Aung Kaung Zay Real Estate

Aung Kaung Zay Real Estate Aung Kaung Zay Real Estate
09456070772

မြောက်ဒဂုံမြို့နယ်2RC (Roof slab) တိုက်သစ်အရောင်းစစ်တောင်း(City Mart)ဘေးလမ်း ဗိုလ်ဆွန်ပတ်လမ်းမကြီး ကျောကပ်39 ( B ) ရပ်ကွ...
15/03/2024

မြောက်ဒဂုံမြို့နယ်
2RC (Roof slab) တိုက်သစ်အရောင်း
စစ်တောင်း(City Mart)ဘေးလမ်း
ဗိုလ်ဆွန်ပတ်လမ်းမကြီး ကျောကပ်

39 ( B ) ရပ်ကွက်
ဂရမ်မိတ္တူခြမ်း(နှစ် ၆၀ ဂရမ်မြေ)
အရှေ့အလှည့်
အိမ်နံပါတ်ပေါင်းခြင်း 7
ပေ (20 x 60)
2RC (Roof Slab) Foundation က 3RC ဆောက်လို့ရအောင် ယူထားပြီးသားပါ

Master Bed Room ( 1 ) with Connection Room
Single ( 2 )
SPC ပါကေး
1000L Stainless Steel Overhead Tank
Ground Tank
အဝီစိတူးပြီး ပေ ( 600 )
JOTUN ဆေးတအိမ်လုံး အတွင်းအပြင် သုတ်ထားပါတယ်

▫️Quality အကောင်းဆုံး မီးပစွည်းများကိုသာ အသုံးပြုထားပါသည်

ပတ်ဝန်းကျင် စိတ်ငြိမ်ပြီးအလွန်ကောင်းပါတယ်
အိမ်ရှေ့ မြေကျယ်
လူတက်နေရုံ အဆင်သင့် တိုက်အသစ်စက်စက်

ဈေးနှုန်း - သိန်း ၅၁၀၀ ( ညှိနှိုင်း )

အိမ်ကြည့်မယ်ဆို တစ်ရက် ကြိုတင် ချိန်းဆိုပေးပါ။
အကျိုးဆောင်ခ....
အငှား....1-လခ
အရောင်း...2% ယူပါတယ်။
------------------------------------------------------------------------------
🅒🅐🅛🅛 🅝🅞🅦...𝟬𝟵 𝟰𝟱 𝟲𝟬𝟳𝟬 𝟳𝟳𝟮
...𝟬𝟵 𝟳𝟳 𝟵𝟬𝟬𝟬 𝟳𝟳𝟮
------------------------------------------------------------------------------

#အချိန်နှင့်အမျှဈေးအပြောင်းအလဲရှိနိုင်ပါသဖြင့် ှ ( သို့ )
#ဖုန်းဆက်ပြီးစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။
ယခုဖော်ပြပါ အိမ်အပြင် မိမိတို့ ဝယ်ယူလိုသော/ငှါးရမ်းလိုသော နေရာများ ကိုလည်း စုံစမ်းမေးမြန်း နိုင်ပါသည်။

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက income rich ဆိုတဲ့ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကျပါဘူး။ ပိုင်ဆိုင...
13/03/2024

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင်
မြန်မာပြည်က သူဌေးတွေက income rich ဆိုတဲ့
ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကျပါဘူး။
ပိုင်ဆိုင်မူအရချမ်းသာတဲ့
property rich ပါ။

ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ
အိမ်ခြံမြေစျေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ် ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။
ဈေးတက်သွားလို့ပါ။

property rich သမားတွေက ဓနခွဲဝေမူ
နည်းတတ်ပါတယ်။
အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။
နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။

နောက်ပြီး property rich တွေက
ပိုချမ်းသာကြတဲ့အတွက် သူတို့က
သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။
ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး
အလည်သွားတာမျိုး ဆေးကုတာမျိုး
ကလေးကျောင်းထားတာမျိုးပါ။

income rich ကတော့ အလုပ်ကိုင်သစ်
ဖန်တီးပေးတတ်ပါတယ်။
ဓနခွဲဝေမူလည်းဖြစ်ပါတယ်။
ထုတ်ကုန်လည်းထုတ်ပါတယ်။
ဒါကြောင့် ကာယကံရှင်ရော
အလုပ်သမားရော
နိုင်ငံရောကောင်းပါတယ်။

