T.M.A BEST Social -အိမ်၊ ခြံ၊ မြေ အကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • T.M.A BEST Social -အိမ်၊ ခြံ၊ မြေ အကျိုးဆောင်

T.M.A BEST Social -အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အိမ်/ခြံ/မြေ ရောင်း၊ဝယ်၊ ငှါးလိုပါက
?

အိမ် ခြံ မြေနဲ့ပါတ်သတ်လို့ ရောင်းချင်တာလား?ဝယ်ချင်တာလား? ငှါးချင်တာလား? အခုပဲ social star အိမ်ခြံမြေ အကျိုးဆောင်ကိုဆက်သွယ်လိုက်ပါ

🏡အင်းစိန်၊လှိုင်သာယာ၊ရွှေပြည်သာမြို့နယ်အတွင်း-📌အိမ်၊ခြံ၊မြေ နှင့်တိုက်ခန်းများ ရောင်းလိုပါက  ပိုင်ရှင်ကိုယ်တိုင် အခုပဲဆက...
25/08/2022

🏡အင်းစိန်၊လှိုင်သာယာ၊ရွှေပြည်သာမြို့နယ်အတွင်း-
📌အိမ်၊ခြံ၊မြေ နှင့်တိုက်ခန်းများ ရောင်းလိုပါက
ပိုင်ရှင်ကိုယ်တိုင် အခုပဲဆက်သွယ်အပ်နှံလိုက်ပါ
💥သုံးလအတွင်း- ရောင်းပေးပါမည်💥
----------
💥ဈေးလုံးဝတင်ရောင်းခြင်းမရှိ
💥ရောင်းသူ/ဝယ်သူ အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးပြီး
သတ်မှတ်အကျိုးဆောင်ခသာလက်ခံပါသည်/
💥ဓါတ်ပုံ/ဗွီဒီယိုတွေကိုအခမဲ့လာရိုက်ပေးပါသည်
💥T.M.A Best Socialအိမ်ခြံမြေအကျိုးဆောင်
☎09403491273☎
#ရောင်း /ဝယ် /ငှါး

25/08/2022

ယခင်ပေ့ချ်လေးပျက်သွားလို့ပါ (ယခင်ပေ့ချ်မှာအိမ်အပ်ထားတဲ့ လူဟောင်းလေးများဖုန်းဆက်ပေးကြပါခင်ဗျာ)ယခုပေ့ချ်လေးကိုလည်းလိုက်ခ်နဲ့ရှဲလ်လေးလုပ်ပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ

🏡ရောင်းမလား?🏡ဝယ်မလား?🏡ငှါးမလား?💥သုံးလအတွင်း- ရောင်းပေးပါမည်💥📌အိမ်၊ခြံ၊မြေ နှင့်တိုက်ခန်းများ ရောင်းလိုပါက  ပိုင်ရှင်ကိုယ...
25/08/2022

🏡ရောင်းမလား?
🏡ဝယ်မလား?
🏡ငှါးမလား?
💥သုံးလအတွင်း- ရောင်းပေးပါမည်💥
📌အိမ်၊ခြံ၊မြေ နှင့်တိုက်ခန်းများ ရောင်းလိုပါက
ပိုင်ရှင်ကိုယ်တိုင် အခုပဲဆက်သွယ်အပ်နှံလိုက်ပါ
(ရန်ကုန်တိုင်းသီးသန့်ပါခင်ဗျာ/
မှတ်ချက်။ ။
သန်လျင်၊မှော်ဘီ၊လှည်းကူးမြို့နယ်၊
အရှေ့ဒဂုံ၊တောင်ဒဂုံနှင့်ထန်းတစ်ပင်မြို့နယ်တို့အတွက်
လက်မခံသေးပါခင်ဗျာ)
----------
💥ဈေးလုံးဝတင်ရောင်းခြင်းမရှိ
💥ရောင်းသူ/ဝယ်သူ အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးပြီး
သတ်မှတ်အကျိုးဆောင်ခသာလက်ခံပါသည်/
💥ဓါတ်ပုံ/ဗွီဒီယိုတွေကိုအခမဲ့လာရိုက်ပေးပါသည်
💥T.M.A Best Socialအိမ်ခြံမြေအကျိုးဆောင်
☎09403491273☎
#ရောင်း /ဝယ် /ငှါး

