊ မဆလ ခေတ် အမြတ်ကြီးစားမှုနဲ့ဖမ်းတော့ ဘားလမ်းအကျဉ်းစခန်းမှာတစ်သက်တစ်ကျွန်းအချခံရတယ် ၊ လက်ကို
သံကြိုးနဲ့ ငါးဖယ်သီသလိုချည်ထားတာခံရတယ် ၊ စဉ်းစားနေတယ် သြော် ငါ့နှယ် ဘယ်ဘဝက ဝဋ်
ပါလိမ့် တွေးနေတုန်း ၊ခြေနင်းဖိနပ်ချွတ်မှာ
ခွေးတစ်ကောင်ပေါ်လာတယ် ၊ မျက်စိဖွင့်လျက်ပေါ်လာတာ ၊ သမာဓိက အရမ်းကောင်းတာ ၊
ခွေးကပြောတယ် ခွေးကလေးကိုချစ်လို့တိုက်ကြိုးနဲ့ချည်ခဲ့တာလေ တဲ့ ၊ ငါက ဟ ချစ်လို့ချည်ထားတာပေါ့ လို့ပြောတော့ ၊ ခွေးကပြန်ပြောတယ် ချစ်ချစ် မုန်းမုန်း ခံရမှာပဲ တဲ့ ၊ ငါလည်း တော်တော်
တုန်လှုပ်မိတယ် ၊

- ဒါနဲ့ အင်းစိန်ထောင်ပို့တော့ ကျောက်ထုရမယ်တဲ့ ၊ ကျောက်ထုဖို့လုပ်နေတုန်း ရဲတစ်ယောက်ရောက်လာပြီး လာဗျာ လက်ဘက်ရည်ဆိုင်ထိုင်ရအောင်ပြောပြီး လက်ဘက်ရည်တိုက်တယ် မုန့်လဲကျွေးတယ် ၊ ခင်ဗျား သွားပြီး ကျောက်မထုနဲ့
ပြောတယ် ( နတ်တွေဟုထင်မိ ) ၊ နောက်နေ့တွေ
မှာလဲ ထမင်းချိုင့်တွေ ဟင်းကောင်းတွေ လာပို့
ကြတယ် ၊ ငါ့အိမ်ကို ဘာမှပြောမထားဘူး ၊
အိမ်ကလဲဘာမှမသိ၊ဘယ်သူတွေလာပို့မှန်းမသိဘူး ထောင်ကရဲက ဂျပိုး အကောင်တစ်ထောင်

ဖမ်းရမယ်ပြောပြန်တယ် ၊ ငါကလဲ ခက်ပြီ သူများအသက်မသတ်ချင်ဘူး တွေးနေတုန်း ဘေးကထောင်သားတစ်ယောက်က ခင်ဗျား မဖမ်းနဲ့
ကျုပ်ဖမ်းမယ်လို့ပြောတယ် ၊ ( ထူးဆန်းပါဘိ )

- ဆရာတော်ဘုရားသည် စာမတတ်ပေ ၊
စာမတတ်ဆိုသည်မှာ
စာကိုဖတ်ကိုမဖတ်တတ်တာပါ ၊ တစ်ခါက လေးမျက်နှာဆရာတော်ထံပို့မည့် နဝကမ္မစာကို
မိမိအားအဖတ်ခိုင်းခဲ့ဖူးသည် မျက်မြင်ပါပေ ၊
ထို ဝဋ်သည်ကား သဲအင်းဂူဆရာတော်ဘုရားကြီး ရှင်ဘုရင်ဖြစ်ခဲ့စဉ်က ဆရာတော်ဦးသီဟသည် သက်တော်ရှည်အမတ်ကြီးဖြစ်ခဲ့ ဟူသတတ် ၊ ရှင်ဘုရင်က သံဃာတော်တို့အား ဒီရဟန်းတွေ
ငါ့လောက်တောင် မသိကြပါလားဟု ပြစ်မှား
ပြက်ရယ်ပြုသောအခါ အမတ်ကြီးကမတားမြစ်ပဲ မင်းအလိုလိုက်ကာ အလိုတူအလိုပါပြက်ရယ်ပြုမိခဲ့၍ ယခု စာမတတ်ကြောင်း မိန့်ကြားဖူး ၊ အနုမောဒနာ ပရိတ်ရွတ်ဖတ်ရန်ကြုံသည့်အခါ
တပည့်သံဃာတို့အား ရွတ်ဖတ်စေသည် ၊