လှိုင်မြို့နယ်၊ လုံးချင်းအငှားလေးမြကန်သာအိမ်ရာအကျယ်အဝန်း - (ပေ ၆၀ x ပေ ၇၀)၂ထပ်တိုက်(2RC) - (ပေ ၃၈ x ပေ ၅၀)မာစတာခန်း ၅ ခန...
13/03/2024

လှိုင်မြို့နယ်၊ လုံးချင်းအငှားလေး

မြကန်သာအိမ်ရာ

အကျယ်အဝန်း - (ပေ ၆၀ x ပေ ၇၀)

၂ထပ်တိုက်(2RC) - (ပေ ၃၈ x ပေ ၅၀)

မာစတာခန်း ၅ ခန်း

8 Aircons

ကားပါကင် ၆ စီး

#ကုမ္ပဏီရုံးခန်း_လူနေအတွက်သင့်တော်သော_လုံးချင်းအိမ်အငှါး

စျေးနှုန်း - ၃၀ သိန်း(ညှိနှိုင်း)

အိမ်ကြည့်မယ်ဆို တစ်ရက် ကြိုတင် ချိန်းဆိုပေးပါ။
အကျိုးဆောင်ခ....
အငှား....1-လခ
အရောင်း...2% ယူပါတယ်။
------------------------------------------------------------------------------
🅒🅐🅛🅛 🅝🅞🅦...𝟬𝟵 𝟰𝟱 𝟲𝟬𝟳𝟬 𝟳𝟳𝟮
...𝟬𝟵 𝟳𝟳 𝟵𝟬𝟬𝟬 𝟳𝟳𝟮
------------------------------------------------------------------------------

#အချိန်နှင့်အမျှဈေးအပြောင်းအလဲရှိနိုင်ပါသဖြင့် ှ ( သို့ )
#ဖုန်းဆက်ပြီးစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။
ယခုဖော်ပြပါ အိမ်အပြင် မိမိတို့ ဝယ်ယူလိုသော/ငှါးရမ်းလိုသော နေရာများ ကိုလည်း စုံစမ်းမေးမြန်း နိုင်ပါသည်။

🍀အိမ်ရောင်းမည် မြောက်ဒဂုံမြို့နယ်, 39/A ရပ်ကွက်, သစ္စာလမ်း, နေရာကောင်း ပါတ်ဝန်းကျင်သန့်   ဘုရင့်နောင်လမ်းမကြီးအနီး(လက်ရှ...
12/03/2024

🍀အိမ်ရောင်းမည်
မြောက်ဒဂုံမြို့နယ်, 39/A ရပ်ကွက်, သစ္စာလမ်း, နေရာကောင်း ပါတ်ဝန်းကျင်သန့် ဘုရင့်နောင်လမ်းမကြီးအနီး
(လက်ရှိအငှားတင်ထားပါတယ်)

🏡ပေ ၄၀/၆၀, RC 2.5

Master Bedroom 5 ခန်း
Single Room 1 ခန်း
ကားထားရန် နေရာ (ခြံထဲ ကားသုံးစီး ခန့်ဆန့်) , (ခြံပြင်တွင် ကားနှစ်စီးရပ်နိုင်)
🏡ရေလှောင်ကန် ပါ,
🏡 Aircon 4 လုံး, CCTV 4 လုံး, ရေmotor ပါ,
🏡အဝီစိတွင်းရေ, မီး
🏡ဂရံ (SP)
💸 ဈေး - ၉၂၀၀ သိန်း (ညှိနှိုင်း)

အိမ်ကြည့်မယ်ဆို တစ်ရက် ကြိုတင် ချိန်းဆိုပေးပါ။
အကျိုးဆောင်ခ....
အငှား....1-လခ
အရောင်း...2% ယူပါတယ်။
------------------------------------------------------------------------------
🅒🅐🅛🅛 🅝🅞🅦...𝟬𝟵 𝟰𝟱 𝟲𝟬𝟳𝟬 𝟳𝟳𝟮
...𝟬𝟵 𝟳𝟳 𝟵𝟬𝟬𝟬 𝟳𝟳𝟮
------------------------------------------------------------------------------

