29/07/2024
ကွန်ဒို ဝယ်ယူတော့မည်ဆိုပါက စစ်ဆေးရမည့်အချက်များကို မျှဝေပေးလိုက်ပါတယ်
▪️ကိုယ်ဝယ်ယူမည့်ကွန်ဒိုရဲ့ Developer ကနေပေးထားသော Owner Book မူရင်း ရှိမရှိ ပိုင်ရှင်ကိုယ်တိုင်အမည်ပေါက်ဟုတ်မဟုတ် စစ်ဆေးရန် ( Developer Owner Book , အိုးအိမ် Owner Book , ဆက်စပ်စာချုပ် , BCC မိတ္တူ )။
▪️ Developer နှင့် Owner ချုပ်ဆိုထားသော စာချုပ်မူရင်း ရှိမရှိ , အမည်ပေါက်မပေါက် သေချာစစ်ဆေးရန်။
▪️လစဉ် ( သို့ ) နှစ်စဉ် ပေးဆောင်ရသော Maintenance Fee , မီတာခ , ရေဖိုး အကြွေးကျန်ရှိမရှိ , ငွေသွင်းထားပါက ချလံမူရင်းပြခိုင်းရပါမည်။
▪️အခန်းပိုင်ရှင်ဟာ ကားပါကင်နေရာကို အပိုင်
ဝယ်ထားလား/ ငှါးထားတာလား စစ်ဆေးရန်
( အတည်တကျဝယ်ထားတာဆိုရင်နေရာအတိအကျရှိမရှိ စစ်ရန် , ငှါးထားတာဆိုရင် ငွေဘယ်ကာလထိသွင်းထားသလဲ ကြည့်ရပါမည် )။
▪️ဝယ်ယူပြီးပါက ကိုယ့်အမည်ပြန်ပြောင်းရမှာဖြစ်သည့်အတွက် Owner Book Name Change Fee သည် Developer တစ်ခုနဲ့တစ်ခု မတူတဲ့အတွက်ကုန်ကျစရိတ်အား ကြိုတင်မေးမြန်းထားရပါမည်။
▪️လက်ရှိ Owner၏ အငှါးတင်ထားသော အခန်းကိုဝယ်ယူမယ်ဆိုပါက အခန်းကဘယ်နေ့နောက်ဆုံးဖယ်ပေးနိုင်မလဲဆိုတာ ( သို့ ) လက်လွှဲအငှါးယူမယ်ဆိုပါက စာချုပ်မူရင်းနဲ့ လက်ရှိအငှါးနေနေတဲ့သူ သိရှိကြောင်း လက်မှတ်ထိုးခိုင်းရန်။
▪️ဤအရာတွေအားလုံးကို ကိုယ်ဝယ်ယူမည့် ကွန်ဒို Project Developer ရဲ့ Management Team မှာအားလုံးစစ်ဆေးရန်လိုအပ်ပါသည်။
▪️အခန်းကြိုက်၍ စရံပေးစာချုပ်ချုပ်ဆိုတော့မည်ဆိုပါက ရောင်းသူဝယ်သူ ညှိနှိုင်းပြီးသည့်အချက်အလက်များကိုသေချာရေးထည့်ရပါမည်။
▪️စရံပေးစာချုပ်သည်လည်း အရမ်းအရေးကြီးပါသည် စရံပေးစာချုပ်မှာပါသည့် အချက်အလက်တွေအတိုင်းကို နောက်ဆုံးငွေအပြီးချေပြီးတဲ့အပြင်အခန်းကိုလက်ရောက်ပေးနိုင်တဲ့အထိဆက်လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။
▪️ငွေအပြေအကြေချေတဲ့စာချုပ်ထဲမှာ Payment နဲ့ ပါဝင်ပစ္စည်းများကို အတိအကျထည့်သွင်းရေးထည့်ထားရပါမည်။
▪️ Developer Owner Book ရသည့် Project တွေဆိုပါက သတင်းစာကြေငြာထည့်ဖို့ အရမ်းအရေးမကြီးပေမဲ့ ဆက်စပ်စာချုပ်နဲ့ဝယ်ယူမည်ဆိုပါက သတင်းစာကြေငြာထည့်သွင်းဖို့လိုအပ်ပါတယ်။
▪️နောက်ဆုံးတစ်ခုအနေနဲ့ အိမ်ခြံမြေတစ်ခုခုဝယ်ယူမည်ဆိုပါက သိတတ်နားလည်သည့်မိတ်ဆွေ ( သို့ ) ရှေ့နေ များဖြင့်သာ ဝယ်ယူဖို့အတွက် အကြံပြုလိုက်ပါရစေ။
#သာထက်စံအိမ်ခြံမြေ