- ယခု သက်တော် ၈၆ နှစ်တွင် မြက်တိုသဲအင်းကျောင်း၌ ယောဂီဆောင်များဆောက်လုပ်နေစဉ် Surf ကား ကို မိန်းကလေးတစ်ယောက်မှ
တက်မောင်းရာ " ဆုတ် ဆုတ် " ဟုအော်သဖြင့် နောက်ပြန်ဆုတ်ရာ ဆရာတော့်ခြေကိုကြိတ်မိသည် ၊ ဟာ ကြိတ်မိပြီ ဟုအော်ကြရာ မိန်းကလေးလည်းကြောက်အားလန့်အားဖြင့် ရှေ့ပြန်တိုးရာ ဒုတိယအကြိမ် ဆရာတော့်ခြေကိုထပ်ကြိတ်ပြန်သည် ၊ ခြေထောက်သည် အရိုးကြေ အသားကြေ၍ မဲညစ်ညိုသွားလေသတတ် ၊ ဆရာဝန်များက ဖြတ်ရမယ် ဟုဆုံးဖြတ်ကြသတတ် ၊ သီလရှင်များက ဆေးပေးကြသော်လည်း လက်မခံပဲ တောင်ဝှေးကလေးထောက်၍ ထော့နဲ့ထော့နဲ့ ဖြင့် ဓမ္မာရုံသို့လာ၍ ဆွမ်းဖြတ် ရေဖြတ် ၇ ရက်တိတိ စျာန်သမာပါတ် ဖြင့်ဝင်စားကျင့်တော်မူရာ အဓိဋ္ဌာန်မှအထွက် ခြေတော်သည်အကောင်းပကတိ အရိုးပြန်ဆက်၍ ဝါဝင်းလျက် ၊ " ရိုက်ချိုးတောင် မကျိုးတော့ဘူး " ဟု မိန့်တော်မူသတတ် ။ ဤသည်မှာ အတိတ်က သူများကို ရိုက်ချိုးနှိပ်စက်ခဲ့သော ဝဋ်ဟု မိန့်တော်
မူဖူးသည်

- ဆရာတော်အား နဝကမ္မလှူသောအခါ ငွေကို ကြုံရာနေရာပစ်ထားရာ ဆရာတော်ခေါင်းရင်းတွင် ထားမိသည် ၊ ထိုအခါ နတ်များက " အံမယ် သူများထဘီကြား ပေါင်ကြားက ငွေကိုခေါင်းရင်းထားတယ် " ဟု ဆူပူကြသဖြင့် နဝကမ္မ ကျောင်းယောဂီဆောင်တည်ဆောက်ရန်များကို ခေါင်းရင်းမထားကြတော့ပေ ( ဆရာတော် ဟောပြချက် )
- တစ်ခါက ဝါတွင်းရေဓိဋ္ဌာန်တရားစခန်း၌ ဦးဇင်းတစ်ပါးမှ အာနာပါနအပြင်းရှူ၍ အပြင်သို့ ဖျက်ကနဲ စိတ်အလင်းဖြင့် မြင်ရသည်ကား ဆရာတော့်ဘေးတွင် နတ်သား(-)ယောက်နှင့် နတ်သမီးသုံးယောက် ရှိခိုးနေသတတ် ၊ နတ်တို့ ရုပ်သည်ဆင်တူနေ၍
ခွဲမရ ၊ သို့သော် အရောင်နှင့် ခေါင်းဆောင်းမှာ ကွဲပြားသတတ် ။