24/08/2022

မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊
ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် တန်ဆောင်တိုင်လပြည့်နေ့တွင် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။
(၁) ဝယ်ယူမည့် မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကို အရင်စစ်ရပါမည်။
၄င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့်( နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင် သွားရောက်စစ်ဆေးရန်ဖြစ်သည်။
(၂) ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာရပါမည်။
(၃) ကန့်ကွက်သူမရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန်ဖြစ်ပါသည်။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန်ဖြစ်သည်။
(၄) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူမရှိစေရပါ။ ( ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှ ကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ်။
(၅) ကျူးကျော်နေထိုင်သူတွေဖယ်ပြီးပါက ငွေကျန်ချေပြီးရင် မြေကွက်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန်ပေးရမယ်နော်ဟု ပြောရပါမယ်။ ( ဥပမာ- အဝိစိတွင်းတူးပါမစ်၊ ပါဝါမီတာ စတာမျိုးတွေဖြစ်ပါတယ်) ( စာရွက်စာတမ်းမူရင်းစာတမ်းအားလုံးကို တောင်းယူရန်ဖြစ်သည်။)
(၆) ၄င်းနောက် မြေရှင်က အက်စ်ပီ( အထူးကိုယ်စားလှယ်လွှဲစာ) ပေးရမည်ဟုပြောပါ၊ ကိုယ်စားလှယ်လွှဲစာတွင် ဝယ်ယူမည့်မြေကွက်နှင့်ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်းပါရှိရပါမည်။
(၇) ဝယ်ယူမည့်မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထားပေးပါဟုပြောရပါမည်။
(၈) ၄င်းနောက် ငွေအကြေချေသည့် စာချုပ်ပါ၊၊ အထက်ကပြောခဲ့သည့် စာရွက်စာတမ်းများ အားလုံးကိုရယူပါ။ မြေကွက်ကို လက်ရောက်ရယူပါ။
(၉) မပြီးသေးပါ၊ မိမိဝယ်ယူမည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် စံနှုန်းများ၊ အဆောက် အအုံများပါရှိပါက အဆောက် အအုံအမျိုးအစားအလိုက် သတ်မှတ်သည့် စံနှုန်းများ( တစ်ပေလျှင် မည်မျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။
(၁၀) ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများကို အိမ်ခြံမြေတည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ်ရုံးက မိမိတန်ဖိုးသတ်မှတ်ထားသည့် နှုန်းထားဖြင့် အရောင်းအဝယ်စာချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် တင်ပြပါက သူက အထက်အဆင့်ဆင့်ရုံးများသို့ဆက်လက် တင်ပြသွားမည်ဖြစ်ပါသည်။
(၁၁) ကျသင့်ငွေ တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း
အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့် ဝင်ငွေရလမ်းအထောက်အထားများ တင်ပြပြီး ဝင်ငွေ ခွန်စိစစ်မှု ကို ခံ ယူရန်လိုအပ်ပါသည်။ စည်းကြပ်မှု လွှတ်ကင်းနေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည်။
(၁၂) မြန်မာနိုင်ငံတစ်ှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်ခြံမြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ( စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်းဆောင်ရပါမည်။
(၁၃) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ပေးထားသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံတို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ ( မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာထမ်းဆောင်ရမည်ဖြစ်ပါသည်။)
(၁၄) ငွေသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း/ မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်းထုတ်ယူရပါမည်။
(၁၅) အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ပတခ (ဝင) - ၈ နှင့် အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန်ချလံ ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍ စာချုပ်စာတမ်းများကို မှတ်ပုံတင်ကြရပါမည်။
အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်ဖြစ်ပါသည်။ နောက်မှ အမည်ပေါက်ပြောင်းတာ ဘာညာတွေကို လုပ်စရာရှိပါသေးသည်။ ဤမျှလောက်ဆိုလျှင် အတော်အသင့် သိသင့်ပြီဟုထင်ပါသည်။
​ရေးသူ။ ဆရာကြီးမိုးထက်( ၂၉.၁၁.၂၀၂၀) ရက်နေ့ ညနေ(၅) နာရီ
ကိုးကား-
- ကွယ်လွန်သူ အိမ်ခြံမြေအကျိုးဆောင် ဆရာကြီးဦးကြည်စိုး( အိုင်စီ) ၏ သင်ကြားပို့ချမှုများ ( ဆရာကြီးကို ဦးညွှတ်လျှက်)
- ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းစဉ်များ ထုတ်ပြန်ချက်

