The Home For You

The Home For You Trust worthy Real Estate

ကျမတို့ အိမ်နီးချင်းတွေနဲ့ ကျမရဲ့ သရက်ပင်လေးတွေ ...ခိုင်မာတဲ့ဥယျာဥ်ခြံမြေပါရှင် 🙏၁။ ဥယျာဥ်ခြံမြေဆိုတာ၂၀၁၂ ခုနှစ် လယ်ယာမြ...
29/05/2023

ကျမတို့ အိမ်နီးချင်းတွေနဲ့ ကျမရဲ့ သရက်ပင်လေးတွေ ...

ခိုင်မာတဲ့
ဥယျာဥ်ခြံမြေပါရှင် 🙏

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။

▪အမေးများတဲ့ Customers များအတွက် ဥယျာဥ်ခြံမြေ အကြောင်း ဖြေပေးလိုက်ပါတယ်။

Credit

အရမ်းတန်တဲ့ အိမ်လေးရယ်၊ ရေတွင်းတူးပြီး ရေ အင်မတန်ကြည်ပါတယ်  ဥယာဉ်ခြံမြေ ပေ 30' x 40'အရိပ် အာဝါသ အလွန်ကောင်း ရန်ကုန်မြို့...
14/04/2023

အရမ်းတန်တဲ့ အိမ်လေးရယ်၊ ရေတွင်းတူးပြီး ရေ အင်မတန်ကြည်ပါတယ်
ဥယာဉ်ခြံမြေ ပေ 30' x 40'
အရိပ် အာဝါသ အလွန်ကောင်း

ရန်ကုန်မြို့နဲ့လည်း ၁ နာရီတောင် မဝေးတဲ့ လှည်းကူး အင်းတိုင် မှာ သိန်း ၈၀ ကျော်နဲ့ ဒီ အိမ်၊ ခြံ လေး ရောင်းပါမယ်နော်။ ဆက်သွယ်ရန် ဖုန်း 095093761

ပန်းတွေနဲ့ဝေ 🥰
04/12/2022

ပန်းတွေနဲ့ဝေ 🥰

13/11/2022

အစိမ်းရောင်နေ့စွဲများ 🌳🌱
အေးချမ်းတဲ့ နေရာလေးတွေရောက်ရင် ကိုယ့်ဓမ္မမိတ်ဆွေတွေကို 😁😁😁 အဲမှားလို့ ဒီ Group ထဲကလူတွေကို သတိရလို့ ... Video လေးရိုက်ပေးခဲ့တယ် ... အသံလေးတော့ သည်းခံ 😁

ဒီနေ့တော့ ဝါးရုံတန်းလေးပါတဲ့ ခြံလေးကို ဒီမင်မင် အချောလေးက အလည်ခေါ်မယ်နော် 😂😂😂
ပေ အကျယ် က 40*70 ပါနော်။

ဈေးလား အရမ်းချိုသောနော် 🥰 84 သိန်းပါပဲရှင့်။ မယုံနိုင်ဘူးမလား။ သူတို့ငွေလိုနေလို့ ကူရောင်းခိုင်းတာ မလို့ နောက်ဟာတွေတော့ မရမယ့်ဈေး
ဒါလေးက ထုံးစံအတိုင်း တန်ရင် မြန်တယ်နော် ...

အရင်က ၀ယ်ထားဖူးသူတွေ ကျေးဇူးပြုလို့ စိတ်မဆိုးပါနဲ့နော်။ သူတို့ကို ကူရောင်းပေးနေရလို့ နားလည်ပေးပါနော် 🥰

နေရာ အတိအကျလေး သိရအောင် 👇
https://m.facebook.com/story.php?story_fbid=104337589154189&id=100087338438760

ခြံထဲလိုက်ပြီး ကူနေတာ ပါဆို 😁
07/11/2022

ခြံထဲလိုက်ပြီး ကူနေတာ ပါဆို 😁

မသိဘူး ချဉ်ပေါင် ကို ပန်းစည်းလို ပဲများမယ် 😁
06/11/2022

မသိဘူး ချဉ်ပေါင် ကို ပန်းစည်းလို ပဲများမယ် 😁

သူများတွေ အားလပ်ရက် ကိုယ့်အတွက်တော့ မော 😁
06/11/2022

သူများတွေ အားလပ်ရက် ကိုယ့်အတွက်တော့ မော 😁

ခြံထဲရောက်နေပါတယ် လို့ 🥰
05/11/2022

ခြံထဲရောက်နေပါတယ် လို့ 🥰

ပန်းခင်းလေးတွေက တကယ်လှတာနော် 🥰‌ အင်းတိုင်၊ အလံတပို ဆိုတာ ရန်ကုန်နဲ့ တစ်နာရီတောင် မကျော်တဲ့ ခရီးလေးပါလို့ 💌
03/11/2022

ပန်းခင်းလေးတွေက တကယ်လှတာနော် 🥰‌ အင်းတိုင်၊ အလံတပို ဆိုတာ ရန်ကုန်နဲ့ တစ်နာရီတောင် မကျော်တဲ့ ခရီးလေးပါလို့ 💌