- သဲအင်းဂူဆရာတော်ဘုရားကြီးထံ တရားကျင့်နေစဉ်က ဤသို့အတွေးပေါ်ဖူးသည် ၊ ဆရာတော်ကြီးကပြောတယ် ဒီခန္ဓာဟာ ပိုးမျိုးရှစ်ဆယ်စားတယ်တဲ့ ၊ သူညာပြော ပိုပြောနေတာ ၊ မြင်ရအောင် သူက ဘုရားမှမဟုတ်တာ ဟုတွေးနေတုန်း ၊ သဲအင်းဂူဆရာတော်ကြီးက ဟေ့ ပိုပြောတယ်လုပ်မနေနဲ့ အပါယ်ကျသွားမယ် ဟု စိတ်နှင့်ပြန်ပြောရာ အတိုင်းသားကြားလိုက်၏ ၊ ဦးသီဟကလည်း ပြန်၍ စိတ်နှင့်ပြန်ပြောလိုက်သည်ကား " ကျ ကျ ကွာ " ဟူသတတ် ။

- သဲအင်းဂူဆရာတော်ကြီးသည် နိဗ္ဗာန်ဝင်ခါနီး စကားမပြော ခုနစ်ရက်ပါတ်လုံး ဆိတ်သုဉ်းတော်မူ၏ ၊ ဦးသီဟ လာရောက်ကန်တော့သောအခါ ဤသို့နောက်ဆုံးမိန့်တော်မူခဲ့၏

" ဦးသီဟ ၊ မင်းတယ်မိုက်တာပဲ ၊ ငါခု မသေပဲ
သဲအင်းဂူတဖန်ပြန်ပွင့်ရင်တောင် ဒီလူတွေကို
ကယ်လို့မရတော့တာ ၊ မင်းက ဘာတတ်နိုင်မှာတုန်း ၊ ငါ့၏ မျက်လုံးအစုံကို ထုတ်ယူ၍ ( ဝိပဿနာမျက်လုံးဟု ဆိုလို ၊ မျက်ရှင်တော် နှစ်ဆူ မဟုတ် ) ငါ့နောက်လိုက်ခဲ့တော့ ဦးသီဟ ၊ သင်နဲ့တွေ့ကြတဲ့ သူတွေဟာ တစ်မဂ်တစ်ဖိုလ်ရကြဦးမယ် ဟုမိန့်တော်မူ၍ ဦးသီဟလည်း ပုသိမ်ပြန်လာလေ၏ ၊
ထိုအချိန်ဝယ် ဦးသီဟ ပုသိမ်တွင်ကျောင်းထိုင်ရ
သဖြင့် ဦးသီဟထက်ဝါကြီးသော ရဟန်း သီလရှင်များမှာ မလိုကြ မုန်းကြဟူသတတ် ၊ မကြာမီ သဲအင်းဂူဆရာတော်ဘုရားကြီး နိဗ္ဗာန်ဝင်တော်မူ၏ ၊ သဲအင်းဆရာတော် နိဗ္ဗာန်ဝင်ပြီးမကြာမီ ဘီးလင်းဆရာတော်နှင့်သံဃာများက ဦးသီဟအားလူဝတ်လဲစေ၍ ကျောင်းပြန်သိမ်းရန် လေယာဉ်ဖြင့်ကြွလာရာ သုံးခါတိတိ လေယာဉ်ကွင်းပျောက်၍ ပင်လယ်ကြီးဖြစ်နေ၍ ဆင်းမရပဲ မှော်ဘီပြန်ကြသတတ် ။
ထိုအချိန်သည် ဦးသီဟ ရေပဲသောက်၍ သေချင်စိတ်ဖြင့် တစ်လတိတိ ကျင့်ကြံနေချိန်တည်း