#အချိန်နှင့်အမျှဈေးအပြောင်းအလဲရှိနိုင်ပါသဖြင့် ှ ( သို့ )
#ဖုန်းဆက်ပြီးစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။
ယခုဖော်ပြပါ အိမ်အပြင် မိမိတို့ ဝယ်ယူလိုသော/ငှါးရမ်းလိုသော နေရာများ ကိုလည်း စုံစမ်းမေးမြန်း နိုင်ပါသည်။

ဒီနေ့တော့ အိမ်ခြံမြေမှာ သိထားသင့်တဲ့   #မြေအမျိုးအစား ကို အကြမ်းဖျင်း တင်ပြပေးပါမယ်နောက်ရက်တွေမှာ မြေအမျိုးအစားတစ်ခုချင်...
12/03/2024

ဒီနေ့တော့ အိမ်ခြံမြေမှာ သိထားသင့်တဲ့ #မြေအမျိုးအစား ကို အကြမ်းဖျင်း တင်ပြပေးပါမယ်

နောက်ရက်တွေမှာ မြေအမျိုးအစားတစ်ခုချင်းစီကို လေ့လာလို့ရအောင် အကျယ်တဝင့် ရှင်းလင်းတင်ပြပေးသွားပါမယ်ရှင်....

✅✅✅✅✅✅✅
မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ ??

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

#ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

#ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

#လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

#လန ၃၉ မြေ(လယ ၃၀/ခ)

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

#တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

#ဘိုးဘပိုင်မြေ

ဘိုးဘပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ

Credit to Orginal Uploader

#မြေအမျိုးအစားများ





မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ မြေအရောင်းအဝယ်စာချုပ်တစ်ခုကို   ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်...
12/03/2024

မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို
ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ

ပိုင်ဆိုင်မှုခိုင်မာအောင်
စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊

ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့
မြေကွက်တွေဝယ်တော့မယ်ဆိုရင်
အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ်
ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင်
ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်

နောက်ကျောဓားနဲ့ထိုးခံရတယ်၊
ယုံမိလို့ ဆုံးရှုံးကုန်တယ်
နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့
ကတိမပေးဖူးပါဘူးလို့
ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့
မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့
အရေးကြီးမှန်းသိလောက်ပါပြီ

အခုပြောပြမှာကတော့
ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ

မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊
ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင်
ဘယ်သူမှ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး

ဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ

ပထမဦးဆုံးအနေနဲ့
မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတမ်းတွေစုံ/မစုံ၊
မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
မြေပုံ/မြေရာဇဝင် နဲ့
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ
ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

မြေခွန်၊ အိမ်ခွန် ကြွေးကျန်ရှိ/မရှိ နဲ့ ဂရန်သက်တမ်းကိုလည်း စစ်ဆေးရပါမယ်

မြေပိုင်ဆိုင်မှုအထောက်အထား စုံ/မစုံဆိုတာမှာ
အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊
မြေချမိန့်ရထားတဲ့မြေလား၊
လယ်မြေလား၊ ယာမြေလား၊
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်

မြေအမျိုးအစား စိစစ်ပြီးတာနဲ့
အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်
အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလား
ပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလား
ဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား
အစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်

သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်
ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/မရှိဟာလည်း အရေးပါတဲ့အချက်ပါ

ရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို
စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါ
ငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့
မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ်

စာရွက်စာတမ်း စုံ/မစုံ ဘယ်လိုစစ်မလဲဆိုရင်...
ဂရန်မြေဆိုရင် -
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင် -
(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

အစရှိတဲ့အတိုင်း စုံနေအောင် မူးနေအောင် စစ်ဆေးရပါတယ်
ဒါတွေက အများအားဖြင့်ရှိနေတဲ့ မြေအမျိုးအစားတွေကို ထုတ်နှုတ်ပြတာပါ

ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်
စနစ်တကျစစ်ဆေးမှသာ
နောင်မှာ အရှုပ်အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်မိမိဝယ်ယူတဲ့ အိမ်မြေတွေဟာ
သိန်းရာထောင်ချီတန်တဲ့အတွက်
အနည်းငယ်သော ကုန်ကျစရိတ်ကို ကြည့်နေလို့မရပါဘူး

ဆိုခဲ့တဲ့အတိုင်း သက်ဆိုင်ရာရုံးဌာနတွေမှာ စနစ်တကျစုံစမ်းစစ်ဆေးပြီးတာနဲ့စာရွက်စာတမ်းမှန်ကန်ကြောင်း၊
ပြည့်စုံကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း
အတည်ပြုလို့ရပြီဆိုတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ...
အဆင့်အလိုက်ပြောပြချင်ပါတယ်..

