Gee & Elegance - Collection

Gee & Elegance - Collection We are selling elegance beauty products
in Myanmar.Great Quality,affordable price &
great service.

30/07/2023

🏘️ ဂရမ်မြေ တရားဝင် ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း

ဂရမ်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။

➢ အရောင်းအဝယ် စရန်ကြီး(စရန်ငွေ) မပေးမီ အဆင့်
(၃)ဆင့် လုပ်ဆောင်ရပါမည် ။
1။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။
2။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။
3။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုးရမှ ငွေအ​ကြေချေပါ ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
2။ မူရင်းဂရမ် အမည်ပေါက်ထံမှ SP။
3။ မူရင်းဂရမ်နှင့် ဆက်စပ်စာချုပ်များ။
4။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။
1။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။
2။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
3။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ
မြေတန်ဖိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက်
ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

အခွန်ဆောင်ဖို့အတွက် မြေတန်ဖိုးကို သတ်မှတ်တဲ့အခါ ဘိုးဘွားပိုင်မြေ၊ ဂရမ်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။ လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဖိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဖိုးများကို ပြုစု ထားရပါတယ်။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ ​အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။ ဘာကြောင့် မြေတန်ဖိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဖိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဖိုးဖြတ်မှု ဖြစ်ပါတယ်။

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြပေးပါမယ်။ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်....
⏩ (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
⏩ (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
⏩ အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
⏩ ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
⏩ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
⏩ ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
⏩ တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ ပြဌာန်းထားပါကြောင်း.....။


#ဥပဒေရေးရာ

( မူရင်းရေးသားသူဆရာများအား လေးစားလျက် )


+959 4410 756 88

29/07/2023

အရမ်းအမေးများသော မေးခွန်းထဲက တစ်ခုတင်ပေးလိုက်ပါတယ်👇

ရွာမြေ၊ ဥယျဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့်၊ နေထိုင်ခွင့် ရှိသလား ?

မေး ။ ။ ရွာမြေ၊ ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။

ဖြေ ။ ။ ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ့ဆက်စပ်နေတဲ့ မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါလို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင်သတ်မှတ်ထားတာလား သိဖို့လိုတယ်။

ရွာမြေ ဒါမှမဟုတ်ရွာနဲ့ ဆက်စပ်မြေတို့ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ့ ဝယ်လို့ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို့မရပါဘူး။

အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထားမရှိလို့ပါ။ လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ. ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို့ လျှောက်နိုင်တယ်။

ဝယ်သူမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ့ အိမ်ထောင်စု
စာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ့ အမည်နဲ့ထွက်လာပါလိမ့်မယ်။ ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ့ နာမည်နဲ့ ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ ရအောင်တော့ မိမိဝယ်ထားတဲ့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။ ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို့ သိရပါတယ်။


#ဥပဒေရေးရာ






+959 4410 756 88

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Gee & Elegance - Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category