( မိမိအား ဆရာတော်ပြောပြချက် ၊ အသံဖမ်းထားချက် ၊ တခြားရည်ရွယ်ချက်မရှိပါ ၊ ဆရာတော်၏ ဝေနေယျများ သိစေရန်သာ )
( 9-4-2017 ) ကျော်မြင့်ကျော် ( KMK )

- ပုသိမ် လေဟာဉ်ပျံကွင်းရှေ့ သဲအင်းဂူကျောင်းဝန်းသည် ယခင်က ဝါးရုံတောဖြစ်၍ ကျွဲဝင်လျှင် ကျွဲပျောက် နွားဝင် နွားပျောက် ၍ ပြန်တွေ့သော် အရိုး အလောင်းသာပြန်တွေ့ရ၏ ၊ ဆရာတော်ပြောပြသည်မှာ ယခင်က ပြိတ္တာ အကောင်ငါးဆယ်ရှိ၏ ဟူသတတ် ၊ ညနေချမ်းတွင် စစ်ရေးပြလမ်းလျှောက်ပြန်လာသော (-)တပ်သားများသည် ကျောင်းဝန်းရှေ့ရောက်လျှင် ဘယ် ညာ ဘယ် ညာ / ဒို့ပြည်ဒို့မြေ --- အသံတိတ်၍သွားပြီး ကျောင်းကျော်မှ ပြန်ညာသံပေးကြသည် ၊ အဘယ်ကြောင့်ဆိုသော် ကျောင်းရှေ့ရောက်လျှင် ဘယ်သူမှန်းမသိ ကျောကုန်းကိုလက်နှငိ့ရိုက်သဖြင့် ကျောတွင်လက်ဝါးရာကျန်သတတ် ၊ကျောင်းတိုက်ဘေး ယခု ဝန်ကြီးဦးတင်ဆန်းအိမ်သည် ယခင်က မွတ်ဆလင်အိမ်ရှိ၏ ၊ နွားအကောင်ငါးဆယ် ရှိသတတ် ၊

- ခြံဝန်းချင်းကပ်နေ၏ ၊ ဆရာတော်၏ ရုပ်ရောနာမ်ရောပါအောင် အာနာပါနဖိုထိုးကျင့်သောအခါ ထို ပြိတ္တာတို့သည် ကျောင်းဝန်းဝါးရုံတောထဲမနေကြတော့ပဲ မွတ်ဆလင်ခြံထဲပြေးကြကုန်သည် ၊ ထို ကုလားကြီးမိသားစုသည် နွားအကောင်ငါးဆယ် မွေးထားရာ တစ်နေ့တစ်ကောင်သေ ၏ ၊ သို့နှင့် ဆယ်ကောင်ကျော်လောက်သာ ကျန်တော့၏ ၊ ဆရာတော်ကလည်း ကိစ္စမပြီးသေးသဖြင့် အပြင်းအထန်ကျင့်နေဆဲဖြစ်၏ ၊ ထို မွတ်ဆလင်ဒကာကြီးသည် ဆရာတော့်ထံလာပြီး " အရှင်ဘုရား ကယ်ပါဦး " ဟုလျှောက်၏ ၊ ဆရာတော်က ဘာကယ်ရမှာတုန်း ဟုမေးရာ ၊ ဟို အကောင်တွေခြံထဲရောက်နေတာ နွားတွေတစ်နေ့တစ်ကောင် ဘာဖြစ်မှန်းမသိ သေကုန်တာ ဆယ်ကောင်လောက်ပဲကျန်တော့တယ် ဟုလျှောက်၏ ၊ ဆရာတော်က အဲဒါငါနဲ့ဘာဆိုင်တုန်း ဟုမေး၏ ၊ ထိုကုလားကြီးမှ အရှင်ဘုရားနှင်ထုတ်လို့ သူတို့တပည့်တော်ခြံထဲရောက်ကုန်ပြီ ဟုပြော၏ ၊ ဆရာတော်က ဟ ငါမနှင်ဘူး သူ့ဖာသာသွားကုန်တာ အေး အေး မင်းတို့ ပြောင်းပေတော့ မင်းတို့ပါသေကုန်မယ် ဟုဖြေသဖြင့် ထို မွတ်ဆလင်မိသားစုလည်း ရရစျေးနှင့်အိမ်နှင့်ခြံကိုရောင်းပြီး မြို့ထဲ ကသဲတန်း ရထားလမ်းဘေးနားသို့ပြောင်း၍ ကုန်ဆိုင်ဖွင့်ထားလေသတတ် ၊