အဆင့် (၁)
စရံပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုရပါမယ်။
စရံပမာဏကို သင့်လျော်တဲ့ပမာဏကိုသာ
အရင်ပေးပြီး ခိုင်မာအောင်ချုပ်ဆိုရပါမယ်
စရံပေးစာချုပ်ဟာ အရောင်းအဝယ်လုပ်ငန်းစဉ်
တစ်ခုလုံးရဲ့ အသက်သွေးကြောပါ
ဖြစ်ပေါ်လာသမျှ ပြဿနာအားလုံးကို
အရောင်းအဝယ်အားလုံးမပြီးဆုံးခင်အထိ
စရံပေးစာချုပ်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံခိုင်မာမှုဖြင့်သာ
ဝယ်သူဟာခေါင်းပြားအောင်အိပ်နိုင်ပါမယ်

အဆင့် (၂)
စရံပေးစာချုပ်ချုပ်ဆိုပြီးတာနဲ့
အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိ
လာရောက်ကန့်ကွက်နိုင်ပါကြောင်း
အများသိစေရန်
သတင်းစာမှာ ကြော်ငြာထည့်သွင်းရပါမယ်

အဆင့် (၃)
ကြော်ငြာပါတဲ့နေ့ကစပြီး (၁၄) ရက်အတွင်း
နောက်ထပ်စရံမပေးသေးဘဲ ကန့်ကွက်သူရှိ/မရှိ
ရက်ပြည့်အောင် စောင့်ကြည့်ရပါမယ်
ကန့်ကွက်သူပေါ်လာခဲ့ရင်
အရောင်းအဝယ်ကို ခေတ္တရပ်ထားပြီး
ရောင်းသူဘက်က ပြေလည်အောင်ဖြေရှင်းပေးဖို့နဲ့
ကန့်ကွက်သူမှာ ပိုင်ဆိုင်ခွင့်ရှိနေခဲ့မယ်ဆိုရင်
အရောင်းအဝယ်စာချုပ်မှာ ကန့်ကွက်ထားသူတွေပါ
လက်မှတ်ရေးထိုးနိုင်ဖို့ ရောင်းသူက ကြိုးစားပေးရပါမယ်

အဆင့် (၄)
သတင်းစာထည့်ပြီး စောင့်ကြည့်နေစဉ်ကာလအတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန်
မြေပုံ/မြေရာဇဝင် ရေးကူးခွင့်ရှိသူမှ
မြေပုံ/မြေရာဇဝင် ရေးကူးခြင်း
လိုအပ်နေတဲ့စာရွက်စာတမ်းတွေပြင်ဆင်ခြင်းများ
ကြိုတင်ပြုလုပ်ထားရပါမယ်
မြေပုံ/မြေရာဇဝင်ရေးကူးဖို့
မြေစာရင်းဦးစီးဌာန/အိုးအိမ်/စည်ပင်ရုံးများမှာ
ရေးကူးခွင့်ရှိသူရဲ့အချက်အလက်၊
ရေးကူးမယ့်မြေရဲ့အချက်အလက်၊
ပိုင်ဆိုင်မှုအထောက်အထား၊ မှတ်ပုံတင်မူရင်းများနဲ့
ရေးကူးမယ့်သူကိုယ်တိုင်
ရေးကူးခွင့်လျှောက်ထား/ထုတ်ယူရမှာဖြစ်ပါတယ်

အဆင့် (၅)
သတင်းစာမှာ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်း
ကန့်ကွက်သူပေါ်မလာရင်တော့
နောက်တစ်ရက်မှာ စရံထပ်မံပေးခြင်း
(သို့မဟုတ်) ငွေချေခြင်းများပြုလုပ်နိုင်ပါပြီ
တစ်ပြိုင်တည်းမှာ
အရောင်းအဝယ်မြေပုံ/မြေရာဇဝင်ထုတ်ယူပြီးတာနဲ့
အခွန်ဦးစီးဌာနမှာ အဝယ်ခွန်ဆောင်ဖို့
လျှောက်ထားရပါတယ်