22/08/2022

တိုက်ခန်းကို ကြိုပွိုင့် ဝယ်ယူတဲ့အခါ သိထားရမဲ့ အချက်
======================================

🌆 ကြိုပွိုင့် ဆို​တေ့ာ စစ်စရာ စာချုပ်စာတမ်းရယ်လို့များများစားစားမရှိပါ။

🌆မြေရှင် နဲ့ ကန်ထရိုက် တို့ရဲ့ လုပ်ငန်းအပ်နှံခြင်း /လုပ်ငန်း လက်ခံခြင်း နှစ်ဦးသဘောတူ စာချုပ်အရ မိမိဝယ်ယူမဲ့ အခန်းဟာ မြေရှင် အခန်းလား ကန်ထရိုက် အခန်းလား သေချာစွာ သိနိုင်ဖို့ပါ။ (မိတ္တူ ယူထားနိုင်ပါတယ်)

🌆အိမ်ဆောက်ခွင့်ပြုမိန့် ဆိုင်းဘုတ် ထောင်/မထောင် ကိုလည်း တစ်ချက်လေ့လာဖို့လိုပါမယ်။

🌆ကြိုပွိုင့် ဝယ်တဲ့အခါ ပထမ အရစ် စရန်ပေး စာချုပ်မှာ ကတည်းက အရေးကြီးပါတယ်. ကိုယ်ဝယ်ယူမဲ့ အခန်းကို ကန်ထရိုက် အနေနဲ့ ဘယ်နေ့ နောက်ဆုံးထား ပေးအပ်ရမယ် /
သတ်မှတ်ရက်မှာ အခန်း မအပ်နိုင်ရင် စရန်ငွေ နှစ်ဆ ကိုပေးလျော်ရမှာပါ. အဲ့လိုပါဘဲ ဝယ်သူဘက်ကလဲ သတ်မှတ်ရက်မှာ ပေးချေ ရန်ပျက်ကွက်ခဲ့ရင် စရန်ငွေ အဆုံးခံရမည်မှာ မလွဲမသွေပါ။

🌆ကြိုပွိုင့် ဝယ်သူအနေနဲ့ ပထမအရစ်/ ဒုတိယအရစ် /နဲ့ အ ပြီးသတ် စာချုပ် ရယ်လို့ ချုပ်ဆိုနိုင်မှသာ အဆင်ပြေနိုင်ပါမယ်.

🌆ကိုယ်ဝယ်ယူမဲ့ အခန်းနဲ့ပတ်သတ်ပြီး ဘယ်နေ့ မြေတူး. /ဘယ်နေ့ ဖောင်ဒေးရှင်း./ ကိုယ့်အခန်းကိုဘယ်လိုပြင်ဆင်နေပြီလဲ?
စသဖြင့် သော အခြေ အနေမျိုးကိုလဲ ဝယ်သူအနေနဲ့ လေ့လာ နေဖို့လိုပါတယ်။

🌆ဒိီလို ကြည့်ရှု့ခွင့်ရဖို့ကန်ထရိုက် နဲ့ဝယ်သူ အကြားနားလည် သဘောတူညီမှု ရှိဖို့လိုပါမယ်။
ကိုယ်ဝယ်ယူမဲ့ တိုက် ရုပ်လုံးပေါ်လာပြီး နေထိုင်လို့ရပြီ ဟု ဆိုသော်ငြားလည်း BCC မရသေးက မည်သို့မျှ နေထိုင်ခွင့်မရှိနိုင်ပါ။

🌆BCC ရဖို့ရာ ကန်ထရိုက် ရဲ့ တာဝန်ထဲကတစ်ခုပါ💵တချို့ တချို့သော ကန်ထရိုက် တွေဟာ ဆောက်လုပ်နေရင်းမှ ငွေ ကြေးမတတ်နိုင်တော့အခါမျိုးမှာ ကြိုပွိုင့်အခန်းတွေကိုထပ်ခါ ထပ်ခါ ရောင်းမိထားတာတွေ ကြုံရတတ်ပါတယ်.ထို့ကြောင့် မိမိအခန်း အခြေအနေ ကို အဆက်မပြတ် သွားရောက် ကြည့်ရှု့လေ့လာ ဖို့အကြံပြုပါရစေ။🙏🙏
စီအာဒီ

စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်ခေါင်းတန်ဖိုးကိစ္စ=====================================စာချုပ်ချုပ်လျှင် စာချုပ်ခေါင်းတန်...
21/08/2022

စာချုပ်ချုပ်မည်ဆိုလျှင် စာချုပ်ခေါင်းတန်ဖိုးကိစ္စ
=====================================

စာချုပ်ချုပ်လျှင် စာချုပ်ခေါင်းတန်ဖိုး မည်မျှအပေါ်တွင် ချုပ်ဆိုရပါမည်နည်း ဟူသော အချက်ကိုသိချင်ကြ လိမ့်မည် ထင်ပါသည်။ ယင်း အချက် အလက်ဆိုင်ရာ အချို့ကို တင်ပြပါမည်။

မိမိချုပ်ဆိုသော စာချုပ်၏ အကြောင်းအရာပေါ် မူတည်၍ စာချုပ်အခွန် တော် တန်ဖိုးသည် ကွဲပြားပါသည်။ ဥပမာ - ကိတ္တိမမွေးစားခြင်းစာချုပ်ချုုပ်မည် ဆိုပါက တန်ဖိုး ၁၅၀ ကျပ် ပေါ်တွင်ချုပ်ဆိုကြရပါမည်။ လက်ထပ်ထိမ်းမြားခြင်းစာချုပ် ၊ လင်မယား ကွာရှင်းပြတ်စဲ စာချုပ်ချုပ်မည်ဆိုပါက တန်ဖိုး ၂၅၀ ကျပ်ပေါ်တွင် ချုပ်ဆိုရပါမည်။

အိမ်မြေအရောင်းအဝယ် ရေစစ္စရီစာချုပ်ကြီး ချုပ်ဆိုသောအခါ ၄% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ ဥပမာ - ပစ္စည်းတန်ဖိုး တစ်သိန်းကျပ်ဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း လေးထောင်ကျပ် ထမ်းဆောင် ရပါသည်။ နှစ်သိန်းကျပ်ဖြစ်ပါက ရှစ်ထောင်ကျပ် ထမ်းဆောင်ရပါသည်။

အရပ်ဘက်တွင်အများဆုံးချုပ်ဆိုနေကြသော သဘောတူစာချုပ်မျိုးဖြစ်ပါက တန်ဖိုး ၃၀၀ ကျပ်တန်နှင့်ပင် လုံလောက်မှု ရှိပါသည်။ ၃၀၀ ကျပ်တန် စာ ချုပ်ခေါင်းတွင်ဖြစ်စေ ၊ ၂၀၀/- ၊ ၁၀၀/- စာချုပ်ချုပ်ခေါင်း နှစ်ရွက်ပေါ်တွင် ဖြစ်စေ သတ်မှတ်တန်ဖိုး ၃၀၀ ကျပ် ပြည့်မီအောင်ချုပ်ဆိုရပါသည်။

အရပ်ဘက်တွင် ချုပ်ဆိုလေ့ရှိသည့် ကားအရောင်းအဝယ်စာချုပ် ၊ မော် တော်ဆိုင်ကယ် အရောင်းအဝယ် စာချုပ်၊ အိမ်ငှားစာချုပ်၊ ငွေအပေး အယူစာချုပ် ၊သဘောတူကတိပြုစာချုပ် ၊ စရန်ပေးစာချုပ် စသည့်စာချုပ်များ အားလုံး ၃၀၀ ကျပ်တန်ဖြင့် ချုပ်ဆိုပါက လုံလောက်မှုရှိပါသည်။

အကယ်၍ မိမိချုပ်ဆိုခဲ့သည့် စာချုပ်သည် အခွန်တော် လုံလောက်မှု မရှိသော စာချုပ်ခေါင်းပေါ်တွင် ချုပ်ဆိုခဲ့မိ သည်ဆိုပါက ထိုစာချုပ်သည် တရားမဝင် ဖြစ်သလားဟူသော အချက်ကိုလည်း သိချင်ကြလိမ့်မည်ထင်ပါသည်။