- သင်္ကြန်ရေဆွမ်းဓိဋ္ဌာန်ပွဲတစ်ခု၌ ပုသိမ်သဲအင်းဂူကျောင်းတွင် ဆရာတော်ဦးသီဟတရားပြနေစဉ် ဒါယကာတစ်ယောက်လာ၍ "အရှင်ဘုရား အသက်ကိုအလှူခံပါတယ် ပေးပါ ဘုရား" ဟု ပြောလေ၏ ၊ ပရိသာတ်စုံလင်နေသောအချိန် ဖြစ်၏ ၊ ထိုအခါ သီလရှင်များ ဒကာမများမှ ဝိုင်းအုံပြီး " ဆရာတော့်အသက် မပေးပါနဲ့ ၊ မပေးနိုင်ဘူး " ဟု ဆူညံစွာဝိုင်းပြောလျောက်ထားကြ၏ ။

- ( အဘယ့်ကြောင့်နည်း မူလသဲအင်းဂူဆရာတော်ကြီး ဦးဥက္ကဋ္ဌ သည်လည်း အရိယာဓမ္မဗိမာန်တော်ကြီးတွင် တရားပြနေစဉ် အရူးတစ်ယောက်က " ဆရာတော်ဘုရား ထီးမွေနန်းမွေ ပေးပါ " ဟု အော်ပြောလေ၏ ၊ သဲအင်းဆရာတော်ကြီးက ပရိတ်သာတ်ကို " ကဲ ငါ့ကိုတော့ ထီးမွေနန်းမွေတောင်းနေပြီ ။ ပေးရမလား မပေးရဘူးလား " ဟု ၃ ကြိမ် ၃ ခါတိတိ မေပါသော်လည်း တစ်ယောက်မှ ဘာမှပြန်မပြောကြချေ ၊ ထိုအခါ ဆရာတော်ဘုရားကြီးသည် အာယုသင်္ခါရလွှတ်၍ ပရိနိဗ္ဗာန်ပြုရန်အချိန်တန်ပြီ ဟု သဘောပိုက်တော်မူ၍ ထို အရူးအား " ကဲ ပေးတယ်ကွာ ယူတော့ " ဟုမိန့်လိုက်ရာ ထိုအရူးမှာ ပျော်ရွှင်စွာထွက်သွား၍ ပျောက်ကွယ်သွားလေသည် ၊ ဆရာတော်ကြီးလည်း ထိုမှစ၍ ဆေးရုံရောက်လေတော့သည် ၊ နောက် ၃ လအကြာတွင် သဲအင်းဂူဆရာတော်ဘုရားကြီး နိဗ္ဗာန်ဝင်စံတော်မူသည် ၊ ထိုအရူးသည် နတ်ဘီလူး လူ့အသွင်ဖန်ဆင်းလာခြင်းဖြစ်ကြောင်း ဆရာတော်ကို မြန်မြန် ပရိနိဗ္ဗာန်ပြုရန်လျောက်ကြားခြင်းဖြစ်ကြောင်း ကို အနာဂါမ်ဟုသမုတ်ထားသော သီလရှင်ဆရာလေးမှ ပြောပြဖူးသည် )