အဆင့် (၆)
အဝယ်ခွန်အတွက် မြေတန်ဖိုးသတ်မှတ်နှုန်းကျတာနဲ့
သတ်မှတ်ထားတဲ့ အခွန်ဆောင်၊ တံဆိပ်ခေါင်းများကပ်ရမှာပါ

အဆင့် (၇)
ငွေအကျေချေပြီးပြီဆိုတာနဲ့
မြေလက်ရောက်လွှဲပြောင်းရယူခြင်း၊
ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ
ဂရန်မူရင်း (သို့) ဘိုးဘစာအုပ် မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့
စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်

အဆင့် (၈)
အဲ့ဒီအဆင့်တွေအားလုံးပြီးတာနဲ့ ရောင်းသူ၊ ဝယ်သူတို့
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပါပြီ..မှတ်ပုံတင်စာချုပ်မှာ ရောင်းချတဲ့မြေရဲ့ ပိုင်ဆိုင်ခွင့်ရှိသူအားလုံးပါရပါမယ်။)

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့
ပိုင်ဆိုင်မှုအထောက်အထားတွေ၊
ပိုင်ဆိုင်လာသူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့
မှတ်ပုံတင်၊ အိမ်ထောင်စုမူရင်းများ၊
မြေပုံ/မြေရာဇဝင်များနဲ့တကွ
သက်ဆိုင်ရာ အိုးအိမ်၊ မြေစာရင်း၊ ထွေအုပ်၊ စည်ပင်
အစရှိတဲ့ရုံးတွေမှာ မိမိအမည်ပေါက်ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင်
ဆက်လက်လုပ်ဆောင်နိုင်ပါပြီ

ကျနော်ပြောခဲ့တဲ့ အထက်ပါအချက်တွေကို
အတိအကျလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့
ရောင်းမှား၊ ဝယ်မှားမဖြစ်တဲ့အပြင် သားစဉ်မြေးဆက်အထိ ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ
ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်မှာပါ

အသက်ကိုဥာဏ်စောင့်သလို
မိမိပိုင်ဆိုင်မှုဥစ္စာတွေကို
ကံရော၊ ဥာဏ်ရော၊
သက်ဆိုင်ရာရုံးဌာနအသီးသီးကပါ ဝိုင်းစောင့်မှ
ခိုင်မာတည်မြဲမှာဖြစ်ပါတယ်။

Credit - Original Uploader

အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book*************************************အမည်ပြောင်းလိုသူများအတွက်***********************...
11/03/2024

အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book
*************************************
အမည်ပြောင်းလိုသူများအတွက်
*************************************

အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။
အခုတော့နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေဦးစီးဌာန (ရုံးချုပ်)အထိ သွားရောက်၍ အမည်ပြောင်း လျှောက်ထားရပါမည်..

အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါသည်..

☝🏽ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄”-၆”)ဓါတ်ပုံ(၁)ပုံ

☝🏽ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ
☝🏽ခြေရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ
စုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ
✍️ “ယာယီတိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်”
👩🏻‍🦰ဝယ်ယူ/ရောင်းသူတို့ရဲ့
မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို

ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။

အခွန်နှုန်းကတော့ (၃%)ပဲဆောင်ရပါမည်။
မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး(၄%)ဆောင်ရန်မလိုပါ။

အခုတော့ ရောင်းသူကိုလည်း ရောင်းခွန်(၁၀%)ဆောင်ရမယ်လို့သိရပါသည်..

အခွန်ရုံးကအခွန်ဆောင်ပြီးကြောင်းပြေစာရရင်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာသွားရောက်တင်ပြပေးရပါသည်..

Owner Book အမည်ပေါက်ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက SP/GP ရထားပါ.. အဲ့ဒီလိုဆိုရင် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင် အတည် ဖြစ်ပါမည်

အရှုပ်အရှင်း ရှိ/မရှိတော့ ကြိုတင်စုံးစမ်းလိုလျှင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စုံစမ်းကြည့်ပါ.. နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ စစ်ဆေးရပါသည်..

လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာကအနေနဲ့ကြော်ငြာပေးမည်ဖြစ်သည်

တကယ်လို့ အရပ်ကတိစာချုပ်နဲ့တစ်ဆင့်ဝယ်ထားခဲ့ရင်တော့

အဲ..အမည်ပေါက်မရှိတော့ဘူးဆိုရင်တော့ Owner Book ရဲ့ကျန်ရစ်သူဇနီး/ခင်ပွန်း/သားသမီး ကို အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုပြီး ၎င်းတို့ထံကပြန်ဝယ်တဲ့စာချုပ်ချုပ်ဆိုပြီး Owner Book မှာအမည်ပြောင်းပါ။

“crd to ”လွှတ်တော်ရှေ့နေမောင်ကောင်းဖေ”

ရွှင်လန်းကျမ်းမာသုခအဖြာဖြာနဲ့ပြည့်စုံနိုင်ကြပါစေ။

  Kaung Zay Real Estate09-450-85-86-87(Viber)                         ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ် အပ်နှံနိုင်ပါသည်။လ...
02/02/2023

Kaung Zay Real Estate

09-450-85-86-87(Viber)




ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ် အပ်နှံနိုင်ပါသည်။
လူကြီးမင်းတို့၏ အိမ်၊ ခြံ၊ မြေ၊ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း နှင့် စက်မှုဇုံ ဂိုဒေါင်များ ရောင်း၊ ဝယ်၊ ငှား လိုပါကဆက်သွယ် အပ်နှံနိုင်ပါတယ် ။

Data အားလုံးအတွက်
⬇⬇
(အငှားအတွက်...အကျိုးဆောင်ခ...၁...လခယူပါတယ်။
အရောင်းအတွက် ဝယ်သူဘက်မှ အကျိုးဆောင်ခ ပေးရန်မလိုပါ။)

သဃ်န်းကျွန်းမြို့နယ်အိမ်ယာဝင်းအတွင်း3350square52*68 ,3RC ....(ထောင့်)Root SlabMr...5masterAC...7Living room.. 2အဆင့်မြင့...
30/01/2023

သဃ်န်းကျွန်းမြို့နယ်

အိမ်ယာဝင်းအတွင်း

3350square

52*68 ,3RC ....(ထောင့်)

Root Slab

Mr...5master

AC...7

Living room.. 2

အဆင့်မြင့် ပြင်ဆင်ပြီး

အရောင်း... ၁၉၀၀၀သိန်းညှိ

အိမ်ယာဝင်းဖြစ်သောကြောင့်
လုံခြုံရေး စိတ်ချ

09-450-85-86-87(Viber)




ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ် အပ်နှံနိုင်ပါသည်။
လူကြီးမင်းတို့၏ အိမ်၊ ခြံ၊ မြေ၊ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း နှင့် စက်မှုဇုံ ဂိုဒေါင်များ ရောင်း၊ ဝယ်၊ ငှား လိုပါကဆက်သွယ် အပ်နှံနိုင်ပါတယ် ။

Data အားလုံးအတွက်

(အငှားအတွက်...အကျိုးဆောင်ခ...၁...လခယူပါတယ်။
အရောင်းအတွက် ဝယ်သူဘက်မှ အကျိုးဆောင်ခ ပေးရန်မလိုပါ။)

သာကေတမြို့နယ်ရတနာအိမ်ယာ60*80,2RCMr...2, Single...2၅၂၀၀သိန်းညှိအမည်ပေါက် ဂရံ  Kaung Zay Real Estate09-450-85-86-87(Viber)...
30/01/2023

သာကေတမြို့နယ်

ရတနာအိမ်ယာ

60*80,2RC

Mr...2, Single...2

၅၂၀၀သိန်းညှိ

အမည်ပေါက် ဂရံ

Kaung Zay Real Estate

09-450-85-86-87(Viber)




ပိုင်ရှင်များ တိုက်ရိုက်ဆက်သွယ် အပ်နှံနိုင်ပါသည်။
လူကြီးမင်းတို့၏ အိမ်၊ ခြံ၊ မြေ၊ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း နှင့် စက်မှုဇုံ ဂိုဒေါင်များ ရောင်း၊ ဝယ်၊ ငှား လိုပါကဆက်သွယ် အပ်နှံနိုင်ပါတယ် ။

Data အားလုံးအတွက်

(အငှားအတွက်...အကျိုးဆောင်ခ...၁...လခယူပါတယ်။
အရောင်းအတွက် ဝယ်သူဘက်မှ အကျိုးဆောင်ခ ပေးရန်မလိုပါ။)
-

Address

10-miles
Yangon
110611

Telephone

+959450858687

Website

Alerts

Be the first to know and let us send you an email when Aung Kaung Zay Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Kaung Zay Real Estate:

Share

Category