စိတ်ကူးယဉ်တတ်တဲ့ မင်မင်နဲ့တော့ မနက်တိုင်း ပုံတွေတင်တော့မှာ ဟုတ်နေရော 🥰ပိတ်ရက်ကလေးတွေဆို အင်းတိုင်မှာ ရှိပါမယ်နော် 🥰🥰🥰
03/11/2022

စိတ်ကူးယဉ်တတ်တဲ့ မင်မင်နဲ့တော့
မနက်တိုင်း ပုံတွေတင်တော့မှာ ဟုတ်နေရော 🥰

ပိတ်ရက်ကလေးတွေဆို အင်းတိုင်မှာ ရှိပါမယ်နော် 🥰🥰🥰

လက်ထဲ ကိုင်ထားတဲ့ငွေတွေကို ပရုတ်လုံးလို တဖြည်းဖြည်း လုံးပါးမပါး သွားရအောင် 🤗ပိုင်ဆိုင်မှု ခိုင်မာသေချာတဲ့ မြေလေး၀ယ်မယ် ✅...
31/10/2022

လက်ထဲ ကိုင်ထားတဲ့ငွေတွေကို ပရုတ်လုံးလို တဖြည်းဖြည်း လုံးပါးမပါး သွားရအောင် 🤗

ပိုင်ဆိုင်မှု ခိုင်မာသေချာတဲ့ မြေလေး၀ယ်မယ် ✅
ပိုက်ဆံလည်း သိပ်မသုံးချင်ဘူး ✅
ရန်ကုန်နဲ့လည်း တစ်နာရီတောင် မဝေးဘူး ✅
အေးချမ်းတဲ့ ပတ်၀န်းကျင်လေးလည်း ဖြစ်ရမယ် ✅ ဒီလိုနေရာလေးကို သိချင်ရင် အလင်းပြပါ့မယ် လို့ 🥰

နေရာလေးကို မပြောခင် ... အရင် စိတ်ကူးလေးထဲ ပုံဖော်ကြည့်ရအောင်နော်

ရာသီဥတုကလည်း သာယာတယ် ❄️ ထွက်တဲ့ရေကလည်း စပယ်ရှယ် ကောင်း 🤗 လမ်းလျှောက်ကြည့်လို့ရတဲ့ အကွာအဝေးမှာ ဂန္ဒမာ ပန်းခင်းလေးတွေရှိသေးတယ် 🥰 မနက်ဆိုလည်း မြူတွေဆိုင်းလို့ ❄️ဆောင်းတွင်းရဲ့ အငွေ့အသက်လေးကို ရမယ် 🥰
ရန်ကုန်နဲ့ တစ်နာရီတောင်မဝေးတဲ့ နေရာလေးမှာ အပေါ်က ပြောတဲ့ အချက်တွေ အားလုံးရှိတယ် လို့ ပြောပြရင် ယုံနိုင်မယ် မထင်ဘူးနော် ... လိုက်ကြည့်ပြီးမှ ယုံပါလို့ 🥰

လေးတောင့်ကန်လမ်းအတိုင်းသွားပြီး ... ရွာသာကြီး တိုးဂိတ်ကိုဖြတ် 🛣️ အမှတ်၂ လမ်းမ အတိုင်းသွား ပါမယ်နော် 🤍
၄၅ မိနစ် ဘယ်လိုကုန်သွားမှန်းမသိအောင် ဘေးက စိမ်းစိမ်းစိုစို ရှုခင်းတွေကိုဖြတ်ပြီးတာနဲ့ တန်းရောက်သွားရော ... 🥰

အဲ့ဒီ အမှတ်၂ လမ်းမကနေ 🚘နဲ့‌ဆို ၃ မိနစ် ...
🚶‍♀️ဆို ၁၀ မိနစ်ပါပဲနော် 🤍 ခြံလေးကို ရောက်ပါပြီ

ပုံထဲမှာ မြင်တဲ့ အိမ်လေးတွေကို ဖြတ်သွားရတာပါ ... ကိုယ်တိုင်ဆို ဒီထက်လှတာတွေ ဖန်တီးလို့လည်းရပါသေးတယ်နော် 🏠...

ဒါမှမဟုတ် မြေကိုပဲ မေ့မေ့ပျောက်ပျောက်ထားချင်ရင်လည်း ဒီအတိုင်းပဲ မေ့ထားလို့ရတဲ့ amount ပါလို့ 🥰

ပိတ်ရက်တွေ အပန်းဖြေဖို့ ပြင်ဦးလွင်တို့ ... ကလောတို့ က လက်တွေ့မှာ ခရီးဝေးနေသေးတာကြောင့် မင်မင်ကိုယ်တိုင် တကယ်ကြီး ၀ယ်ထားပြီးပြီနော် 🥰 သိချင်တာများရှိရင် အားမနာတမ်းမေးပေးပါလို့

Address

အမှတ်၂လမ်းမကြီး အင်းတိုင်၊ လှည်းကူး
Yangon

Website

Alerts

Be the first to know and let us send you an email when The Home For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share