- ထိုသို့ အဖသဲအင်းဂူဆရာတော်ကြီး ဖြစ်ပုံကို ပုသိမ် သဲအင်းဂူယောဂီ သီလရှင်များက သိထားပြီးဖြစ်၍ ယခုလို မြက်တိုသဲအင်းဂူဆရာတော်ဦးသီဟ အား ဒကာတစ်ယောက်က အသက်ကိုအလှူခံသောအခါ ဝိုင်း၍ ကန့်ကွက်ကြခြင်းဖြစ်သည် ၊ထို ဒကာသည် " မပေးရင် အတင်းယူတယ်ကွာ " ဆိုပြီး ဆရာတော်ဘုရားအား ခြေထောက်ကိုဆွဲထားပါတော့သည် ၊ သံဃာတွေ အတင်းဝိုင်းဆွဲ ကြသောအခါမှ ရူးသလိုလို သွေးတက်သလိုလို ထဖြစ်ပြီး သူ့နေရပ်ပြန်ပို့လိုက်ရသည် ။

- တခါကလည်း တရားပြနေစဉ် ဒကာတစ်ယောက်က " ကိုယ့်တော့်ကို သတ်ချင်တယ် " ဟုပြော၏ ၊ ဆရာတော်က မော့ကြည့်၍ " ဘယ်တော့သတ်မှာလဲ " ဟုမေးရာ " အခုသတ်မှာ " ဟုပြော၏ ။ ထိုအခါ ဆရာတော်မှ " အေး မင်းဒီမှာငါ့ကိုသတ်ရင် မင်းကိုလူတွေဖမ်းလိမ့်မယ် ၊ ဒီတော့ လူသူမသိအောင် တိတ်ဆိတ်တဲ့နေရာငါခေါ်သွားမယ် ၊ အဲဒီကျ သတ် ၊ ခု လိုက်မလား " ဟုပြောလိုက်ရာ ထိုဒကာစိတ်ဆိုးသွားပြီး ထသွားလေ၏ ၊ အတန်ငယ်ကြာသောအခါ ပြန်ရောက်လာပြီး " မှားပါတယ် ဘုရား " ဟုပြန်တောင်းပန်လေ၏ ။

( ဦးဇင်း ဦးသောမ မိမိအားပြောပြသော ဆရာတော်ဦးသီဟ၏ ဖြစ်ရပ်ဆန်းများထဲမှ တစ်ခုကို ဖော်ပြအပ်ပါသည် ၊ များစွာကျန်ပါသေး၏ ၊ တခြားရည်ရွယ်ချက်မရှိပါ ၊ ဆရာတော်၏ ဝေနေယျများသိစေရန်ဖြစ်ပါသည် ၊ ဆရာတော်မှ မိမိအား ဤသို့ပြောဖူးသည် ၊ သူများ လျောက်မပြောရန်လည်း ပိတ်ထားဖူးသည်

" အဖ သဲအင်းဂူကြီးက တေဝိဇ္ဇပတ္တရဟန္တာ အမည်နဲ့ပွင့်လာတယ် ၊ ငါက ဧကဗီဇပတ္တ အမည်နဲ့ပေါ်လာတယ် " ယခု ဆရာတော့်သက်တော် ၈၆ နှစ်ရှိပြီဖြစ်သည် ၊ အရွယ်နှင့်မလိုက်အောင် သန်မြန်ဆဲ အသံမာမာအော်နိုင်ဆဲ ပင် ၊ ငါ နေချင်နေလို့ရသေးတယ် ၊ ကြုံတုန်းကြိုက်ထား ။ နောက်မှကြိုက်ရင် မကြုံတော့ဘူး --- ဟု မိန့်တော်မူသည် ။

7-4-2017 - ကျော်မြင့်ကျော် ( KMK )

ပုသိမ် ၊ မြက်တို သဲအင်းဂူကျောင်း ရေဆွမ်းဆရာတော်ကြီး ဦးသီဟ၏ သြဝါဒ

- အစာဖြတ်ပြီး ရေပဲသောက်ကျင့်တယ် ဆိုတာ ဘုရားအဆူဆူကျင့်သွားတာလို့ ကိုယ်တိုင်မြင်ရတယ် ၊ သဲအင်းဂူဆရာတော်ကြီးကိုယ်တိုင် ငါ့ကို ရေသောက်တရားကျင့်ခိုင်းခဲ့တာ ၊

