23/05/2023
အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် သတိထားဖို့ ⚠⚠⚠
အိမ်ခြံမြေလောကမှာ မကြာခဏကြုံတွေ့ရတဲ့ ပြသနာလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဒီအချက်တွေ သေချာစစ်ဖို့ လိုပါတယ်။
✅စာရွက်စာတမ်းစစ်မှန်ဖို့
✅အရှုပ်အရှင်းကင်းဖို့
✅စာချုပ်စာတမ်းပြည့်စုံဖို့
✅လက်ရောက်ရဖို....လိုအပ်ပါတယ်
၁။ အတုအရမ်းပေါတဲ့ကာလကြီးမှာ အစစ်အမှန်ရဖို့ အရေးကြီးဆုံး💯
❓ ဘယ်လိုစစ်ရမလဲ ❓
❓ ဘယ်သူတွေကအတုအစစ်ခွဲနိုင်သလဲ ❓
⚖👧 အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေကျွမ်းကျင်သူ၊ ရှေ့နေ တို့က စစ်ဆေးပေးနိုင်ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ သက်ဆိုင်ရာရုံးမှာ အချက်အလက်မှန်မမှန်၊ ကန့်ကွက်ထားတာရှိမရှိ ကို မဖြစ်မနေ သေချာစစ်ဆေးပါ။☑
၂။ 📰လူမှုရေးအရှုပ်အရှင်းကို သတင်းစာကြော်ငြာထည့်ခြင်းဖြင့် ရှာဖွေပါ📰
ဒီခေတ်မှာ အများစုက သတင်းစာမဖတ်ပေမယ့် ပြဿနာဖြစ်ခဲ့ရင် လူသိရှင်ကြား ကြော်ငြာထည့်ပြီး ဝယ်တာကို သက်သေပြတာပါ။ ဒါ့အပြင် အနီးပတ်ဝန်းကျင်ကိုလည်းကောင်း ၊ဆယ်အိမ်ခေါင်းကိုလည်းကောင်း ဆက်လက် စုံစမ်းနိုင်ပါတယ်။
၃။ ရောင်းသူလက်ထဲက စာချုပ်စာတမ်းတွေ ဆက်စပ်မှု ပြည့်စုံသလား ဆိုတာ အရေးပါပါတယ်🟢
ထိုနည်းတူ ကိုယ့်ဖက်က စပြီးချုပ်ရမဲ့ စရံပေးစာချုပ်မှသည် နောက်ဆုံးငွေချေ စာချုပ်အထိ လိုအပ်တာတွေအားလုံး ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဉပမာ ဂရန်မြေကိုဝယ်ပြီဆိုရင် ဝယ်သူအမည်ပေါက်သည့်အထိ အချိန် တနှစ်ဝန်းကျင် ကြာသလို လုပ်ရမဲ့ လုပ်ဆောင်မှုတွေက များတာကြောင့် ငွေမကြေခင်မှာ လိုအပ်တာတွေကို စာချုပ်မှာ ထည့်ရေးရပါတယ်။ ငွေကြေပြီးမှ လိုတာပြောရင်၊ လုပ်ပေးခိုင်းရင် ခက်ခဲပါတယ်။🤗🤗
၄။ ငွေကြေတာနဲ့ ဝယ်ယူထားတဲ့အိမ်ခြံမြေကိုပါ လက်ရောက်ယူထားဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီနောက်မှာ 👇
♻️ မြေလွတ်ဆိုရင် ခြံခတ်ထားမယ်🏡
♻️ ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးဖို့ အပ်ထားမယ်🙏
♻️ ရပ်ကွက်ရုံးမှာ အရောင်းအဝယ်မှတ်တမ်းတင်မယ်📑
စသည်ဖြင့် လုပ်နိုင်တာအားလုံးကို လုပ်ထားဖို့ လိုပါတယ်။ ငွေကြေးကုန်ကျမှာ အနည်းအကျဥ်းရှိပေမဲ့ လုပ်ကို လုပ်ဆောင်ရမှာပါ။
♻️ နောက်တခုက ဥပဒေအရ ပိုင်ဆိုင်ဖို့ အမည်ပြောင်းထားပါ။👍
မိမိမြေကို သူတပါးကျုးကျော်ပြီးမှ ဖြေရှင်းရင် အဲဒီစရိတ်ထက် ပိုကုန်ပြီး အဆင့်မသင့်ရင် လက်လွတ်ဆုံးရှုံးရနိုင်ပါတယ်🤦♂️😭................................................
Credit
HTOO Real Estate
09 426355543