စာချုပ်ပါအတိုင်း မဆောင်ရွက်မှုများကြောင့် တရားတဘောင်စွဲဆိုမှုများ ပေါ် ပေါက်တတ်ပါသည်။ တရားတ ဘောင်ဖြစ်၍ အမှုစစ်ဆေးရာတွင် သက်သာခွင့်ရလိုသူက စာချုပ်ကို တင်ပြရမြဲဖြစ်ပါသည်။ ထိုသို့ တင်ပြရာ တွင် အခွန်တော် တံဆိပ်ခေါင်း လုံလောက်စွာပါရှိခြင်းမရှိသည့် စာချုပ်များကို ရုံးတော်က လက်ခံမည်မဟုတ် ဆိုသည်ကို သတိပြုသင့်ပါသည်။ သက်သေခံ အက်ဥပဒေက ပိတ်ပင်တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။

သို့သော် ကုစား၍ မရနိုင်သော ချို့ယွင်းချက်တော့ မဟုတ်ဟု ဆိုရပါမည်။ သက်သေခံအဖြစ် လက်ခံနိုင်မည့် နည်းလမ်းရှိပါသည်။ ထိုနည်းမှာ အခွန် ဒဏ်ကြေးပေးသွင်းခြင်းဖြင့် ကုစားနိုင်သည့် နည်းဖြစ်ပါသည်။

ဤနေရာတွင် တရားမမှုနှင့် ရာဇဝတ်မှု ဆိုင်ရာ အကြောင်းကို တင်ပြလိုပါ သည်။ စွဲဆိုသော အမှုသည် တရား မမှုဖြစ်ပါက အခွန်တော် တံဆိပ် ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော စာချုပ်များကို သက်သေခံအဖြစ် လက်ခံ နိုင်မည် မဟုတ်၍ လက်ခံနိုင်ရန် အခွန်တော် ဒဏ်ကြေးပေးဆောင်သည့်နည်းကို ကျင့် သုံးရပါသည်။ ထိုနည်း ဖြင့် သက်သေခံအဖြစ်လက်ခံနိုင်ရန် ကုစားယူရပါသည်။

စွဲဆိုသော အမှုသည် ရာဇဝတ်မှုဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော်လည်း သက် သေခံအဖြစ် တင်သွင်းလက်ခံပါသည်။ တန်ဖိုးလုံလောက်မှုမရှိသည့် စာချုပ်ပင် မဆိုလင့်ဦး။ တံဆိပ်တော်ခေါင်း လုံးဝမပါရှိသည့် စာရွက်ပင်ဖြစ်စေဦး ရာဇဝတ်မှုတွင် သက်သေခံအဖြစ် တင်သွင်းနိုင်ပါကြောင်း လက်ခံနိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။

(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ ၂၀၁၉ တတိယအကြိမ် ၊ စာ- ၅၁ ) ။

(မှတ်ချက်- မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ နှုန်းထားအချို့ အပြောင်းအလဲရှိပါမည် ။)
Crd.

" ဂရန်မြေတရားဝင်ဝယ်ယူနည်း " ======================ဂရန်မြေ ဝယ်ယူလျှင်...အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံမှာပါ။ အရောင...
17/08/2022

" ဂရန်မြေတရားဝင်ဝယ်ယူနည်း "
======================
ဂရန်မြေ ဝယ်ယူလျှင်...
အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံမှာပါ။
အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ
အဆင့် (၃)ဆင့် လုပ်ဆောင်ရပါမယ်။
1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။
2.စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာ
စရန်ချပါ။
3. စရန်ချပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။
အောက်ပါ (၄)မျိုးရမှ ငွေအ​ပြေချေပါ။
1. အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံ မြေရာဇဝင်
2. မူရင်းဂရန် အမည်ပေါက်ထံမှ SP
3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ
4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။
ဝယ်ယူပြီးနောက် ( ၃ )ဆင့်။
1. တန်ဖိုးလျော့ချုပ်သည့် စာချုပ်(၁)ဆောင်နှင့်
မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။
2. ရာဖြတ် ၏သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
3. အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင်
“ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။
.

Address

No. (1026)/, Shwemyintmo Street. 26 Quarter. Hlaingtharyar
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when T.M.A BEST Social -အိမ်၊ ခြံ၊ မြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category