- ဒါကို တဖက်စွန်းရောက်တယ် ပြောတာဟာ စော်ကားတာပဲ ၊ ဘုရားက ဥပုသ်စောင့်ရင် ညစာမစားခိုင်းဘူးလေ ၊ ဒို့က ဆယ်ရက်တိတိမစားတော့ဘူး ဒါ ဥပုသ်ပဲ ၊ ဘုရားကိုယ်တိုင် ဆယ်ရက် ဆယ်ငါးရက် တစ်လ စသည်ဖြင့် မစားမသောက်ပဲ တစ်ပါးတည်း စျာန်သမာပတ်နဲ့ နေတော်မူတာ ခဏခဏ ၊ အာဟာရအဆိပ်က ဝေဒနာတွေပဲပေးတယ် ၊

- သတ္တဝါမှန်သမျှ အာဟာရမှာ ဇာတိဖြစ်ကြရတယ် ၊ နောက်ကို ရေပါဖြတ်တောက်ပြီး ဆယ်ရက် ကျင့်ခိုင်းတယ် ၊ ဘာကြောင့်လဲ ၊ သေခါနီးမှာ ရေလေးတစ်ပေါက်လောက် သောက်ချင်တယ်ဆိုတဲ့ ဥပါဒါန်ကြောင့် ရေထဲဆင်းကြရတယ် ၊ မစားရရင်သေမယ် ဆိုတဲ့အစွဲ ၊ မစားပဲမနေနိုင်ဘူး ဆိုတဲ့အစွဲ ၊ သေခါနီးမှာ ကြက်ပေါင်းရည်လေး သောက်ချင်လိုက်တာဆိုတဲ့အစွဲ တွေကြောင့် အပါယ်လိမ့်ကျရတယ် ၊ ဒါတွေကို ဖြတ်တောက်ကျင့်ရမယ် ။

- ရေသောက်ကျင့်ရင် တရားရလွယ်ကူတယ် ၊ တဏှာကို သည်းခံဖြတ်တောက်နိုင်တယ် ၊ ရောဂါအကုန်ပျောက်တယ် ၊ ခန္ဓာပေါ့ပါးတယ် ၊ သူများကိုယ့်ကို သတ်လို့မရ ဒီတရားက ၊

- အစာဖြတ် ရေပဲသောက်တော့ ၃ ရက်လောက်ကြာရင် အစာသစ်အစာဟောင်းတွေက ပုပ်ပြီး အပုပ်နံ့က လူသေအတိုင်းထွက်တော့တာပဲ ၊ နှပ်တွေ အကုန်ထွက် ၊ အဲတော့မှ အသုဘလက္ခဏာ တင်တော့တာပဲ ၊

- ဝက် ကြက် ဘဲ ငါး တွေကိုစားသောက်ပြီး ကိုယ့်ခန္ဓာတည်ဆောက်တယ် ၊ နောက်ကို ဘဲ ကြက် ဝက် ငါး တွေက ကိုယ့်ကို ပြန်စားလိမ့်ဦးမယ် ၊ ငါးဘုံတစ်လှည့် ငါးပျံတစ်လှည့် ၊ အာဟာရ လောလုပ္ပတဏှာကြောင့် လည်ရတဲ့သံသရာ ။

- ဒီဆယ်ရက်မှာ သောတာပန်ကနေ အရဟတ္တမဂ်အဆင့်အထိ ပို့ပေးတယ် ၊ ခံယူသူ ပါရမီပေါ်မူတည် တာပါပဲ

- ရေသောက်ကျင့်တယ်ဆိုတာ တစ်ပြည်လုံးမှာရှိကိုမရှိဘူး ၊ တစ်ဖက်စွန်းရောက်တယ်ပြောကြတယ် ၊ ဟုတ်တယ် ၊ တစ်ဖက်စွန်းကိုရောက်ဖို့ပဲအရေးကြီးတယ် ၊ ဒီဘက်စွန်းမှာနေခဲ့များပြီ လေ ၊

- ဝေဒနာ ဖွေရှာမတတ် သေခါမမြတ်ဘူး
ဝေဒနာ ဖွေရှာတတ်မှ သေခါမြတ်မယ်
အသည်းကြွေကြွေ နှလုံးကြွေကြွေ ကျောက်ကပ်ကြွေကြွေ
လူသေရင်သေ မသေ တရားရ

- ငါမသေခင် ရေသောက်ကျင့်တာ ရေပါဖြတ်ကျင့်တာဟာ လူမသေပါဘူး ၊ ကိလေသာ သေတယ်ဆိုတာ နောင်လာနောက်သားတို့ သိစေရန် ကျောက်စာ မှတ်တမ်းထားခဲ့ချင်စိတ်တော့ ရှိတယ် ။

( 9-4-2017 ) - ကျော်မြင့်ကျော် ( KMK )

03/10/2026

ခေါတ်ကြီးကိုက

သူသေလို့ကိုယ်ဝမ်းသာ

ကိုယ်သေလို့သူဝမ်းသာ

ဒီဘက်ကဒုက္ခရောက်လို့

ဟိုဘက်ကဝမ်းသာ

ဟိုဘက်က ဒုက္ခရောက်လို့

ဒီဘက်ကဝမ်းသာ

စိတ်ရောင်စုံနဲ့

မီးစကိုယ့်ထိုးမိတော့မှ

ပိုပူကြသကိုး

26/09/2026

ငယ်ငယ်ကတည်းကပန်းချီဆွဲဝါသနာအရမ်းကြီးခဲ့တယ်
စာရွက်မြင်မြင် နေရာလွတ်ရရဆွဲတာဘဲ
ငယ်တုန်းက လျှောက်ခြစ်လွန်းလို့ဘယ်လောက်အရိုက်ခံရရကျောင်းစာအုပ်ရေးစာအုပ်တိုင်းမှာပုံဆွဲတာဘဲ

စိတ်ကခုထိမကုန်သေးဘူး
ပံုလေးတွေချစ်လို့ ရယ်စိတ်အေးလက်အေးလေးလည်းဖြစ်အောင် ရယ်
ဆေးရောင်ခြယ်လိုက်တယ် လှလား မဇင်ဖန်တီးထားတဲ့ရုပ်လေး

မြန်မာပြည်မှာ$ရှက်မရှိရင်လူရာဝင်တယ်မြန်မာပြည်မှာ$ရှက်မရှိရင်လူကြိုက်များတယ်
25/09/2026

မြန်မာပြည်မှာ
$ရှက်မရှိရင်
လူရာဝင်တယ်
မြန်မာပြည်မှာ
$ရှက်မရှိရင်လူကြိုက်များတယ်

Honda Fit Shuttleလေးတစီးတော့ မရမကရှာပြီးဥလိုက်ပြီ2*** # # # # #ကားကောင်းကောင်းလေးစီးချင်ရင်မဇင်ကိုဟယ်လိုလုပ်လိုက်နော်အခေ...
25/09/2026

Honda Fit Shuttle
လေးတစီးတော့
မရမကရှာပြီးဥလိုက်ပြီ
2*** # # # #
#ကားကောင်းကောင်းလေးစီးချင်ရင်မဇင်ကိုဟယ်လိုလုပ်လိုက်နော်

အခေါက်ရွှေကဘယ်လောက်ဖိုးဝယ်ချင်ချင်အခုဝယ်အခုရတယ်
ကားကောင်းကောင်းက
ကလိုက်ဝယ်လို့မရဘူးနော်

Address

Yangon

Telephone

+959428780257

Website

Alerts

Be the first to know and let us send you an email when Zin July posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category